Sunday, March 10, 2013

9th Sat 2013

ခင်မကြွားဝါသည်မှာနည်းနည်းကြာသွားပြီဖြစ်သည်. ကြွားဝါစရာလဲ အခုတစ်လောသိတ်မရှိချေ. ယနေ့တော့ဘူဂစ်သွားသည် ဘူဂစ်နင့်ပန်နီစူလာသည်သာ ခင့်ဘဝဖြစ်ချေသည်။ စကာပူတစ်မြို့လုံးသွားစရာများရျိသော်လည်း. ခင့်အတွက်ဘာမှန်းမသိဘယ်မှ မသွားဖြစ်ချေ။
စကာပူတွင်နေရသည်ကတော့ပျော်စရာကြီးဖြစ်သည်ဘာလို့ပျော်သလဲမေးရင်တော့မဖြေတ်တတ်. နေလို့ကောင်းသည် ထိုင်လို့ကောင်းသည် ထလို့ကောင်းသည်။ လူစည်ကားသည် စားစရာလွယ်သည် ယနေ့ခင်ထမင်းမချက်ပါ. မနက်ကို ပလာတာနစ်ချပ် နွားနို့တစ်ခွက်သောက်သည် ဆန်းကစ်စ် တစ်လုံးစားသည်. နေ့လည် ပေါင်မနု့်ထောပတ်သုတ်လေးချပ်စားသည် ဒါတောင် ပေါ်င်မုန့်အညိုဖြစ်သည်
အဖြူဆိုလျင် ခြောက်ချပ်လော်က်မားစားမိမည်းလားမပြောတတ်။ နက်စကာဖီတစ်ခွက်သောက်သည် ဘယ်သူမှ မမေးဘဲ ဘာလို့ဖြေနေသလဲဟု မယ်ဘ က နူတ်ခမ်းထော်သည် ထော်ထော်.  ပြောစရာရှိသည်ကိုတော့ပြောရမည်ဖြစ်သည် မေးမေးမမေးမေး ပြောမည်သာဖြစသည်။

ပိုက်ဆံအိတ်ကြိုက်သ်ည ဘာမှန်းမသိ ကြိုက်သည် ဈေးသိတ်ကြီးတာတော့မဝယ်။ ကိုယ်လဲသိတ်သုံးနိုင်သည် မဟုတ် အမျိုးများကိုပေးတာများသည် .သိတ်ကြိုက်တာတွေ ကိုတော့သိမ်းထားသည်။



























ယနေ့ဝယ်လာသည် စလုံး ၁၉ ကျပ် ပြားကိုးဆယ်ဆိုတော့နစ်ဆယ်ဘဲဆိုကြပါစို့. တစ်သောင်း သုံးထောင်ကျော်ခန့်ဖြစ်မယ် ခပ်ပါးပါ.းဖြစ်သည် လွယ်ရွေ့ရသည်ဆွဲရွေ့ရသည် ဆိုင်မှာ ကိုင်ကြည့်ပြီး အသစ်တောင်းလာသည် မဖွင့်ချင်သေး။




























သည်အိတ်က စလုံး တစ်ဆယ်ခြောက်ကျပ်ဖြစ်သည် လျော့ဈေးဖြစ်လိမ့်မည် အတော်ခံ၏. အကြမ်းလည်းခံသည် သင့်လည်းသင့်သည်။ သိတ်လည်းမသုံးဖြစ်. သုံးစရာနေရာလည်းမရှိ တစ်နေ့တစ်နေ့အလုပ်သာ သွားနေရာ မသုံးဖြစ်.။ ရှိလျင် ကျေနပ်နေသည်။



























ထိုအိတ်သည် ကလန်မန်တီတွေ နေစဉ်က ကလန်းမန်းတီ တွင်နေစဉ်က ဝယ်ထားသောအိတ်ဖြစ်သည် ကြပြီပေါ့ ကလန်းမန်းတီ NTUC ဘေးက ဆိုင်က ဖြစ်သည် . စလုံး ငါးကျပ်ခန့်ဖြစ်ရာတန်သည် ဆိုပြီး သုံးအိတ်ခန့်ဝယ်ကာ အမျိုးများကိုပေးလိုက်သည်. သနားစရာအမျိုးများပါပေ.ငါးကျပ်တန်ရရှာသည် ညီမလေးပေးတာဘဲ ဆိုကာ အားရဝမ်းသာယူရွေ့ ချောင်ထိုးလိုက်ကြလေသည်။



























