Saturday, May 8, 2010

တွေးတွေးပြီးတွေး

ဒီညဘလော့အသစ်တွေ တော်တော်များများတက်တယ်။ အသစ်ဆိုတာ ပိုစ်အသစ်ပေါ့။ လူအသစ် က တော့နည်းပါတယ်။ ဖဘထဲမှာလည်းစုံပလုံ။ ဟိုဖတ်ဒီဖတ်။ ပိုစ်တွေ ကိုလည်း ဟိုဖတ်ဒီဖတ်။ ဖတ်တာကနည်းပြီးရေးချင်စိတ်ကများနေတယ်။ အတွေးတွေက ဟိုရောက်ဒီရောက်။ သူများရေးထားတာတွေ တင်ပြထားတာတွေ ကိုကြည့်ပြီး သူ့ထက်ပိုကောင်းတယ်လို့ကိုယ်ထင်နေတာလေးတွေ လုပ်ပြချင်နေတယ်။ အဲသလိုနဲ့ဘဲ ညမအိပ်ရပေါင်းများပြီ။ လူစွမ်းပြချင်တာပေါ့။ အသိအမှတ်ပြုခံချင်တာလည်းပါမယ်။ သူဒီလိုရေးရင် ငါဒီလိုရေးပလိုက်မယ်ဆိုပြီးတော့လည်းဟိုစိတ်ကူး.ဒီစိတ်ကူးနဲ့ .။ နောက်ဆုံးတော့ မိုးလင်း သွား မယ် ။ အိပ်တော့မယ်။ လက်လျှော့လိုက်ြီ့ပီဒီညတော့. နေနင့်ဦး။

24 comments:

စူးနွယ်လေး said...

ဟိ....:)

ZT said...

သောကြာနေ့ညလေ မဂွိစ်ရဲ့။ အားလုံး အားနေကြတာကိုး။

ကျွန်တော်လည်း ရေးနေတာ တစ်ပတ်လောက် ရှိပြီ။ ပို့စ်တစ်ခု ရေးလိုက် ရှည်သွားလို့ ပြန်ခွဲလိုက် အဲဒီကနေ ရှည်သွားလို့ နောက်တစ်ခု ထပ်ခွဲလိုက်နဲ့ Draft တွေပဲ များလာတယ်။ တစ်ချို့ပို့စ် တွေလည်း စိတ်တိုင်းမကျသေးလို့ မတင်ဖြစ် သေးဘူး။ ဒီလိုနဲ့ပဲ အိပ်၍မပျော်သော ညတွေ များလှပေါ့။

မိုးမလင်းသေးဘူး။ အိပ်ဦး။ :D

မြစ်ကျိုးအင်း said...

တော်သေးတယ် ဒီည အသစ်မတင်ဖြစ်သေးလို့
အဲ မနက်မှ တင်မှား)

ကိုဇော် said...

ဟိဟိ. . အနော်က ဒီည နားဒေး. .
မနေ့က ဝတ္ထု တစ်ပုဒ် တင်ထားလို့. .
မနက်ဖြန်မှပဲ တင်မယ်။
ခွိ.ခွိ. .ခွိ. .

ချစ်မောင် said...

ကျန်းမာရေး လည်း ဂရုစိုက် ဦး...

Anonymous said...

အခုနိုးပြီလား အမ၊
:)

Rita said...

ကျိန်းဝါးသွားတယ်။
နေနှင့်ဦး။

juli said...

အပေါ်ကကွန်မန့်က ရီတာလား မမကေအိုအမ်လား ???

juli said...

အစွမ်းတွေ ပြပစ်လိုက်စမ်းဘာာာာာာာာာာာ

Vista said...

ကတောက် ! ညက အသစ် မတင်လိုက်မိဘူး ဟိဟိ

သက်ဝေ said...

ဖြေးဖြေး ဖြေးဖြေးနဲ့ နားနားပြီးတွေးပါ မမ...း))

ချစ်ကြည်အေး said...

ဟားဟား...မမကွန် ရေးပြလိုက်စမ်းဘာာာ.....:)

Moe Cho Thinn said...

ဒါဆို ကြောင် အကြောင်း ရေးပြလေ.. ကြောင်မုန်းသူကြီးကို ကိုယ်ဖတ်ချင်တဲ့အကြောင်း အရေးဆိုပစ်လိုက်ပြီ။
ငါဒီလို ရေးပလိုက်မယ် ဆိုပဲ။ :D ကြောက်ထှာ..

kiki said...

ဒါကြောင့် “ အိပ်ဆေး” ထုတ်လုပ်သူတွေ စီးပွားဖြစ်နေကြတာ ကိုးးးး

ဂျူနို said...

