Monday, June 29, 2009

sorry

အကြောင်းတစ်ခုခုကြောင့် account တစ်ခုဖွင့်လိုက်မိပါတယ်။ အထဲမှာ ဘာမှ မရှိပါဘူး. ။ ဘုရားစူး ။ နာမည်ဘဲရှိပါတယ။် အဲဒါတွေကို သိတ်နားမလည်လို့ တစ်စုံတစ်ခုကို ကလစ်နိပ်မိပါတယ။် အဲဒါကို တောင်းပန်ချင်လို့တစ်စုံတစ်ခုလုပ်လိုက်မိပါတယ။် ပိုဆိုးသွားပါတယ။် အခုဘာမှ မလုပ်တော့ပါဘူး.။ အားလုံးကိုတောင်းပန်ပါတယ။် နားမလည်မှူကြောင့်ဖြစ်တဲ့အမှားမို့လို့ခွှုင့်လွတ်ပေးစေချင်ပါတယ။်

မှတ်ချက်
တစ်ကယ်စိတ်မကောင်းပါ။
ခွင့်မလွတ်ပါနဲ့တော့။

Yangon 25

ရန်ကုန်သူ

အောင်မြင်မှူဆိုတာ ကို လိုချင်သော်ငြားလည်းကျော်ကြားမှူဆိုတာ ကိုတော့ ကြောက်မိ ပါတယ်။ ဒါတွေ ကိုကြောက့်လို့ ယောက်ကျားမယူ. (အဲလေ.. မင်းသမီးမလုပ်ခဲ့ဘူး) ။ အနုပညာသမားလုပ်ရမှာကို တစ်ကယ်ဘဲကြောက်မိပါတယ်။ သူတို့ဘဝကို လုပ်ဘို့ ဆိုတာမလွယ်ပါဘူး။ အစကတည်းက လုပ်မယ်ဆိုကတည်းက ခံနိုင်ရည်ရှိဘို့လိုပါတယ။် အောင်မြင်ရင်ဝက်ဝက်ကွဲအားပေးကြပြီး။ မအောင်မြင်တဲ့အခါ ကိုယ့်ုကိုဘယ်သူကမှ မသိတော့တဲ့ အခြေအနေမျိုးကို မလွဲမသွေ ရင်ဆိုင်ရမယ်ဆိုတာကိုသိလို့ ဒီလို ကျော်ကြားမဲ့ အနုပညာအလုပ်ကို မရွေးချယ်ခဲ့ပါဘူး။

အခုလိုဘလော့မှာလြာ့ပီး အားပေးချီးမြင့်ကြတာကို ဝမ်းသာသော်ငြားလည်း။ ကြောက်နေမိ ဆဲဘဲ။ ဘဝကို တသမတ်ထဲ နေချင်သူပါ။ အေးချမ်းစွာဖြတ်သန်းလိုပါတယ်။ နိမ့်လိုက်မြင့်လိုက်ဘဝကို ခံနိုင်ရည်မရှိသူမို့ တစ်ကယ်ကိုဘဲ စိုးကြောက်မိလှပါတယ်။

ဦးမြတ်ခိုင်နဲ့တွေ့ခဲ့တယ။် လျှပ်တပြက် ဂျာနယ်တိုက်ကိုသွားတွေ့ပါတယ်။ ဗိုလ်တစ်ထောင်ဘုရားလမ်း မှာရှိပါတယ်။ ညဘက်ရောက်သွားတာတောင် ချာတိတ်တွေ အလုပ်လုပ်နေတုံးဘဲ။ အချိန်မှီပြီးချင်လို့ တက်သုတ်ရိုက်နေကြတယ်ဆိုပါတယ်။ ဘာ ဆက် ပြောရတောင် မှန်းမသိတော့ဘူး။ တွေ့ခဲ့တယ်ဘဲ ထားပါတော့.။

ကပ်ကျော်စေတီကတော့ လောင်းစရာကိုမလိုပါဘူး တစ်ကယ်ကို မရောက်ခဲ့ပါဘူး. စိတ်နဲ့တော့ရောက်ဖြစ်ပါတယ်။
















ဗိုလ်တစ်ထောင်ဘုရားလဲရောက်ပါတယ်။ တော်တော်တော့မှောင်နေပြီ.။
































အနားက ဆိပ်ခံဘောတံတားလဲခဏသွားထိုင်ခဲ့တယ်။ လေကလေးတိုက်တာကိုခံစားပြီးမှောင်ထဲမှာ ရေပြင် ကိုကြည့်ရတာ အတော်စိတ်အေးချမ်းပါတယ်။ သို့ သော်ငြားလည်း မိုးချုပ်နေပြီမို့ သိတ်အချိန် မပေးခဲ့နိုင် တော့ဘူး။



Sunday, June 28, 2009

my dream never come true 2


ချင်ခြင်းများ

၁။ အိမ်ရှင်းရန်
၂။ အဝတ်လျော်
၃။ မီးပူတိုက်
၎။ ရေချိုး
၅။ အိမ်စာ နစ်ပုဒ်
၆။ ဘလော့ဖတ်
ရ။ ဘလော့ရေး
၈။ ကျောင်းစာဖတ်
၉။ သီချင်းနားထောင်
၁၀။ ထမင်းချက်. ဟင်းချက်.

Saturday, June 27, 2009

Yangon 24

မနက်ဖြန်မအားဘူးဆိုပေမဲ့လဲ ဒီနေ့သောကြာ ညဆိုတော့ မရေးဘဲနဲ့လဲ မနေနိုင်ပြန်ဘူး။ အသစ်တွေ တက်လာတာလဲ ဒိုင်းကနဲ့ ဒိုင်းကနဲ ဘဲ .မနည်းလိုက်ဖတ်နေရတယ်။ဒါတောင်လွတ်ကုန်ပြီ။ သူများရေးတာကို မဖတ်ဘဲနဲ့ကိုယ်ရေးချင်တာ ကိုဘဲ ရေးနေတယ် ဆိုတာ ကတော့ မကောင်းသေးဘူး. မကောင်းသေးဘူး ဆိုပေမဲ့လည်း မတတ်နိုင်ဘူး။ ရေးချင်တာ ကတော့ ရေးရမှ ဖြစ်မယ။်

ရန်ကုန်ဘဲ ဆက်ဦးမယ်။အမြန်ဆုံးလက်စသတ်ချင်လို့။။ ဘာလို့လဲ။ ပရိသတ်တွေ ညည်းငွေ့နေမှာစိုးတယ်။ အားပေးတဲ့သူက အားပေးပေမဲ့ အများအားကို လည်း မလွန်ဆန်နိုင်ဘူး။ တော်ကြာ ရေသန့်ဘူးတွေ ပြောင်းဖူးတွေ ရောက်လာရင်ခက်မယ်။

ဒါတ်ပုံတွေ က သမိုင်းကို ပြောနေကြတယ်တဲ့်။ သူငယ်ချင်း အလုပ်လုပ်တဲ့ နေရာကိုရောက်ခဲ့တယ။်



လားရှိုး အဆက်တွေပါ။ သူ့အိမ်ကို ပြန်လိုက်သွားတယ။် အခုလေးတင် ကမှ လားရှိုး မူဆယ် ခရီးက ပြန်လာတဲ့သူငယ်ချင်းက ဒါတွေကျွေးတယ။်













ပြီးတော့ တစ်ခါ ကိုယ် ရောက်နေတယ်ကြားလို့ မေမြို့ ပြင်ဦးလွင်မှာ တာဝန်ကျပြီး မန်ဒလေးမှာ နေတဲ့ သူငယ်ချင်းက တစ်ခါ လက်ဆောင်တွေ ပေးလိုက်တာ ကိုယူခဲ့တယ။်



ပြောရင်းနဲ့သတိရလာလို့ သူငယ်ချင်း နေတဲ့နေရာနားက ပိတောာက် ပင်ကို ရိုက်လာတာ သတိရတာနဲ့ ပုံကိုထည့်လိုက်တယ်။ ကဲ…သောက်ရေအိုးစင်မြင်တာနဲ့တောင် သိပါတယ် ဆိုတဲ့ ….ဒီလောက်တောင် သိကြတဲ့ ကိုကိုသိ …မမသိများ ဒီသူငယ်ချင်းကိုလည်း သိပါတယ်ဆိုရင်တော့ ကိုယ် ခြေရောလက်ကော မြှောက်သွားပါတော့မယ်။




















ပြီးတော့တစ်ခါ မြှိုထဲရောက်တယ်။ မြို့ထဲရောက်တိုင်းကိုယ်ဝင်လေ့ရှိတာ က ကြီးပွားရေးစာအုပ်တိုက်ပါ။ မြေည်ီထပ်မှာ ဆိုတော့ကာ ဝင်လို့ထွက်လို့လွယ်တာ ကတစ်ကြောင်းငယ်သံယောဇဉ်လဲပါပါတယ်။ မမနီကို သွားဂါရဝပြူခဲ့တယ်။ ဒါက ..ကဗျာဆရာမောင်ပန်းမွှေလေ လို့ မိတ်ဆက်ပေးတော့ အသားညိုညို သူတစ်ယောက် ကို တွေ့ခဲ့လို့ကိုယ့်မှာ အံသြမဆုံးဖြစ်ခဲ့မိတယ် .. ကဗျာ လေးတွေ က နုတာကိုး ..အားလုံးဘဲ မှတ်မိကြမှာပါ။ တွေ့ခဲ့ရလို့ဝမ်းသာမိပါတယ။်



သွားတယ် လာတယ် သွားတယ် လာတယ်။ ဘယ်တွေ ရောက်လို့ဘယ်တွေ..မိ.. ခဲ့သလဲ လို့တောင် မသိတော့တယ်။












ဘာဟင်းလဲလို့တော့မမေးပါနဲ့တော့။ မြင်တဲ့အတိုင်းဘဲ စားသွားပါ တော့။ စားလို့တော့ကောင်းပါတယ်။ မမေးနဲ့ဆိုပြီး ကိုယ့် ဘာသာကိုယ်တော့ပြန်ကြည့်မိသေးတယ။် ငပိရည်. ဘဲဥနဲ့ အာလူးချဉ်ရည်(ဘဲဥ အစစ်ပါ။ ကြက်ဥမဟုတ .ငါးခြောက်ဖုတ်ရယ်..ခရမ်းကစော့ သီးတို့စရာ့ ရယ်..ဘာအသုပ်မှန်းမမှတ်မိတော့တဲ့အသုပ်ကယ။် လဘက် အသားနဲ့ ငရုတ်သီးစိမ်း. ကြက်သွန်ဖြူရယ်..








