Wednesday, October 16, 2013

15th October 2013



 မိုးသဲသောနေ့များတွင် အိမ်ပြင်ထွက်ရသည်မှာကြေကွဲစရာကောင်းလှသည်။ ပြီးခဲ့သောရက်ပိုင်းက ခင်အိမ်မှာနေသော နေ့တွင်နေပူရွေ့ မိုးရွာသောနေ့များတွင် လမ်းပေါ်မှာ ရှိလေရာယနေ့မိုးရွာသောနေ့တွင် ခင်အိမ်ပြင်မထွက်ချင်ပေ. သို့သော်လည်း စနေ အလုပ်ရှိသေးရာ ဒီနေ့မှ မထွက်ရင် ခက်မယ် ဟု သက်ပြင်းချကာ လမ်းပေါ်ရောက်သည်။



စကာပူမြို့ကြီးသည်ကြီးကျယ်ခမ်းနားလှပသော်လည်း ခင်သည် ပင်နီစူလာသို့သာ အရောက်များသည်။ ရက်ကလေး အတော်အားလျင စကာပူတွင် နေရဦးမည်. သူများတေါ စကာပူသို့ပင်လာလည်ရသေးရာ ခင်သည် လည်းစကာပူမြို့တော်ကြီးတွင်လည်ရပတ်ရပေဦးမည်။



ယခုတစ်လော အတော် ချက်တတ်ပြုတ်တတ်နေရာ ခေါက်ဆွဲသုတ်လဲမစားချင် ကြေအိုးလဲမစားချင်ပေ မနက်ကတင် မုန့်ဟင်းခါးစားထားရာ ကြေးအိုးဆက်မသောက်လို ထမင်းမချက်သောကြောင့် ရှမ်းထမမင်းနယ် စားရမဆိုးဘူးဟု စိတ်ကူးသည် စလုံးငါးကျပ်. .တို့ဟူးကြော် သုံးကျပ်မှာ အညွန်းကောင်သောကြောင့် ဝယ်လိုက်ခြင်းဖြစ်သည် သိတ်ဗိုက်မဆန့်တော့. အအေးကလည်းသောက်ချင်သေးရာ ထောပတ်သီး ကို သုံးကျပ်ခွဲနင့်ဝယ်သောက်သည် ခင့်လက်ရာနင့် ဘာကွာလဲ အကဲဖြတ်ချင်သောကြောင့်ဖြစ်သည် သိတ်မကွာတော့ . ဖျော်ရည်စက်တစ်လုံး၏ အကျိုးကား ကြီးလှသည် ဆိုင်ဖျော်သောက်များကောင်းသော်လည်း ဆိုင်ဖျော်သောက်မရှိသောအချိန်တွင် အစားထိုးနိုငပေပြီ အာသာပြေသည်ပေါ့.။ စလုံးတစ်ဒေါ်လာ ကို မမငွေ ၇၇၀ ကျပ်ခန့် ဖြင့်မြှောက်ပါ။ ( ၅ ကျပ်+ ၃ ကျပ် + ၃ က်ျခွဲ= မမ ငွေ ၈၄ရ၀ ကျပ်ဖြစ်သည်. ရန်ကုန်တွင် ဆိုလျှင်တော့ အင်းယားးလမ်း happy တွင် နစ်ယောက် မုန်ု့တပွဲ အအေးတစ်ခခွက်သောက်နိုင်သော ပမဏဖြစ်ပေသည်။  



 တယ်လီဖုံးကဒ်ပြားမှာတစ်ကဒ်တစ်ဆယ် ကျပ်ဖြစ်သည် ငါးကဒ်ဝယ်လျှင် လက်ဆောင်ပေးမည် ဟုစာကဒ်ထားသောကြောင့့် ငါးကဒ်ဝယ်သည် ငါးကပ်ဝယ်ပြီးသော်လည်း ဘာလက်ဆောင်မှ မထွက်လာသေး.ကွန်ပြူတာကို သဲကြီးမဲကြီး ကြည့်ကာအလုပ်လုပ်နေ၏. လက်ဆောင်လိုချင်သော ခင်မှာ အရှက်သည်းသောမျက်နာနင့်ဖြစ်သည် .လက်ဆောင်ပေးမယ်ဆို ဟု မျက်နာသေဖြင့်မေးလိုက်ကာမှ ပေးလိုက်လေဟု ဘေးကလူကို ညွန်ကြားချက်ပေးသည်. မဖြစ်သင့်ပါ. ခင်သည် အလကားရတာ လိုချင်သော်လည်း အခုလို အရှက်ရအောင် တောင်းယူရသည် ကို မလိုလားပါ. ခင်သည် ဘဝင်မြင့်တတ်သူဖြစ်ရာ ယခုကဲ့သို့ကိုယ့်ပိုက်ဆံနင့ိုယ်မျက်နာငယ်ရသညကို မကြို့်ပါ မယူခဲ့နင့်လေ ဟုဆေိုသော် ရသော်လည်း အလကားရလျှင် တော့လည်း လုချင်ပါသည် ခင်သည်လည်း စကာပူ ငါးဆယ်ဘိုးတောင်ဝယ်ထားရသည် ဘဲ ငါးဆယ်ဆိုသည်မှာ မမငွေ လေးသောင်းနီးပါးရှိလေသည် ဝယ်ရသည်ထဲတွင် နမျှောသည်မှာ ဖုံးကဒ်ဖြစ်သည.တော်တော့တော်သေးသည် ဟိုတုံးက ဆှိုလျှင် ပိုဈေးကြီးသေးသည် ယခု အနည်းငယ်သက်သာလာသော်လည်း ဒီထက်မက သက်သာရန် ဆန်းးပြုပါသည်.



သပြေပန်း တစ်ခက်လျှင် နစ်ကျပ် ငါးခက် = ၁၀
ငါးခြောက်ဖုတ်= ရှစ်ကျပ်ခွဲ
ဘာတေါ မှန်းမသိတော့အကြမ်းဖြင်း စလုံး ၅၀ ဘိုးဖြစ်သည်.
သို့ဖြစ်ရာ ယနေ့စလုံး တစ်ရာကျော်ကုန်သည် ဘယ်လောက်ပိုသလဲ မသိတော့ ပိုသည် ။ပိုသည်ပေါ့.

2 comments:

Anonymous said...

အားပါးပါး မုန်.ဟင်းခါးထုပ်တွေအများကြီးပဲ။
ဝယ်လာတာ မနည်းမနောပါ့လား။
သပြေပန်းညွန်.လေးတွေကောင်းလိုက်တာ
ဖုံးကဒ် ၅ကဒ်ဝယ်တော့ ဘာလက်ဆောင်ရခဲ့လဲခင်

တန်ခူး said...

ပင်နင်စိုးလားရောက်ရင် ရှာမိတယ်