Wednesday, August 18, 2010

MC

ပြီးခဲ့တဲ့ရက်ကပြန်တာနောက်ကျတယ်။ အိပ်ခါနီးမှ ခေါက်ဆွဲပြုတ်နဲ့ ဒူးရင်းသီးနစ်ဘူး တစ်ဘရိတ်ထဲစားလိုက်တယ်။ ကာဖီလဘက်ရည်လဲများတယ်။ မနက်အိပ်ရာထ. မထနိုင်ဘူးဘိုက်အောင့်လို့ ကုန်းကုန်း ကုန်းကုန်းနဲ့ထလာပြီ. အလုပ်မသွားတော့ဘူးလို့ဆုံးဖြတ်တယ်။ ဆေးသောက်လိုက်တယ်။ ဘိုက်ကိုလည်း ဆေးအပူ လိမ်းတယ်။အမှန်ကတော့ ဆေးခန်းမသွားခင် ဆေးမသောက်ရင်ပိုကောင်းတယ် လူမမာနဲ့ပိုတူတာပေါ့။ ခက်တာက မခံစားနိုင်တော့ဘူး အဲဒါနဲ့ဆေးသောက်လိုက်တယ်။ လေလဲအောင်တ့တယ။် e လဲပန်းတယ်။

ဆေးခန်းသွားဘူးတဲ့အတွေ့အကြုံရှိသွားပြီဆိုောတ့စောဘို့လိုအပ်တယ်။ နဲနဲနောက်ကျရင်ျ များများစောင့်ရ တယ်မဆိုသာပေမဲ့ စောစောပြီးရင် စောစောနားလို့ ရတာပေါ့။ အဲဒါနဲ့ taxi နဲ့လစ်သွားတယ်။ ပုံမှန်အားဖြင့် တည့်တည့် တစ်ဖြောင့် ထည်းသွားရင် ခဏလေးနဲ့ရောက်မှာကိုပတ်မောငးနေတာ အတော်ကြာတယ် မလိုအပ်တဲ့ နေရာတွေပြီးမှ ရောက်လာတယ် နဲနဲတော့တင်းတယ်။ လှည့်မောင်းတတ်တဲ့တစ်ချို့တွေ ကိုသိတ်စိတ်ညစ်တယ်။ လမ်းဖြောင့်ဖြောင့် မသွားတတ် ဘူး. တစ်ခါတစ်လေ ငါမသိဘူး နင် လမ်းပြပါ ဆိုတာကရှိသေးတယ် ကိုယ်ကလဲသိတ်သိတာမဟုတ်တော့ တစ်ခါက ၁၅ ကျပ်တန်ခရီးကို နစ်ဆယ်ကျော် ပေးလိုက်ရဘူးတာ လဲရှိတယ် လူတိုင်းတော့လဲမဟုတ်ဘူး. အချို့. ဟိုတုံးက လမ်းမသိရင် သူတို့ ဘုတ်အုတ်ကြီးလှန်တဲ့ သူလဲရှိတယ်။ အဲဒါဆိုသူသိသွားရော. ဒါမှ မဟုတ် တစ်ယောက်ယောက်ကိုလှမ်းမေးတာလဲရှိတယ်။ အခုလိုစမ်းမောင်းရင်တော့ အားကြီးရင်လေးတယ်။ ကိုယ်ကလဲသိတ်ချမ်းသာတာမဟုတ်တော့ညစ်ရတာပေါ့။

ဆရာဝန်လေးနဲ့တွေ့တယ် . ဘာဖြစ်လို့ဘာသောက်မိတယ်ပေါ့. အင်း. နင်သောက်တာ သိတ်မမှန်သေးဘူး ငါဆေးပေးလိုက်မယ်။ယူသွား ဆေးခွင့်လဲပေးလိုက်မယ်ဆိုတယ်။ ကိုယ်လိုချင်တာအဲဒါဘဲ။ ဒါကိုလိုချင်လို့ ရေတောင်မချိုးခဲ့ဘူး နဲနဲပူနေအောင်ဒါတောင် အဖျားမရှိလိုက်ဘူး။ မိတ်ကပ်မလိမ်း နှုတ်ခမ်းနီမဆိုး. ။ ဘိုက်ကတော့တစ်ကယ်ကိုအောင့်တာပါ. ထိရင်ကိုအောင့်တယ်။ severe abdominal pain လို့လဲပြောလိုက်မိသေးတယ်။ တစ်ကယ် severe က တစ်ကယ် severe ပေါ့မညာပါဘူး။ အနွေးထည်လေးလဲ လက်က တစ်ယမ်းယမ်းကိုင်လိုက် ပခုန်းတစ်ဘက်ပေါါ်တင်လိုက် အိုက်တင်လုပ်တယ် ။ ဘိုက်ကိုလှန်ပြရတော့ရှက်သလိုလိုဖြစ်သေးတယ်. ဘိုက်ကြိးပူနေလို့ရှက်တာပါ။ အဲဒါနဲ့အသက်အောင့်လိုက်တယ် နဲနဲပိန်သွေားအောင်..် ..