မြေနီကုန်း က ရခိုင်မုန့်တီသုပ် လမ်းဘေး ဈေးဆိုင်ပါ။ ခုံပုကလေးနဲ့ထိုင်စားခဲ့ရတယ် အကြွေ မရှိလို့ငါးဖယ်ကြော်ထည့်သုပ်လိုက်မနော်. ဟုတ်.ကဲ့ သုပ်ပါ. သုပ်ပါ. ကြိုက်ရာသာ သုပ်ပါ…




















ကိုယ့်ရှေ့မှာ ခလေး မလေး နစ်ယောက်.. ခပ်ပိန်ပိန်ရယ် ..ရန်ကုန်သူတွေဘဲ ပိန်ကြသလား. ကိုယ်တို့ဝတာ ကိုယ်တို့မှာ အပြစ်မရှိပါ. ရန်ကုန်တုံးက ကိုယ်တို့လည်းခပ်ပိန်ပိန်ပါဘဲ။ ဒီရော့က်တော့မှ အားဆေးနဲ့ ရှင်သန်ခဲ့တဲ့ ကြက်သား အကြီးကြီးတွေကိုနေ့တိုင်းစားနေတော့ သူတို့ရဲ့ မွေးမြူရေးတစ်ကိုးနဲ့ ဖောင်းကားနေတဲ့ အဆီအသားတွေက ကိုယ်တို့ဆီရောက်လာခဲ့လို့အဲသလိုဖြစ်ခဲ့ရပါတယ်။ ရန်ကုန်တုံး ကလို ကြက်ပိန်ပိန် သဘာဝကြက်နဲ့ဘဲ နေခဲ့ရင် အခုလို မဟုတ်ပါဘူး။



မချစ်စု သရက်သီးပါဘဲ။ တထုပ် ၂၀၀ ကျပ်ဘဲထင်ရဲ့။ စားပါတယ။်




















ဟင်

မပြီးသေးပြန်ဘူး။

Thursday, June 25, 2009

Nature of women 7

မိန်းကလေးတစ်ယောက်ကို သိချင်တယ် ခင်ချင်တယ်ဆိုပါစို့ . အစ်မရယ် (ကိုယ့်ကိုယ်တိုင်ဘဲ သရုပ်ဆောင်လိုက်ပါတော့မယ်။) ဖုံးနံပါတ်ပေးပါလို့ တည့်တည့်ကြီးလာတောင်းတယ် ဆိုရင် ရပါ့မလား။ မိန်းကလေးဘဲ ငြင်းမှာပေါ့။ ..ဟိုဟာ ဖြစ်လို့ ဒီဟာ ဖြစ်လို့ဆိုပြီး နံပါတ် ရတဲ့ဆီရောက်မယ်မထင်ပါဘူး/ ရိုးသားသူလေးများပါ။

တကယ်ပညာသည်များကတော့ သူတို့ဖုံးနံပါတ်ကို စပေးလေ့ရှိပါတယ်။ သူတို့က မိန်းကလေးတစ်ယောက်ကို ဘယ်လိုချဉ်းကပ်ရမလဲသိသူများပါ။ နံပါတ် ရခဲ့ပြီ ဆိုရင် မိန်းကလေးသဘာဝအရ.. ကိုယ်က သာ ကိုယ့်နဲပါတ်မပေးလိုတာ သူများနံပါတ် ကို ရခဲ့ပြီဆိုရင်တော့ ဆက်ချင်လာမိပါတယ်။ အဲဒီမှာ ဆက်ခဲ့မိမယ် လမ်းဘေးဖုံးကဘဲ ဖြစ်ဖြစ်. ဘာနဲ့ဘဲ ဖြစ်ဖြစ် ..မိန်းကလေးကဘဲ စဆက်လာပါလိ့မယ်။ အဲဒီါမှာခင်မင်မှူကို စလိုက်နိုင်ပါပြီ ။

Wednesday, June 24, 2009

L'Oreal






























ယုံပြီလား….

ယုံပြီလား………....

Sunday, June 21, 2009

depressed

မနေ့က လမ်းထွက်တယ်။ ထုံးစံအတိုင်းဘဲ။ ဒီနေ့တော့ တစ်မျိုး အသွင်ပြောင်းလို့ ရှော့ပင်စန်တာ ကြီးဆီရောက်ခဲ့တယ်။ ပိုက်ပိုက်အိတ်တွေ ကစ ကြည့်လိုက်တာ ကိုယ်ကြိုက်တာက ရာဂဏန်း. အပေါဆုံးက ၁၉ ကျပ်. ၁၉ ကျပ်လောက်ကတော့ အိမ်မှာ အများကြီး .ရန်ကုန်က အစ်မတွေ ကတောင် မဝယ်ပါနဲ့ဦး. နစ်အိတ် ကျန်သေးတယ် ..မသုံးရသေးဘူးဆိုပြီးတောင်းပန်ထားတာ သတိရတာနဲ့။ မဝယ်တော့ဘူး.

ဖိနပ်
ရ၀ လောက်ပေးမှ ဖြစ်မယ်။ ၂၀ တန်ဖိနပ်ဆိုရင် sole ကိုလှန်ကြည့်လိုက်..ဘာမှ မပါဘူး ဒစ်ကလေးလောက်ဘဲ ပါမယ်။ အလှဘဲရမယ် သဘာဝတော့မဖြစ်နိုင်ဘူး ချော်လဲဘို့အတွက် အဆင်သင့်က ကိုယ်ပါဘဲဖြစ်သွားမယ်။ ချော်လဲလို့ မဖြစ်ဘူး. အသက့်ကကြီးပြီး အရိုးက ကောင်းတော့တာမဟုတ်ဘူးး လဲသွားရင်ခက်မယ်။ ပေါပေါလေးတွေ ဒါတောင် ဝယ်ထားတတွေ အိမ်မှာကိုယ့်အရပ်လောက်ဖြစ်နိုင်ပြီ. ပုံးနဲ့ပါ ထည့်တိုင်းတယ်

အလှကုန်
ပြင်လဲမထူး. သေမထူးနေမထူးဘဝမှာ နဲနဲပါးပါးရှိရင်မကုန်နိုင်လွန်းလို့ ဝယ်ထားတာတွေ တောင် သူများကို ထိုင်ပေးနေရတယ။် ရှိသေးတယ်။ အများကြီး. ပြီးရင်ပြပါဦးမယ။်

အပေါ်ထပ်တက်သွားတယ်။ မိန်းကလေး အလှကုန်များ. တကယ်လျော့နေပါတယ်။ နစ်ထည်ကို စလုံး ၃၀အောက်နဲ့ရနိုင်ပါတယ်။ ဝတ်ကြည့်လုက်တယ်. တကယ်အဆင်ပြေရင် တကယ်ဝယ်မလို့ပါ။ ဘယ်လိုမှအဆင်မပြေဘူး. အကျီလေးက သူ့ဘာသာ သူ အဆင်ပြေပါတယ။် ကိုယ်ဝတ်လိုက်တော့မှ အဆင်မပြေဖြစ်သွားတ။် အဲဒါဆို ဂရိတ်တက်လိုက်မယ်ကွာ ဆိုပြီး ၂၉ ကျပ်တန်ကိုသွားဝတ်တယ်။ ကံက မကောင်းချင်တော့ ဖစ်တင်ရွမ်းက လေးဘက်လေးတန်မှန်နဲ့ ကိုယ်ဘယ်လောက် ရုံပ်ဆိုးတယ်ဆိုတာ သိသွားရတယ်။ အကျီတောင် ဝတ်ချင်စိတ်ကုန်သွားတယ။် ဒါတောင်စိတ်လျော့ပါသေးတယ။် ဘယ်လိုမှ မလှပြန်ဘူး။ ကိုယ်တစ်ခုခုတော့မှားနေပြီ။

