Sunday, August 15, 2010

သွေးနုသားနု menopause.

ဘာတွေနုသလဲမမေးပါနဲ့. နုလိုက်သမှ နုနုလို့ တောင်နာမည်ပြောင်းချင် သေးတယ်။ဘိုက်မကြီးဘု ဘူး (အဲလေ.ဘိုက်ကြီးဘူးပါတယ် နစ်ပါတ်..) .ဆိုတော့ဘိုက်ကြီးရင်သွေးနုသလားမသိပါ. ဘိုက်ကြီးနစ်ပါတ်ပျက်သွားတုံ့းကတော့ သိတ် မသိသာလိုက်ဘူး အခု menopause မှာတော့သွေးနုလိုက်တာ ဆိုင်မဆိုင်တော့လဲ အမျိုးများကိုမမေးကြည့်ရသေး.

Menopause ဆိုတော့ကိုယ်နဲ့ရွယ်တူသယ်ချင်းများက လက်မခံလိုကြဘူး။

သယ်ချင်း ၁။
ဟယ် နင်ငယ်ငယ်လေးရှိသေးတာ မဖြစ်နိုင်တာလို့ပြောကြတယ်။ အဲဒီကောင်ကလဲ အမြဲလှလှပပ ဝတ်စားလို့ နုပျိုစွာနေတာ ဆိုတော့အဖြစ်မှန်ကိုဘဲ လက်မခံလိုတာလား .ဆေးတွေ ကြိတ်သောက်ပြီး menopause ကို မပေါ့စ် ချင်ယောင် ဆောင်ပြီးယောက်ကျားကိုဘဲလှည့်စားထားသလဲ ညာဏ်ကလဲများတော့ယုံရခက်တယ်။ ကိုယ်နဲ့ သူ့ယောကျာ်းကလဲခင်တယ်ဆိုတော့အတွင်းသတင်းတွေ အပြင်ရောက်စေလိုပုံ မရဘူး။

သယ်ချင်း ၂။
ဟမ် မဟုတ်တာ. နင်ရာသီမလာတာဘယ်လောက်ကြာပလဲ။ဆိုတော့အင်း မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကိုယ်စဉ်းစာား သေချာလဲမမှတ်မိ မလာတာကြာတာတော့ သေချာတယ် ခြောက်လလားရှစ်လလားမသိ .မလာဘူးပြီးတစ် ခေါက်ပြန်လာတယ်။ အခုပျောက်နေပြန်တယ်ဆိုတော့ကာ ဒီမှာမှတ်ထား. Menopause ဆိုတာ ဟိုတုံးကလို တစ်နစ်လောက်မလာတာကို ဆိုလိုတာမဟုတ်ဘူး အခုက နစ်နစ်လောက်မလာတာကိုမှ menopause ခေါ်တယ်လို့ပြော. ဟုတ်ရဲ့လားဟယ်. ငါကြားဘူးတာကတော့ တစ်နစ်လောက်ပါ. နင်တို့လက်ထက်မှဘဲနစ်နစ်ဖြစ်ရတော့တယ်လို့စိတ်ထဲကကျိတ်ပြောမိ.

သယ်ချင်း ၃။
မပြောရက်ပါ.သူ ယောက်ကျာ်းမယူရသေး.

သယ်ချင်း၎။
ဆေးတွေ သောက်နေသည်ဟုဝန်ခံသည်. ယခုအခါ ပိုမိုနုပျို ရာသီလာခါ ယျောာက်ကျားကိုမကြောက်တော့ပါဟု သနားစဖွယ်ဆိုရှာ၏။

သယ်ချင်း ၅။
အချိန်မတန်ခင် menopause သွား၏. ကိုယ်က တိုင်ပင်သောအခါ သူကစောစီးစွာပင် menopauseခဲ့ကြောင်းဝန်ခံ၏..သို့သော်ငြားလည်းသူမ၏ ယောကျာ်းကို အသိမပေးထား ကြောင်း. အသိမပေးရန် ထပ်လောင်းပြောဆို၏. အံသြမိရပြန်သည်။ လှည့် စားသူတွေ များလှချည့်။

ကိုယ်ဘာလုပ်ရမည်နည်း..............

