Wednesday, December 9, 2009

crazy man

အခုတစ်လော ဈေးဘဲဝယ်နေတယ်။ ဟင်းချက်စရာမဟုတ်ပါဘူး . ဖိနပ်ဝယ်လိုက် အကျီဝယ်လိုက်.. ခြေအိတ်ဝယ်လိုက်နဲ့။

ဖိနပ်တွေကလည်းအိမ်မှာ အများကြီး စလုံးမှ မိန်းကလေးများထုံးစံ. ဝယ်နေတုံးပါဘဲ ရှိလဲဝယ်တာဘဲ။ စီးတော့မန်းဒလေးဖိနပ်. ဘာဖြစ်လို့များဝယ်နေမိလဲ ကိုယ့်ဘာသာကိုယ်စဉ်းစားမရဘူး. ။ ဒီဖိနပ်ကလေး ကသဘောကျပြန်တယ။်

ကိုယ့်ဘာသာကိုယ်ရူးနေတယ်တောင်အောက်မေ့တယ်။ နောက်နေ့တွေတော့မဝယ်ဖြစ်အောင် နေမှ ဘဲ။ အိမ်ပြန်လဲမိုးချုပ်မှာနဲ့အတော်ပါဘဲ။





















































29 comments:

ck said...

Those shoes remind me of the then famous UK blogger.

ကောင်းကင်ပြာ said...

ဝယ်ပါ ၀ယ်ပါ ဖိနပ်လေးတွေ လှလိုက်တာ...

စူးနွယ်လေး said...

ဖိနပ်နဲ့အိတ်ကတော့ ဘာလို့လဲမသိ အ၀တ်အစားထက် ပိုကြိုက်တယ်:)

Steve Evergreen said...

ဖိနပ်နဲ့ပတ်သက်ရင် မမကွန်တို့ ဒီကလေးမကို အတုယူသင့်တယ်။
ဒီမှာနှိပ်
စင်ကာပူ မှာရတဲ့ မမကွန်ရဲ့ မယ်သီလရှင်ဖိနပ်တွေ ရေမရှိတဲ့ မြောင်းထဲကို အမျှ ဝေပြီး လွှင့်ပြစ်လိုက်ပါတော့သာ ပြောလိုက်ချင်တယ်။

တောကတက် လာတဲ့ ငပေါမတွေ မြှောတ်တာ ကို သိတ်ပြီး ဘဝင် ခွေ့မဝင်နဲ့ အုံး။ တချို့က စင်ကာပူ လောက်ကို နိုင်ငံခြား အကြီး ကြီးတဲ့

Unknown said...

အစ်မက မိန်းကလေးမို့ ကြိုက်တာ ထားပါဦး။ ယောက်ျားလေး တန်မယ့် ဖိနပ်စုတဲ့ကောင်တောင်ရှိသေး။ ကျွန်တော့် သူငယ်ချင်းထဲမှာ( ပြောရင်းဆိုရင်း အတင်းပြောသလိုဖြစ်နေပြီ..ဘွာတေး)

မီယာ said...

သူများတွေ ဖိနပ်စီးကြည့်နေတာကို အမိအရ ဓါတ်ပုံ လှမ်းရိုက်ထားတာ တော်တယ် မမ

ဆောင်း said...

အခုတလော ၀ယ်မိနေတာက အစားအသောက်ဘဲ ကိုယ့်အတွက် မဟုတ်ပါဘူး လက်ဆောင်ပေးဖို့း(

ဝက်ဝံလေး said...

ဟိုဒေါက်လေး ထိပ်ဆုံးက ဒေါက်လေး ကြိုက်တယ် မာမီ ဒါပေမယ့် အမဲရောင်လေး ဆို ပိုမိုက်မယ် အခုတော့ အဲဒီအရောင်ကြီးမကြိုက်ဘူးဗျ ဟိဟိ

ဝက်ဝံလေး said...

စဒိ တယောက် အဲကောင်မလေး ဘလော့ဂ်ကို တော်တော်မျက်စိကျနေတယ် ဟက်
အဲဒီကောင်မလေးကလေ မျက်မှန်တပ်ထားပြီး အဝေးက ကြည့်ရင် မိုက်တယ် ဗျ သိလား အနီးကပ်ကျတော့လှဘူး ဟိဟိ

ဝက်ဝံလေး said...

ဟိုလေ ဝေးလေကောင်းလေ so far so good ဆိုတာမျိုးပေါ့ ဟားဟားးးးးးးးးး ဟိဟိ အဲ သူများကို ပြောတာမဟုတ်ဘူးနော် မီး ဘာမှမပြောဘူးနော် မာမီ လစ်တော့မယ် တာ့တာ ဘိုင် နေ့တိုင်းရောက်ပါ၏ အသစ်တင်တိုင်းရောက်ပါ၏ ဖျက်လိုက်တဲ့ story ဒေါက်တာပို့စ်လဲ သူများတွေ မဖတ်ခင် ဖတ်လိုက်ရပါ၏ ငွားငွားးးးးးးးးးး ဘာတတ်နိုင်သေးတုံး မာမီ ဟွန့် များကိုများ အထင်စမောလှချည်လား ဟရိုးးးးးးးးးကွယ် ပြန်မယ် တာ့တာဘိုင်

fall leaf said...