မျက်နှာငယ်လေးနဲ့ လိုက်ကြည့် အတွင်းခံအကျီ တထည် ကို အကြမ်းဖျင်း ၁၅ ကျပ်. မကြိုက်ဘူး ၃၀ လောက်မှ အဆင်ပြေမယ်။ သူအဆင်ပြေပေမဲ့ ကိုယ်အဆင်မပြေဘူး။ အတွင်းခံတစ်ခုကို ၃၀ပေးဝတ်ဘို့ အတွက် တွန့်နေတယ်။ မတွန့်တဲ့ တစ်ကိုယ်တော်တွေလည်းရှိကြပါတယ်။ နစ်ကိုယ်တော်တွေလည်းတွေ့တယ်။ ခလေး ရည်းစားတွေပေါ့။ ရည်းစားပါ ခေါ်လာပြီးသွားဝတ်လိုက် ..ရည်းစားကို ခေါ်ပြီး ပြလိုက်..နဲ့ အိုကေ ပြီး မုဒိတာ ကိုကြံဖန်ပွားလိုက်ရပါသည်။

အတွင်ခံ အောက်ပိုင်းကတော့နဲနဲပေါပါလေရဲ့၊ ဈေးကြီးတာတွေ ကိုဖယ်လိုက်ရင် ၃ထည် ၁၀ နဲ့ရနိုင်ပါသေးတယ်။ ဝယ်ရင်ကောင်းမလားလို့ ဟိုကြည့် ဒီကြည့် ကြည့်လိုက်တာ ကက်ရှာက ဝယ်သမျ ပစ္စည်ေးတွ ကို စက္ကူကလေးနဲ့ပက်ကင်ထုတ်ပေးနေတာကိုမြင်တော့ကိုယ် သွားပေးရင်သူ့ခမျာ ပက်ကင်ထုတ်ပေးနေရဦးမှာ ကိုမြင်ယောင်လို့ ဒီလိုတော့ မလုပ်သင့်ဘူးဆြို့ပီးမယောင်မလည်နဲ့ ပြန်လာခဲ့တယ်။

ဝယ်တာတော့ဝယ်နေကြတာဘဲ။ ကက်ရှာနားမှာ သွားစပ်စုတာ ..မနည်းဝယ်နေကြတာဘဲ။ ရာကျော်တွေလည်းပေးနေကြတာဘဲ။ ၁၁၂ ကျပ်တဲက ကိုယ့်လက်ရှိ တွေ့လိုက်တယ်။ အင်း ပိုက်ပိုက်တွေ တယ်ချမ်းသာကြတာဘဲ။ တို့ဘာလို့မဝယ်နိုင်ပါလိမ့်..အားငယ်သွားသလိုဖြစ်သွားတယ။်

ယောက်ကျားလေးဆီရောက်တော့လည်း ကိုယ်ဝယ်နိုင်တာခြေအိတ်ဘဲရှိတယ။် အမ်..ပြောဘူးပါတယ်။ ဒါနဲ့ လစ်ဦးမှ ဆိုပြီးအောက်ဆင်းသွားတယ်။ တိန်ဘာလန်ကလည်းလျော့နေတယ်။ တိန်ဘာလန် ပစ္စည်းတွေ ကောင်းတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ယောကျာ်လေး အကျီတွေ သဘောကျတယ်။ အဆင်ကိုက လှတယ်။ရိုးရိုးရှင်းရှင်းနဲ့ ဝတ်လိုက်ရင် အတော်အဆင်ပြေမယ။် တကယ်ပါ ..ဝယ်ပေးချင်လိုက်တာ.. ဈေးသွားကြည့်တော့ရှပ်အကျီတထည်ကို ရာဂဏန်း. ဘယ်လောက်လျော့မယ် ညာလောက်လျော့မယ်ဆိုတာ ရှိပါတယ်။ အင်း..ဝယ်ချင်လိုက်တာ.. အဲဒါကိုတော့..။ စိတ်ညစ်သွားပြီ လစ်လာတယ်။

လမ်းတစ်လျောက် သက်သာတာတွေတော့ထပ်မကြည့်တော့ဘူး ဒီနေ့မီးမြင့်လာတယ်။ ချလို့မရတော့ဘူး. ..ကောင်းပါတယ။် စာရင်းချုပ်လိုက်တော့ ဒီနေ့ဘာမှ မဝယ်ဖြစ်ဘူး။

Saturday, June 20, 2009

Yangon 23




ရွေတိဂုံ ...ကို တစ်ခေါက်ဘဲ ရောက်ပါတယ်။ ရောက်တုံးက သင်္ကြန်မို့လို့ရယ်..ပြီးပြန်တော့ နစ်ဆန်းတစ်ရက်နေ့ အရမ်း လူများမယ်ဆိုတဲ့ အကြောင်းပြချက်ရယ် အမျိုး မျိုးနဲ့ မရောက်ဘဲ ဘေးကနေ ဘဲဖြတ်သွားနေတာ အတော်ကြာ ပါတယ်။ ပြန်ကာနီးကျမှ ဘုရားတော့ သွားဦးမှ ဆိုပြီး သွားပါတယ။် ဒီတစ်ခါတော့ တစ်ယောက်ထဲဘဲ။ အမျိုးတွေ ကိုတောင် မခေါ်ဖြစ်ဘူး။ တစ်ခါ တစ်လေကျတော့လဲ တစ်ယောက်ထဲ နေရ တာကြာလွန်းလို့ အဖော်နဲ့တောင် မသွား တတ် တော့ ဘူးဖြစ် တယ်။


ဘု့ရားကို ဓါတ်လှေခါးနဲ့ဘဲတက်ပါတော့တယ်။ မိုးလဲချူပ်နေပြီ ဆိုတာတစ်ကြောင်း ပြန်ခါနီးကျတော့ rush hour ဖြစ်ပြီးလုပ်ရမှာတွေ ကအတော်များနေပါပြီ။ ဓါတ်လှေခါးကို လူတစ်ယောက်က မောင်းပေးပါတယ။် ကိုယ့်ဘာသာကိုယ်နိပ်စရာမလိုပါဘူး။ ပိုက်ဆံလဲမယူတာကို သတိပြူမိတယ်။

ဘုရားသွားရင် စိတ်ချမ်းမြေ့တယ်ဆိုတာကိုတော့လူတိုင်းသိပြီးသားပါ။ အတော််အေးချမ်းတယ်။ လူလည်းတော်တော်စည်ပါတယ်။ တံမျက်စည်းလှဲကုသိုသ်ယူတဲ့ ကလေးများလည်းတွေ့မိတယ်။့ပုံတွေ က နဲနဲတော့ဝါးသွားတယ်။ လက်မငြိမ်တတ်လို့။ အခုတော့ သတိထားပါတယ်။

ခဏတဖြုတ်တော့ အေးအေးချမ်းချမ်းထိုင်ဖြစ်ခဲ့သေးတယ။်




































Friday, June 19, 2009

Yangon 22

ပြီးသင့်ပြီဆိုတာသိပါတယ်။ ဒါပေမဲ့လည်း ဆွဲဆန့်နေ မိသေးတယ။် ပရိသတိကိုနိပ်စက်တာ မဟုတ်ပါဘူး ။ကိုယ်သိတ်အရှည်ကြီး ရေးဘို့ အချိန်သိတ်မရတာရယ်.. တစ်ကယ် စားချင်တာမို့လို့ရယ် ပါ။ ပြန်ကြည့်ရင်းနဲ့ စားချင်လာတာ...။

ရေးရင်းနဲ့စဉ်းစားမိတယ်။ ရန်ကုန်ဆိုတာ စားစရာကြီး ဘဲထင်သွားဦးမယ်။ အများကြီး ပြောစရာတွေ ရှိပါတယ်။ ပုဏား ခြောက်ယောက်နဲ့ဆင်ကြီးလိုပေါ့။ တို့တွေ က သွားကတည်းက ဦးတည်ချက်က စားဘို့ဘဲ ဆိုလို့အဲသလိုဖြစ်သွားတာပါ။

အမျိုးအိမ်က အလှူလုပ်လို့သွားစားမိတဲ့မုန့်ဟင်းခါးပါ။ ပြောပြီးပြီကော. အဲဒီအိမ်က ဟင်းချက်ကောင်းပါတယ်လို့ ။ ရေခဲမုန့်လည်းပါသေးတယ်။ စလုံးအိမ်မှာ ရေခဲမုန့်ကို ဘူးလိုက်ဝယ်ပြီးစားရလည်း အဲဒီရေခဲမုန့်ကလေးက စားကောင်းနေတုံးဘဲ။

စကားစပ်လိုပြောရင် မြင်ရခဲတဲ့ ရေအိုးလေးလည်း အဲဒီ အိမ်မှာ ရှိပါတယ။် ပါးကွက်ကြားနဲ့ အမျိုးလဲရှိပါတယ။်။ အဲဒီအိမ်က အမျိုးကတော့ ဒီဘလော့ကိုလာမဖတ်မိဘူးလို့ မျော်လင့်မိပါတယ်။























Wednesday, June 17, 2009

nature of men 4

သင်တာကတော့သင်နေတာဘဲ။ ထုံတဲ့သူကလေည်းထုံကိုထုံတာ ..ဘယ်လိုသင်သင် မတိုးတက်ဘူး။ ဒါ talented ဘဲ။


link
Nature of men 1
Nature of men 2
Nature of men 3

Tuesday, June 16, 2009

Yangon 21



ရန်ကုန် အဆုံးသတ်နားမှာတော့စိတ်မငြိမ်တော့ပါဘူး။ ဟိုရောက်ဒီရောက်ဖြစ်လာပါပြီ။ ဟိုဟာနဲ့ဒီဟာ နဲ့လည်း ပေါင်းစပ်ခွင့်ပြူပါ။ ဟိုကျော်ဒီကျော်လည်းလုပ်ပရစေ။ စာအများကြီး ရေးချင်သော်ငြားလည်း အခုတစ်လော ဘလော့လျှော့မယ် လို့ စိတ်ကူးထားလို့ သိတ်မရေးနိုင် တော့ဘူး။ နဲနဲနဲ့ဘဲ ကျဲကျဲဝိုင်းရတော့မယ။်