22 comments:

MDW said...

သွေးဆုံးချိန်ဆို စိတ်တွေဂယောက်ဂယက် ဖြစ်တတ်တယ်လို့ (ကြားဖူးတာပဲ)
အင်းးး ဒါကြောင့်မို့ ထင်တယ် :)

Anonymous said...

မခင်ဦးမေရေ

မိန်းမသားတိုင်း ကြုံရမယ့်ကိစ္စပါ။ ခေါင်တဲ့အရပ်တွေမှာတော့ အာဟာရ ချို့တဲ့တာရော၊ မသိနားမလည်တာရော ပေါင်းပြီး ပိုခံစားရတာပေါ့။ ဒီခေတ်မှာတော့ ဒါ အေးဆေး ဖြစ်သွားပါပြီ။

အကြံပေးချင်တာက
-အသီးအရွက် (စိမ်းစိမ်းစိုစို)နဲ့ သားငါး အာဟာရ ပြည့်အောင် စားပါ။ နို့သောက်ပေးပါ။

-အပြုသဘောတွေပဲ တွေးပြီး စိတ်တက်ကြွအောင် နေပါ။ စိတ်ကို ပျော်အောင်ထားပါ။ သွေးက လာလိုက် ပျောက်လိုက်ဆိုတော့ ဟော်မုန်းတွေ ထွက်တာ မညီမျှလို့ စိတ်လှုပ်ရှားတာ စိတ်အတက်အကျ ရှိတာ တစ်ချို့မှာ ဖြစ်တတ်ပါတယ်။ ဒါကိုသိထားရင် စိတ်ကို ထရိန်းလုပ်ရတာ ပိုလွယ်ပါတယ်။ သွေးဆုံးနေဆဲ ကာလမှာ အလုပ်တွေ ဆက်လုပ်သွားကြ၊ မိသားစုကို ချောချောမွေ့မွေ့ ဆက်ဦးဆောင်ကြတာပါပဲ။ စိတ်ဆောင်နိုင်ဖို့ အဓိကပါ။

-ဟော်မုန်းတွေ ထုတ်တာ နည်းလိုက်များလိုက်ဆိုတော့ စိတ်အားငယ်တာ၊ လန့်တာ၊ အနာဂတ်ကို တွေးပူတာတွေ ဖြစ်လာရင် မောင်းထုတ်ပစ်ပါ။ တရားထိုင်တာက ဒီအချိန်မှာ လက်တွေ့ကျတဲ့ အကောင်းဆုံးဆေးပဲ။

-ရိပ်သာ ၇ ရက်တစ်ပတ်လောက် ဝင်ကြည့်ပါ။ ဒီအချိန်မှာ ကြုံရတတ်တဲ့ စိတ်လှုပ်ရှားမှုကို ကွန်ထရိုးလုပ်နိုင်သွားအောင်ပါ။ မလုပ်ဖြစ်ရင် မေတ္တာပွားတာ လုပ်ကြည့်ပါ။

-ဆရာဝန်ညွှန်းတဲ့ ဆေးတွေကို သောက်ပါ။

Min said...

Dear MKOM,
Your writing style masks the reality of being a medical doctor.:P

စန္ဒကူး said...

