Thursday, June 23, 2011

မုန်းတယ်

မုန်းတယ်
အားလုံးကိုမုန်းတယ်။



မနက်မိုးလင်းမှာ ကမန်းကတန်းလိုက်ပိတ်ရတဲ့ alarm နစ်လုံးကို မုန်းတယ်. ကုတင်ပေါ် ကနေလှိမ့်ဆင်းပြီး မထနိုင်သေးဘဲ ကုတင်ပေါါ် ပြန်မှောက်ပြီးနေတဲ့ ကိုယ့်ဘာသာကိုယ်မုန်ူ့းတယ်။.

အိမ်ထဲကနေ တော်တော်နဲ့ မထွက်သေးဘဲ ဆယ်ပတ်လောက့်ပတ်ပြီး တံခါးတွေ ပိတ်ပြီးရဲ့လား.မီးခလုပ်ပိတ်ပြီးရဲ့လား သော့ခလောက်ခတ်ပြီးရဲ့လား ဆယ်ခါလောက် ဆွဲကြည့်နေတဲ့ သော့ခလောက်ကိုမုန်းတယ်။




နောက်ကျလို့ တက္ကစီစီးလို့ မုန်းတယ်။ မုန်းပြီးရင်းမုန်းတယ် တက္ကစီတွေ အလွယ်တကူမရရင်မုန်းတယ် ဘတစ်စကားမလာရင်မုန်းတယ် လူတွေ များရင်မုန်းတယ်။

များနေတဲ့အလုပ်တွေကိုမုန်းတယ် စာတိုက်ပုံးမဖွင့်တဲ့ကိုယ့်ဘာသာကိုယ်မုန်းတယ်။ reminder ရပြီးကာ မှ သွားမရွေးနိုင်အောင်များတဲ့ အလုပ်တွေ ကိုမုန်းတယ်. ရွေးပေးတဲ့ ညလေး ပြာယာ ပြာယာ ဖောက်ပြီး အဲသာချက်လက်မှတ်ပါ. ဖောက်တာ ပြာယာခတ်သွားလို့ ချက်လတ်မှတ်တော့နဲနဲစုတ်သွားတယ်ဆိုတဲ့ ချက်လက်မှတ်ကို မုန်းတယ်။



သူများမိသားစုတွေ မြင်ရင်မုန်းတယ်။ အသက်ကြီးလို့ အချစ်လျော့တာဆိုရင် ဘာလို့သူတို့တွေ ပျော်နေကြတာလဲ မုန်းတယ်။ ကိုယ့်ကိုမခေါ်ဘဲ တစ်ယောက်ထဲသွားတဲ့ အချစ်ကို မုန်းတယ်။ ကိုယ်တို့ကွဲကြရင် ဘယ်လို့ခွဲဝေကြမှာလဲ ဆိုတဲ့သူတွေ ကိုမုန်းတယ်။

အချစ် အကြောင်းရေးရင် သူ့အကြောင်းဘဲ ရေးရမယ်ဆိုတဲ့ လူ့လောက သတ် မှတ်ချက်ကြီးကို မုန်းတယ်။ လွမ်းတယ်ဆိုရင်သူ့ကိုဘဲ လွမ်းရမယ်ဆိုတဲ့ လောက သတ် မှတ်ချက်ကိုမုန်းတယ်. နိုက်ကလပ်ကို တစ်ပါတ်တစ်ခါဘဲသွားပါတယ်ဆိုတဲ့သူကို မုန်းတယ်။

အိမ်တံခါးဖွင်ရင် သော့ကျိုးမလိုဖြစ်လို့အ သာလေး တံခါးကို ဆွဲပြီးမှဖွင်ရင်း ကျွန်တော် တော့ သော့ကျိုူးတာ နစ်ခါရှိပြီဆို တဲ့ တစ်ယောက်ကို သတိရမိတဲ့ ကိုယ့် ကိုကိုယ်မုန်းတယ်။



၈ျီမှာလြာ့ပီး. ဓါတ့်ပုံကြည့်ချင်လို့ပါ လို့၈ျီနေတဲ့တစ်ယောကကို မုန်းတယ်။ ဖုံးဆက်ချင်လို့ နံပါတ် ကလေးပို့လိုက်ပါ. ဒါပေမဲ့ အချစ်ဆုံးကတော့ ဘယ်သူပါဘဲ ဆိုတဲ့ တစ်ယောက်ကိုမုန်းတယ်။ ဒါတ်ပုံမြင်ပြီးကာမှ အဆက်ဖြတ်သွားတဲ့သူ ကို မုန်းတယ်။