တယ်လီဖုံးလျောက်ဦးမှ ဆိုပြီး လမ်း ၄၀ ဝန်းကျင်က ဆက်သွယ်ရေးရုံး ကိုသွားပါတယ်။ လျောက်ဘို့ ကလျောက်လွာကို ဝယ်ြီပီး စာအိတ်နဲ့ထည့်ရုံဘဲလို့ဆိုပါတယ်။ အဲဒါနဲ့ ဖုံ့းမျိုးစုံ လျောက်လွာနဲ့စာအိတ်တွေ ဝယ်ပြီး (ဘယ်က ဝယ်သလဲ သိချင်ရင်တော့ ရန်ကုန်က လူတွေ ကိုသာ မေးကြည့်ပါတော့) လမ်းထိပ်က အထမ်းသည် အသုပ်စုံမှာထိုင်ပြီး ကြောက်ကြောက်နဲ့ဘဲ အသုပ်စားခဲ့တယ်။ စာရင်းချုပ်လိုက်တော့အဲဒီစာအိတ် တွေ တစ်နေရာမှာမေ့ကျန်ခဲ့မိတယ။် မလျောက်လိုက်ရဘူး။ ဟိုနေ့က လှယဉ်ကျေးမယ် မျိုးမေးထားတာ သပွတ်သီးဟင်းနဲ့မြင်းခွာရွက် ဟင်းချိုပါ။ ဘုတ်အုတ် လှန်ကြည့်တော့မှ မှတ်ထားတာတွေ့တယ်။ အသုပ်စုံစားလို့ ကောင်းသလား. မေးနေရသေးလား ။ကောင်းတာပေါ့။ ဒီကလွမ်းနေတာ ကြာပြီ။

Sunday, June 14, 2009

kom show

ကိုယ်ဟာ extroverted type ပါ။ ရင်ထဲက စကားတွေ ကိုသိတ်ပြောချင်တဲ့သူပါ။ သို့သော်ငြားလည်း စကားနည်းတယ် ဆိုရင်တော့လဲ ယုံကြမှာမဟုတ်ဘူး။ အိမ်မှာ ကိုယ်စကားပြောတဲ့ အသံကိုကြားဘူးတဲ့ သူနည်းလိမ့်မယ်။ ဘယ်လိုဖြစ်သလဲ ဆိုတော့ပြာလောင်ပြောသလိုဘဲ ဘယ်သု့မှ သွားမပြောနဲ့ကိုယ်အားလုံးကို ပြောပြီး ဆိုသလိုဘဲ အိမ်မှာ စကားမပြောတဲ့ကိုယ်ဟာ စာတော့ရေးပါတယ်။

မိုးလင်းကတည်းက နေသာတယ်။ သို့သော်ငြားလဲ မိုးရွာမဲ့ အရိပ်အယောင်လေးတွေ တော့မြင်နေရတယ။် တိမ်တွေ ကို မော့ကြည့်တဲ့ အခါ ပြာတဲ့ နေရာ က ပြာလို့။ တိမ်ဖြူနဲ့ တိမ်ညိုနဲ့ ရောတဲ့ နေရာက ရောနှောနေလို့ရယ် လောက က သာယာ လှပလို့နေတယ်။

သာယာလှပသော်ငြားလည်းသိတ်ပြီး မခံစားနိုင်သေးဘူး. ကိစ္စလေးတွေရှိတာ သွားဘို့ရှိသေးတယ်။ ဘဏ်ကိုသွားရင်းနဲ့ တယ်လီဖုံးကို တစ်နေရာမှာ ချထားပြီးထိုင်ကြည့်မိပြီးစိတ်ထဲက နေစကား ပြောနေမိသေးတယ်။ ဖုံးဘဲ စကားပြောလို့ ရရင်ပြီးရောပေါ့။ အဲဒီဖုံ့းက စကားပြောလို့ရတယ။် မက်စိပို့လို့ရတယ။် ဒါဘဲသုံးလို့ရပါတယ်။
အလှအပထဲက နေ သဘာဝတရားက ဝင်လာပြန်တော့လိုက်ရှာမိတယ။် သန့်ရှင်းရေး လုပ်နေသည် ဆိုတော့ကာ မေးနေရသေးလား. အဲသလိုပါဘဲ။

ရိုင်ဖယ်စီတီရောက်တယ်။ ရှော့ပင် အပေါ်ကနေ လှမ်း ကြည့် ရင် အောက်မှာ ရေပန်းသံကိုကြား နေရတယ။် ရောက်ဖူးကြမှာပါ။















ဟိုတုံးကတော က အဲဒီရေပန်းဘေး သွားသွားထိုင်ဖြစ်တယ။် ရေပန်းကိုကြည့်ရင်း ရေကလေးတွေ ကို ကိုင်ကြည့်ရင်း စိတ်ကူးယဉ်တတ်တယ်။
ပင်နီစူလာလည်းရောက်တယ်။ လွိုင်နွိုင်းလဲရောက်ခဲ့တယ်။














သရက်သီေးတွ တောင် ရောက်နေပြီ။ မချစ်စုနဲ့ စိန်တလုံးတွေ့ခဲ့တယ်။ ရင်ကွဲတော့မပါသေးဘူး။ တစ်လုံးဘယ်လောက်လဲ မေးရငတော့ မြနဒ္ဒာအပေါ့်ထပ်က အသုပ်ဆိုင် က အသုပ်ထက် ငါးမူးသက်သာပါတယ။်










ရဲရင့်မှာလည်း ညက လူစုနေတဲ့အုပ်စုရောက်နေပလား သွားချောင်းခဲ့သေးတယ။် အဏဝါ စိုးမိုးတစ်အုပ်ဝယ်ခဲ့တယ်။ နျစ်ပေါင်းလေးဆယ် ကြာသောအခါဝယ်တဲ့ ။ ဒါကတော့ မမေးဘဲပြောပါ့မယ။် ကိုးကျပ်ပါ။ စာအုပ်လာငှားမဲ့သူကိုလည်းမြင်ယောင်တယ်။




မိုးတွေတော့နဲနဲညို့လာခဲ့ပြီ။ ဖူနန်လည်းရောက်တယ။် လရှားရှားပါးပါး တစ်ခါတစ်လေ အငှာကားစီးဖြစ်တယ်။ မိုးတွေ ညို့လာလို့မှောင်လာခဲ့ပြီ။ နေ့ခင်းဘဲရှိပါသေးတယ။် ကလပ်ကွေးနားက ဖြတ်တော့တစ်ယောက်သောသူကို သတိရမိသေးတယ။်



နေ့လည်ဘက် နေညိုသလိုနဲ့ပြန်လင်းသွားပြန်တယ်။ ရန်ကုန်မိုးနဲ့ ရန်ကုန်သူ အစိုးမရသလိုဘဲ စလုံးမှာလဲ မိုးကို ခန့်မှန်းရခက်တယ်။

လေဆိပ် တာမင်နယ် ၃ ကိုရောက်ပြန်တယ။်

အတော်စည်နြေ့ပီ။ အောက်ဆုံးထပ်မှာ စားသောက်ဆိုင်ရှိတယ်။ ဝက်ဝက်ကွဲစည်ပါတယ။် အစဉ်အလာမမပျက် ရေခဲသုပ်စားခဲ့တယ်။



အပေါ့်မှာလည်း ဈေးကြီးကြီးဆိုင်တွေ ရှိပါတယ်။ အပြန် တာမင်နယ် ၂ သွာြးီ့ပီး ဘက်ဂါဝယ်သေးတယ။်





မျက်စိလည်ပြီး စကိုင်းထရိမ်ကို အပ်အန် ဒေါင်းစီးနေမိသေးတယ။် ပြန်တော့ နောက်ဆုံးရထားဖြစ်နေပြီ။ ကံကောင်းလို့......


