ဒီနေ့အလုပ်မသွားဘူး ပျော်လိုက်တာ ညကတည်းကပျော်တယ်။ သိတ်ပျော်တာဘဲလို့ငါးခါပြောမိတယ်။ အီးမေလ်တွေကလစ်တယ်။ များလိုက်တဲ့ အီးမေလ်. . ဝင်တာများတာမဟုတ်ပါဘူး ကိုယ့်ဘာသာဖွင့်ထားတဲ့အီးမေလ်တွေ.. သူများဝင်ဟက်ခမှာစိုးလို့လဲပေါက်တတ်ကရပစဝတွေ ပေးထားတာ ကိုယ့်ဘာသာကိုယ်တောင် မျက်စိမှိတ်ပြီး စဉ်းစားရတယ။် ငါဘာများပေးထားမိပါလိမ့်ဆိုပြီး. ချမ်းသာတာဆိုလို့မေလ်းတွေ ဘဲရှိတယ်။ ၈ျီမေလ်က နစ်ခု. ယာဟူးက နစ်ခု အဓိကရှိတယ်။ အဲ ဖဘ က နစ်ခု.ဟင်း. ဒါပေမဲ့မေလ်းက ခဥမဘဲ တစ်ချိန်လုံးဖွင့်ထားတာ ဆိုတော့အခုလိုအားမှဘဲ ကျန်တာတွေ ကိုလိုက်ကလစ်လုပ်နိုင်တယ်။
နောက်အီးမေလ်တစ်ခုမှာဝင်နေတဲ့ ဂျက်စတားဖတ်ရတာ အန်မတန်မှာ excited ဖြစ်တယ်။ ၄၈ နာရီဘဲကျန်တော့တယ်တဲ့ နာရီကိုကမန်းကတန်းကြည့်လိုက်တယ် Sale ends 11 August 2010 (23:59), ဆိုတော့မှ သက်ပြင်းချနိုင်တယ်။ မှီသေးတယ် ဆက်ဖတ်ကြစို့.
မြင်တဲ့အတိုင်းဘဲ စိတ်ဝင်စားစရာကောင်းနေတယ။် သွားချင်တာတော့အများကြီးသွားချငတ်ာဘဲး.စိတ်ဝင်စားတဲ့ရန်ကုန်ကိုကြည့်လိုက်တယ်။ ၁၅၈ ကျပ်ဆိုဘဲ မဆိုးဘဲ. ကလစ်လိုက်တယ်။ ရက်တစ်ရက်ကိုစိတ်ကူးယဉ်ပြီးရွေးလိုက်တယ်။ ဒါတောင်စဉ်းစားလိုကရသေးတယ် ဘယ်နေ့သွားရကောင်းမလဲဆိုပြီး.ဟင်းပြီးတော့မှ ဒါစိတ်ကူးယဉ်နေတာဘဲ.နံကြားထောက်လိုက်တယ်။
ဟင်. အသွားအပြန် ကို စလုံး 270 ဖြစ်သွာြးီ့ပီ. ဒီက အသွားအပြန်ကို 158 လို့ထင်လို့. ဟင်း.
အခုလောလောဆယ်.ဝယ်ရင်. စလုံး၃၀၀ နဲ့ရောင်းနေတဲ့ လက်မှတ်တွေ ရှိတယ်။ နစ်ပါတ်လက်မှတ်.။ ကဲ ရှိပါစေတော့ နီးမှ ဘဲ စလုံး ၄၅၀ နဲ့ဘဲဝယ်ပါတော့မယ်။ ဘဝဆိုတာ ရှေ့ကို သိတ်မြင်ရတာမဟုတ်ဘူး .
