Thursday, May 24, 2012

Burmese Buddhist temple again


































 sleeping Buddha မျက်နာချင်းဆိုင်မှာ မြန်မာဘုန်းကြီးကျောင်းရှိတယ်။ မလေးရှားမှာ အတော်နာမည်ကြီးပါတယ။် အခုတော့မသိဘူး ဟိုတုံးကတော့ မြန်မာလူမျိုးတွေ ပီနန်သွားရင်း အဲသည်ဘုန်းကြီးကျောင်းမှာတည်းလေ့ရှိတယ်လို့ အဲလေ တည်းတယ်လို့ပြောဘူးတဲ့သူရှိတယ်။ သူရောက်ဘူးခဲ့တာ ဆယ်နစ်ကျော်ပြီပေါ့ အခုမှဘဲရောက်ဘူးတော့တယ်။ နီးရက်နဲ့ဘဲ ဝေးသလား ဝေးရက်နဲ့ဘဲနီးသလား.။ 

  
































ခဥမ စိတ်ကြီးပုံကို ဤပိုစ်တွင်သိမြင်နိုင်သည် မနေ့က ရောက်ပြီးသားကို TZA ဘလောတွင် ပြန် review လုပ်ရာ မမြင်ခဲ့ရသည်များကို တွေ့ရသောကြောင့် ပြန်သွားခြင်းဖြစ်သည်။ ဤသို့သာ စိတ်ကြီးနေလျင် အိမ်မှာတောင် အိပ်ရမည်မထင်တော့ချေ။ 


ဟုတ်သည် ပုံတွေ အနည်းငယ်ကြီးသွားသည်။ မတတ်နိုင် ကိုယ်ကြိုက်နေသောအနေအထားဖြစ်သည်။ ဤဘုရားသည် ဘုန်းကြီးကျောင်းထဲသို့ ဝင်သွားသောစောင်းတန်းအတိုင်း မသွားသေးဘဲ ညာဘက်သို့ကွေ့လိုက်လျင် ရှိသော ကျောင်း.ဖြစ်သည်။



















































 ကျောင်းဝင်းထဲဝင်သည် မယောင်မလည် ဘုရားဖူးသည်.။ ပြန်ထွက်လာသည် ဤတစ်ခေါက်တွင်တော့ တက္ကစီကို ပြန်လွတ်လိုက်ကာ. မလွတ်ေ၇ွ့လည်းမရ.ဤ တက္ကစီက မစောင့်ချင်. ။ မနေ့က စောင့်နေသော တက္ကစီနင့်တွေ့ရာ အလျင်လိုသောကြောင့် မမြင်တွေ့ခဲ့မိခြင်းဖြစ်သည်။
































  







ဒီပုံကို မြင်တော့ ကိုဇော်ကို သတိရတယ်။ သူကတော့မေ့သွားပီထင်ရဲ့။ တည်ကြည်တယ်ထင်ရတဲ့ ဘလော့ဂါတွေ ဟာ လူငယ်တွေ ဘဲမို့ သူရို့လေးတွေ လည်းပေါတတ်တာ မိုးလေး အသိဆုံးပါလေ။ 
ဘလော့ဆိုတာ မရေးရင်အကောင်းဆုံးဘဲ ဆိုတာ  ......မမပြောချင်ပါတယ်။ စိတ်တော့ချမ်းသာပါတယ်။












ထိုနေ့သည် လူစည်သည် လူမပါအောင်မနည်းရွေးရိုက်ရပြန်သည်။ နိုင်ငံခြားသား ဘိုကြီးများလည်းလာသည် အိန္ဒယ မျိုးနွယ်များလည်းပါသည်  Chinese လဲပါသည် မြန်မာလူမျိုးကိုတောင် အတွေ့ရနည်းနေသည်





 