Friday, June 12, 2009

Yangon 20

ရန်ကုန်လား။ ပြီးခါနီးပါပြီ။ သည်းခံကြပါ။ ပြီးတော့မယ်ဆိုလို့ကိုယ့်ဘာသာတောင် ကိုယ် စိတ်မကောင်းဘူး။ ကိတ်စမရှိပါဘူလေ. နောက်တစ်ခါပြန်သွားရတာဘဲ။ အခု လေယဉ်ပျလက်မှတ်တွေဈေးချနေတယ်လို့ကြားတယ။် စလုံး ၃၂၅ ကို အသွားအပြန်ရ မယ်ဆိုဘဲ။ နစ်ပါတ်လက်မှတ်ပေါ့။ အနေက်နိုင်ငံက လူများ. မနာလိုဖြစ်နေမှာတော့ မြင်ယောင်နေမိသေးတယ။် နဲနဲလည်း အကျဉ်းခြုံး လိုက်ပါတော့ မယ။် အကျဉ်းချုပ်တောင် ကိုကိုဒီဘီ လောက်များဖြစ်သွား မလားမသိဘူး။

အဲဒီနေ့မနက်ကတော့ အီကြာကွေးလေးစားလိုက်ရပါတယ်။ သူများဝယ်ကျွေးတာ စားနေတာဆိုတော့ကာ ငြင်းပယ်ခွင့်မရှိပါဘူး စားချင်တာ ကတော့မုန့်ဟင်းခါးရယ်။ ဝအောင် မစားခဲ့ရသလိုဘဲ။ မစားခဲ့ရပေလို့ဘဲ။ နစ်ပါတ်ကို လေးပေါင်တက်သွားပေတယ်။ ပြန်ချနေတာ တုတ်တုတ်မှမလှူပ်ဘူး.ပေါင်ချိန်စက်က သမာဓိရှိတယ်။ ညာမပြောတတ်ပါဘူး။ ဟိုကျန်ဒီကျန် လေးတွေလည်းစားခဲ့သေးတယ်။





















ဘေးအိမ်က ပိန္ဒဲသီးလာပေးတယ။် အိမ်ပျော့ဘဲ။ မျက်နာငယ်ရှာတယ်။ တို့တော့မစားခဲ့ဘူး။ တို့သာဆိုရင် မသိလို့စိုက်ခဲ့မိရင်တောင် တက်လာခဲ့ရင်ခုတ့်ပစ်လိုက်မယ်။

မကောင်းတာကိုတော့မမွေးလိုတော့ဘူး။ တစ်ခါ တစ်ခါ ကလေးမရှိတာကို ဝမ်းနည်းသလိုဖြစ်ပေမဲ့လဲ.. မရှိတော့လည်း နားအေး စိတ်အေးရတယ်ဆိုပြီး စပျစ်သီးချဉ်လိုက်မိသေးတာကိုလည်း ဘာမဆိုင် ညမဆိုင် သတိရမိသေးတယ်။




တစ်ခါတစ်လေ ကိုမဆာလာ လည်း ပျင်းရှာတယ်။ တို့ကို ဘေးနားထားပြီး အော်အော်ခေါ်တယ်။ ဘာလုပ်တာလဲဆို တော့ပျင်းလို့တဲ့။ တအိမ်လုံး တိတ်ဆိတ်နေလို့အ သံကလေး ထွက်အောင် ဆိုဘဲ။ တိတ်ဆိတ် တာကလည်း ဘိုးဘွားရိပ်သာလားထင်ရပါတယ။် တို့လည်းသူ့ကို သနားပါတယ်။ ကလေးမရတာတာ က တို့သားအိမ်မှာ အလုံးရှိလို့ပါ။ အီးလိုတော့ myoma ခေါ်တာပေါ့။ (ဆေးကျောင်းမှာ စိုးသူက တက်တော့ ကောလဟာလ လုပ်ကြသေးတယ။် သူက ရုပ်ရှင်ရှိုက်တော့ ကျောင်းစာ နဲတစ်ဘက်ပါ။ အဲဒီ အသံထွက်က myoma ကို မိုင်အိုမာ လို့အမှန်ခေါ်ရပါတယ။် အဲဒါကို စိုးသူက myo ma မြို့မ လို့ခေါ်တယ်လို့ ကောလ ဟာလလုပ်ကြသေးတာ ကြားလိုက်မိသေးတယ။် အဲဒါကြောင့် တို့နာမည်မကြီးချင်တာ)

အလုံးက ကြီးတော့သားအိမ်မှာ ကလေးက မတည်နိုင်ဘူး. တို့လည်းမသိပါဘူး။ ရာသီမလာရာက နေသွေးနဲနဲဆင်းနေ လို့ ဆီးစစ်ကြည့်တာ လိုင်းကလေး နစ်လိုင်းပေါ်နေလို့ ကလေးရှိတာ သေချာပြီဆိုပြီ.ဝမ်းသာလိုက်တာ. အိမ်ထောင်ကျတာကလည်း ကြာနပြီဆိုတော့တစ်ကယ်လိုချင်ပါတယ်။

တစ်ချိန်တည်းမှာဘဲသွေးကဆင်းနြေီ့ပီးနဲနဲ နဲနဲနံ့ ဆရာဝန်သွားပြတော့ ကလေးက မရှင်နိုင်တော့ဘူး. သားအိမ်ခြစ်ဘို့ပြောတယ်။ အစိုးရဆေးရုံမှာသွားပြတယ်။ တို့က ဆက်စောင့်ကြည့်ချင်သေးတယ်ဆိုလို့ ခွင့်ပြုတယ်။ အကြီးဆုံးဆရာတွေ နဲ့ဘဲပြတယ။် ကိုယ့်ကိုယကို ဆိုတော့အကောင်းဆုံးဖြစ်ချင်တာပေါ့။တစ်ခိါပိုသေချာအောင် နောက်ပြင်ပဆရာဝန်နဲ့ထပ်ပြတယ်။သူကလည်း အဲဒီအတိုင်းဘဲပြောတာကိုး တို့ ကလေးရူးက ဆက်လက်သိမ်းထားသေးတယ။် ရလိုရငြား။ ဆယ်ရက်ကြာတယ်။ အဲဒီဆယ်ရက်လုံလုံးဘယ်သွားသွား တို့အငှာကားစီးတယ်။ ကလေးထခိုက်မှာစိုးလို့။ ဘဝမှာ အဲဒီဆယ်ရက်ဘဲ ဘိုက်ကြီးဘူးလိုက်ပါတယ်။ တစ်ည ဝေါကနဲသွေးတွေ အဆင်းမှာ နောက်ဆုံးတော့သားအိမ်ခြစ်တဲ့ဆီရောက်သွားခဲ့ပါတယ်။ အဲဒီ ဆီးစစ်တဲ့ တုတ်ချောင်းကလေးကို တို့သိမ်းထားသေးတယ။် လပေါင်းတော်တော်ကြာပြီးမှ လွတ်ပစ်လိုက်တယ်. ထုတ်ကြည့်ပြီးငိုင်မိတဲ့ အချိန်တွေလည်း ရှိခဲ့ပါသေးတယ။်

ကိုမဆာလာကို သနားတာနဲ့ နောက်မိန်းမယူပြီး ကလေးမွေးပြီး အဲဒီကလေးကို ယူထားပြီး မွေးမယ် ဘို့တောင် တိုင်ပင်သေးတယ။် သူက ယူပြီးရင်တော့ အဲဒီမိန်းမကို ပြန်ကွာလို့ဘယ်ဖြစ်မလဲ ကလေးဘဲယူထားလိုက်ရင် ဘယ်တရားမလဲဆိုတာနဲကဘဲ အဲဒီအစီအစဉ် အကောင်အထည် မဖော်လိုက်ရဘူး။

Thursday, June 11, 2009

Nature of women 6

မိန်းကလေးတွေ ရဲ့ဘဝမှာ 12, 22, 32, 42, ,,,,,,,,ဆိုပြီးရှိပါတယ်
12 ကတော့ ကလေးသာသာ အပျိုလုပ်နေတဲ့ အချိန်ဆိုတာကတော့ ရှင်းပါတယ။်

22.
သူကလေးတွေကတော့ တကယ့်အချိန်ကောင်းပါ။ ဘဝမှ အန်တန်ကောင်းတဲ့ အချိန်ကလေးတွေ ကိုပိုင်ဆိုင်ထားတဲ့ အချိန်ပေါ့။ လူတကာက ဝိုင်းဝိုင်းလည်. နေ့ရော ညရော လူမပြတ်တဲ့ အချိန်ပါဘဲ။ မော်တော်ကားပျက်လို့ကတော့ စက်ဖုံးကလေးဒေါက်ထောက်ပြီး မတ်တပ်ရပ်နေလို့ရတဲ့ကာလပါ။

မနက်ဆိုရင် ဘရိတ်ဖတ်ကျွေးချင်တဲ့သူ ညဆိုရင် ဒင်နာကျွေးချင်တဲ့သူ ဝိုင်းလို့မနည်းထွက်ပြေးနေရတဲ့ အချိန်ပါ။ အပြေးမတတ် တဲ့ကောင်တွေ ခပ်အအတွေ ကတော့ မိသွားတာပေါ့။ ဒါပေမဲ့ များသောအားဖြင့်လည်ကျပါတယ။် မီးမီး ငယ်သေးတယ်ဆိုတဲ့ သူတွေ ချည်းပါဘဲ။

ရည်းစားစကားသွားပြောလည်း သိတ်စိတ်မဝင်စားသေးပါဘူး. အဲဒီအချိန်မှာ သူငယ်ချင်း ကိုပိုချစ်တဲ့ အချိန်ပါ။ ရည်းစားရခဲ့လဲ ရည်းစားထက် သူငယ်ချင်းကိုဦးစားပေးနေတဲ့ ကာလတစ်ခုဘဲ။

သူကလေးတွေကို ချစ်မိပြီဆို ရင်တော့စိတ်ရှည်ရပါပြီ။ ပွဲသွားကြမ်းလို့မရတော့ဘူး။ 42 နဲ့ မတူတော့ဘူး. အနနည်းသုံးရပါတယ။် ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ကိုမြင်တာနဲ့ too old လို့ထင်နေပြီလေ။ သူ့ဘေးမှာ ကလည်းချာတိတ်တွေ အများကြီးမဟုတ်လား။

