Tuesday, November 23, 2010

လည်လည်


















အိမ်ထဲနေရင်ပျင်းမှာစိုးလို့ ကိုယ့်ဘာသာကိုယ်ထွက်ကျောင်းတယ်။ အိမ်မှာ အိုက်လဲ အိုက်တယ်။ ရထားသွားစီးတယ်။ air con လေးနဲ့ လမ်းတစ်လျောက်အိပ်လိုက်တယ်။


















ဘယ်နားဆင်းရမလဲ စိတ်ကူးမရတာနဲ့ဘဲ ဟိုဟိုဒီဒီရောက်သွားတယ်။ အားမွေးဦးမှ ဆိုပြီး လဘက်ရည် ဝင်သောက်တယ်။ သူများတွေ မုန့်စားတာနဲ့ လိုက်စားတယ်။ ပေါင်မုန့ ဆင်းဒွပ်ချ.်. ချိစ်နဲ့ ham နဲ့ ဂေါ်ဖီရွက်နဲ့ညှပ်ထားတာ. အိမ် မှာပေါလွန်းလို့ ..အဲသာ နဲ့စုစုပေါင်း သုံးကျပ်ခွဲထင်တယ်။ ပထမ လက်ဘက်ရည်ဘဲပေးလိုက်ပြီး. မုန့်လဲမပါဘူး သွားထိုင်ပါတဲ့ ကြောင်သွားတယ်။ ပြီးမှ အော်.. သူတို့လာချပေးမယ်ထင်ပါရဲ့ဆိုပြီး နံပါတ်ပြားလေး နဲ့ စောင့်ရင်း သောက်ရတယ်။


















အားရှိသွားတော့လျောက်ကြည့်တယ်။ မဝယ်နိုင်ပါဘူး ဈေးတွေကကြီး. ချတာ အလယ်မှာ ဖိနပ်ဘဲရှိ. တစ်ဆယ်ဆိုတာတောင်မဝယ်ရက်. အိမ်မှာလဲ ဖိနပ်တွေကများကြီး မဝတ်တာကြာ. ဒီအတိုင်းပုံထား.






















ကျန်တာတွေ အကျီတွေ ကလည်းစေျးကြီး ဒီဇိုင်းနာ အကျီတွေများတယ်။ လျှောက်တော့ကြည့်လာတာဘဲ။ ဘဏ်တွေရှိတ.ယ် မှတ်ထားရမယ်။ နောက်ဆုံးတော့ချစ်ချစ်အတွက် mee siam ဝယ်ပြီးပြန်လာတယ်။ သုံးကျပ်ခွဲ…...separate ထည့်ဘို့ပြောဘို့မေ့သွားတယ်။



11 comments:

Anonymous said...

ဘယ်သူမှ ကွန်မန့် မရေးသေးလို့ ကြုံတုန်း ၀င်ရေးသွားတယ်။ အားလုံး အိပ်နေကြတယ်ထင်တယ်။ :)
လည်လည်သွားတာလဲ ပိုက်ပိုက်ကုန်တယ်နော်။
ကိုမဆလာက မပြောဘူးလား ငြိမ်ငြိမ်လေးနေပါ ခင်ရယ်။ တရက်လောက်ငြိမ်နေရင် မုန့်ဖိုးပေးမယ်လို့ :P

Steve Evergreen said...

ကောင်းလိုက်တာ ။ အိမ်ထောင်ကျပြီးရင် ဘယ်သွားသွား နှစ်ယောက်အတူသွားရမယ်ထင်လို့ မပြုဘဲနေသေးတာ။ အဲလို ကိုယ့်ဟာကို ကြိုက်ရာသွား သူ့ဟာသူကြိုက်ရာသွား လုပ်လို့ရရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားရဦးမှာပေါ့ :)

Anonymous said...

