Sunday, September 18, 2011

let me go home...

သူမတွင် အိမ်များစွာနေထိုင်ခဲ့ဘူးသော်လည်း..........

မိဘများရှိစဉ်က မြို့ထဲရှိ အရာရှိများနေသောလမ်းတွင် နေပါသည်။ လမ်းလေးမှာအေးချမ်းလှသည်. မြို့ထဲတွေင် ဤကဲ့သို့အေးချမ်းေ
သာလမ်းကလေးရှိသည်မှာ မယုံနိင်လောက်အောင်ဖြစ်နိုင်ပါသည်။ လမ်းထိပ်ထွက်လျှင် ဘတစ်စ်ကားပေါင်းစုံမြို့ထဲရောက်ြီ့ပီး...............လမ်းလျှောက်လျှင်လည်းမြို့ထဲရောက်ပါသည်. ရုပှ်ရင်ရု့မှ ဆူးလေမှ လမ်းလျောက်ပြန်ရွေ့ရပါသည်

အိမ်ကလေးမှာ နစ်ထပ်အိမ်ကလေးဖြစ်ပြီးခြံကလေးသေးသေးလေးရှိပါသည်. မီးဖိုချောင်သည် အိမ်မကြီှးနင့် တွဲလျှက်ရှိပါသည်. မီးဖိုချောင်မှ ချက်သည်ကိုအိမ်မကြီးမှ လွတ်ကင်းစွာနေနိုင်ပါသည်. ခြံကလေးထဲတွင် ဆင်းထိုင်နိုင်ပါသည် လမ်းလေးတွင်ခေါက်တုံန်ခေါက်ပြန်လျှောက်နိုင်ပါသည်..

ခြံှေရ့တွင် ထိုင်ခခုံကလေးရှိပါသည်.ခုံတန်းလျှားလေးရှိပါသည်. ပျင်းလျှင်ထွက်ထိုင်နိုင်ပါသည် ......ညဘက် မိုးချုပ်လူခြေတိတ်ချိနန်တွင် သူမနင့်သူမကို ချစ်သောအစ်မသည် ခြံရှေ့မှတန်းလျှားကလေးတွင် ထွက်ထိုင်ကာစကားပြောလေ့ရှိပါသည်. အစ်မကထိုင်လျက် သူမက ကောင်းကင်ကိုကြည့်ချင်သူဖြစ်သောကြောင် တန်းလျားတွင်အိပ်လျှက် ကားသွားကားလာလည်းကျဲပါးသောသူမတို့၏ လမ်းကလေးကိုသူမချစ်ပါသည်.

အိမ်ကလေးမှာ ခပ်သေးသေး ကျစ်ကျစ်လစ်လစ်ဖြစ်သည် အိမ်ခန်းနစ်ခန်း ၏ည့်ခန်း ရေချိုးခန်း ..မီးဖိုးချောင်. အခန်းဖွဲ့စည်းပုံကောင်းပြီး. အမိုးလည်းမြင့်ပါသည်.။ ပြုတင်းပေါက်လည်း များသည်။ မြေညီထပ်လည်းဖြစ်ရာဝင်ခလုပ်ထွက်ခလုပ်ဖြစ်သည်။ လမ်းကလေးမှ လူများသည်လည်း အပြောင်းအရွေ့သိတ်မရှိလှရာတစ်လမ်းလုံးမသိသူမရှီချေ.

သူမတို့၏ အိမ်ကလေးကိ သူမဆယ်တန်းအောင်စာရင်းထွက်သောအချိန် တွင်ပြောင်းရွေ့ခဲ့ပြီးကျောင်းပြီး အလုပ်ဝင် နိုင်ငံခြားထွက်သည်အထိနေထိုင်ခဲရာ စွဲလမ်းမှူကြီးမားခဲ့ပါသည်. မိဘရင်ခွင်သည် နွေးထွေးသည် ဆိုသည်ဆိုသည်ထက် မိဘသည် ရှိသမျှအပူအပင်များကို ဒိုင်ခံယူခဲ့ကြသူများဖြစ်ပါသည်။ အန်မတန်ရိုးသားသော ..ခွင့်ဘယ်တော့မှ မယူတတ်သောအဖေ. ခွင့်လေးလ အမြဲရှိသောအဖေ.. ရုံးသွားရုံးပြန်.. အမေနဲ့သားသမီးများကို အလွန်ချစ်သောအဖေ..။ အဖေ သမီးဒါလိုချင်တယ်ဆိုလျင် ရအောင်ရှာပေးခဲ့သောအဖေ.

