Wednesday, November 10, 2010

gift






















အင်္ဂလန်က သူငယ်ချင်းလာတယ်။ kmsl အတွက် အကျီတစ်ထည်ပေးတယ်။ သူအန်မတန်ချစ်တဲ့ သူငယ်ချင်းက ပေးတာရယ်.။ ဥရောပကလာတဲ့ အကျီိမို့လို့ ရယ်ထင်တယ်. သူကြိုက်တယ်. အများကြီးရှိတဲ့ အထဲကနေ ရန်ကုန်ကိုသွားတာမှာ ယူသွားတယ်။























ကိုယ့်ကို ဘာလိုချင်သလဲတဲ့ အမှတ်တရ souvenir ဖြစ်ရင်တော်ပါပြီ နင်ပိုက်ဆံကုန်မှာ စိုးတယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ နင်က ပုဝါကြိုက်တယ်မဟုတ်လား ဆိုပြီး အခု အဲဒါ လက်ဆောင်ရပါတယ်။ ဘယ်နားသုံးရမလဲဟင်........

11 comments:

ကိုဇော် said...

ထုပ်တန်းမှာ တစ်ဘက်ကို ချီ...
နောက်တစ်ဘက်ကို လည်ပင်းမှာ ချီ...
ပြီးရင်..............ဟိဟိ

ZT said...

နောက်တစ်ခါ ရန်ကုန် သင်္ကြန်ပြန်ရင် ခေါင်းစီးပြီး ကပေါ့။ :P

Anonymous said...

ဒါပေါ့ ရန်ကုန်သင်္ကြန်မှာ ဒေါ်ခင်ဦးမေတို့  ပုဝါလေးနဲ့  လန်းဦးမှာ မြင်ယောင်မိသေးဗျ........... :D :P

ချိတ်အချိုးရ၀ူးနော်... မကွမ်း...

အမှောင်ထုထဲက အလင်းစက်များ

khet myint myint said...

သံရုံးဆန္ဒပြရင်သုံးလေ... :=P

Anonymous said...

ဥရောပ ဖလားလာတော့မယ်လေ။ ဘော်လုံးပွဲကြည့်တော့ ခါးမှာပတ် ပုခုံးမှာသိုင်း လည်မှာစီး ခေါင်းမြီးခြုံ စုံလို့ သုံးချစရာ။

မအယ်

Anonymous said...

Never give suggestion like that even as kidding,ko zaw.Our ever happy KOM doesn't need that kind of fashion:) Gyidaw

:P said...

ပုဝါကိုမြင်ပြီး ဒါရိုက်တာသုံးပေါင်ဆိုတာ သတိရသေး....၊
ဘယ်နေရာသုံးရမလဲ စဉ်းစားမရခင် ရယ်လိုက်ရတာ ဝက်ဝက်ကွဲ ....။
ခေါင်းမှာ စည်းထားရင်တော့ လှမယ် ထင်တယ်...

Cameron said...

မမခင်ဦးမေ လက်ပွေ့အိတ်တော့ကိုင်တယ်မဟုတ်လား
အဲမှာချည်ထားလိုက်....လည်ပင်မှာမချည်နဲ့...

မောင်ဝေး said...

ကို KMSL မှာ အရိပ်အကဲနားမလည်တတ်တာ၊ “အမှတ်တရဖြစ်ရင် တော်ပြီ ပိုက်ဆံကုန်မှာစိုးတယ်” ဆိုရင် အနည်းဆုံး နားကပ်တရံ၊ ရတနာရင်ထိုးတခုလောက်မှန်း၊ “သတိရတာပဲ ကျေနပ်ပါပြီ” ဆိုရင် အနည်းဆုံး လေဒီဒိုင်ယာနာလို ဘလောက်စ်နဲ့ဂါဝန်ဝမ်းဆက် ဒီဇိုင်နာဝတ်စုံတစုံလောက်မှန်း၊ “အားလုံး ပြည့်စုံနေပြီးသားပါကွယ်” ဆိုရင် အနည်းဆုံး ပွမ်ပွမ်ဆလွန်းကားလေးတစီးမှန်း၊ မသိတတ်လိုက်တာများ၊ ခုတော့ ပုဝါလေးတခုတဲ့၊ ဟင်း... ဘေးကနေ ကိုယ်စား စိတ်အတက်ပေါက်လိုက်ရတာကွာ။

Moe Cho Thinn said...

လည်ပင်းမှာပဲ စည်းပါ မမရယ်၊ ခင်ယုမေတို့လို ကာကွယ်ပြီးသားလဲ ဖြစ်။ :P

Sunny said...

ကမ်းခြေသွားဖြစ်ရင် လည်မှာစီးပြီး ရှိုးထုတ်ပေါ့ မမရယ်.. အဲ.. ခါးမှာ ပတ်လို့လည်း ရတယ်.. :)