ဟာဟ အပေါ်ကဒေါက်တိုကြီးကလဲ ကြော်ငြာဝင်ထိုးသွားတယ်။
သူ့ဟာသူ ဂေါ်မစွံလို့ မိန်းမ မရတာကိုများ ဘယ်သွားသွား နှစ်ယောက်အတူသွားရမယ်ထင်လို့ မပြုဘူးတဲ့။ ခွိစ်ခွိစ်
ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော။
ပေါပေါတောတော ဒေါက်တိုကြီး ငှက်ပျော်တုံးဖက်ပီးသာနေပါလော့။ :P

ကြည်ကြည် said...

တီတီကွန် ယောင်လို့ မမကွန်

ကွန်မန့် ရေးမယ်လုပ်တိုင်း နံပတ်က ဟိုးအောက်ဆုံးမှာ
ဒီတစ်ခါ နံပတ်လေးမဆိုးလို့ ဝင်ရေးသွားတယ်။
လာခဲ့မယ်နော် ဈေးတူတူဝယ်မယ်လိုက်ပို့ ....
ညက charles and Keith shoes တွေ ဈေးချနေတာတွေ့ တယ်....

လေယဉ်လက်မှတ်လက်ထဲမှာအဆင်သင့်နော် (ခြိမ်းခြောက်လိုက်သည်).

ပုံ

ဝိုင်းမော် . မိုးညှင်း. မိုးကောင်း

...အလင်းစက်များ said...

ဖတ်ကြည့်တယ်...

အားကျဒယ်....

ကြိုက်ဒယ်....

ဇတ်ကားအကြောင်း ရေးပြပါ... စောင့်ဖတ်မယ်...

မနေ့ ညက ဟယ်ရီပေါ်တာ ကြည့်ဖြစ်တယ်.. (အန်စတော့ပေးပဲ) မကွမ်းရေးပြမယ် ထင်လို့  မကြည့် လိုက်တော့ဘူး...

ဒါဘဲ.. :P :P :P

ကိုဇော် said...

အခုကျတော့လည်း အချိန်တွေ ပြောင်းပြီး ပို့စ်တွေ တင်နေပြန်ပြီ။ အရင်ကကျတော့လည်း ပို့စ်တင်တာ နောက်ကျလို့ ပြောလိုက်ရတာ။
အလုပ်မလုပ်ဘဲနဲ့ လည်လည် ထွက်နေတာလား။
ကောင်းပါတယ် အားရှိအောင် များများ . . ပွင့်လို ဖြစ်အောင်လို့လေ။

ညိမ်းနိုင် said...

ဟင်..ဘယ်တွေရှောက်သွားတာလဲ အစ်မကွန်ရဲ့..။
မလေးကိုလား၊စလုံးမှာလား..။တခါတလေ မျက်ဆိ လည်
လည်သွားတယ်...အစ်မ လည်လည်သွားတာကို...:)။

Bino said...

Go on Ma Ma!
That is your right.

BINO

ဖိုးတုတ် said...

မကွန်ကြီးရေ

ကျွန်တော်တော့ ရင်ခုန်နေတယ် ၊ မမကွန် အလှကြောင့်မဟုတ်သလို မမကွန်ရဲ့ ပို.စ်ပါ အစားအသောက်ပုံတွေကြောင့် မဟုတ်ပါ

ခုချိန်ထိ ပို.စ်က ၂၂ ပုဒ်ဆိုတော့ သြဂုတ်လပို.စ် ၂၃ ခုကိုကျော်တော့မှာမို. လို.ပါ

တစ်လမှာ ပို.စ် ၂၃ ခုရေးနိုင်တာ သိပ်တော့ မလွယ်လှပါ

မမကွန်ကြီနှင့် မမကွန်.ရဲ့ ချစ်ချစ်ကြီးတို. ကျန်းမာရွှင်လန်းပါစေ ....

Anonymous said...

I like the first sentence the most:D HAHAHAHHAHA GyiDaw
I'll do the same.Tks for sharing.

Anonymous said...

ကောင်းတယ်မရေ....လည်သာလည်....
စားသာစား...အဲ..မမေ့မလျော့ ဝယ်လာပေးသေးတယ်နော်။ ကြင်နာကြတာများ။ :)