စာကျက်မှာလား ဟင်းချက်မလားမေးတတ်သောအမေ.။ ဟင်းမချက်ချင်သောကြောင့် စာပြေးကျက်တတ်သောသူမ.. ကျောင်းတက်ချင်သည်ကို အားပေးခဲ့သော.....အစ်မ. လိုလေးသည်မရှီထောက့်ံ့ခဲ့ကြသောမိသားစု .. စကားနည်းသော်လည်း မိသာစုအတွက် အနစ်နာခံတတ်သောအလတ်မ အစ်မ။ ........ဖဲမရှိုက် မိန်းမမရှုပ်တတ်သော်လည်း ဆေးလိပ်သောက်တတ်. chess ကို စွဲလန်းစွာထိုးတတ်သော.....လဘက်ရည်ဆိုင် ညည့်နက်သန်းကောင်ထိုင်တတ်သော. မောင်............ထိုမောင်ကိုညည့်နကိသန်ကောင်လက်ဖက်ရည်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ရှာခိုင်းသော အဖေ........ မိန်းမခိုးခါနီး ပိုက်ဆံကပ်တောင်းသွားသောမောင်.

အဖေနံမည်ဖြင့်ရခဲ့သောတယ်လီဖုံးကလေး............ ထိုခေတ်က အမြတ်တနိုးကြည့်ခဲ့ရသော ၁၄လ က်မ တီဗွီ....... ..အားလုံးကိုသူမလွမ်းပါသည်. ပြန်မရနိုင်တော့ပါ။။။။။။။။။။။။။။။။။။။။။။။။။။။။။ ရန်ကုန်ပြန်တိုင်း ထိုလမ်းကလေးအထဲသို့ အမြဲဖြတ်ကာ နေထိုင်ခဲ့သောအိမ်နေရာကို လွမ်းဆွတ်ရင်း........အစွဲအလမ်းမကြီးတတ်ယောင်နင့် အန်မတန်မှ ရင်တွင်းတစ်နေရာတွင် စွဲလမ်းစိတ်ကို သိမ်းဆည်းထားတတ်သောသူမ သည်........အဖေ..... အမေ အေးချမ်းသောဘဝတွင်ရှိပါစေ....မောင်နစ်မများလည်းအေးချမ်းကြပါစေ ဆုတောင်းရင်း အဝေးတစ်နေရာတွင် အချစ်ရှိသော်လည်း. အများထဲတွင် alone ဖြစ်ရင်း............



မှတ်ချက်
သီချင်းက Thzlo ဖဘသွားဖတ်ရင်း ဒုတ်ခရောက်သွားတာ။

27 comments:

Ko Boyz said...

အလို နေ့ခင်းကြောင်တောင် ပို့စ်တင်နေပါလား..။

Ko Boyz said...

ဘယ်မှ မသွားဘူးလား ချစ်မဂျီး...။

Ko Boyz said...

စင်းတဲလ်က ပရိုမိုးရှင်းတွေ ပေးနေတယ်လေ...။

PAUK said...

သများ အဲ့သီချင်း မိုးမွန်အောင်တင်တုန်းက
အရေးတောင်မလုပ်..။
ဘလော့ရော..
ဖဘမှာရော...

မုန်းတယ်..
မုန်းတယ်
မုန်းတယ်....

Ko Boyz said...

မိုက်ကယ်ဘူပလေတော့ တို့လဲကြိုက်တယ်...။

Anonymous said...

Thzlo တော်တော်ဒုက္ခပေးတာဘဲ...
သူများတွေ မုန်းကုန်ပြီ

Ko Boyz said...

ချစ်ပေါက်.... တို့များ ချစ်မက ငတို့ ငမြောက်ငခြေညက်လေးဆို ဘယ်တုန်းက အရေးတယူရှိဖူးလို့လဲ...။
ဖုတ်လေတဲ့ ငါးခြောက် မှောက်တာတောင် သိတာ မဟုတ်ဘူး...။ :anr:

Anonymous said...

ဝီနော် ဝီ...

မေသိမ့်သိမ့် ကျော် said...

နေခဲ့ဖူးတဲ့ အိမ်ကလေး လွမ်းနေရင်း အိမ်မှာတော့ နေမည်မထင်....း)


ခင်တဲ့
မေသိမ့်

rose of sharon said...

အမရေ... ဖတ်ပြီး စိတ်မကောင်းသလိုလို... လွမ်းသလိုလို ခံစားလိုက်ရတယ်... ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝအမှတ်တရတွေကို နှမျောတယ်...

Anonymous said...

အကြိုက်ဆုံး ပို့စ် တစ်ခုထဲမှာ ပါသွားပြီ

Anonymous said...

