Tuesday, March 20, 2012

ကြေးအိုး. ဖာလူဒါ























ဟင်းမကောင်း ...မကောင်းဆိုသည်မှာ ချက်ကို မချက်သောကြောင့်. စားမကောင်းသောကြောင့်စိတ်ညစ်နေသောခဥမသည် ဆိုင်သို့ချီတက်သွားလေသည်. စိတ်ထဲတွင်အကြံရှိပြီးဖြစ်သည်. စောင်္င့ရမလားမေးသော် သိတ်မစောင့်ရဆိုသောကြောင့် ခဏစောင့်သည်. ကြေးအိုးလာချသည်.စားနိုင်သည်

























ရေချဘို့မေ့နေသည်ကို တောင်းရသည်. သူများဝိုင်းတွေ ကိုတော့ချပေးသည်. မျက်နာမွဲလေးမို့ များလား မဖြစ်နိုင် ဆိုင်မှ ပိုက်ကိုင်သောသူသည် ခဥမ မျက်မှန်းတန်းမိနေသည်မှာနစ်ချီနေပြီဖြစ်သည် အလုပ်များသွားသောကြောင့်ဖြစ်နိုင်သည်.

























ဘေးကိုအကဲခတ်သည် တ်စချို့သည် မိနူးကို အကြာကြီးကြည့်သည် ရွေးချယ်ကြသည်. ခဥမနင့်ကွာသည်။ အချို့သည် .........မပြောတတ်တော့......... စားခဲ့ဘူးသော ချစ်သူတစ်ယောက်သည် မှတ်မိမည် မဟုတ်တော့ ခဥမသည်လည်း မေ့ပလိုက့်ပီဖြစ်သည်။ အချစ်ဆိုသည်မှာ အလကားဖြစ်သည် ။ ချစ်သည်ခဏဆိုသည့်အချိန်သည ချစ်ကြသည် မုန်းပြီဆိုလျင် လှည့်မကြည့်ကြတော့ .ဘာကြောင့်ချစ်နေဦးမည်နည်း မလိုအပ်တော့.။

























ဖာလူဒါဆက်သောက်သည် ခွက်ကလေးက သေးလိုက်တာ ဟု ထင်မြင်သည် ငါတော့ဝချေမည်မဟုတ်ဟုတွေးသည် .သို့သော်ငြားလည်းဝသွားသည်. ကြေးအိုးက ခံထားသည်မဟုတ်လား မလေးအစားအစာထဲမှာ ဘန်ဒုံးဆိုလားအရည်နင့်ဖာလူဒါသည် ဆင်သည် ထို အရည်ထဲသို့ အိုက်စကဂငနှ်ုအချို့အရာများထည့်လိုက်လျင် ဖာလူဒါဖြစ်ပြီဖြစ်သည်


























ကြည့်လို့မဝ။ကလိလို့မဆုံး. ဟိုမွေ ဒီမွေ.

























စားနိင်သည် စားပြခြင်းမဟုတ်ပါ သက်သေပြခြင်းဖြစ်သည်။ အတော်ကြာငတ်နေရာ အနည်းငယ် စိတ်ချမ်းသာသွားသည်။.ငတ်လွန်းသောကြောင့်အမျိုးတစ်ယောက်အိမ်သွားပြီးထမင်းသွားစားမည်စိတ်ကူးသေးသေည့် ပျင်းသောကြောင့်မသွားဖြစ်လိုက်.























အကြမ်းဖျင်းစလုံး ၁၂ ကျပ်ကျော်ကျသင့်၏။

12 comments:

မိုးသက် said...

သွားရည်ကျသွားပါ၏ .. ။ မမကွန်၏ အချစ်အပေါ်သုံး
သပ်ပုံကိုလည်း ပြုံး၍ ဖတ်သွားပါသည်..။

Anonymous said...

အားပါး၊ ဈေးမနဲဘူးဘဲ၊ သထေးတွေမှ စားနိုင်မယ်။

မဒမ်ကိုး said...

ဘယ်နားမယ်ဖာလူဒါရလဲပြောပါလေ :P

ဖိုးတုတ် said...

ဖာလူဒါခွက်နဲ. ဇွန်း၊ ခက်ရင်း၊ တူ ထည့်သည် နှီးခွက် ကိုကြည့်ရသည်မှာ အင်းလေးဆိုင်ဖြစ်နိုင်ပါသည်။

မိစံ said...

အားလုံးကုန်အောင်စားနိုင်သောကြောင့်..
အံ့သြရသည် :P :P

Anonymous said...

အစားကောင်းပုံကြည့်ခြင်းဖြင့် ၀ိတ်တက်လာနိုင်ကြောင်း သတိပေးရပါသည်...

:P said...

မမတင်တာတွေ ကြည့်ပြီး စားချင်စိတ်ပေါက်ပေါက်လာလို့ ခုရက်တွေ အပြင်ထွက်ဖြစ်နေတာနဲ့ လိုက်စားမိတယ်...
ပီဇာ၊ ဂျေကိုဒိုးနတ်၊ ..ခုလဲ လာပြပြန်ပြီနော်... ဟင်းဟင်း....

သက်လေး said...

အဲဒါတွေကြည့်ပြီး စားချင်စိတ်တွေ တဖွားဖွားဖြစ်လာပြီ။ ခုပဲ ပြေးပြီးဝယ်စားလိုက်ဦးမယ်။ ခုလိုတင်ထားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ နောက်လည်း အသစ်အသစ်တွေတင်ထားပေးပါဦးလို့ပြောချင်ပါတယ်ရှင့်.။ ကျေးဇူးတင်ပါတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အင်းလေးက ဖါလူဒါကို ကျွန်မ သိပ်ကြိုက်တာ.. :)

ခင်တဲ့
မြတ်

သက်တန့်ချို said...

အချစ်သည် မယုန်ရချေ ။ ခဥမ မှန်ချေ၏ ။

Anonymous said...

မနက်ဖြန်ကြေးအိုးသွားသောက်တော့မယ် ။ခင်ဥမလိုတရက်ထဲတော့ဖာလူဒါပါသောက်နိုင်မယ်မထင်။

kokoseinygn said...

ကျနော်ကြိုက်တာတွေချည်းဘဲ
အစားကလူနဲ့တဲ့ပါတယ်.....
စားပါမခင်ဦးမေ.....
ကျန်းမာေ၇းလဲဂရုစိုက်ပါ။