ဝီကလေ တွေ့မလားလို့ပါ. ညနေစောင်းလောက် ဟိုမှာတွေ့မယ်လေ.ဝီလာခဲ့မယ် အချိန်ကတော့ ဖုံးထပ်ဆက်လိုက်မယ်ဆိုတဲ့ ဝီကိုမုန်းတယ်။

စားစရာတွေမြင်ရပြီးမစားရတာကိုလည်းမုန်းတယ်။ ပိုက်ရှိရဲ့နဲ့ ပြိတာဖြစ်နေတာ ကိုလည်းမုန်းတယ်။ ခေါင်းလျှော်ဆိုင်မှာ နစ်သောင်းကျပ်လောက် ပေးပြီးခေါင်းလျော်တဲ့ ကိုယ့်ကိုကိုလည်းမုန်းတယ်။ တယ်လီံဖုံးမှာ တီတီ ဆိုတဲ့ မက်ဆေ့မို့လို့အားရဝမ်းသာ ကြည့်လိုက်ရင်ြေ့က်ာငြာဖြစ်နေတာကိုလည်းမုန်းတယ်။



မုနြး့ပီးရင်းမုန်းတယ် ချစ်နေတာ တစ်ရုတ်ကလေးတစ်ယောက်ဘဲကျနှ်ိတော့တယ်။

44 comments:

Anonymous said...

ဘလော့ခ်လာဖတ်တဲ့ သူတွေကို မုန်းတယ်။
စီဘောက်မှာ အာလူးလာဖုတ်တဲ့သူတွေကို မုန်းတယ်။

ဆိုတာတွေ မပါဘူးလား။

:D

Ashin Acara. said...

“မုန်းတယ်”ဆိုတာကို မုန်းတယ်။ :)

kokoseinygn said...

မခင်ဦးမေ.....
ကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာပါစေ။

Anonymous said...

မုန်း မုန်းတော့လေ ဇာတ်လမ်းကဆုံးပြီလေ အကြင်နာ ခင် ပြောတဲ့စကားတွေလေ အချစ်ဆုံး ရဲ့ မောင့်ကိုလေ မုန်း မုန်းတော့လေ




ပုံ/
မုန်းချင်မုန်းလိုက်

Anonymous said...

မမ blog ကိုလာဖတ်တဲ့လူတွေ လာမန့် တဲ့ လူတွေ တော့မမုန်းဘူး ဟုတ်။ အမုန်းများရင် ရင်ပူရတယ် စိတ်သာလျော့နေ။

Anonymous said...

မုန်းတာကလဲ ရီစရာကောင်းသလို
ချစ်စရာလဲကောင်းတယ်နော်..
bbq

ကိုဇော် said...

အပျိုကြီး သီချင်းထဲကလိုပေါ့. . .
မုန်းတယ် . .မုန်းတယ် . .ယောက်ျားတွေကို မုန်းတယ် . . .ဆိုသလိုပေါ့လေ။ မုန်းပေါ့ . .ဘာဖြစ်လဲ ၊ လွတ်လပ်ခွင့် ရှိတာပဲ။

ATN said...

မုန်းလှချည်လား မမချစ်...

Anonymous said...

အရီးကွန်ကို မုန်းတယ်

Anonymous said...

ဓါတ်ပုံတောင်းမိသေးလား ဘုရားဘုရား
(အထပ်ထပ်အပြန်ပြန်အလှန်လှန်စဉ်းစားစား)

မေဓာဝီ said...

အခုလို မုန်းနိုင်ပြီဆိုရင် အဲဒါ တရားတက်လာတာပဲ။
ဆက်ပြီး ရှုမှတ်ပါ ဒကာမကြီး ...
ပုံ
ဆြာလေး မေဓာဝီ

Anonymous said...

(မုန်းတယ်)ဆိုတာ စာလုံးပေါင်း သတ်ပုံ မှားသည်။

(မုန့် သည်)ဖြစ်ရမည်။

သတ်ပုံ အမှန်ပြင်စေလိုသူ

ကိုကိုမောင်(ပန်းရနံ့) said...

မမုန်းနိုင်ပါဘူးဗျာ။း))

http://kokomaunguk.blogspot.com/2009/10/blog-post_10.html

ခင်မင်လျက်

Anonymous said...

Every things are not eternal.Your "mone tae"may go away even when i read your post.When wind blows cloud may go.Do breath in breath out.Time is running out.
Gyidaw

An Asian Tour Operator said...

အခုတော့ ပြော နိုင်ပြီပေါ့လေ..

khet myint myint said...

တရုတ်လေးလားလို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသေးတယ်.. ဟစ်ဟစ်..

(နင်မပါဘူး.. နင်နဲ့မဆိုင်ဘူး.. )တဲ့.. ဟိ

သက်ဝေ said...

အင်း... နိုင်ငံရေးတွေများပေမယ့် အားလုံးက အကျိုးသင့် အကြောင်းသင့် မုန်းချင်စရာတွေချည်းပါပဲလေ...