အနုနည်းဆိုတာ ဘယ်လိုလဲ။ လွယ်ပါတယ်။ အချိန်တော့ပေးရတယ။် တော်တော်လေး ပေးရပါတယ။် ခင်မင်မှူကို အရင်တည်ဆောက်ရပါတယ။် တစ်ခါထည်း ဝင်သွားရင် သမင်မကလေးများ လို မျက်လု့းကလေးဝိုင်းပြီး ပြေးလိုက်တာ လှစ်ကနဲပါ။

ဆိုလိုချင်တာကတော့ အချိန်ပေးရမယ။် သူရဲ့ ရင်းနီးတဲ့သူဖြစ်လာဘို့ကိုတာ ကိုတောင် မနည်း အချိန်ပေးရပါမယ။် သူ့ဆီက အချစ်ကိုရဘို့ဆိုတာကတော့ တော်တော် ခဲယဉ်းသေးတယ။် ဒါကိုစိတ်ဓါတ်ကျစရာမလိုဘူး. ကြိုးစားနေရမယ်။ တန်းစီထားတဲ့ သဘောပေါ့။ သိတ်စိတ်ဓါတ် ကျလာတယ်ဆိုရင်လဲ တစ်ချို့ 32 ,42 , လေးတွေ နဲ့ အရင် သိုင်းဝိုင်းထားလို့ရပါတယ။် ကိုယ့်ကံက ဘယ်သူနဲ့ ရမလဲဆိုတာကှိုမသိဘဲ။ 52 နဲ့လဲဖြစ်သွားနိုင်တာဘဲ။ ကြိုးစားမှုက အရေးကြီးပါတယ။် လိုရင်းကတော့ စိတ်ရှည်ပါ။

Tuesday, June 9, 2009

mg thaung phe

ဘိလပ်ပြန်မောင်သောင်းဖေ

စာရင်းက သိတ်မများပါဘူး.။ အစ်မနစ်ယောက် . မောင်တစ်ယောက်. တူနစ်ယောက် တူမ တစ်ယောက်. ဒါအဓိကပါဘဲ.။ ခဲအိုနစ်ယောက်နဲ့ ယောင်းမနဲ့ကတော့ အားနာပါနာ နဲနဲတော့ပါပါတယ။် ယောင်းမကတော့ပိုများများရတယ။် မိန်းကလေးပစ္စည်းများတာကိုး။

တစ်ချိန်လူံးဝယ်နေတာပါဘဲ။ ဈေးကြီးတာတွေ မထင်ပါနဲ့ ဈေးသက်သက် သာသာ ပေါချောင် ကောင်းလေး တွေပါ။ မျက်စေ့ကို သိန်းငှက်ကဲ့သို့စွန်ကဲ့သို့ပမာ. တွေ့လိုက်လို့ ကတော့ သုတ်ပြီသာမှတ်ပါ။ အနေကြာပြီ ဆိုတော့လည်း တန်တာလေးများတွေ့ရင် တန်းဆွဲသွာြး့ပီ သာ မှတ်ပါ။ အတိုင်းလား မလိုပါဘူး. ။ ဆိုက်ဒ်စုံရှိပါတယ။်

ပြန်ရင်လား. ။ မိဘတွေ မရှိတော့တဲအတွက် မောင်နစ်မ များသာကျန်ပါတယ။် လေဆိပ်က ရောက်တာနဲ့ အထုတ်ကို ကိုယ်နေမဲ့နေရမှာ မချပါဘူး.. အစ်မတစ်ယောက်အိမ်ကို သယ်သွားပါတယ။် ဟိုမှာချခဲ့ပြိး လုပ်ချင်တာတွေလုပ်ပြီးမှ သူ့အိမ်ပြန်သွားပါတယ။် လူစုထားပါတယ။် အမျိုးတွေကို အဲဒီတော့မှ အထုပ်ကြီးရှေ့ချပြီး. But အထုပ်ကလေး သုံးထုပ်ရယ်ပါ။ လက်ကဆွဲတဲ့တစ်အိတ်က ကိုယ့်အတွက်ပါ။ အဲ.. ကျန်တဲ့ ၂၄ လက်မ အိတ် နစ်လုံးက တစ်လုံးကို ၁၅ ကီလိုဆန့်ပါတယ။် နစ်အိတ်ဆိုတော့ကာ သုံးဆယ်ပေါ့./ ရှင်းပါတယ။် အဲဒီထဲကထုတ်ပြီး အကြီးဆုံးကို ကိုယ်ပေးချင်တာတွေ ကို သူတို့ကိုအရင်ပေးပြီး ကျန်တာတွေ ကို အကြီးဆုံးက နေစပြီးတော့ ကြိုက်ရာယူစနစ်နဲ့ ဝေပါတယ။် သိတ်များသွားပြီထင်ရင်တော့ ခဏနေဦး အဲဒါ တစ်ချို့ကို ဘယ်သူမှန်းမသိတဲ့ ပေးစရာလူရှိခဲ့ရင်ပေးဘို့ဆိုပြီးပြန်ဖယ် ထားပါတယ။် သွားရင်းလားရင်း ထည့်ထည့်ပြီး ကြုံရင် ကြုံတဲ့သူကို ပေးပါတယ။် တစ်ခါတတစ်လေ ပေးချင်ပေမဲ့ပါမသွားတာရှိပါတယ် သူ့ကံပေါ့. တစ်ယောက်ကို တစ်ခေါ်က်တောင် အနိုင်နိုင်တွေ့ရတာကိုး။

အစ်မအကြီးဆုံးက တို့ကိုသိတ်ချစ်ပါတယ်။ ငယ်ငယ်ကတည်းက ချစ်တာပါ။ အခုလို သားသမိးမရှိတဲ့အခါ ပိုဆိုးပြီး တူတူမတွေကိုချစ် နေရတဲ့အပြင် တစ်ခါတစ်လေ မှ တွေ့ရတဲ့ ညီမကိုလည်း ချစ်ပြန်ပါတယ။် ဘယ်သွားချင်သလဲ ဘာလုပ်ချင်သလဲ ဘယ်ကို အဖော်လုပ်ပေးရမလဲ။ ဘယ်တော့တွေ့ချင်သေးလဲ ။ လာခဲ့ရမလားဆိုတဲ့ ဂါထာကိုဘဲ ရွတ်နေပါတယ။်

ဘယ်သွားချင်သလဲဆိုတော့ကာ ကိုယ်စိတ်ကူးပေါက်တာတွေက သူ့ကို ခေါ်သွားလို့မှ မဖြစ်ဘဲ။ ဘာလုပ်ချင်သလဲ။ ဒါတွေလည်းသူနဲ့ မဖြစ်ပါဘူး။ ဘယ်ကိုအဖော်လုပ်ပေးရမလဲ။ ဒါလဲခက်တယ။် နိုငှ်ုငံခြားမှ တစ်ယောက်ထဲ နစ်ရှည် အထီးကျန်နေရတဲ့သူကို အဖော်လုပ်ပေးရမလားဆိုတဲ့ မေးခွန်းက နဲနဲတော့ odd ဖြစ်နေတယ။် လာခဲ့ရမလားဆိုတော့လဲ ကိုယ်က တစ်နေရာထဲမှာ ထိုင်နေချင်တဲ့သူမဟုတ်. စလု့းံမှာ အိမ်ထဲမှာနေရလွန်းလို့ ရုးနေတဲ့သူကို သူ့အိမ်မှာဖြစ်စေ ။ တခြားအစ်မအိမ်မှာဖြစ်စေ ထိုင်ခိုင်းထားရင်ကိုယ့်ကိုနိပ်စက်နေသလိုဘဲခံစားရတယ။်

လမ်းပေါါ်မှာပျော်တယ်ဆိုတာ သိလောက်ပါပြီ။ ဒါပေမဲ့လဲဒီအစ်မလေး စိတ်ချမ်းသာပါစေ တော့ဆိုပြီး သူနဲ့နေခဲ့တဲ့ အချိန်တွေ ရှိပါတယ။် အစ်မလတ်ကတော့ ကလေးနစ်ယောက် ရှိတယ်ဆိုတော့ကာ ကိုယ့်ကို အဖက်မလုပ်တော့ပါဘူး ။ လာချင်ရင် လာ မလာချင်ရင်နေ. သဘောဘဲ။ အေးအေးဆေးဆေးပါဘဲ။ သူတို့နစ်ယောက်လုံးက ချက်ကျွေးမယ် ဆိုတာကိုတော့ ခါးခါးသည်းသည်း ငြင်းရပါတယ် သိတာပေါ့။ ချက်မှ မချက်တတ်ကြဘဲ။ ပေါက်တတ်ကရတွေ ကျွေးကြတော့မယ်ဆိုတာ။ ဝယ်ကျွေးပါလို့ဘဲတောင်းဆိုရပါတယ။် အဲဒါနဲ့အစ်မ အကြီးက ရွေဘ ထမင်းဆိုင်မှာ လိုက်ကျွေးတာပေါ့။

မန်းဒလေး သွားမလို့စိတ်ကူးသေးတာ မရောက်ခဲ့ရပါဘူး. အမျိုးတွေအိမ်လည်း စုံအောင် သွားခဲ့ရပါတယ။် သကန်းကျွန်းက အဒေါ် ခွဲစိတ်ထားတယ် ဆိုလှိှုသွားမေးတာပါ။ ကိုယ်ပြန်ရောက်လာပြီး ရက်ပိုင်းအတွင်းမှာ နာရေးကြားရတာ စိတ်မကောင်းလိုက်တာ.။ ဖြစ်တာကတော့ ကင်ဆာဘဲ။ ကင်ဆာက ဖြတ်ကနဲမှ မသေဘဲ။ ဘာဖြစ်လို့သေသွားသလဲ. နလုံးရောရါလို့ပြောကြတာဘဲ။ ပြောရင်တော့ရှည်ပါတယ။်

