Sunday, February 13, 2011

kuat makan

စားစရာကြီးဘဲတင်နေတာတော့လဲမဟုတ်ပါဘူး. မိုးလင်းကတည်းက လုပ်တာတွေောတ့လည်းရှိတာပေါ့ ရေးသင့်တာတွေ ရှိသလို မရေးသင့်တာတွေလည်းရှိတ. ရေးထားတာတွေ ရှိသလို မတင်သင့်တာတွေလည်းရှိ. ရှိတာတွေ များလေတော့အနွရယ်ကင်းဘေးရှင်း စားစရာတွေ စီဆဘဲရောက်သွားတဲ့သဘောပါ။




အခုတစ်လော ရုပ်ရှင်ကြည့်ဘို့က PG 13 တွှေများနေတာနဲ့ ရုံေ၇ှ့ရောက်ပေမဲ့ လဲမကြည့်ဖြစ်ဘူး ဝယ်စရာတွေ သွားကြည့်ပေမဲ့လဲစိတ်တိုင်းမကျဘူး ပိုက်ဆံအိတ်တွေ သွားကြည့်လဲ အမျိုးအိမ်မှာ ပိုက်ဆံအိတ်တွေကို ဘီဒိုတစ်ခုထဲမှာ စုပုံထားတာမြင်တော့ အသစ်ထပ်ဝယ်ဘို့ ကိုစိတ်ဓါတ်ကျသွားတယ် ကိုယ့်ဆီမှာလဲပုံနေတယ်။ ဝယ်ကောင်းတိုင်း ဝယ်နေလို့လဲမဖြစ်သေးဘူး မသုံးဖြစ်တော့လဲအလကားဘဲ။





ဖိနပ်တွေကလည်းများနေပီ. ဈေးလျှော့တာတွေကလည်းတန်ပေမဲ့လည်းရန်ကုန်လည်းမသယ်နိုင်. လေးတယ် အခုနောက်ပိုင်း ကိုယ်ကိုယ်တိုင်ကိုက ရန်ကုန်သယ်ဘို့ကိုဝန်လေးနေတယ်။ လိုက်ပို့မဲ့သူ မရှိတောို့ ကိုယ်တိုင် တင် ကိုယ်တိုင်ချ. လေးတယ်။





အခုနေက်ပိုင်း လေယဉ်ပေါ်မှာကို အထုတ်ကြီးတွေသယ်လာပြီးအပေါ်တင်လိုက် အောက်ချလိုက်လူတွေ ကို သိတ်ကြည့်မရချင်ောတ့ဘူး။ ကိုယ့်မှာ ဘာမှ မပါတော့ကိုယ်ကေ၇ှ့ဆုံးကေနဆင်းချင်တယ်။ သူတို့က အထုတ်တွေလည်းပါသေးတယ် အရှေ့ကနေလညိး ပိတ်ထားတယ်။ အထုတ်မပါတဲ့သူက သူတို့ကြောင့်လမ်းပိတ်ပြီး ထွက်လို့မရဘူး. သည်း ခံပါလေ ခဏဘဲဆိုပမဲ့လည်းစိတ်က အခုတစ်လာ သိတ်စိတ်၇ှည်တာမဟုတ်ဘူး တစ်ချို့မိန်းကလေးတွေ ကိုယ်ကိုယ်တိုင်လည်းလုပ်ခဲ့ဘူးပါတတယ် ကိုယ့်ဘာသာ သယ် ပြီးတော့ အပေါ်မ.မတင်နိုင်တော့ သူများ ကိုအကူအညီတောင်း အရပ်ရှည်တဲ့ ကောင်တော့နာပြီသာမှတ်. လေယဉ်ပေါ်တက်ကတည်းက ဘယ်သူ့ကို အကူအညီ တောင်းရမလဲ လို့မျက်စွိေမွ့ပြီးကြည့်ထားပီးသာ.း





