Tuesday, November 2, 2010

Yangon 17






















ပန်းဆိုးတန်းမှာ ခရီးသွားဘို့သွားစုံစမ်းသေးတယ် . နေတာမှ ခဏရယ် ခရီးတွေ ကရက်ရှည်တယ်။ အဲသလောက်အချိန်မပေးနိုင်တာနဲ့ပြန်လာခဲ့ရတယ်။ ရွေစက်တော် ပု့ဂံတောင်ကြီး.မနလေး.စိတ်ဝင်စားဘို့တော့ကောင်းတယ်။

























၃၆ လမ်းထိပ်ဘက်မှာ ကြာဇံဆီချက်. ပက်စိလိုအရသာ အအေးပုလင်း. နဲ့ခင်မောင်သိန်းထွန်းဝင်း.












မသန့်ဘူးထင်တဲ့ကြ့ရည်လဲအမြဲသောက်တာဘဲ. ဘာမှတော့မဖြစ်တန်ကောင်းဘူးထင်ရဲ့။ ငှက်ပျော်သီးတွေ လှတယ်။ ရွေငှက်ပျော်သီးလား ဒီမှာ မရှိဘူး။










20 comments:

Anonymous said...

သျှလွတ်.. ကြာဆံဆီချက်....
ဂလု.. ကြံရည်....!

Sunny said...

ကြာဆံဆီချက်စား.. ကြံရည်သောက်ရင်း ရန်ကုန်မြို့ကို ငေးသွားပါတယ်..

ဝက်ဝံလေး said...

ဒီမှာက ဖီးကြမ်းမရှိဘူး မာမီ သီးမွှေးပဲရှိတယ် များက ဖီးကြမ်း ပဲ ကြိုက်တာ ခစ်ခစ်

Anonymous said...

၃၆ လမ်းက အဲ ဆိုင်မှာဘဲ ဆီချက်ဝယ်စားခဲ့သေးတယ် ... ရန်ကုန်မှာနေခဲ့တဲ့ရက်တွေမှာ အအေးဆိုလို့ ကြံ၇ည်တမျိုး ဘဲ နေ့တိုင်းနီးပါး သောက်ဖြစ်ခဲ့တယ် ... လွမ်းလိုက်တာ

mie nge

Anonymous said...

ဒီတစ်ခေါက် အချစ်နဲ့ အတူ ဗိုလ်ချုပ်ဈေးမှာ ဝက်သားလိပ်နဲ့ ဝက်သားတုတ်ထိုး စားခဲ့တယ်။ ညှင်းညှင်း။

:D

Anonymous said...

ကြံချောင်းကိုကိုင်တဲ့ လက်က ဂျီးတွေနဲ့  ..... ဒါလဲ သိတယ် မမြင်ယောင်ဆောင်ခဲ့တယ်....

ကြံရည်စက်မှာလဲ ယင်တွေ အုံလို့  ..... ဒါလဲ မသိယောင် ဆောင်ခဲ့တယ်...

:P :P :P :P :P
(အမှောင်ထုထဲက အလင်းစက်များ)

ကိုဇော် said...

ကြံရည်ကြိတ်တဲ့ စက်က မသန့်ပါ။ အဲဒီ Roller က မြောင်းပုပ်ထဲ ကျထားတာ...

ရွှေရတုမှတ်တမ်း said...

ဆီချက်အတွက် ပေးတဲ့အချဉ်တွေကလဲ ဆိုးဆေးတွေနဲ့
ဂျီးတော်ရေ...ရွာတော့ ပြန်ချင်ပါရဲ့ အစာငတ်ရေငတ်နဲ့ ပြန်လာရမယ်ထင်တယ်..
ကျနော့ အသဲကင်ဆာက အဲဒီ လမ်းဘေးစာတွေ ကြုံသလိုစားရာက စတာပဲ..
ဒါပေမဲ့ ..တယောက်နဲ့တယောက်တော့ မတူဘူးပေါ့လေ..ဒီလိုတွက်ကြေးဆိုရင် ဗမာပြည်ကလူတွေ အကုန်သေကုန်ရောပေါ့..ခံနိုင်ရည်ရှိတဲ့သူတွေကြဘာစားစားဘာမှမဖြစ်ကြဘူးလေ..

သာမီးလေး said...

