Friday, December 4, 2009

dagon

တောင်ဒဂုံ…မြောက်ဒဂုံဘက်ကို မရောက်ဘူးဘူး။ သွားမယ်လို့တော့စိတ်ကူးတာဘဲ။ လမ်းမသိလို့ ချီတုံချတုံဖြစ်နေတယ်။ ဟိုလိုသွားလိုက်ပါလား။ ဒီလိုသွားလိုက်ပါလားပြောပေမဲ့ တစ်ကယ် တမ်းကြတော့ လမ်းမသိရင်ရွာလည်ထွက်သွားမှာဘဲ။ သွားချင်တယ်လို့တော့ ပြောထားမိတော့တစ်မနက် ခင်မောင်သိန်းထွန်းဝင်း က ဖုံးဆက်တယ်။ အဲဒီဘက်သွားဘို့ရှိတယ။် လိုက်ချင်ရင်လိုက်ခဲ့ နိုင်တယ်ဆိုတာနဲ့ လိုက်သွားတယ်။

တစ်ကယ်တန်းကျတော့သူလည်းရေရေရာရာသိတာမဟုတ်ဘူး မှန်းမောင်းတာဘဲ။ ပထမဆုံးမည်သို့ မည်ပုံဖြစ်သည်မသိ။ တောင်ဥက္ကလာဘက်ရောက်သွားတယ်။ မိုးကလဲ ရွာလိုက်ဖွဲလိုက် ..တိတ်လိုက်နဲ့ဘဲ။ မြင်သာ ကညနဘေးလဲရောက်တယ်။ ပြည်ထောင်စုကုံးကျော်တံတားဆိုတာလဲရောက်တယ်။ သံသုမာယဉ် ရောင်းဝယ်ရေးစခန်းဆိုတာလဲရောက်တယ်။ ပင်လုံရိပ်မွန်ဆိုတာလဲရောက်တယ်။ ဝယ်ချင်လို ဝင်ကြည့်မယ် လုပ်သေးတယ် အချိန်ကုန်ပါတယ်ဟာ ဆက်မောင်းကြရအောင်ပါဆိုတော့မှ ဘဲ လိုရင်းကို ရောက်တော့တယ။် တားဂတ်က ပျောက်ပျောက်သွားတယ်။ပင်လုံဆေးရုံဆိုတာလဲမြင်တယ်။ ဆေးကုမဏီ တစ်ခု အကြီးကြီးရဲ့ production ကိုလဲမြင်ခဲ့တယ်။ တောင်ဒဂုံစက်မှူဇုံ တို့ မြောက်ဒဂု့စက်မှူဇုံတို့သူကတော့လှည့်လည်ပြသတာဘဲ။

ငမိုးရိပ်ချောင်းဘေးလဲရောက်တယ။် မနေနိုင်လို့ကားရပ်ခိုင်းပြီချောင်းဘေးဆင်းကြည့်တယ်။ ချောင်းဘေး မှ အိမ်ကလေးတွေလညှ်းရှိတယ။် ဝယ်ရင်ကောင်းမလားတိုင်ပင်ကျြသေးတယ် အချင်းချင်း..။












18 comments:

ck said...

how expensive are those houses in the 4th photo?

ကောင်းကင်ပြာ said...

မြောက်ဒဂုံ ဘက်မှာ မောင်လေးတွေ နေတယ် ..သတိရ သွားမိတယ်..

ADDRESSEE said...

ဒဂုံမြောက်မှာမြို့သစ်စတည်တုန်းက အိမ်ဆောက်တာ ကို သွားစောင့်နေရတာ သတိရတယ် ပူလိုက်တဲ့နေ မိုးရွာတဲ့အခါလဲ ဒုက်ခ အဲဒီတုန်းက မြောက်ဥက္ကလာ ကနေ ကတို့နဲ့ကူးရတာ ဘေလီတံတားတောင် ဆောက်တုန်း

fall leaf said...

အိမ်ဝယ်ဖို့ချည်းပြောနေတော့တာပဲ..
ဒီက အိမ်မဲ့ ယာမဲ့ ကို သနားပါဦး..။။

စည်သူ said...

သွားလိုက်တာ အမရေ..း)

mae said...

Xထုံလိုပဲ အိမ်မဲ့ယာမဲ့လေးပါ

ဝမ်းနည်းလာပြီ

Bino said...

Will you come to my township?
That photos you shot are near my house.
Pinlon hospital is quite good.
I had medical checked up in Pinlon where is near my house.

