မနက်မနက်ဆို ရပ်ကွက်ထဲကို ဈေးသည်လာတတ်တယ်။ ဗန်းကြီးရွက်လို့ပေါ့။ သူ့ဈေးဗန်းကြီးကြည့်ရတာ ပျော်စရာကြီး။ ကိုယ်တို့ငယ်ငယ်တုံးက ဈေးရောင်းထွက်ကြသလိုဘဲ။ ဈေးရောင်းတမ်းကစားကြသလို။ အစုံပါ.ချဉ်ပေါင်. မျှစ်. ပဲသီး နိုကိုဥ. မုန်ညင်း ငရုတ်သီးစိမ်း ဘုရာပန်း. သရက်ချဉ်. ပဲကြီး. ဆူးပုပ်.ခရမ်းချဉ်သီး..



သောက်ချင်တာကတော့လက်ဘက်ရည်ဘဲ ။ဒါပေမဲ့ သွားဝယ်ခိုင်းရမှာအားနာတာနဲ့ ကော်ဖီမစ်နဲ့ ဘဲ ကောက်ညှင်းပေါင်း. ဆီထမင်း with ပဲပြုတ်.။


ချဉ်ပေါင်နဲ့မျစ်ချဉ်ရည်. ပုဇွန်ကြော်.ငါးကြော်. ငါးခြောက်ဖုတ်။ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ. လက်ဘက်အသား ပုဇွန်ခြောက်။ ငပိရည်. တို့စရာ။

စားပြီးရင်တော့လမ်းသလားရုံဘဲပေါ့။
.jpg)
24 comments:
ကောက်ညှင်းပေါင်းနဲ့ ငါးရံ့ခြောက်ဖုတ် စားချင်တယ်။
မတည့်ဘူး. မစားနဲ့ .သွေးတိုးလိမ့်မယ်။
ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ် စားမယ် မမ...
ငိုချင်လာပြီ...လွမ်းတယ်
ဘယ်သူနဲ့ မတည့်တာလဲ....
ချဉ်ပေါင်ဟင်း နဲ့ ငပိရည် စားချင်တယ်။။
again!!!!
မမမေ..အကုန်စားချင်တယ်..
ချက်ပြီးသားတွေပြထားတာလဲစားချင်တယ်
မချက်ရသေးတဲ့ဗန်းထဲက ရှောက်သီး နဲ့သရက်ချဉ်ကိုလဲ သုပ်စားချင်တယ်....
ဟင်းသီးဟင်းရွက်အကုန်ကြိုက်တယ်
အားပါး..အစားအစာတွေကရှယ်ပဲ...:)
မမက စောစောစီးစီး စားစရာတွေပြပြီး နှိပ်စက်တာပဲ...
မွေးနေ့အတွက်တော့ ဘာမှမကျွေးပဲနဲ့..
မကျေနပ်ပါဘူး.. ဟွန်းးးးးးးး
I've been avoiding from salty foods.
BINO
အဲဒါတွေအကုန်စားခြင်ပါသည်။
ဒီနေ့ မနက်ကိုပဲ အစားအသောက်နဲ့ ၀ိုင်းနှိပ်စက်နေပါလားနော်..း(((... စားချင်လိုက်တာ... ဟင့်.
I like veg picture :)
But no idea why they are not well packed
နိုကိုဥ ဆိုတာ ဘာကြီးလဲ နားမလည်ဘူးကော မသိတာများလား
လေးစားလျက်
တောင်ပေါ်သား
မြေနီကုန်းမှာ နေတာလား
မွေးနေ့အတွက် ချက်ကျွေးတာပဲဖြစ်ရမယ်
ခုပဲ ထမင်းစားပြီးတယ်
ကြည့်ပြီး ထပ်စားချင်ပြန်ပြီ
ဝါးးးးးးးးးးးးးး
ချဉ်ပေါင်ရွက် ၂စည်းလောက်...
မမက ခရခသ ကို သိပ်ချစ်တာပဲနော်။ ပို့စ်ထဲမှာတောင် ထည့်ရေးထားတယ်။ ကိုယ့်နာမည်တောင် ဆူးပုတ်ရွက်လို့ ပြောင်းလိုက်ရ ကောင်းမလား မသိဘူး။
အဲဒီလို ၀ယ်ချင်ပေမယ့် ဒီမှာ အဲဒီလို ဈေးသည်မရှိဘူး၊ ဈေးသည်ရဲ့စကားတွေ ကြားရတာ စိတ်ဝင်စားစရာကောင်းလို့။ :)
ဒီမှာတော့
စက်ရုပ်တွေလိုပဲ ၀ယ်ရခြမ်းရ၊ စကားလည်း မပြောရဘူး၊ အားလုံး တစိမ်းဆန်ဆန်။
အင်း.. ဆီထမင်းနဲ့ပဲပြုတ် စားချင်သား။
ပုံတွေ.တော့ ဒဂုံစင်တာကို လွမ်းသလိုလို....
အောင်မြတ်လေးး ကျလိုက်တဲ့ဇိမ်နှယ်
စားစရာတွေကြည့် ၊ စာတွေဖတ် ပြီးတော့ မမ ကိုတွေ့ချင်လာတယ်....။
ကောက်ညှင်းပေါင်း၊ချဉ်ပေါင်ရွက်ကြော်၊ ဘယာကြော် နဲ့ ပဲပြုတ် စားချင်တယ်.....ဗျို့....... အမ kom နေကောင်းလားဗျ
Again (၁) တို့၊ Again (၂)တို့ လာချေတော့မယ်။
Post a Comment