မှတ်ချက်
လမ်းကြုံတာနဲ့ pharmacy က moisture နဲ့ facial scrub




26 comments:

Anonymous said...

ကျန်းမာ ချမ်းသာပါစေ..


guess ကြည့်ပေါ့..။
ဘယ်သူ ဖြစ်နိုင်မလဲ ဆိုတာ..။
အမျိုးအရင်းကြီးတွေပါ..။
သီချင်းကြိုက်သူ..။
တုပ်ထိုး အိုးပေါက်ပြောတတ်သူ..။

Anonymous said...

မေးမလို့..
မေ့သွားလို့ ထပ်မေးလိုက်တယ်..။

MCက ဘယ်နှစ်ရက်ရတာလဲ..



သေချာစဉ်းစားနော်..ဘယ်သူလဲ ဆိုတာ..။

Anonymous said...

ဒူးရင်းသီး ၂ဘူးဆို လွန်တာပေါ့..။
ကိုမဆလာကို ခွဲမကျွေးဘူးလား..။


ကွန်မန့် မရစပ်ချနေတာ..
အိုင်ဘကို အတုခိုးနေခြင်း မဟုတ်ပါ..

သာမီးလေး said...

ဘိုက်ကြိးပူနေလို့ရှက်တာပါ။ အဲဒါနဲ့အသက်အောင့်လိုက်တယ်

ပူမှာပေါ့ နင်းကန်စားတာကို လေ့ကျင့်ခန်းမှ မလုပ်ဖဲ ဟဟဟဟဟ

ကိုဇော် said...
This comment has been removed by the author.
ကိုဇော် said...

ဖြစ်ရမယ်။ အနော်လည်း အချားစုံပြီး အခု အပူတွေ အောင်းနေလား မသိ။ လည်ချောင်းတွေ နာနေတယ်။ အနော်ကတော့ အနုတ်လက္ခဏာ ပြရမှာ။

နောက်တစ်ခါ ဗိုက် လှန်ပြရမှာ ရှက်ရင် ဆရာဝန်ကို အကျီင်္ထဲ ခေါင်းဝင်ကြည့်ခိုင်းပေါ့ ဒါလေးများ။

Facial Foam ထက် ဗိုက် Foam ကို ပိုဝယ်သုံးသင့်တယ် ထင်တယ်။

( ချာလုံးပေါင်းမှားသွားလို့ ပြန်တင်လိုက်ပါဒယ် )

Anonymous said...

အန်တီ KOM blog ကို အမြဲတမ်းလိုဖတ်ဖြစ်ပါတယ်။ ကိုဇော့် blog ထဲကနေ သူအကယ်ဒမီ ပေးလိုက်လို့ မဖတ်ဖြစ်သွားတာ။
ဒီ ဘလောခ့်ကို ဖတ်ရတာ ကြိုက်တယ်။ ဘာလို့ဆို နေ့စဉ် ဒိုင်ယာရီ ဖတ်နေရသလိုပဲ..။

ZT said...

အဟဲ။ Severe Abdominal Pain. ချက် အပေါ်နားကနေ အောင့်တယ်။ ဘာစားမိလဲ။ ငရုတ်သီး စားမိလို့။

အလွယ်တကူ MC ရနည်း။ အစ်ဇစ်။

Mon Petit Avatar said...

Take care of yourself, Ma Ma KOM.

နေ၀သန် said...

ဟင်း.. လမ်းကလည်းကြုံတတ်တယ်..ဆေးဆိုင်ကနေလည်း ကြုံတာပဲ...

ခင်မင်တဲ့
နေ၀သန်

ဇွန်မိုးစက် said...

နောက်ဆုံးအကြောင်းမှာ ဖတ်ပြီး သဘောကျလို့ ကျိတ်ရယ်မိတယ်။ (ရုံးမှာမို့ ကျိတ်ပြီး ရယ်ရတာ) ဇွန်လည်း ဓာတ်ပုံရိုက်ခါနီးဆို အသက်အောင့်ရလို့။ :D

ဒါနဲ့ Himalaya တံဆိပ်က ကောင်းလား မမ?

Get well soon!

Han Kyi said...

ဒီလောက် တုတ်မှတော့ ဖြစ်ရောပေါ့်...မစားတော့လည်း မစား၊ စားမယ့်စားတော့လည်း ဝေသာလီပြည် ဘီလူးကျသလိုတုတ်...

ကျန်းမာရေး သတိထားနော...Health is platinum...ဖြစ်နေပြီ...

မေပယ်လ် said...

e. ပန်းတာပါ ထည့်ရေးတယ်..
ဖတ်ရတာ တားတား မျက်နှာပူဒယ်
(မက်စိထဲ မြင်လာလို့ ) အီး......:P

Cameron said...

မမကွန်တို့ကတော့ မိုက်တယ် ဆေးခွင့်လဲရ ရှော့ပင်ပါထွက်ခဲ့သေး...။
နေကောင်းအောင်နေနော်အစ်မ အစားသိပ်မသောင်းကျန်းနဲ့...း) (ဆရာလုပ်သွားသည်)

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

အောက်ဆုံး အကြောင်းဖတ်ပြီး ရယ်တာ အသံထွက်အောင်ဘဲ.. အစ်မက အရမ်းပွင့်လင်းတယ်.. သဘောကျတယ်..

