Friday, November 16, 2012

အလိမ္မာခင်

ခဥမသည် ခပ်သုတ်သုတ် ကွန်ပြူတာကို ဖွင့်သည် ရေမသောက်နိုင်. ရေသောက်လျှင် နောက်ကျသွားမည် အချိန်သည် တန်ဘိုးရှိသည်။ မောင်မလာခင် ကြည့်ရမည် ဘာတွေ ကြည့်မြင်နည်း အို ကြည့်စရာ မှ အစုံပေါ့ ဖတ်စရာတွေ အများကြီးရှီသည် စပ်စုရမည်. ခဥမကို မျက်စေ့အောက်မှ အပျောက်မခံနေိုင်သော မောင် ကို ပျောက်သောခဏ လွင့်မျော ရမည်.

 သော့ရှိလျက်နင့်မထွက်ရသည်မှာ ခဥမဖြစ်သည် . ဖုံးရှိလျက်နင့်မဆက်ရသည်မှာလည်းခဥမပင်ဖြစ်သည်. ရှိသည်ံဖုံးများပင် အိမ်မှာထားခဲ့ရသေးသည် လက်ရှိ 012 တစ်လုံးသာ ပင်တိုင်ဖြစ်သည်. သူသည်လည်း region limited ဖြစ်လေရာ လိုင်းမမိသောနေရာတွင်ဖုံးကလေးကိုသာ ငုံ့ကြည့်ရင်း ဘာမှ လုပ်ရွေ့မရချေ။ 

ကျန်သည်မှာ ဗျောက်သောက်ဖြစ်သည် ဖုံးတွေ များသောလည်း မဆက်ရချေ. ခင်ပွန်းကို ဘေးထားပြီးလေပေါလျင် မည်သူသည် ကျေနပ်မည်နည်း သို့ဖြစ်လေရာ မဆက်ဘဲနေရုံသာ ဖြစ်သည်။ ဆက်မည်ဆိုလျင်မည်သူထံမည် သို့သော အကြောင်းဖြင့်ဆက်သည် ကို တင်ပြရသည် အချိန်ကြာရွေ့မရ.။ ကြာလျင်ကောက်မည်. သွားလျင် နာရီကြည့်မည် . ကြာလှချည်လား ဟု ဆိုချင်မည်. ဖတ်လျင် အနောက်နားမှာရှိသည် မည်သူနင့်မည်သို့ချက်ချင်သနည်း ချက်ချင်လျင် ချက်ပေါ့. သို့ဖြစ်လေရာ မည်သူနင့်မျှလည်းမချက်ရဲ . 

သကြန်ရန်ကုန်သွားလျင် စင်နားလိုက်ပို့သည်. နောက်ဆုံးရက် ပြန်သွားရာ လေဆိပ်သို့ပျော်၇ွင်စွာလိုက်ပို့ပြီး အထုတ်ပစ်ချကာ သကြန်တွင်း လျောက်လည်လေသည် မမောင် မသိချင်ယောင် ဆောင်နေရချေသည်။ 

 ခဥမသည်ကား ထိုသို့မဟုတ် မောင်ရန်ကုန်သွားလျင် ဖုံးမဆက်ချေ. ဆက်ပါဆိုမှ ဆက်သည်. မောင် အနိပ်ခံတုံး တို့ ကာရာအိုကေတို့ နိုက်ကလပ်တို့ သွားတတ်သည် ကို မ သိချေင်ယောယင်ဆောင်သည် ကိုယ်မနိပ်ပေးရလျှင်ပြီးရောဖြစ်သည် အမျိုးများကိုမှာထားသည် မောင့်ကို ကောင်မလေးများနင့်တွေ့လျင် အသိမပေးရန်ဖြစ်သည် ကိုယ်မှ မကွာချင်သည်ကိုး မသိသည်ကို ပိုမကောင်းပေဘူးလာ အချိန်တန် ပြန်လာလိမ့်မပေါ့သူလည်း ဒီလောက် တော့စည်းဝါးမလွတ်ပါဘူး ပညာတတ် အသိညဏ်ရှိသူပေဘဲပ. ကြိုးကလေး လွှတ်ပေးလျင် ပိုမြဲသည် မဟုတ်လား 

