Monday, May 14, 2012

Penang 8






































Penang Hill မှ အဆင်းတွင်  လူလည်ဖြစ်သော ခဥမသည် ရှေ့ဆုံးသို့တိုးသွားလေသည် ။ ပိတ်သိတ်အတွက် တင်ဆက်လိုသောကြောင့်ဖြစ်သည် ဘာဖြစ်လို့ ဒီလောက်နာမည်ကြီးချင်မှန်းမသိချေ. သူများတွေ မလုပ်တာ လုပ်ရင် ငါနာမည်ကြီးမှာဘဲ ဆိုပြီး. ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင်ဖြစ်သည်. စကားကလည်းမတတ်လေရာ တစ်နေ့တစ်မျိုးမဖွ တတ်သောကြောင့်. (ဟိုလူကြီးက ဘာကြီးတော့. ဆှာဝန်တွေ ကအပေါက်ဆိုးလိုက်တာတော် ). အစရှိသဖြင့် နိုင်အောင်ပြောနိုင်သော အရည်အချင်းမရှိလေရာ ကျွန်မတောင်းပန်ပါတယ်ရှင် ဆိုပြီး ပြောချင်ရာ ပြောနိုင်သော အနေအထားလဲမဟုတ်. on the platform မှ လူးဖြစ်လေရာ.မိမိဘက်မှ တတ်နိုင်သလောက် စောင်းတော့စောင်းတတ်သည် စောင်းလိုက်လေရာ ရိုက်လာသော အိုင်ဖုံးမှ ဗွီဒိုသည်မှာ စောင်းသွားသောကြောင့် Candy ကို အကူအညီတောင်းကာ ဗွီဒိုကို ပြန်တည့်ရလေသည်။



 

























အဆင်းသည် အတော်လည်း ဇောက်လေသည် . အသည်းတစ်ချက်တစ်ချက်အေးရသည် . ဤသို့ ဆိုလျင်ရိုလာကိုစတာသွားစီးးလို့ရလေမလားစဉ်းစားသော်လည်း စီးရဲသော သတ္တိမရှိသေး။ 













 



































နလုံးမကောင်းဟုထင်သောငြား တစ်ချက်မှ ကြောက်စိတ်မရှိချေ. လွန်ခဲ့သော နစ်နစ်စ်ခန့်က ရုတ်တရက် ဝုန်းကနဲ့ အချိန်တွင် . သေနိုင်သော အချိန်တွင် ရှိစဉ်ကလည်း  ငါလား သေပြီထင်တယ်ဟု သာ တွေးတတ်သူဖြစ်သည်... ။ အသက်ကို ဖက်နင့်ထုတ်ထားသောအချိန်တွင်က လည်း ဒါတ်ပုံရိုက်ပြီးမှသာ အသက်ကို ဖက်နင့်ပြန်ထုတ်သူဖြစ်သည်. သတင်းထောက်ကြီး  ဂျာနယ်လစ်ကြီးမဟုတ်သောငြားလည်း နာမည်ကြီးချင်လွန်းလေလားမသိချေ.



























ပထမဆုံး movie တစ်ခုဖြစ်သည်. တဖြည်းဖြည်းနင့် ပရိုဖြစ်လာပြီထင်သည် movie/ ယူကျူတောင်လုပ်တတ်နေပြီဖြစ်သည်။ (ပြုံးသူများကျိတ်ပြုံးကျသည် ) ဒါရိုက်တာ နေရာတွင် ခဥမထည့်ရွေ့သရုပ်ဆောင်များမှာ Public ဖြစ်သည်.နေရာမှာ penang hill ဖြစ်သည် ကွကို ဖြည့်စွက်ကြည့်ရန်ဖြစ်သည် 


ပီနန်သို့အသွား အပြန် ကားခသည် မလေးနစ်ရာနီးပါး ခန့်ဖြစ်ပြီး ရောက်ရှိရန်  ဆယ်နာရီခန့်ကားစီးပြီး ဟော်တယ်တွင် နစ်ညအိပ်ရကာ  Hill Train အသွားပြန် မလေးသုံးဆယ် /   ကြည့်သင့်မကြည့်သင့်ကွကို ဆုံးဖြတ်ပါလေ. ကျော်လိုက ကျော်နိုင်လေသည်။ သုံးမိနစ်ကျော်ခန့်ဖြစ်သည် . 