တွေးတွေးပြီး တွေးသွားပါတယ် ဟိဟိ ။ ကြိမ်းဝါးနေတယ် ကြောက်ပါတယ် ဒေါ်ဒေါ်ကွမ်းရေ။


မအယ်

Maung Myo said...

ဖြစ်တတ်ပါတယ်လေ ဒီလိုပဲ အိပ်အိပ် ၀အောင်အိပ်း) စိတ်လည်းလျှော့ ။

Sein Lyan Tun said...

ဒီညတော့ ရေးလိုက်တော့မယ်...

ဒေါ်ခင်ဦး မှီလို့ မဖြစ်ဘူး..

သာအောင် ရေးလိုက်ဦးမယ်...

နှင်းမိုး said...

တစ်နေ့တာ
အေးနေတဲ့ ကော်ဖီခွက်လို
ကူးနေတဲ့ စိတ်ကူးတွေလဲ အေးစက်နေလေရဲ့..။
တွေးကြည့်တော့
ခေါင်းကိုက်ရောဂါဟာ အလွယ်တကူရခဲ့တာလား။
ခေါင်းမီးတောက်တယ်
ဦးနှောက်ခြောက်တယ်
ဆံပင်ဖြူတယ် ။
အရည်မရ အဖတ်မရ
စဉ်းစားစရာတွေက သေလုမျောပါး ။
ဘာမှမဟုတ် ပါဘူး…
မရေးရသေးတဲ့ ဘလော့ အကြောင်း တွေးပူမိတာပါ…။ ။

အန်တီ kom အတွက် ကဗျာရေးခဲ့တယ်...

sosegado said...

ဖတ်ဘို့အသင့်ပါ၊

ကိုလူထွေး said...

အိပ်မက်ထဲမှာ
အိပ်မက်ထဲမှာ
အိပ်မက်ထဲမှာ
အိပ်မက်ထဲမှာ

ပို့စ်တွေရေးနေသည်...

းဝ)

kma said...

နေနှင့်အုံးပေါ့ကွာ.. မနက်ကျမှ သိမယ်.. ကတောက် !

. .
... x x x x x x x x x ...
. .

နောက်တစ်နေ့ရောက်သော်...

"xxx နေမင်းရဲ့ အလင်းရောင်ခြည်လည်း.. မနေ့ကနဲ့ မတူ.. မနေ့ကလို မပူတော့ပြီ.. အားသစ်အင်သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့ ငါသည် အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...xxx"

တဖန်မွေးဖွားလာမယ့် အချစ်တွေအတွက် အားသစ်အင်သစ်တွေ အပြည့်အဝမွေးနိုင်ပါစေဗျား..။

Kyaw Nyo Thway said...

ရေးရေးပြီးရေး

Kyaw Nyo Thway said...

၊အစားစားတဲ့ပို့စ်၊ ဆံပင်ညှပ်ဆိုင်မှာခေါင်းလျှော်တဲ့ပိုစ့်၊ လက်သည်းနီဆိုးတဲ့ပို့စ်၊ မျက်မှန်တပ်တဲ့ပို့စ်၊ ပန်းကန်ဆေးတဲ့ပို့စ်၊ မနက်ခင်းလမ်းလျှောက်တဲ့ပို့စ်၊ ယပ်တောင်ခတ်တဲ့ပို့စ်၊ ခြင်ဆေးထွန်းတဲ့ပို့စ်၊ ဂိမ်းဆော့တဲ့ပို့စ်၊ ဆွယ်တာထိုးတဲ့ပို့စ်၊ ဆံပင်ရှည်လာတဲ့ ပို့စ်၊

အဲ့ဒါတွေဖတ်ချင်သေးတယ် လုပ်ပါ လုပ်ပါ
hurry up !:D

Zay Tar Yar said...

ဟုတ်ပ ကိုယ်ချင်းစာပါတယ်တီတီ ဟိုနှင်းပေါ့ ဇေနဲ့က
အွန်လိုင်းမှာဘဲသိတာ စာလေးတပုဒ်ရေးပေးလိုက်မှိပါတယ်
သူက ကောင်းတယ်ဆက်ရေးဆိုပြီးမြောက်ပေးလိုက်တာ
ညဘက်မအိပ်ရတော့ဘူး တီတီကမှတော်သေးတယ်
သိလား ဇေတို့ကခလေးတွေစာမရေးတတ်ဘူး တော်
တော်ခတ်တယ်စာရေးရတာ သေချင်တာဘဲ ဟုတ်လောက်
တယ်တီတီပြောတာ