သေချာ လာဖတ်သွားပါတယ်..။။
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်။။
(ဒေါက်ဖိနပ်ကိုပြောတာပါ)

ဂျပန်ကောင်လေး said...

း)... ပါရမီရှင်ကြီးကတော့ ဘာမှ မပြောဘူးလား....

subuueain said...

ဘာပဲဖြစ်ဖြစ် ဖိနပ်လေးတွေလှတယ်။ ကြိုက်တယ်။ ဒီမှာ လမ်းလျှောက်ရလွန်းလို့လားမသိဘူး ဖိနပ်အရမ်းကုန်တာဘဲနော်။ ဒေါက်တော့မြင့်လွန်းရင် ကြာကြာမစီးနိုင်ဘူး။

Moe Cho Thinn said...

စီးတော့ မန္တလေး ဖိနပ်၊ ၀ယ်တော့ ဒေါက်ဖိနပ်။ လူတောင် မူး သွားတယ်။

သိင်္ဂါကျော် said...

တို့လည်း ဖိနပ်အမြင့်တွေကို crazy ဖြစ်တယ်.. ဒါပေမယ့် ကိုယ့်ကားနဲ့ကိုယ် ကျော့ကျော့လေး သွားရတဲ့ ဘဝမျိုးမဟုတ်လို့ သိပ်မဝယ်ဖြစ်ပါဘူး။

ကြည် said...

စီးဖို့မဟုတ်ရင် လက်ဆောင်ပေးဖို့ပဲပေါ့။ ဟုတ်တယ်ဟုတ်။

NangNyi said...

ကိုယ့်အတွက် ဝယ်တာလည်းဝယ်ပေါ့.. ညီတို့ကိုလည်း လက်ဆောင်ဝယ်ပေး.. အောလ်စတားဒေါက် အဝါလေး.. ကောင်းဘူးလား.. ဟမ်

Anonymous said...

စီးတာမစီးတာ ၀တ်တာမ၀တ်တာနောက်လေ.. ကိုယ်ကြိုက်လိုက်တဲ့ ပစ္စည်းလေးတွေ့လို့ ၀ယ်လည်းဝယ်ချင်နေတယ် ၀ယ်လည်းဝယ်နိုင်နေတယ်ဆို သားလည်း ဒီလိုပဲ ၀ယ်မိတာပါပဲ။
စိတ်ကို ထိန်းလို့မရဘူး။
ခုတော့ အဲဒါတွေဝယ်တာ တော်တော်လျှော့ပြီး
စတစ်ကာလေးတွေ၊ စာရေးကိရိယာလေးတွေ၊ ပို့စ်ကဒ်လေးတွေအတွက် ငွေဖြုန်းဖြစ်နေတယ်။

Rita said...

ဒီရောက်တော့မှ မြင့်မြင့်ကို မစီးဖြစ်တော့ဘူး။ ရန်ကုန်မှာထက် လမ်းပိုလျှောက်ရတယ်။ သိပ်ဖိနပ် ပေါက်တာပဲ။

ရုံးမှာ 5 ရံ၊ အိမ်မှာ 15 ရံလောက်ရှိတယ်။ (တခုမှ မကောင်းဘူး။)

=)

desertraindrops said...

ဖိနပ်တွေလှတယ်။ အကြိုက်ချင်းတူတယ်။

rose of sharon said...

အိမ်နီးရင်ကောင်းမယ်နော်... Shopping အတူတူထွက်လို့ရတယ်

ဇွန်မိုးစက် said...

ဟုတ်တယ်နော်..ဒီမှာ ဖိနပ်ခဏခဏ ၀ယ်စီးရတယ်။ ညီမတော့ အမြင့်ကြိုက်ပေမယ့် ခြေထောက်နာတတ်လို့ မစီးဖြစ်တော့တာကြာပြီ။ သူများတွေစီးသွားတာတွေ့ရင် လိုက်ငေးဖြစ်တယ်။ ကောင်းသောညပါ မမ။

မြစ်ကျိုးအင်း said...

သဘာဝပဲမဟုတ်လား :)

:P said...

မမရေ...

လေးပုံမြောက်က နို့နှစ်ရောင်ခြေညှပ်ဖိနပ်လေးတွေ ဘယ်က ဝယ်တာလဲ၊ ဘယ်လောက်ပေးရလဲဟင်၊ ညီမကြိုက်လို့

:P said...

ရီတာက သူများတွေလို MRT တို့ ဘတ်စ်ကားတို့ မစီးပဲ ဘာလို့ မြင့်မြင့်ကို စီးတာလဲ ...။ မြင့်မြင့်ညောင်းနေမှာပေါ့။

Rita said...

ိကိုဘ ကိုတွေ့လို့ hi တာ hi လို့ မရဘူး။ cbox က err တက်နေတယ်။ သူ့ cbox လဲ သွားလို့ မရဘူး။ err ပဲ။

Steve Evergreen said...
This comment has been removed by the author.
Steve Evergreen said...
This comment has been removed by the author.
ရွှေရတုမှတ်တမ်း said...

ဖိနပ်တော့ crazyဖြစ်တယ် တနေရာပြောင်းတိုင်းဖိနပ်ထုပ်ကကြီးနေလို့ ခုတောစိတ်လျှော့တာကြာပြီ