 

























ဗွီဒိုကို လုပ်ပြီးသွားသော်လည်း ဘာမှန်းမသိကြောက်နေလေသည်ယူကျုတွင် private ထားပြီး ပုံတိုပတ်စအချို့ နင့်စမ်းသပ်သော်လည်း တစ်ကယ်တန်း publish လုပ်တော့မည်ဆိုသောအခါ လက်တွန့်နေလေသည် . ဤသတ္တိဖြင့်လုပ်စားရွေ့မဖြစ်နိုင်ချေ.။














  





































အဆင်းတွင် ဆိုင်တန်းအချို့ရှိသည် ရောင်းကောင်းသည်. မိန်းကလေးအများတိုးကြသည် ယောကျာ်းလေးမျာ အိနြေရသည် မျက်မှန် တီရှပ် ဦးထုပ်များအရောင်းသွက်သည်။ ဦးထုတ်ဝယ်ဦးမည်လုပ်ပြီးကာမှ အိမတွင် ရှိသော ငါးထုတ်ခန့်သော ဦးထုတ်များကိုသတိရကာ ဘရိတ်အုပ်ပြန်ရသည်။

























မျက်မှန်တစ်လက် တော့ဝယ်ခွင့်ပြုပါဟု ဆိုကာ ကွကို ခွင့်တောင်းရွေ့ဝယ်လေသည် ဟိုဟိုဒီဒီ သွားဦးမည်မဟုတ်လား ဖြည်းဖြည်းပေါ့. ရောက်မှာပါဘဲ။ 

 
























11 comments:

Anonymous said...

ရုပ်ရှင် ပြပါ

Anonymous said...

Wanna go there!!

မဒမ်ကိုး said...

စိန်စိန်ကွမ်သည် ခြေချောင်းလေးများရှည်သလို ခြေရှည်သူဖြစ်လေသည်း))))

ဂျာရစ်

Candy said...

မမခင်ဦးမေ စောင်းနေရာမှ တည့်သွားခြင်း ဟိဟိဟိ..
ဗွီဒိုပြောပါတယ် xD :P

ပထမဆုံးပုံလေး ကြိုက်တယ် :D

Anonymous said...

ရုပ်ဆိုးလိုက်တဲ့ ခြေမဂျီး..



စ စ

ksanchaung said...

အိမ တွင် ရှိသော ဦးထုတ်များ ဆိုလို့ ရုတ်တရက် အတော် ခေါင်းစားသွားတယ်။

AMK said...

ဘူခြေမကြီးတုန်း မမဟာလား ယောကျားနိုင်တဲ့ ဟာမျိုးတော့ဟုတ်ဘူး

TZA said...

ကျနော်ကလေးမွေးပြီးသွားပြီ အရီးကတောင်ပေါ်ကဆင်းမလာသေးဘူး၊ ကြာလိုက်တာဗျာ

May Ginngar said...

ချစ်မ .... လာလည်သွားပါသည် .. "ကွ" .. ဆိုတာ ... ဒူလဲဟင် !!!. ချစ်မရေးတာ .. ရီရတယ်.... ဗြဲ!!! :DDD

Anonymous said...

ဓါတ်ပုံများ အရင်ကထက် ပိုဝါးလာ အဲ ပိုလှလာ သည်
ဒီနေ့ ပင်ပန်းတယ် အိပ်ပီ

Anonymous said...

ပီနံအိတ် =)