ရှုခင်းတွေ ကိုကြိုက်တယ်. .မြင်ရတာ ကြည်နူးတယ်။ beach မသွားနိုင်တော့လဲ ဒီလိုဘဲကြံဖန်ကြည်နူးရတာဘဲ။
ပိန်းဥမုန့်ဝယ်စားတယ် . Thai food ဆိုတဲ့ဆိုင်က.. ပိန်းဥနဲ့လုပ်ထားပြီး ဝက်သားဖတ်ကလေးတွေ ပါတယ်.သူငယ်ချင်းတစ်ယောက်ကကောင်းတယ်ဆိုပြီးဝယ်တာနဲ့လိုက်ဝယ်တာ. နင်ဝယ်ရင်ငါလဲလိုက်ဝယ်မယ်လို့ပြောတာ. ကိုယ်တွေ အချင်းချင်းမြန်မာလိုပြောကြတော့ အစ်မတို့က မြန်မာတွေလားတဲ့ရောင်းတဲ့ကောင်လေးက မေးတယ်။ အံသြသွားမိပြန်ရော. မအံသြပါနဲ့လေ. လို့ကိုယ့်ကိုယ်ကိုပြန်ပြောရတယ် အဲဒါနဲ့ ဈေးလျော့ပေးလိုကတယ။်
လဘက်ရည်သောက်တယ်။ ဟိုင်းတီပေါ့ မြန်မာတီးသောက်တယ်။ ရန်ကုန်ရောက်ရင် နိုင်ငဲခြားကို တမ်းတသလို နိုင်ငဲခြားရောက်ရင် မြန်မာပြည်ကိုတမ်းတယ်။ ဘုရားပန်းထိုးရင် သပြေပန်းထိုးတယ်။ ကိုယ့်လိုလူတွေ အများကြီးရှိမှာပါ. အဲဒါဆိုလဲပြန်ပါဆိုလားဆိုရင်တော့လဲအင်း..အဲနဲ့ မပြန်ဖြစ်သေးဘူး။
ပိန်းဥမုန့်စားရာကနေ ပေါင်မုန့်မီးကင်စားချင်လာပြန်တာနဲ့ မီးကင်နစ်ချပ် ထောပတ်. စတော်ဘယ်ရီသုတ်စားတယ်။ ပြီးတော့ အအေးသောက်ချင်လာပြနတာနဲ့ကိုကာကိုလာနဲ့ ပိန်းဥ ဆက်စားတ
ယ်။
စားပွဲကတော့ဘယ်တော့မှ မရှင်းဘူးဖြစ်သလိုဘဲ အားလဲနာပါတယ် . ။ စားပွဲကောင်းကောင်းဝယ်ခိုင်းဦးမှ ဆိုလို့လဲမဖြစ်ဘူး. ကိုယ့်အကြောင်းကိုယ်သိတယ် ဟော်တယ်သွားတည်းရင် ဝင်လိုက်တဲ့ ဟော်တယ်က သန့်သန့်ရှင်းရှင်းလှလှပပ. ကိုယ်ဝင်ြပီး ငါးနာရီကြာပြီးရင် အမှိုက်ပုံဖြစ်သွားပြီ. ဒါဟာလဲ စိတ်ပျက်စရာတစ်မျိုးဘဲတ.ချို့မိန်းကလေးများသိတ်တော်တယ်. အိမ်ကလေးက သန့်ရှင်းနေရုံမက resort ရောက်သွားသလားလို့အောင်ထင်ရတဲ့မိန်းကလေးများလည်းရှိတယ်။ ချမ်းသာတာ ဆင်းရဲတာနဲ့မဆိုင်ပါဘူး. အမျိုးမျိုးဘဲ လူ့ကံဝကံပေါ့. ကိုမဆလာကံဘဲ။
မှတ်ချက်
ခင်မှားပါတယ်မောင်.

35 comments:
ရုံးမသွားသူအချင်းချင်း အရင်မန့်တယ် ...