မမရေ.. အိမ်မှာတော့ မာမီသွေးဆုံးခါနီး ဆို အဖေက ပိုဂရုစိုက်တာတွေ့ရတယ်။ အရင်ကူးကူး ဘောစ့် ဆိုရင် သူ့အမျိုးသမီးသွေးဆုံးချိန်မို့ စိတ်တွေ အားငယ် ဂရောက်ဂယက်ဖြစ်နေလို့ဆိုပီး ရုံးကတောင်ခွင့်ယူသေးတယ်။ အရင်အပတ်ကဘဲ ဒီက အန်ကယ်ကြီးတစ်ယောက်သူ့အမျိုးသမီး သွေးဆုံးချိန်ဖြစ်နေတော့ နေထိုင်မကောင်းလို့ဆိုပီး ခရီးစဉ်တောင်ဖျက်ပစ်လိုက်တယ်။
အမျိုးသားတွေလဲ သိပြီးသားကိစ္စမို့ ပိုပီးနားလည်ကြင်နာလာတာ တွေ့ရလို့.. သူငယ်ချင်းကိုတောင်နောက်လိုက်သေးတယ်..ငါတောင်သွေးဆုံးချင်ပီလို့.. အခြားယောက်ျားတွေရဲ့ ဆန့်ကျင်ဘက်အပြုမူတွေဘယ်လိုရှိလဲ ဆိုတာလဲသိချင်ပါသေးတယ်။

ko 9 said...

ဟဟ..မKom အတွက်ဆေးကလွယ်လွယ်လေးပါ။
၁.ဈေးဝယ်ထွက်ပါ..
၂.Bloggingပါ..
၃.၇န်ကုန်ပြန်ပါ...တွေ့တာဝယ်စားပါ..
၎.ဖုန်းအသစ်ဝယ်ပါ..
၅.တယောက်ထဲရုပ်ရှင်ကြည့်ပါ...
၆.1 Am မှ 5:15Am အထိပဲအိပ်ပါ..ခွိခွိ
ပျောက်လတ္တံ...ပိုက်ဆံ..ဟဟ

Steve Evergreen said...

JAMA recommends only short term Hormone Replace Therapy to control symptoms. Although HRT prevent osteoporosis, it is associated with increased risk of blood clot, heart attack and stroke.

http://jama.ama-assn.org/cgi/reprint/288/7/916.pdf

So scientific studies and actual symptoms you have should determine your decision for HRT. Not your friends. My opinion is no HRT is better. You may do bone protection early. Of course, you may need to explore more studies about HRT. Above study was in 2002.

ck said...

The current concept is different. 2010 expert recommendation, based on the meta-analysis are ...

1) HT still has a clinical role in the treatment of moderate-to-severe hot flashes and other menopausal symptoms. Use the lowest effective dose for the shortest duration necessary. Recently menopausal women tend to be the best candidates due to low absolute risk of CVD. Breast CA risk does not increase appreciably with short-term use.

2) Postmenopausal hormone therapy should NOT be initiated or continued for the primary or secondary prevention of CVD or other chronic disease.

3) When prescribing solely for urogenital symptoms, consider topical products.

4) prevention of postmenopausal osteoporosis: ONLY after non-estrogen medications have been tried. Use lower than conventional doses.

----- Above are based on WHI study and 40 observational studies.

Additional information will be available after KEEPS (Kronos Early Estrogen Prevention Study http://www.keepstudy.org/why_keeps/hormone.cfm) and ELITE study (Early Versus Late Intervention Trial With Estradiol http://clinicaltrials.gov/ct2/show/NCT00114517) results are published. ---

မေပယ်လ်ရိပ် said...

ယောကျားလေးဆိုတော့လဲ
မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်
လုပ် ..မေးစေ့ကို လက်နဲ့ပွတ်ပြီး
ဘာပြောရမှန်း မသိ..:D

Anonymous said...

addendum -

Menopause is defined as the time when there has been no menstrual periods for 12 consecutive months and no other biological or physiological cause can be identified.

Steve Evergreen said...

Thanks Chit Khaing! that information will be a great help for Ma Ma Kom

Anonymous said...

Hi Internet friend,
Please take it Agnus castus Al medicine. Oops. first look up in internet for this medicine.
I hope that it will help about your mental and physical status.

Above comments also help your case!!
be healthy!

Bino said...

I hard that the end of menstruation in woman's life is usually 45 to 50.

Dr.Steve Evergreen and CK's advice are well come.
Thanks for kindly concern.(Behalf of Daw Com)
Please consult your family doctor's instruction.