မလေးကနေ မလေး သုံးဆယ်ဖြင့် ချိုခြမ်းဝယ်လာသော အိတ်ဖြစ်သည် ရံဖန်ရခါချတ်တသည် ခင်သည်ချောင်းနေလေရာ ချသည်နင့်ယူလာသည် မလေးသုံးဆယ်ဆိုတော့ ကိုးထောင်ကျပ်အောက်ခန့်ပေါ့။




































နာရီဆိုင်ဘက်ရောက်သွားသည် တစ်ဆယ်ဖြစ်သည် မောင့်အတွက် အလန်းစားတစ်လုံးလိုချင်ရာမရွေးတတ်သောကြောင့် ဆိုင်ကိုရွေးခိုင်းလိုက်သည်။ မောင်က လန်းချင်သည်မဟုတ်လား. ဟင်း.


































နောက်တစ်လုံးကတော့ ဟိုဟာ မကြိုက်လျင် ဒီဟာကြိုက်စေရန်ခင်ရွေးလာသည် ခင်သည် ရွေးရာအဖွားကြီးဖြစ်သောကြောင့်ရိုးသွားရာ မောင်သည် မကြိုက်ချေ.  ခင်ရွေးလျင် အတံနစ်တံနင့် တစ်ချောင်း ရိုးရိုးကြီး. ဟုဆိုသည် ဆိုလိုသည် မှာ နာရီလက်တန် မိနစ်လက်တံ စက္ကန့်လက်တံအစုံအလင်ပါသောကြောင့်ဖြစ်သည် မကြိုက်နေပေါ့ ယောက်ဖရှိသည် တူရှိသည်။ 





























































မိန်းကလေးနာရီများဘက်သို့လှည့်သွားသည် . ။ ကောင်မလေးများကြိုက်မည် ထင်သည်ကိုရွေးသည် မောင် ကာရာအိုကေတို့ အနိပ်ခန်းတို့သွားလျင် ပေးနိုင်ရန်ဖြစ်သည် ဒါပေမးလျင် ငါးကျပ် နင့်ြီပီးသည် မောင်ပေးလျင် များသွားမှာစိုးရသည်။






























ရေပန်းသွားကြည့်သည် compulsory ဖြစ်သည်. ကြည့်စရာရေ east coast မသွားနိုင်တော့လဲ marina, ကလပ်ကွီး မသွားနိုင်တော့လည်းရှိတဲ့ရေကလည်းသာ ကြည့်နေရတော့သည် ဒါလည်းလှတာပါဘဲ။


























အခုတစ်လော centrum သောက်သည် 50+ ကို မမြင်ချင်ယောင်ဆောင်ပေးရန်ဖြစ်သည်။ (ဘုရားဘုရား.) သူက Silver ဖြစ်ရာ 50 + အောက်ထက်ငါးကျပ်ပိုဈေးကြီးသည် . ငါးကျပ်ပိုပေး ဘိုက်တာမင်ပိုရတာပေါ့ဟု သဘောထားသည်. . စလုံး ၄ရ ကျပ်ဖြစ်သည် အလုံး တစ်ရာ မေတာလက်ဆောင် အလုံး ၂၀ အပိုပါသည် ဒီနစ်ကုန် ဒီိတ်ဖြစ်သည်။ မြန်မာငွေ လေးသောင်းေ ကျာ်ပေါ့. တစ်ရက်တစ်လုံးသောက်သည် ကော်ဖီတွေလ ည်းချသည် နွားနို့လည်းသောက်သည် sunkist လည်းစားသည်. တောက်တောက် တောက်တော့က်နင့်လည်းလျောက်သည်. မောင့်ကိုလည်း သနပ်ခါးလိမ်းထားသောပါးကို အတင်းနမ်းခိုင်း၏။ ပါးသွားထိုးပေး၏။ မောင်သည် ခင့်မောင်ဖြစ်သည်. ဟင်း.

7 comments:

မိုးသက် said...