ပြောချင်တာကတော့ ကင်ဆာဖြစ်ပြီဆိုပြီး စိတ်ဆင်းရဲနေတဲ့သူဟာ ဖြတ်ကနဲ နလုံးရောဂါနဲ့သေသွားတယ်ဆိုရင် ကဲ.ဘာပြောချင်သေးလဲ။ သူကင်ဆာအတွက် ပူပင်ခဲ့ရတောတွဟာ ကိုယ်..သက်ပြင်းချမိတယ်။ အဲဒီအမျိုးမိသားစုဆီ ကိုယ်အခုထက်ထိ ဖုံးမဆက်သေးဘူး.။ ကိုယ့်စိတ်ခံစားမှူကို ကိုယ်နားမလည်နိုင်ဘူး။ ကိုယ်မဆက်ချင်ဘူး. သတင်းမမေးချင်ဘူး. အဲဒီအဒေါ်ဆုံးသွားပြီဆိုတာကို တရားဝင် မကြားချင်ဘူး။ ငိုမှာတွေကို ကိုယ်မကြားချင်ဘူးး။ ကိုယ်စိတ်ဆင်းရဲတယ်။ အမေဆုံ့းသွားတုံးက ကိုယ်မငိုဘူး။ ငုတ်တုတ်ထိုင်ပြီး ကြောင်နေတယ။် အမေလဲ စဖြစ်တာကနေ ဆုံးတဲကအထိ သုံးနာရီနဲ့ ငါးနာရီ လောက်ဘဲကြာမယ်။ ကိုယ်မယုံနိင်ဘူး မယုံချင်ဘူး။ ငိုလဲမငိုချင်ဘူး. လာမေး တဲ့သူတွေ ကို အမေလား မရှိတော့ဘူး လို့တော့ပြောလိုက်တယ်။ ကိုယ့်စိတ်ထဲမှာတော့ ရှိနေဆဲဘဲ။ ကိုယ့်ကိုကို လဲ အပြစ်ရှိနေဆဲဘဲ။ အမေ့ဓါတ့်ပုံ့တွေ ကိုမကြည့်ဝန့်ဘူး။ တပုံ ယူလာတယ။် တစ်နေရာမှာ ထိုးထည့်ထားတယ။် ထုတ်မကြည့်ဘူး ကိုယ်မခံစားနိုင်ဘူး။

ဇတ်လမ်းကိုဆက်ရရင်ကိုယ်ပြန်တာ အတော်ကုန်တယ်ထင်ပါတယ။် ဒါပေမဲ့ကိုယ်ကတော့ နည်းတယ် လို့ တောင်ထင်ပါသေးတယ်။ ကိုယ့်အမျိုးအရင်း တွေချည်းဘဲ ဟာ ဒီထက်တောင် ပေးချင်ပါသေး တယ်။ကိုယ်က သိတ်ဝင်ငွေ မကောင်းလို့ပါ။

နောက်တစ်ခု ကိုမဆာလာနဲ့လွဲပြီးပြန်ပါတယ။် ပြောပြီးပြီရော... သူလုပ်ချင်တာ ကတစ်ခု ကိုယ်လုပ်ချင်တာ က တစ်ခုပါ။ ငယ်ငယ်တုံးကတော့ သူ့ဆန္ဒက ကိုယ့်ဆန္ဒ ဖြစ်ပေမဲ့ အိမ်ထောင်သက်ကြာလာတော့ လူကြီးတွေလည်းဖြစ်လာတော့ တထပ်ထည်း မကိုက်ညီတော့ဘူး။

စလွဲတာက မိုးလင်း မပြောနဲ့ မိုးချူပ်ကတည်းက လွဲတယ်။ ကိုယ်က ညမအိပ်တတ်ဘူး မနက်ဆို မထချင်ဘူး. သူက ညဆို အိပ်ချင်တယ်။ မနက်ဆို သုံ့းနာရီလောက်ကိုယ့်ုကို နှိုးပြီး လမ်းထလျောက်တယ်။ ငါးနာရီလောက်ဆိုဘုရား သွားတယ်။ အဲဒါဟာ ကိုယ့်ကို နိပ်စက်နေသလိုဘဲ။ ကိုယ့်မှာခံစားရတယ် ။ ငယ်ငယ်တုံးကတော့ ထပြီးမျက်စေ့ ပွတ်ပြီး လိုက်သွားတာပေါ့ ။ အခုတော့မလိုက်ချင်တော့ဘူး။ ဟော်တယ်မှာ အိပ်တော့သူက မိုးချိုပ်ရင်အိပ်ဘို့ပြင်ပြီ။

အိမ်မှာ ဆိုရင်တော့ တစ်ယောက်တစ်ခန်း မီးဖွင့်ထားပြသာနာမရှီပေမဲ့ ဟော်တယ်မှာတော့ ပြသာနာဖြစ်လာပြီး ကိုယ့်အလိုအရဆိုရင်သန်းကောင်သန်းလွဲလည်း ဖုံးထပြောချင်ပြောမယ် ။လမ်းထွက်ချင်လည်း ထွက်နေမယ။် ပြန်လာလဲ တယ်လီဗေးရှင်းကို မိုးချုပ် မိုးလင်းတဲ့ အထိ ကြည့်ချင်ကြည့်မယ။် နောက်ဆုံ့း အိပ်ဆေးသောက်အိပ်ရတယ် ဆီရောက်ကော ကိုယ်ဘယ်လိုမှ ညဆို အစောကြီးမအိပ်ချင်ဘူး။ အိပ်ဆေးရှာမတွေ့ရင်လား ဘာမီတွန် သောက်လိုက်တာပေါ့ လွယ်ပါတယ။် သူက မိဘ နဲ့အတူမနေတတ်ဘူး။ ငယ်စဉ်ကာလကတဲက တစ်ယောက်ထဲ နေလာတဲ့သူဆိုောာတ့ကာ ဟော်တယ်မှာဘဲ နေပါတယ။် ဈေးတော့သက်သာတဲ့နေရာရွေးရတာပေါ့။

လမ်းထွက်တော့ကော သူ သွားချင်တာ လက်ဘက်ရည်ဆိုင်..ဘာဆိုင်ညာဆိုင် ……….ကိုယ်ကရော …………သိလောက်ပါပြီ။ ကိုယ်ဘာတွေ လုပ်တော့မလဲ ဆိုတာ အဲသလိုဆိုတော့ကာ တစ်ယောက် တစ်ချိန်ပြန်တာ အကောင်းဆုံး ဆိုပြီး တစ်ယောက်တစ်လှည့် ပြန်ကြပါတယ်။

ခရီး အတူသွားဘို့ကောကေ. သူက ကျန်းမာရေးနဲနဲအားနည်းတယ။် နလူံးက စိတ်ညစ်ရင် ..ရင်ဘတ်အောင့်တတ်သလို တစ်သက်လုံး ဘွဲ့ရကတည်းက ပိုက်ဆံကို ရှာတာ အခုထက်ထိဆိုတော့အင်ဂျင်က ကျ. (လူကတော့မကျသေးပါဘူး) နေပြီဆိုတော့ ဝေးဝေးလံလံမသွားလိုဘူး။ ခွင့်ကလည်းရက်က တိုလိုက်သမှ သူ့ခွင့်ကလည်း (ရ ) ရက်ဆိုတာ အလွန်ဆူံးဘဲ။ လေးရက် နဲ့တောင်သွား ဘူးသေးတယ။် ဘယ်လိုလုပ်တို့နဲ့ကိုက်မှာလဲ။ လေးရက် ဆိုတာ တို့ဒီမှာ သွားဘို့ အထုတ်ထုတ် နေတုံးရှိသေးတယ။် သူက သိတ်မြန်တယ်။ တို့က သိတ်နေးတယ် အဲဒီတော့ အဲသလိုတွေဖြစ်ကုန်တာ အဆန်းမဟုတ်ဘူးး ။ တစ်ယောက်ဆီ သွားကြလို့အိမ်ထောင်ရေး အဆင်မပြေဘူး မထင်ပါနဲ့ ပြေပါတယ။် အရမ်းပြေပါတယ။်

ရန်ကုန်သွားတော့လား ..တစ်ခါတစ်လေ မှသွားတာဆိုတော့ အိုကေပါတယ်. စလုံး က လာတယ်ဆိုတော့ နဲနဲအထင်ကြီးပါတယ်။ ဘာမှန်းတော့ မသိကြီးပါတယ်။ ဒင်နာသွားမယ်ဆိုတော့ ..ဒေါက်ဖိနပ်ပြေးစီးဦးမလို့ ခင်မောင်သိန်းထွန်းဝင်းက မလိုဘူး.။ အစ်မ က အစ်မဘဲ။ ဆိုတာနဲ့ဘဲ မစီးခဲ့ရတော့ဘူး.။ နောက်တော့လည်း သူပြောသလို ဘဝင်မြင့်ပြီး ဒီအတိုင်းဘဲ အစုတ်ကလေးနဲ့ဘဲ သွားလာနေတာ ရွီုင်ရယ်ပက်ခ ဟော်တယ်က သူငယ်ချင်း ကျော်ရဲအောင်နဲ့ဘဲတွေ့မျှဘဲ ပြာသွားတော့တယ် ။