ခင့်ရေခဲတုံးကြီးကလည်း ၊ ဒါကြီးနဲ့ ထုခံရရင် တစ်ချက်တည်း ခေါင်းကွဲနိုင်တယ်။
ရုံးမသွားမှန်း သိပ်သိသာတာပဲ ... ပို့စ်တင်ပြီးပြီးချင်း တိန် ဆို လင့်ခ်က ရောက်လာတယ်။
ကိုမဆလာကလဲ .. သူမှားတာပါတဲ့ .. အရီးကို အပြစ်မတင်ရက်ပါဘူးတဲ့။
အိမ်မှာနေရင်း ဘလော့ရေးတဲ့လူကို ရုံးကနေပြီး တကူးတကန့် ကော်မန့်ရေးလိုက်တယ်။
ဟုတ်တယ် လူ့ကံ ဝကံပဲ။
ထီထိုးသလိုပဲလို့လည်း မဆိုနိုင်ဘူး။
Sweep ထိုးရင် $ 3 ပဲ ကုန်တာ။
ကိုမဆလာကံဘဲ။
ဟိုသီချင်းလိုပေါ့ “ကိုယ့်ကုသိုလ်ပဲ” တဲ့ ဟိဟိ
ခင်မှားပါတယ်မောင် စာသားလေးနဲ့ တင် ကိုမဆလာက အရာအားလုံးခွင့်လွှတ်မှာပါ။:D
ရုံးမသွားသူ ရေးတဲ့ပိုစ့်ကို
ရုံးမသွားသူက ထိပ်ဆုံးက လာမန့်သွားတာကို
နေမကောင်းရက်နဲ့ ရုံးလာရတဲ့သူက နာမလိုခြင်း ကြီးစွာနဲ့ လာဖတ်ပါတယ်...။
ခင် မှားပါတယ် မောင်...း)))
ဟုတ်တယ် တယ်မှန်
တချို့မိန်းကလေးတွေ သိပ်သန့်သန့်ရှင်းရှင်းနေတတ်တယ်
အဲ့ထဲမှာ ကိုယ်ပါတယ်
ဟော်တယ်ဆိုလဲ ကိုယ်ပြန်ထွက်လာရင် ဝင်သွားတဲ့အတိုင်းပဲ
ယုတ်ဆွအဆုံး ဆိုင်တခုခုမှာ သွားစားရင်တောင် ပြုတ်ကျရင် တစ်ရှုးနဲ့ သုတ်ပေးခဲ့တာ
(တွေ့လား ကိုမဆလာ နဲ့ယှဉ်လိုက်တော့ မောင်သိပ်ကံကောင်းတယ်)
မောင်မှားတာပါခင်တဲ့  .. ကိုမဆလာက
ရန်ကုန်ရောက်ရင် နိုင်ငဲခြားကို တမ်းတသလို နိုင်ငဲခြားရောက်ရင် မြန်မာပြည်ကိုတမ်းတယ်။ ဘုရားပန်းထိုးရင် သပြေပန်းထိုးတယ်။ ကိုယ့်လိုလူတွေ အများကြီးရှိမှာပါ. အဲဒါဆိုလဲပြန်ပါဆိုလားဆိုရင်တော့လဲအင်း..အဲနဲ့ မပြန်ဖြစ်သေးဘူး။....မှန်လိုက်လေကွယ်...:))) ။ အလုပ်ပြန်ရှာရင်း ဘလော့လည်ဖတ်နေသူတဦး
ချမ်းသာတာ ဆင်းရဲတာနဲ့မဆိုင်ပါဘူး. အမျိုးမျိုးဘဲ လူ့ကံဝကံပေါ့. ကိုမဆလာကံဘဲ။
:D
မ ရယ် ကိုယ့်ကိုယ်ကိုယ်တော့ နည်းနည်းသက်သက်ညှာညှာပြောပါ..