အိမ်ပြန်ချင်လာပြန်ပြီ
သီတင်းကျွတ်မှာပြန်မယ် ပြန်မယ်



မောင်ဘကြိုင်

Anonymous said...

Aunty Ma Ma,
is that around 42nd street?

Anonymous said...

Sorry i mean around 46th street?

ဝါ၀ါခိုင်မင်း said...

မမရေ..

မီးဆို ငယ်ငယ်တုန်းက ဖေဖေ ၊မေမေ မောင်လေးတို့နဲ့ အတူနေခဲ့ရတဲ့ မိုးညှင်းအိမ်ခြံဝင်းလေးကို အခုအထိ အိပ်မက်မက်တတ်နေတုန်းပဲ။
မိဘတွေနဲ့ အတူနေခဲ့ရတဲ့ ငယ်ဘ၀လေးကို ဘယ်တော့မှ မေ့နိုင်ကြမှာမဟုတ်ပါဘူး။

မမပျော်ပါစေ.
ဒါနဲ့ photo shop လုပ်ပြီး ပို့လိုက်နော်.
မချစ်ရင်လည်း ရပါဒယ်လေ. :)

ဝါ

Anonymous said...

ကြိုက်စ်

Anonymous said...

ယောက် လမ်းထင်ပါတယ်

PhyoPhyo said...

Home သီချင်းကြိုက်တယ်။ Home လွမ်းသွားတယ်။
မမKom "ဂစ်တာကိုင်ကာ တွေး .. ဘာဆိုမလည်းလေ" အဲဒီသီချင်းလေးကိုရှာတာ ရှာမတွေ့သေးဘူး။ တီဗီကပြတဲ့ အဲဒီသီချင်းလေး မျက်စိထဲမြင်တုန်း၊ ချစ်ဖို့ကောင်းတဲ့ မိသားစုလေး မမKom မှာရှိတယ်။

Mon Petit Avatar said...

Brainstorming, 46th or York street, humm, I really don't know. Anyway, Ma Ma KOM, take care and enjoy your weekend!!!!

ဖြိုးမောင်မောင်(CTM) said...

Nice post
Ma kom
Ain ko lwan nay tar htin tal.

ဖြိုးမောင်မောင်(CTM) said...
This comment has been removed by the author.
:P said...

စိတ်ညစ်နေလား.... .
.
.
ပြီးတော့လည်း ပြီးတာပါပဲ....
.
.
.
မမရယ်...
.
.
အိမ်ကိုတော့လွမ်းပါတယ်...................

myitkyeenar said...

ယောက်လမ်းတော့မဖြစ်နိုင်ဘူး၊ ၄၆ လမ်းဖက်က ဖျက်လိုက်တဲ့ ၂ ထပ်အိမ်လေးတွေဖြစ်မယ်

Anonymous said...

http://www.youtube.com/watch?v=m68ArzvGhlQ&feature=related

"ဂစ်တာကိုင်ကာ တွေး .. ဘာဆိုမလည်းလေ" အဲဒီသီချင်းလေးကိုရှာတာ ရှာမတွေ့သေးဘူး။ တီဗီကပြတဲ့ အဲဒီသီချင်းလေး

blackroze said...

ငယ်ငယ်ကအမှတ်တရတွေကတော့ဘယ်တော့မှ
မမေ့နိုင်စရာလေးတွေပါအမရယ်..
ဘယ်တော့ပြန်စဉ်းစားစဉ်းစား
စိတ်ထဲမနေ့တနေ့ကလိုဘဲခံစားနေရတုန်း

San San Htun said...

အိမ်ကို လွမ်းသွားတယ်.. အရမ်းကြိုက်တဲ့ သီချင်းပါ...

Myanmar Good Knowledg Co., Ltd said...

အဲ့အိမ်လေးမှာ မကွန်ကိုစမြင်ဘူးခဲ့တာပဲ။
ကျူရှင်သွားတက်ရင်းနဲ့ပေါ့။
ကျွန်မတို့အုပ်စုကိုတော့ မမှတ်မိဘူးထင်ပါရဲ့။
ဟုတ်တယ်အဲ့အိမ်မိသားစုလေးသိပ်အေးချမ်းတယ်။
ဘာမှကျွန်မတို့ကိုကွန်ပလိန်းမရှိခဲ့ဘူး။
မောင်နှမအားလုံးလည်း ချစ်စရာမျက်နှာနဲ့ ချောကြတယ်။

ဆက်စပ်မှုနဲ့ အဲ့ အချိန်လေးတွေကိုသတိရမိပါရဲ့။