ခရစ္စတလ် said...

မုန်းနေတဲ့ချိန်ခြင်းရော အကြောင်းအရာတချို့ရော တိုက်ဆိုင်နေတာကို မုန်းမုန်းနဲ့ ရီချင်ပါရဲ့ ....

T T Sweet said...

မုန်းတယ် မုန်းတယ်။ ဖုန်းဆက်ချင်ရက်နဲ့ ဖုန်းနံပါတ်မရှိတဲ့ အဖြစ်ကို မုန်းတယ် ... မုန်းတယ် ...

phyu said...

Oh Ma Kom Darling....

Good Day To u

"Love is in the Air"

Nang Myint

မြူးမြူး said...

မမကို မမုန်းပါဘူး.. ချစ်လို့ ညကတောင်အိပ်မက်မက်သေးတယ်.. မမက ဘလော့ဂ်ပေါ်မှာ ဓါတ်ပုံတင်တယ်လို့မက်တာလေ..း)

Anonymous said...

တရုတ်ကလေးက ဘယ်သူမို့လို့ မမုန်းတာလဲ

CV said...

TZA

Jack said...

ယူကလဲ ဝီတို့ မအားတာက အလုပ်တွေ ရှုပ်နေလို့ပါ။ :P
လာရင် လာမယ့် အချိန် ဖုန်းဆက်မယ်လို့ ပြောထားတယ်လေ။ :P

ဖိုးတုတ် said...

မုန်းတတ်တဲ့သူမို. ဒေါ်မုန်းကြီးလို.ပဲ အမည်တတ်လိုက် မယ်နော် ...

မုန်းတဲ့အကြောင်းရေးပြီး ကောင်းကင်က တိမ်တွေရဲ့ပုံတွေကို တင်ထားတာ ဘာဆိုင်သလဲဟင်၊ အထီးကျန်ဆန်တာကို ပုံတွေနဲ. တရုတ်ဖော်တာလား ၊ အဲလေ ယောင်လို. သရုပ်ဖော်တာလား၊ ဒါမှမဟုတ် ကောင်းကင်ကြီးက တိမ်တွေရဲ့ပုံတွေကိုတင်တာ ဘလော့ဂါတွေ ရဲ့ နောက်ဆုံးပေါ်စတိုင်လားဟင်

ပြောစမ်းပါဦး ဒေါ်မုန်းကြီးရဲ့ ....

Anonymous said...

ရှော့ပင်းသွားလို့  စီးတီးဟောရောက်လို့ ပရိုမိုးရှင်းတွေ ရောက်လို့  မမကွန် ကို လိုက်လိုက်ရှာမိတဲ့  ကိုယ်ကိုကိုယ် ကို မုန်းတယ်၊၊

Anonymous said...

မုန်း မုန်း မေ့ မေ့ မုန်းမေ့ ပီလားလို့ မေးချင်လယ်

Cameron said...

ခုတလော မမကွန် အတွေးတွေ ဂယောက်ဂယက်ဖြစ်နေပုံရတယ်...ပို့စ်တွေတိုင်း ပေါက်ကွဲသံစဉ်တွေကြားနေရတယ်...။

မိုးယံ said...

တော်သေးတာပေါ့ ငါက ကုလားဂျီး မို့လို့။

Mon Petit Avatar said...

Take good care of yourself, Ma Ma KOM. Wish you all the best!!!
"အိမ်ထဲကနေ တော်တော်နဲ့ မထွက်သေးဘဲ ဆယ်ပတ်လောက့်ပတ်ပြီး တံခါးတွေ ပိတ်ပြီးရဲ့လား.မီးခလုပ်ပိတ်ပြီးရဲ့လား သော့ခလောက်ခတ်ပြီးရဲ့လား ဆယ်ခါလောက် ဆွဲကြည့်နေတဲ့ သော့ခလောက်ကိုမုန်းတယ်။"
It sounds just like me by the way.

Anonymous said...

မုန်းပါဗျာ..မုန်းပါ
ဒါပေမဲ့ အားလုံးကိုမုန်းတယ်ဆိုပြီးကာမှ တရုတ်ကလေးကို ဘာလို့ ဆွဲထုတ်သွားရတာလဲ.. အဲဒါတရားသလား..ပြန်မုန်းပေး..

N/A

mstint said...