ကိုမဆလာကံပဲ တဲ့
အဟတ်
ချစ်လို့ ယူထားတဲ့ မိန်းမပဲ.. အဲ့ဒီပွတာလေးကို ချစ်နေတာ နေမှာ
မမကွန်ကြီး
အားပါပါး စားလာချည့်လား
လာမဲ့ ရုံးပိတ်ရက်မှာ အော်တိုဂရပ်တောင်းဖို. ပင်နာဆူလာမှာ မမကွန်ကို လိုက်ရှာမယ် အသက် ၅၀ ကျော် ခပ်၀၀အမျိုးသမီးကြီးဆို မမကွန်ပဲဖြစ်ရမယ်
ခင်မင်တဲ့
Z
ဘဝတူချင်း အဖော်ရလို့ အားရှိသွားပါတယ်။
ကျွန်မလဲ အိမ်ပွလွန်းလို့ စိတ်ညစ်နေရတယ်။ တရားခံက ကိုယ်ပါ။ သူများလို ကဗျာဆန်ဆန် လှတပတလဲ ဘာမှ မထားတတ်။ မီးဖိုချောင်ဝင်လိုက်ရင် အားလုံးရှုပ်ပွပေရေ။
ဒါပေမယ့် သူများအိမ် သွားတုန်း ဝင်ကူပေးရင်တော့ ဟုတ်လို့။ အလှူတွေမှာဆို ချက်တာ ကူတဲ့အပြင် ဆေးတာကြောတာ သန့်ရှင်းတာကို ဒိုင်ခံလုပ်တာ။ ဘုရားရောက် တံမြက်လှည်း၊ ရိပ်သာသွားလည် အိမ်သာဆေးတဲ့သူပါ။ ဘာဝဋ်ကြွေးရှိလို့ ကိုယ့်အိမ်မှ ကိုယ့်လက်ချက်နဲ့ ရှုပ်ပွနေရတယ် မသိပါဘူးအစ်မရယ်။
အင်း-- ဝဋ်ကြွေးဆိုလဲ ဝဋ်မြန်မြန်ကျွတ်အောင် ကုသိုလ်လေးတော့ ဆက်မှ။ ကျွန်မ အခု ဆွမ်းခံကိုယ်တော်တွေကို ဆပ်ပြာ လှူလှူနေတယ်။ မရယ်နဲ့ တကယ်ပြောတာ။ ဝဋ်ကြွေးရှိရင် ကျေပါစေကြောင်း။
အို...အစ်မကွန်..ငါးခါပဲပြောလေသလား...။
ဒါမျိုးဆိုတာ အခါငါးရာတိုင်တိုင် ပြောသင့်တာ....။
(မှတ်ချက်။ ၊ ရုံးလစ်ချင်ရက်နဲ့ တနင်္ဂနွေပါဆင်းနေရသူ )
မီးပူတိုက်ရမယ့် အ၀တ်တွေ ကုတင်ပေါ်မှာ တောင်လိုပုံနေတော့ ဘယ်လိုအိပ်မှာလဲ မေးလိုက်တယ်၊
အ၀တ်ပုံပေါ်အိပ်မယ်တဲ့၊
ပိုတောင်ထူသေးတယ်တဲ့၊
ဘယ်သူ ကံကောင်းသလဲ၊ ဘယ်သူမှားသလဲ မသိပါဘူး၊
မခဥမပဲ ပြောပါတော့။
:)
ကိုမဆလာ ကံတဲ့လား . . .ဟားဟားဟား။
ကိုမဆလာက ပြောနေတယ်။ အဲဒီတုန်းက သူလေချွန်လိုက်တာက မခဥမကို ခေါ်တာ မဟုတ်ပါဘူးတဲ့။ သူခေါ်တာ တက္ကစီကိုပါတဲ့။
အဲဒီလိုပဲ နှစ်ယောက်ကန်ကြတော့ ခြင်ထောင် ပြဲတော့တာပေါ့။
ဘလော့လည် ဖို့ ဖေ့ဘွတ် ထဲ ၀င်ဖို့ ဘဲ အချိန်ရတယ်..