T T Sweet said...

ဆေးခန်းသွားတာတောင်ရှော်ပင်က ပါလာသေးတယ်။ ကိုယ့်ထက်သာပါတယ်။

ဖိုးတုတ် said...

မမကွန်က Flower Queen (ပန်းဘုရင်မလေး) ပေါ့

ဖိုးတုတ် said...

အမည်က ခင် နဲ. စပြီး မေနဲ. ဆုံးရင် အနုပညာမှာ အောင်မြင်တယ်

ကြည့်ပါလား ခင်ယုမေ ...ရုပ်ရှင်လောကမှာ နာမည်ကြီးတယ်

မခင်ဦးမေလည်း တကယ်တော်တယ် ဆေးခွင့်ရအောင် ဟန်ဆောင်တာ တကယ်ကောင်းတယ် နေမကောင်း တာကလည်း နည်းနည်းပါတာပေါ့လေ

အနုပညာ အချက်အပြုတ် ဓါတ်ပုံပညာ ဘလော့ဂါ ပို.စ် ကွန်.မန်. အကုန်ရတယ် တစ်ခါတစ်လေ block အလုပ်ခံရတာကလွဲရင်ပေါ့လေ

ကိုယ်တောင်မှ အမည်ပြောင်းမလို.

Khin Z May ဆိုရင် ကောင်းမလားလို. စဉ်းစားမိတယ်

စွယ်စုံရ မမကွန်ကြီး ကျန်းမာရွှင်လန်းပါစေ

ခင်တဲ့

Khin Z May

amayarko said...

မမ အမြန်ဆုံးကျန်းမာပါစေ။ဒူးရင်းသီးက၂ဗူးဆိုတော့ မျက်နှာမှာလည်းအဖုတွေထွက်လာနိုင်သေးတယ်။ သတိထားအုံးမမရေ...၊

အပေါ်က Anonymous က "သုနှင်းဆီ" အိမ်ပိုင်ရှင် မမွန် ဟုတ်တယ်ဟုတ်!!း-)(အတော်ကြီးထင်နေလို. မမအစားရမ်းတုတ်ပေးခဲ.ပြီ။)

amayarko said...

အဲ ပေါက်ဆိုတဲ.အစ်မလည်းဖြစ်နိုင်တယ်ထင်တယ် ။
အီး သိတော့ဘူး ။ :))
အဲဒီနှစ်ယောက်ထဲကတစ်ယောက်ယောက်ပဲ ဟိ!! (သီချင်းကြိုက်တယ်ဆိုလို.တွေးမိတာပဲ)

ဖိုးသား said...

ဒူးရင်းသီးနှစ်ဘူးကနည်းတယ်သိလား 10ဘူးလောက်စားကြည့်ပါလား မကုန်ရင်မျှကျွှေးနော် :P

Bino said...

လေလဲအောင်တ့တယ။် e လဲပန်းတယ်။
A beautiful word.

Some Dirty residue were stripped by air blow.
Strong smell emitted.
You may arrest by Air pollution act.

BINO

ဖိုးတုတ် said...

မေလမှာ ပို.စ် ၁၈ ခု
ဇွန်လမှာ ပို.စ် ၁၆ ခု
ဇူလိုင်မှာ ပို.စ် ၁၄ ခု

ဒီလမှာ ခုထက်ထိ ပို.စ် ၁၅ ခု ဆိုတော့ ပို.စ် အသစ် ၄ ခု တင်နိုင်မှ မေလရဲ့ စံချိန်ကိုချိုးမှာ
ီိ
ခုက ၁၉ ရက်နေ.ဆိုတော့ ရက်က သိပ်မကျန်တော့ဖူး မြန်မြန်ရေးပါဗျို.

ဟိုတလောက ကျွန်တော်သတိပေးပြီးတာနဲ. တိုက်တိုက်ဆိုင်ဆိုင် မမကွန် ပို.စ်အသစ်တင်တယ် သတိပေးရကျိုးနပ်ပါတယ်

ပို.စ်အသစ်တင်ပါဗျို.

ပို.စ်မီတာဖတ်သူ

Khin Z May

မေသစ္စာမောင် said...
This comment has been removed by the author.
မေသစ္စာမောင် said...

ရိုးရိုးလေးနဲ့ ပွင့်ပွင့်လင်းလင်းရေးထားတာလေးက ဖတ်မိသူတွေအဖို့ စာရေးသူကို မမြင်ဖူးပေမဲ့ ခင်မိစေတယ် အမရေ...။

Moe Cho Thinn said...

ကျန်းမာရေးလဲ ဂရုစိုက်ပါအုံးလေ.. ဒူးရင်းသီးတော့ ကြိုက်တာချင်း တူနေပြီ။ ကုန်းကုန်း ကုန်းကုန်း နဲ့ သွားနေတယ်ဆိုလို့ သနားလာပြီးမှ အပြန် ရှော့ပင် ၀င်လိုက်တယ်ဆိုတော့ ရီလိုက်ရတာ..