အမျိုးများကို ပစ္စည်းဝယ်ပေးတတ်သောခင်နှင့်
အမျိုးတော်ရန်စဉ်းစားမိသည်.။
တူမလေးများရှိမည်ဟု ယုံကြည်သည်. :)

:P said...

မိန်းကလေးပတ် နာရီတွေက တကယ် ၅ ကျပ်လား..တကယ်ဟုတ်လို့ကတော့ တွေ့ကြသေးတာပေါ့..အမျိုးတွေရာ.... နောက်တစ်ခါ ဆိုင်ပုံ၊ လိပ်စာပါ ဒာတ်ပုံ၇ိုက်ယူလာရန် အကြံပြုလိုပါသည်...။

ညိမ်းနိုင် said...

မောင်သည် ခင်လုပ်သည်နှင့် သနားစရာကောင်းလောက်
အောင် ၁၀ပဲတန်ရှာလေတော့သည်။ပိုသနားစရာကောင်း
သည်မှာ ခင့်ပါးမှသနပ်ခါးကို အောင့်သီးအောင့်သက်နှင့်
အာဘွားရရှာသေးသည်.....ငိငိငိငိငိ :)
ဘာပဲပြောပြော မာဆက်ကကောင်မလေးတွေကို လက်
ဆောင်ပေးနည်းနဲ့ အမျိုးတွေကိုချိုချိုချောင်ချောင်လက်
ဆောင်ပေးနည်း၊နည်းလမ်းကောင်းများရသွားသည့်အ
တွက် ကျေးဇူးတင်ပါသီ.........။

Anonymous said...

ငြိမ်းလဲခင်နှင့်အမျိုးတော်ချင်သည်၊ လက်ဆောင်လှလှလေးများကြိုက်ပါသည်။ မိုးသက်လိုတော့ မောင်ကလေးများ၊ တူကလေးများ ရှိမည်လားဟု မမေးဝံ့ပါ။

Candy said...

ခင်"ပါး"သွားသွားထိုးပေးသော ခင့်မောင်ကို ဘယ်သူမှ လုမည်မထင်ပါ :P Bugis က အဲ့ဒီရေပန်းကို မြင်ရင် ပထမဆုံးသတိရတာ မမခင်ဦးမေဖြစ်သည် :D

Theingi said...

ခင့်ဘလော့ကိုဝင်ရင် စကာပူကိုသတိရအိ..ခင့်မောင်လဲသနားစရာကောင်းပါအိ ၁၀တန်နာရီလေးနှင့် ခင်ထိုးပေးသောပါးကိုနမ်းရသောကြောင့်ပါ...ဆေးသောက်ဖို့မနှမျောပါနှင့် ကျန်းမာခြင်းအိတန်ဖိုးကို ဆေးရုံပေါ်ရောက်မှသိအိ

Toe Yee Yee said...

မဦးရဲ့ ပို့ စ်တွေကို နန်းရှင်အောက်မှာတင်ထားလို့ သွားဖတ်ဖြစ်တယ် မဦးကို မဦးအမျိုးသားက ဂရုစိုက်ခြင်း ကြင်နာခြင်းတွေကို ရေးထားတာဖတ်မိပြီး ကုသိုလ်ကောင်းလိုက်တာလို့  ယောင်္ကျားရကံကောင်းလိုက်တာလို့ လေ ကျမလေတော်တော်ကိုခံစားခဲ့ရပါတယ်မဦးရယ် ကျမဘ၀နဲ့ များတခြားစီ ကျမရဲ့ အမျိုးသား(နန်းရှင်)ကအမေရိကရောက်ပြီး အဆက်အသွယ်တောင်မလုပ်တော့ဘူး မဦးရယ် ခလေးမရနိုင်လို့ အမျိုးသား က ခွင့်ပြုတာတောင်မိန်းမမယူဘူးနော် တော်လိုက်တာ ကျမခင်ပွန်းကိုနန်းရှင်ကပြောတယ်သိလား အမေရိကမှာ တရားဝင်မယူလဲ တသက်လုံးအတူတူနေလို့ ရတယ်တဲ့ ရည်းစားနဲ့ တဲ့ တရားဝင်မကွာရှင်းပေးလဲနေပေါ့တဲ့လေ