မီးပူတိုက်ဖို့ အချိန်မပေးနိုင်သေးဘူး ... အိပ်ခန်းထဲ တလ စာ လောက် အ၀တ်တွေ ပုံနေတယ် ... ရှုပ်ပွနေလဲ ကိစ္စမရှိဘူး.. ယောက်ကျားက မိန်းမ ဘာလုပ်လုပ်ခွင့်လွှတ်ပြီးသား တဲ့ ...
ပုံ .. ကံကောင်းသူတဦး ( mie nge )
That is your right.
Off day is a happiest day.
Not same as Sun day and official days.
I know how you feel.
Your are freedom when All peoples are carry out their routing work.
BINO
မမကွန် စာတွေဖတ်ပြီး မိန်းမယူရမှာ ကြောက် ကြောက်လာတယ်။ ဟိုတခါ သူငယ်ချင်းမိန်းကလေး အိမ်လာလယ်တာ ဆံပင် အရှည် ၂ ပင် ဆိုဖာပေါ်ကျန်ခဲ့လို့ လေစုတ်စက်နဲ့ ချက်ချင်းစုပ်ပြစ်လိုက်ရတယ်။
အတွေးများနဲ့ငါ(၂)ကိုတစိမ့်စိမ့်တွေးပီ ဖတ်သွားပါကြောင်း
မှတ်ချက်ကလေးပဲကြိုက်တယ်...
ခင်တဲ့
မိုးငွေ့
Good post and this post helped me alot in my college assignement. Gratefulness you seeking your information.
Steve Evergreen said...
မမကွန် စာတွေဖတ်ပြီး မိန်းမယူရမှာ ကြောက် ကြောက်လာတယ်။ ဟိုတခါ သူငယ်ချင်းမိန်းကလေး အိမ်လာလယ်တာ ဆံပင် အရှည် ၂ ပင် ဆိုဖာပေါ်ကျန်ခဲ့လို့ လေစုတ်စက်နဲ့ ချက်ချင်းစုပ်ပြစ်လိုက်ရတယ်။
( ဒါများလွယ်လွယ်လေး ကတုံးမကိုယူလိုက်စတိ )
မကွန်
စားပွဲခင်းကိုကြိုက်တယ်။
အိမ်ထောင်အထိမ်းအသိမ်းရေးထားတာ သိပ်ကောင်းတာပဲနော်။ပညာရသွားတယ်။
မကွန်စားတာတွေစားချင်တယ်။အရေးအသားနဲ့ဓါတ်ပုံကကောင်းလို့ပါ။
အိမ်မှုကိစ္စဆိုတာ အရေးမကြီးဘဲ အရေးပါနေတဲ့ ကိစ္စတွေပါ...အရေးထားသူအတွက် အရေးပါပြီး အရေးမထားသူအတွက်တော့ အသေးအဖွဲပေါ့...အဓိကကတော့ စိတ်ချမ်းသာဖို့ပါပဲ...
ဘလော့ဂါ ဘွားဘွားကြီး ဒေါ်ခင်ဦးမေ ကျန်းမာရွှင်လန်းပါစေ
ပို.စ်အသစ်ကိုမျှော်နေပါ့မယ်
ခင်တတ်တဲ့
Z
kom ရေ poison တွေလည်းဖြစ်ကုန်ပါအုံးမယ်..။
"ခင်မှားပါတယ်မောင်"
မောင်ကပြန်ပြောတယ်..
"မမှားပါဘူးခင်..မောင်မှားတာပါ" :P
အီးမေးလ်အကောင့်လေး တခုတည်းကိုတောင် ၀ိရိယထားပြီး နေ့တိုင်းစစ်ရတယ်။ သုံးလေးခုသာ ရှိလို့ကတော့ သေပြီဆရာပဲ။
ကိုမဆလာ ကို သနားထှာ..
ရုံးမသွားမှန်း သိပ်သိသာတာပဲ ... ပို့စ်တင်ပြီးပြီးချင်း တိန် ဆို လင့်ခ်က ရောက်လာတယ်။
Post a Comment