Kmsl တို့တော့ခပ်ပြတ်ပြတ်ဘဲ သူလဲ မသယ်ဘူး သူများက မပေးပါဆိုလဲ အကြောင် မျိုးမျိုးပြပြီးထွက်ပြေးတယ်။ လေးတာတွေ သယ်ရင်ခါးမျက်သွားမှာ. လက်မျက်သွားမှာ သူစိုးရိမ်တယ်။ သူခါးနာသွားရင် ခက်မယ် မင်းကို ဘယ်သူရှာကျွေးမှာလဲဆိုပြီး. အကြောင်းပြတယ်။ ကိုယ်လဲ သူမသယ်ပေးတာနဲ့ကိုယ့်ဘာသာ ကိုယ်သယ်လိုက်တာ ဟိုတ်လေကက လက်နာသွားလို့ အသာလေးမပြောရဲဘဲ ငြိမ်နေရတယ်။ အဲဒီတော့တန်တဲ့ဖိနပ်တွေ့လည်းသိတ်မဝယ်ရဲဘူးဖြစ်တယ် ကိုယ်ဘဲသယ်ရမှာလေ ဆိုပြီး.






ဖိနပ် ပိုက်ဆံအိတ် အကျီမယယ်ရတော့ဘာစြဖ်လဲ မုန့်ဘဲထိုင်စားဖြစ်တောပေါ့.



တပို့လဲ လဆန်း ၉ ရက် အငြင်မှတော့ညရဲ့ လက လှတယ် တစ်ခြမ်းကွေးလေ. ဒီမှာတော့မြင်တဲ့အတိုင်းဘဲ။


9 comments:

Anonymous said...

စာလုံးပေါင်းတွေ မှားတာ မတရားပဲ..။
စားပါ..
စားပါ..
ဝ အောင်..စားပါ။

Xထုံ

အပြုံးပန်း said...

တရေးနိုးလို့
ထဖတ်တယ်၊
ဟုတ်တယ်အမ၊
ဝယ်ချင်တာတွေကလည်း များတယ်၊
မသယ်နိုင်တော့ ခက်တယ်၊

ကိုဇော် said...

ပိုနေတာများ ရှိရင်လည်း ပြောပါလေ . . .
ပေးသမျှကို ယူပစ်မယ်။
မသယ်နိုင်မယ် ဆိုရင် ပိုတာ အကုန်ပေးပါ. . .
ရသမျှကို ယူပစ်မယ်။

( ဟိုသီချင်း တစ်ပုဒ် အလိုက်နဲ့ ဆိုပါ )

Iora said...

မင်းလေးကရေးချင်တာတွေရေး၊ လုပ်ချင်ရာတွေလုပ်၊ ကိုယ်ကနေရင်းထိုင်ရင်း Ms.Kom ရဲ့ စာတွေမဖတ်ရမနေနိုင်။ You know, you are so brave and that is the taste of live. Keep going..........thanks for sharing.
Iora

Anonymous said...

What the meaning of Kuat in Malay.If i'm not wrong,makan means eat.I want to eat 1st photo.What's that?

Gyidaw

မေသိမ့်သိမ့်ကျော် said...

လာဖတ်သွားတယ်ရှင့်။ လေယာဉ်ပေါ်မှာ ပိတ်နေတာကို စိတ်မရှည်တာတော့တူတူပဲ။ ဟီး

Anonymous said...

လေယာဉ်ပေါ်မှာ ပိတ်နေတာမကြိုက်၇င် စီးလုံးငှားစီးပါလားဟင်

Lorem Ipsum said...

ဖွားကွန်
ဝယ်လေ..ရန်ကုန်မသယ်နဲ့ သာမီးသုံးပေးမယ်..ဈေးဝယ်ရင်ဘာဝယ်ရမှန်းမသိလို့ စိတ်ညစ်တယ်...ဘူးကစ်သွားတယ် ဘာမှပါမလာဘူး
ဟိုသွား ဒီသွားတစ်ခုမှမရ...၀ယ်လေ..သာမီးပြန်သုံးပေးမယ်

ခင်တဲ့
ဆုမြတ်

...အလင်းစက်များ said...

သိမ်းထားပြီးဘာလုပ်မှာလဲ... အလည်လာတဲ့သူတွေကို မဲဖောက်ပေးလိုက်ပါဆိုတော့ ကပ်စီးကနဲသေး... ဂယ်ပဲ... ဟွန်း