မာမီ ကုလားပြည်ကို သွားပါ့လား ပြီးတော့ ကုလားပြည် ၁ ၂ ၃ ရေးလေ ခုတော့ ရန်ကုန်ချည်း ဖတ်ရတာ ပျင်းလာဘီ
များ ပြောလဲ များ အလွန်ဖြစ်မယ်
မပြောတော့ဘူး သွားတော့မယ် ဒုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး (နောက် ၂ ဒုံးကို နောက် စိတ်ကူးပေါက်မှ လာ ဒုန်းမယ် ခုတော့ အိပ်ချင်ဘီ တာ့တာ)

subuueain said...

ရွှေငှက်ပျောကို wet market တွေမှာ တစ်ခါတစ်လေ တွေ့တယ်အမ

:P said...

ရွှေငှက်ပျောသီး ဒီမှာ ရှိဒယ်.....

ကြံရည် ဒီမှာ မချိုဘူး... မြန်မာပြည်က ကြံရည် ဘာလို့ မသန့် ရမှာလဲ.. ကြိတ်ထားတဲ့ ကြံရည်ခွက်ပေါ် ခြင်ထောင်ဇာစ အုပ်ထားတဲ့ဟာ... ယင်ကလေး မဆိုစလောက် တလောင်းလောင်းနားတာပဲ ရှိတာပါ....

:P said...

ဧရာဝတီက ကြာဆံဆီချက်.. မကောင်းဘူး... ကြာဆံသပ်သပ်၊ ဆီသပ်သပ်၊ ဝက်သားလုံးသပ်သပ်၊ အရွက်နဲနဲက သပ်သပ်၊ သိပ် သီးသန့်ဆန်တဲ့ ကြာဆံ ဆီချက်

မောင်ဝေး said...

ဗျောက်အိုးဖောက်တာ လာကြည့်သွားတယ်၊ “ရှူးဗွတ်”တဲ့၊ တခါတလေ ဒုံးပျံတွေလွှတ် ဒိုင်းနမိုက်တွေခွဲပစ်လိုက်စမ်းပါအုံး။ ဂျောက်ထဲတွန်းချနေတာမဟုတ်ပါဘူး၊ အုန်းပင်ပေါ်တက်ခိုင်းနေတာ။

နေ၀သန် said...

လည်လည်လာသဗျို့....း))))

ခင်မင်တဲ့
နေ၀သန်

ချစ်မောင် said...

ကျွန်တော်တို့ ဆီမှာ ရွှေနီ ငှက်ပျောလို့ ခေါ်တာ။ ဒီမှာလည်းတွေ့ ပါတယ်။ ရှမ်းခေါက်ဆွဲ အစီးသုပ်၊ အဖွယ်သုပ် ၊ တိုဖူးပျော့(တိုဖူးနွေး)ဟင်းချိုရည်ပူပူလေးနဲ့ မုန်ညင်းချဉ်လေးရယ် တိုဖူးကြော် ပူပူ ကြွပ်ကြွပ်လေးနဲ့ အာာားးး.... /
အဲဒါတွေ က ပို မိုက်တယ်။ ပြင်ဦးလွင်မှာပြောတာပါ။

JuneOne said...

ကြံရည် ကြိုက်လို့ ဒီမှာလည်းသောက်၊ဟိုမှာလည်းသောက်။

Anonymous said...

Golden Banana!!..Here have lah.You can buy in Shen Siong Supermarket. :))

Maung Myo said...

် ပု့ဂံတောင်ကြီး.မနလေး.

အဲ့တာ ဘယ်နေရာလဲမသိ မကြားဖူးလို့ ။

ညိမ်းနိုင် said...

အော်...ရန်ကုန်...ရန်ကုန်....။
လွမ်းရတဲ့အထဲမှာ ၃၆လမ်း၊၃၇လမ်းထဲက ဟောင်ကောင်
ကြေးအိုးတို့၊ကြေးအိုးဘုရင်တို့လဲပါတယ်...။၃၁မ်း၊၃၂လမ်း
က စာအုပ်ဆိုင်တွေပါတယ်...။ပန်းဆိုးတန်း တလမ်းလုံးပါ
တယ်။(ချွင်းချက်။ ။ပတ်စ်ပို့စ်ရုံး၊ပုံစံ ၁၉ရုံး မပါ)

Anonymous said...

ထီလေး ထိုးဖို့ခုမှသတိရမိတော့ တယ်မေ့နေတာ ဘဘုန်းကပေးထားတလေ နံပါတ်လေး 1 ကနေ ၉ ထိပဲ အဲ့ထဲကပဲပါမယ်တဲ့ ဘဘုန်းက ဘကြီးအရင်းဆိုတော့ ယုံကြည်တယ် ကျေးဇူး ထီလေးထိုးဖို့သတိပေးတဲ့အတွက်
www.phoothar3.co.cc