BINO

ချော(အစိမ်းရောင်လွင်ပြင်) said...

မိန်းမတွေတိုင်း တစ်နေ့တစ်နေ့တော့ မလွဲမသွေကြုံရမဲ့အကြောင်းတရားပါဘဲ..
အစ်မ အမြန်ဆုံး အဆင်ပြေ နေကောင်းပါစေ။။

ဖိုးတုတ် said...

ကျွန်တော်က မမကွန် အသက်ကြီးပြီလို.ပြောမယ် .........

မမကွန်က ဒီလိုပြန်ဖြေပေါ့ .........

အသက်ကြီးပေမဲ့ မပျက်စီးသေးဖူးဟဲ့ ......

ခွိတဲ့

Z

Myanmar Good Knowledg Co., Ltd said...

မကွန်
စိတ်ချမ်းသာကိုယ်ကျမ္မာနဲ့ ဒီကာလကို ဖြတ်သန်းနိုင်ပါစေ။

Steve Evergreen said...

မမကွန် ယောက်ကျားကြီးကို ပြောလိုက်ပြီလား။ မပြောရင် ကောင်းမယ်။ တော်ကြာ နောက်တယောက်ရှာနေမှာ စိုးလို့

blackroze said...

မမမြန်မြန်နေကောင်းပါစေနော်..

တီချမ်း said...

နွားနို့ တပိဿာသောက်ပါ

ကောင်းတယ် တလောက ကိုယ့်ကို ရာသီ မလာဘူးလားလာမေးနေတာ ခုတော့ သူမလာတော့ဘူး

သေချာလဲ မေးစမ်း စမ်းသပ်ကြည့်ပါအုံးတော်
တော်ကြာ နှစ်ပတ်ကြီးတဲ့ ဗိုက် အဆက်ဖြစ်နေမယ်

ရာသီမလာတာ ဗိုက်ကြီးတာလဲဖြစ်နိုင်

တကယ်ပေါ့စ် သွားပြီဆိုရင်တော့ sex and the city ၂ ထဲက ဆာမန်သာ ရဲ့ ခရမ် လိမ်းပြီးတော့ ဟို စာအုပ်ကိုဘတ်ပါ

(မှတ်ချက် မမကွမ်လောက်တော့ ကိုယ်လဲရွတ်တတ်)
ဟိဟိ

SHWE ZIN U said...

မခင်ဦးမေ ရေ

တီချမ်းရေး တာကြည့်ပြီး ဟားဟားးးးးးးးး လို့ဘဲ ရီသွားတယ် ဘာမှ မသိသလို နေရင် မသိတဲ့အတိုင်း ဘဲ သိနေရင် သိတဲ့အတိုင်းဘဲ

ခင်တဲ့
ရွှေစင်ဦး

Cameron said...

မေမေ့တုန်းကတော့ သွေးအားဆေးတွေ ဗီတာမင်အီးတွေသောက်တာတေံတယ် မမ...။

ခင်တဲ့
မိုးငွေ့

Vista said...

မားသားတုံးကတော့ ဘယ်လိုသွေး ဆုံးသွားမှန်းတောင်မသိဘူး အေးဆေးပါ ..၅၀ ကျော်မှသွေးဆုံးတာ။
အဒေါ်အပျိုကြီးက တော့ ၆၅ နှစ်မှ သွေးဆုံးတယ်။
အသက် ၆၈ မှာ နေမကောင်းလို့ ဆရာဝန်သွားပြတော့ ၊ ကြီးမေဘယ်တုံးကသွေးဆုံးတာလည်းဆိုမေးလို့ ၆၅နှစ်လို့ ဖြေတာကို ဆရာဝန်လူနောက်က
“ ဟာ သာကီဝင်မျိုးပဲ“ လို့ စလိုက်လို့ အပျိုကြီး ဒေါဖောင်းလာတာမှတ်မိသေးတယ်။

ကျော်နှင်းဆီလွင် said...


နို့များများသောက်နော်
ကျန်တာတော့ သိပ်နားမလည်ဘူး