စကာပူဘုန်းကြီးကျောင်းနင့် ပီနန်ဘုန်းကြီးကျောင်းတွင်တွေ့ရတတ်သည် ဘုန်းဘုန်းကို ဦးချကာ ဘုန်းဘုနးက ဆုတောင်းမေတ္တာပို့ပေးသည်ထင်သည်ပင်. မနီးစပ်သည်မို့သိတ်တော့လည်းမပြောတတ်. ဘုန်းဘုန်းကို ဦးချကာ မိတ်ဆက်သည် အဝေးမှ လာကြောင်း  ကြည်ညိုမဝသောကြောင့် နစ်ခေါက်လာကြောင်း. မညာ့တညာ ပြောသည်. တစ်ကယ်လည်း ဘုန်းကြီးကျောင်းအရိပ်ဆိုသည်မှာ အေးမြသည် မို့တော်ရုံနင့်တော့လည်းမပြန်ချင်ပေ။ လက်တွင်စည်ပေးတတ်သည်ကိုတော့ အားနာပါးနာငြင်းဆိုခဲ့သည် . အကျိုးသင်္င့အကြောင်းသင့်ရှင်းပြပါသည်လက်မနေတတ်ကြောင်း. ပြီးလျင် တရားကျောင်းမှ ဖြစ်ေ၇ွ့ ဘယ်နားစွန့်ရမည်မသိကြောင်း ရှည်ရှည်ဝေးဝေးရှင်းပြသည်။









အပြင်တွင်မိုးရွာနေသည် ဘုရားဖူးများသည် တက္ကစီများလမ်းထဲတွင် ရပ်မရထင်သည် ခေါ်ပေးသော service ကို တစ်စုံတစ်ဦးက ကူညီသည် ဘယ်သွားချင်သေည် ပြောီပီးထိုင်နေရုံသာ ဖြစ်သည် တက္ကစီရောက်လာသည်. ။ 

Kek Lok Si temple တောင်ထိပ်သို့သွားမည် . ၃၀ ကျပ်ဟု ဈေးတည့်သွားသည်။





8 comments:

Anonymous said...

အခုချိန်ထိမအိပ်သေးဘူးလား

Anonymous said...

ဟိုပုံမြင်တော့ ကိုဇော့် ကို သတိရသွားတယ်
ကျနော့် လက်မှာလည်း စည်းပေးလိုက်တယ် အစကတော့ ဘယ်နားထားရမှန်းမသိဘူး နောက်တော့လည်း ဘယ်နားရောက်သွားမှန်းတောင်မသိတော့ပါဘူး

မိုးသက် said...

အောက်ဆုံးပုံလေးသဘောကျတယ်မမကွန်..။ တစ်မျိုးလေးပဲ.။

Anonymous said...

လက်မှာစည်းပေးတာက ဘာကြောင့်လဲ။စိတ်ဝင်စားတယ်။
ထေရဝါဒ ဗုဒ္ဓဘာသာမှာ ဒါတွေရှိလာလို့

bbq

Candy said...

ကျောင်းဝင်းက တော်တော်ကြီးတယ်နော်... သဘောကျတယ်..

ပုံတွေကြီးတာ ကောင်းပါတယ်။ ကြိုက်တယ်။ ၀ ၀ ကြည့်ရတယ် :D

AH said...

ကျေးဇူးပါခင်ဗျာ။ တစ်ခါမှ မရောက်ဖူးဘူး... သပ္ပာယ်လိုက်တာ....

TZA said...

တကယ်ကြီးကိုဒုတိယတခါသွားတယ်ပေါ့၊ လေးစားပါတယ် မမခဥမ၊ အလေးပြုခွင့်ပြုပါ။

မိုးသူ(တောင်ကြီး) said...

ကိုယ်တိုင်တကယ်ရောက်ဖူးသွားတဲ့ အတိုင်းလေးပါပဲ
ကျေးဇူးတင်ပါတယ် ပုံတွေနဲ့ တကွတင်ပေးလို့ 