ဒီကနေ့ မရောက်ဖူးသေးတဲ့ ဘလော့ဂ်တွေကို လျှောက်လည်တယ် 'မုန်းတယ်' ဆိုလို့ လန့်သွားတာပဲ။ ဆက်ဖတ်ရတော့ မလို နောက်ပဲပြန်လှည့်ရတော့မလို ဖြစ်သွားတယ်း) တကယ်တော့ မနိုင်တဲ့ ဝန် ထမ်းနေရတဲ့ လူငယ် လူရွယ် အားလုံး ဖွင့်မပြောပေမယ့် ခံစားချက်ခြင်းတူကြမှာပါ။ အမုန်းတရားများအားလုံးကို အပြုံးများနဲ့ဆေးကြောနိုင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကျေးဇူး..မမ


ပုံ/
တရုတ်ထံ
(စကားမစပ် တိမ်ပုံလှတယ်။)

Anonymous said...

တယ်လီံဖုံးမှာ တီတီ ဆိုတဲ့ မက်ဆေ့မို့လို့အားရဝမ်းသာ ကြည့်လိုက်ရင်ြေ့က်ာငြာဖြစ်နေတာကိုလည်းမုန်းတယ်။

Same feeling :(

ညိမ်းနိုင် said...

မုန်းချင်တယ်နော်...မုန်းပလိုက်...:)
ဒါနဲ့ တရုတ်လေးကဘူတုန်းဗျ...၊ကျွန်တော်လည်း တရုတ်
သွေး ဆယ့်ငါးပြားဘိုးကြီးများတောင်ပါတယ်..။ကျွန်တော်
လည်းတရုတ်လေးပဲ...ငါးပဲ....ခြောက်ပဲ....:D

ချစ်ခြင်းအလင်္ကာ said...

မုန်းတယ်..မနက်စောစောနိုးစက်သံကိုမုန်းတယ်..ဒါပေမယ့်ဖုန်းဆက်နှိုးပေးတဲ့..အချစ်ကိုတော့ချစ်တယ်..ငှဲငှဲ...မမလိုအကုန်မမုန်းဘူး...း)
ခင်တဲ့
ချစ်ခြင်းအလကာင်္

AMK said...

မုန်းချင်ရာမုန်း မောင့်မမမုန်း ကြီးတော်ရေ

လင်းဒီပ said...

တူသောအမုန်းများ :))

အိမ်ထဲကနေ တော်တော်နဲ့ မထွက်သေးဘဲ ဆယ်ပတ်လောက့်ပတ်ပြီး တံခါးတွေ ပိတ်ပြီးရဲ့လား.မီးခလုပ်ပိတ်ပြီးရဲ့လား သော့ခလောက်ခတ်ပြီးရဲ့လား ဆယ်ခါလောက် ဆွဲကြည့်နေတဲ့ သော့ခလောက်ကိုမုန်းတယ်။

xxxxxxx

အချစ် အကြောင်းရေးရင် သူ့အကြောင်းဘဲ ရေးရမယ်ဆိုတဲ့ လူ့လောက သတ် မှတ်ချက်ကြီးကို မုန်းတယ်။

xxxxxxx

တယ်လီံဖုံးမှာ တီတီ ဆိုတဲ့ မက်ဆေ့မို့လို့အားရဝမ်းသာ ကြည့်လိုက်ရင်ြေ့က်ာငြာဖြစ်နေတာကိုလည်းမုန်းတယ်။
xxxxxxx

Moe Cho Thinn said...

မုန်းစရာတွေကို ရေးတဲ့ အဲဒီအမကြီးကိုတော့ ချစ်တယ်။

တရုတ်ကလေးကိုတော့ မုန်းတယ်ဟေ့...............

မောင်ဝေး said...

“လဲနေသူကို ထူပေးပါ၊
ဂေါက်နေသူကို ဝုဘရိတ်ခ်ျပို့ပါ၊
ရေထဲကလူ ဆယ်ယူပါ၊
အကူအညီပေးပါ။” လို့ကြားဖူးလို့၊
ဘယ်နည်းနဲ့ကူညီရမလဲ စဉ်းစားနေတာ။

Anonymous said...

“မမ...... မမ...... မမမုန်းမို့မောင်မောင်မေ့မယ်”

Anonymous said...

တရုတ်ကလေးဆိုတာ အနော် လားဟင်...
ဝီလည်းမေ့တွားတယ် ၀ီ့ကိုခွင့်လွှတ်နော်...
မမကွန်ကိုမခေါ်ဘဲ တယောက်တည်းထွက်သွားတာ
ဝမ်းသာစရာလေ တယောက်တည်းကြိုက်သလောက်မွှေစမ်း...
တားက ဓါတ်ပုံလည်းမကြည့်ချင်ပါဘူး...
တရုတ်ကလေးပေါ်ကပြောင်းဖူးစိစားချင်တယ်..

မန်းကိုကို said...

ဆိတ်ထိန်းပါ ဒွန်ကော်ရယ် ... :-)

TZA said...

နာ့ကိုပြောတာနေမှာ.. ပွတာပဲ.. အဟေးဟေး.. :D