You can get the house in new 27th blk about 120,0000 USD only.

BINO

ဂျပန်ကောင်လေး said...

း). ခင်မောင်သိန်းထွန်းဝင်းဆိုတဲ့ နာမည်ကို ရင်းနေသလိုလို... ဦးကပ်စီးကာတွန်းထဲက သူ့တူမလား.... အိမ်ဝယ်မလို့ သွားကြည့်တာလား... ၀ယ်ပြီးရင်လည်း ကျုပ်တို့ ဘလော့ခ်ဂါတစုကို အိမ်ပေါ်ခေါ်တင်ဖို့ မမေ့နဲ့ဗျာ...း)

ကိုပေါ said...

မြောက်ဒဂုံမှာ အိမ်ဆောက်တုန်းက တခါသွားစောင့်ရတာကို သတိရမိတယ်။ ပါရမီဖက်ကနေ တံတားနဲ့ ကူးရတာ။ အဲဒီတုန်းကတော့ သစ်ပင်မရှိ၊ ဘာမရှိ ခြောက်ကပ်ကပ်။ လူမနေတဲ့အိမ်တွေ၊ ဆောက်လက်စအိမ်တွေပဲ ရှိတယ်။

Rita said...

Asia World မှာ လုပ်တော့ တောင်ဒဂုံမှာပေါ့။ ငမိုးရိပ်ချောင်းဘေးက လုံးချင်းတိုက်လေးတွေတော့ သဘောကျမိသေးတယ်။ ဒါပေမဲ့ အနီးနား ပတ်ဝန်းကျင်ကိုတော့ မကြိုက်ဘူး။

Rita said...

အင်းလေ ကြိုက်လဲ မဝယ်နိုင်ပါဘူး။
မြန်မာပြည်မှာတော့ သမာအာဇီဝနဲ့ ဒီတသက် ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကား ဝယ်နိုင်ပါ့မလား တွေးမိတယ်။ ၁ဝ တန်းအောင်တော့ ဘာဖြစ်လို့ သီချင်းလေးဘာလေး ဆိုစားဖို့ စိတ်မကူးခဲ့မိပါလိမ့်။

:D

rose of sharon said...

အိမ်ဝယ်ဖို့လျှောက်ကြည့်တာလား....... တခြားနေရာတွေရော ကြည့်ဖြစ်သေးလား....... အရောင်းအဝယ်စိတ်ဝင်စားလို့ပါ

little brook said...

အမ တောင်ဒဂုံစက်မှုဇုံဘက်သွားရင် ယဉ်ကျေးမှုတက္ကသီလာကြီးနောက်ဘက်ကနေ ဖြတ်ခဲ့ရမှာပေါ့ .. နညတို့ဆီ ၀င်လည်လိုက်ရမှာ :)

Dr. Yi Yi Win said...

ဖြတ်တော့ သွားဖူးတယ်။ သေသေချာချာတော့ မရောက်ဖူးပါဘူး။ ပုံလေးတွေကောင်းပါသည်။

NangNyi said...

MEGA We Care ဆိုတဲ့ ဆေးကုန်ပနီမဟုတ်လား.. အဲ့နားရောက်နေတာ ညီတို့နဲ့အတော်နီးနေပီ.. လာရောပေါ့..

Nge Naing said...

မြန်မာပြည်က ပုံတွေကိုတော့ ကိုတိုင် သွားလည်ပြီး ဓါတ်ပုံသွားရိုက်လို့လည်း မဖြစ်နိုင်တော့ အစ်မတို့လို ဘလော့ဂါတွေ ဓါတ်ပုံရိုက်လာတာကိုပဲ ကြည့်ရတော့တယ်။

GreenGirl said...

တို့အိမ်နားက တံတားလေးပါလား :P

(တကယ်ပါ မမ... မနောက်ဝူးနော်။ GG တို့အိမ်က ပင်လုံဆေးရုံနားမှာ )

Uranusaquarian said...

အမဂွိစ်။ “၀မ်းတော့နည်းမိသား....ပြည်တော်မပြန်နိုင်တဲ့ မင်းခယောကျာင်္း ကိုယ်ရယ်ပါ.... ကိုယ်ရယ်ပါ” တော်ပီဂျာ။ တိတ်တိတ်ဖတ်ပြီး ငြိမ်ငြိမ်နေတာပဲ ကောင်းပါတယ်။