သူက ဟော်တယ်မှာ လုပ်တယ်ဆိုတော့ ကာ ကိုယ့်ုကိုမြင်တော့ဘဝင်မကျဘူး. ညီမရယ်. (သူက ဘယ်လောက်ကြီးတဲ့ မိန်းကလေးဖြစ်ပစေ ညီမလို့ခေါ်တတ်ပါတယ်။ သူ့မှာ ချစ်စဘွယ် ညီမကလေးများ စွာရှိပါတယ။်) စလုံးကလာတာဒီလိုဘဲဝတ်လာရသလားဆိုပြိး ဂရုဏာဒေါသောဖြစ်သေးတယ။်

အခုတစ်လော နာမည်ကြီးနေတဲ့သူကလေးနဲတွေ့မယ်ဆိုပြီးချိန်းကြတော့လည်း သူ့မှာ ကိုယ်ယောင်ကိုယ်ဝါ လျော့ခဲ့ရတယ်လို့ဆိုပါတယ။် သူသိနေပါတတယ်တဲ့။ ကိုယ်လာရင် တရုတ်ပိတ်လုံချည်နဲ့ လာတော့မယ်.. မန်းဒလေး ညှပ်ဖိန်ပ် နဲ့ လာတော့မယ်ဆိုတာကိုသိနေလို့ သူ့ရဲ့ အရောင်တွေ ကို လျော့ပစ်ခဲ့ ရတယ်လို့ဆိုပါတယ။်

ညည်းချင်လေးမဟုတ်ပါဘူး. ကြုံခဲ့တာလေးတွေပါ. ရေးခိုင်းတဲ့ မနော်ဟရီ ကို ကျေးဇူးတင်ပါတယ။် နိုင်ငံခြားပြန်ရဲ့ အဓိပပါယ်ကို စဉ်းစားလို့မလရလို့ မရေးဘဲထားတာ။ မေးခွန်းကို နားမလည်တဲ့သဘောပေါ့။ ကိုယ်နားလည်တာက တစ်မျိုးလေ. ရှိပါစေတော့ ဂရင်းဂဲလ်လေးရဲ့စာ ကိုဖတ်လိုက်တော့မှ အဖြေသိသွားပြီး မနော်ရဲ့ အမေးကို ဂရင်းဂလဲလေးဆီကနေ မှီးပြီးကုးူချလိုက်ပါတယ်။ စာလုံးပေါင်းမှားတာတွေကိုလား။ ညီလင်းဆက် ရဲ့ ဆော့ဝဲလ်ထဲသာထည့်လိုက်ပါ။ အမှန် ပြန်ထွက်လာပါလိမ့်မယ။်

Monday, June 8, 2009

Submission

စာတွေကိုမိုးချုပ်မှရေးဖြစ်ပါတယ။် ဘာဖြစ်လို့လဲပြောထားပြီးသားပါ. ကိုယ်ရေးတဲ့ဘေးမှာ တစ်ယောက်မှ မရှိစေချင်ပါဘူး။ တိတ်ဆိတ်နေခြင်းဟာ. စိတ်ကိုချမ်းမြေ့စေပါတယ။် စာကို မိုးချုပ်မှ လူလစ်မှ တင်ပါတယ်။ ဘာဖြစ်လို့လဲ။ကွန်မက်တွေ ကြောင့်ပါ။ စာရေးတဲ့သူက ကွနမက် ကိုလိုချင်ပါတယ။် ဘာဖြစ်လို့လဲ။ ကိုယ့်ရေးတဲ့စာကို ဘယ်လိုထင်သလဲမြင်သလဲ ရေးသွားတာကို ဖတ်ချင်လို့ပါ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျေနပ်ပါတယ်။ ဘာမှ မရေးလဲလူလာရင် ကျေနပ်ပါတယ်။ လူစည်အောင် ဓါတ့်ပုံထဲ့ရင် ကောင်းမလားလို့တောင်စဉ်းစားပါတယ။် ရှိတဲ့လူကလေးတောင် ပြူတ်သွားမှာ စိုးတဲ့ စိတ္တဇကို စာဖတ်သူများသြီ့ပီးသားပါ။

အနုပညာသမားများရဲ့ဘဝဟာ ကြောက်ဘို့လည်းကောင်း သနားဘို့လဲကောင်းပါတယ။် လူတွေက နာမည်ကြီးတယ်သာဆိုကြတယ်။ ပိုက်ဆံတွေ ရတယ်သာ ဆိုကြတယ်။ ကိုယ်အနုပညာသမား မဟုတ်ပါဘူး. စာရေးသူတစ်ယောက်သာဖြစ်ပါတယ။် နာမည်ကြီးတယလို့ ဆိုကြတယ။် ဘာလို့နာမည်ကြီးသလဲ။ အားထုတ်မှူအပေါ် မူတည်ပါတယ။် ဘာသာရပ်တစ်ခုအပေါ့် အချိန်ပေးပြီးလေ့လာရင်အချိန်အတန်အသင့် ကြာရင် အောင်မြင်မှူတစ်ခုရတာ လောကနိယာမတစ်ခုပါ. သိတ်တော့ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး။

လူလစ်မှ တင်တယ်။ ဘာဖြစ်လို့လဲ။ အဲဒါလဲ စိတ္တဇပါဘဲ။ စာရေးပြီးတင်လိုက်လို့ ဘယ်သူကမှ အဖက်မလုပ်ရင် ခံနိုင်ရည်ရှိပါ့မလား ကိုယ့်ကိုယ်ကို မသေချာလို့ပါ။ ဘယ်သူမှ လာမဖတ်တဲ့ စာတစ်ပုဒ်ကို ကိုယ်ဆက်လက်ရေး နေနိုင်ပါ့မလား။ ညသန်းကောင်း ထတင်တော့ ဘယ်သူမှ လာမဖတ်လဲ ကိုယ်ဘယ်လိုမှ မခံစားပါဘူး။ အင်းလေ. လူတွေ အိပ်နေကြတာကိုး.ငါတင်ထားတာ ဘယ်သူမှ မှ မသိဘဲဆိုတဲ့ ခံစားချက်ကလေးနဲ့ယပ်ကလေးခပ်နေလို့ရပါတယ။်

Sunday, June 7, 2009

Yangon 19

မြို့ထဲပြန်လှည့်လာတာ ရွှေဗဟိုရ် ရုပ်ရှင်ရုံဘက် ရောက်လာပါတယ။် မြေနီကုန်းဘက်ကို သွားဘို့ ဦးတည်ပါတယ။် အဲဒီမှာလဲ ဂမုန်းပွင့် ကုန်တိုက် ရှိတယ်လေ။

အဲဒီက တစ်ခါပြန်လှည့်လာတော့ ယုဇနဟော်တယ် ရှေ့ရောက်ပါတယ။် မဝင်ပါဘူး. ။ ဦးငှေးမြင့် အမျိုး နဲ့ ရန်ဖြစ်ထားတယ။်

ဆုထူးပန်ရုံရှေ့ဆိုတော့ ဗိုလ်ချူပ်လမ်းပေါ့။
ဒီရန်ကုန်သူကတော့ရန်ကုန်လမ်းတွေ ကိုကျွမ်းကျင်ပါတယ။် ဝန်ကြီးများရုံးကတော့လွမ်းပါတယ်။

မြို့လည်မှာ လမ်းလျောက်ဖြစ်ပါသေးတယ။် ခြောက်ကပ် တယ်လို့ထင်ရခြင်းအကြောင်းက ဒီလိုရှိပါတယ။် တို့သွားတာ သင်္ကြန် ဆိုတော့ အဲဒီအချိန်မှာ ပြီးကာစ ရှိပါသေးတယ။် ရုံးတွေလည်းပြန်မဖွင့်သေးပါဘူး။ အဲဒီတော့ အဲသလိုဖြစ်တာပါ.အမှန်က စည်ပါတယ။် တို့အပြစ်ပါ။

ရေကျော်ဘက်လှည့်လာပြန်ပါတယ။် အထက၄ ပုဇွန်တောင်ကိုတွေ့တော့ ကျောင်းသူဟောင်းကလေး မေမိုးနှဲsnadakoo အတွက် အလွမ်းပြေ ရိုက်ခဲ့ပေးပါတယ။် ထပ်ပြီးကျောင်းသားဟောင်းများရှိခဲ့ရင်လည်း သူတို့နဲ့ဘဲ ဆက်သွယ်ပြီး တွေ့ဆုံပွဲလုပ်နိုင်ပါတယ်။

ရေကျော်သူ ရေကျော်ဈေးထဲသွားခဲ့တာ မဆန်းပါဘူး။















နေသိတ်ပူလို့ အအေးလိုက်ရှာပါတယ။် ဗိုလ်ချုပ်လမ်းတစ်လျောက် စားသောက်ဆိုင်တွေမှ မနည်းဘူး. ထုံးစံအတိုင်း ဖာလူဒါနဲ့ ဒိန်ချဉ်နဲ့ မှာသောက်တယ။် ဒိန်ချဉ်က မဆူိုးပေမဲ့ဖာလူဒါက ရေခဲသုပ်နဲ့တူနေတယ်။