ခဥမအဖို့တော့ကြိုးပြတ်ချင်နေလေပြီ. အသက်အောင့်ာ နေရလေသည်. ကံကောင်းစွာ လမ်းထွက်နေရသေးည် အချိန်မှတ်လွတ်လိုက်သည် တစ်ခုသာ ခက်သည်............ ဆင်ဒရဲလား လေး အဲလေ ကြီး ဖြစ်၏။ 

မိန်းမများသည်လည်း ခက်သည် မည်မျှလောက်အသက်ကြီးကြီးကိုယ့်ကိုယ်ကို ငယ်သည် သာ ထင်သည် စိတ်ကူးယဉ်သည် စိတ်ထဲတွင် ကောင်မလေးသာ ဖြစ်နေလေသည် မောင့်အပြောအရဆိုလျင် တတ်နိင်လျင် နောက်လင် ယူချင်သည့် အမျိုးပေတည့် လူအားလုံးကို မဆိုလို ခဥမကိုသာ ဆိုလိုသည် ဘယ်ဖြစ်မလဲ မောင်ရယ်။ ခင် ကအရွယ်မရှိတော့ပါဘူး ဆိုကာ ခင်သည် ဆက်လက် ကညော့မြဲ ကညော့နေသည်သာဖြစ်သည် ခစ်ခစ်ရယ် သည် ခိုးခိုးခွက်ခွက် လှူပ်ကာရယ်သည်. မသိလျင် သွားညုသည် သိသွားလျင် အသာလေး နောက်ဆုတတ်သည် တွေ့ချင်သည် ဆိုသော ထွက်ပြေးသည် မပြေးလို့ရခေ.ျ တွေ့ပြီါ်လျင် ပြတ်သွားမည်ဖြစ်ရာမ တွေ့လည်းပြတ်မည်သာ ဆိုလျင် ဘယ်ဇာကြောင့်တွေ့နေဦးမည်နည်း ပြတ်ဘရတ်ပေါ့ နောက်ခိုးခိုးခွက်ခွက် ကလေးတွေ ထပ်ရှာရုံသာ ဖြစ်သည်ာ ကျားရဲအတွ့် အမဲမရှားချေ. မစားရသည် သာခက်သည်. ကွိလေပြီ.

10 comments:

မိုးနတ်ကြယ်စင် said...

အော်..တော်လိုက်တဲ့ အလိမ္မာခင်ရယ်..ဟွင်း..ဟွင်း..

Anonymous said...

မောင် အခန်းဆက်တွေ ဖြစ်နေပြီ...

မိုးသက် said...

အွန်..။ ဖတ်ရတာမျက်စိတွေကိုလည်လို့. :)

Anonymous said...

မမ မိုက်တယ်။ အရေးအသားက ဒန်ပဲ။ အယ် လိမ်မာပါတယ်ဆိုမှ မိုက်တယ်လို့ ပြောမိတွားဒယ်။
(လီယို)

တကယ်ဆိုရင် .... said...

မခင်ဦးမေ ငယ်ငယ်က စွန်လွှတ်ဖူးလား

ကိုနေမျိုး said...

ကောင်းလှချည်လားဗျာ ..
ဒီအရေးအသားတွေကို ခိုက်လို့ နေ့တိုင်း ဖွင့်ကြည့်ဖြစ်တာ ..း)

Anonymous said...

မောင်သာရ အရေးအသားနဲ့တူသလိုလို
ရေးတက်ရင်ဝတ်ထုဖြစ်တယ်ဆိုလား

Anonymous said...

အမ..အခုတလော အမအသစ်တင်တိုင်း ဖတ်ဖြစ်တယ်။

အမြဲပြုံးရလို့..
အမရေးတာတွေတောင် ဖတ်ရင်းဖတ်ရင်းပိုကြိုက်လာတယ်။


မြတ်နိုး

khin nyein chan said...

အသုပ်နဲ့ အရွက်ကြော်ကို ကြိုက်တယ် မမရေ

Anonymous said...

As you may considerably Acknowledge, get Disembarrass money from fit bonuses and even Loose bonuses. [url=http://www.onlinecasinoburger.co.uk/]online casino[/url] online casino and so you volition be needful to Have got to Flick the birl clit in ordination for the Bonus roulette wheel to begin spinning. http://www.tasty-onlinecasino.co.uk/