Sunday, October 20, 2013

19th october 2013




















ဆရာဝန်ခင်သည် သူ့သွားနာတာကို မေ့နေပြီး သူများတွေ ကို ဆေးကုနေပြီးသကာလ အားလုံး အလုပ်ပြီးကာမှ သူ့သွားနာတာကို သတိရလေသည်.။ စေတနာရှိသူက သွားတိုက်ဆေးဝယ်ရန် အညွန်းနင့်တစ်ကွပေးထားသော်လည်း ခင်အိမ်ပြန်သောအချိနိသည် ဆိုင်များပိတ်ကုန်ပြီ ဖြစ်ရာအခုထက်ထိမဝယ်ရသေးချေ.

နာသည် နာသည် သွားနာသည် ဟု ဆိုရမည်လား သွားကိုက်သည် ဟု ဆိုရမည် လား သွားကျင်သည် ဟုဆိုရမည်လား ဆိုရခက်လှသည် ပထမဆုံးနေ့က ဆရာဝန်သွားပြရာ ကိုမှိုင်း ညွန်သော Ponstan သောက်သွားရာ သွားမနာချေ. သွားဆရာဝန်သည် သွားများကို တစ်ချောင်းချင်း ကိုင်ကာ နဲ့ကာ ဟိုနားက နာသလား ဒီနားက နာသလားဆိုသည်ကို မနာဟု လက်ကလေးခါခါ ပြရာ ဆရာဝန်သည် ဒါတ်မှန်ရိုက်ပြီး ဘာမှ မတွေ့ဟု ဆိုကာ ပြန်လွတ်လိုကသည်.

ဆေးသောက်အရှိန်ပြယ်သွားသော ပြန်နာပြန်သည် ဒီတစ်ခါတော့လည်သွားသော ခင်သည် ဆေးမသောက်ဘဲ နာနေသော သွားကလေးကို လက်ကလေးဖြင့်ဖိကာ ဖိကာ သူများကိုဆေးကုပြီး အသာလေးလစ်ကာ သွားဆရာဝန်နင့်သွားတွေ့သည်. ခေါင်းခြောက်သွားသော ဆရာဝန်သည် သူ့ထက် စီနီယာ ဖြစ်ပုံရသော ဆရာဝန်ထံ လွဲပေးလိုက်သည်. ဆရာဝန်များကို ဆေးကုရန် ဆရာဝန်များသည် စိတ်ညစ်ကြသည်မှာ အထူးရှင်းပြရန်မလို.

သွားဆရာဝန်မလေးသည် စိတ်ရှည် သည် သူကိုယ်တိုင် ဒ်ါတ်မှန်အခန်းထဲ လိုက်ကာ position အနေအထား လိုချင်သလို ကိုသေချာ ညွန်ကာ သူကိုယ်တိုင် မရိုက်၇ုံတမည် ဂရုစိုက်သည် သူ့တပည့်သည် ခင့်ကို ကြောက်ကြောက်နင့်ရိုက်လိုက်ရာ ပုံကောင်းမထွက်သောကြောင့်ဖြစ်သည်. သူ့တပည့်က သူ့ကို မှတ်မိသလား သူလဲ လူနာလုပဘူးတယ် ဟု မိတ်ဆက်သော ခင်သည် တစ်နေ့လျှင် ဘယ်နစ်ယောက်မှန်းမမျှတ်အာင် လူနာကြည်ဲရာ နစ်ပေါင်းများစွာကြာသော် လူနာမျာိးကုလည်းမမှတ်မိ. အမျိုးများကိုလည်းမမှတ်မိ. သူငယ်ချင်းများကိုလည်းမမှတ်မိ အားလုံးကိုမေ့သည်.

လသာနစ်မှ သူငယ်ချင်းများသည် ဖဘတွင် လာ add ကြသည် ခင်သည်မမှတ်မိတတော့ချေ. သူတို့က မှတ်မိပြီးခင်ကဘာလို့မမှတ်မိသနည်း. တတန်းတည်း class mate သည် ပန်နီစူလာတွင် ခင့်ကို လိုက်ခေါ်ရာ ခင်က ဘယ်သူလဲ မေးမိသောကြောင့်အလွနိတစ်ရာ စိတ်ဆိုးကာခင်သည် လူဆိုးဖြစ်ကြောင့်း ပြောသည်ဟု ကြားသိရသည်. အမျိုးကို မေ့သွားရာ သင်္ကြန်တွင် စင်ပေါ်တွင် တွေ့သော သူကိုအမျိုးထင်သည် ဟု သွားမေးသည် နင်က ဦးဇော်သားလား ဟု သွားမေးရာ ထိုသူသည် ဟုတ်ကြောငးပြောကာ ခင့်ကိုလည်းဘယ်သူလဲ ဟုပြန်မေးသည် သူမေးသည်က တော့မလွနတ် သူမူးနေသည်ဖြစ်ရာ သူ့အစ်မ သူမမှတ်မိချေ. ခင်ကတော့ မဆိုး ဟဲ့ ငါ နင့်အစ်မလေ. ခင်လေ ခင်. ဟု ပြန်မိတ်ဆက်ကြရသည်.


ဇတ်လမ်းပြန်ဆက်သော် သွားဆရာဝန်မလေးသည်ခင့်သွားကို နှူတ်သင့်ကြောင်းအကြံပြူရာ နမျှောတတ်သော ခင်သည် သဘောမတူလိုချေ. နမျောသည် ကတစ်ကြောင်း ကြောက်သည်က တစ်ကြောင်း. နှူတ်ပြီး ကွက်လပ်ကြီးဖြစ်သါားလျှင် မနေတတ်ဖြစ်မည် ကို စိုးရိမ်သောကြောင့် တစကြော်း. ငါနာတာ ကအောက် သူနှူတ်ချင်တာ အပေါ် mr bean့ ကျနေတာဘဲ ဟု ပေါက်တတ်ကရတွေးသေးသည် ခင်သည် mr bean ကြိုက်သည် mr bean သွား ဆေးခန်းသွားရာ ဆရာဝန်လစ်သောအချိန်တွင် ဒါတ်ပုံကိုလေးဘက် လေးတန် လှည့်ပတ်ကိုင်ကာ သူ့သွားကို သူပြန်ဖာသည် ကို ခင်သည် တခိခိ ရယ်သည်။

ယခုသော်ခင်သည် သူ့သွားနာသည်လားဆိုသော် သွားတစ်ခုပြီးတစ်ခု သေချာကိုင်က မေးသည်ကိုလည်းသေချာမဖြေနိုင် .ပါးစောင်ထဲက နာသည ဟုခံစားရသည် ပါးကို လက်နင့်ဖြစ်ထားသော် သက်သာသည်.အပေါ်ကနာသလား အောက်ကနာသလားဆိုော ပါးစောင်ထဲ က ပါးကိုညွန်ပြကာ ပါးနစ်ခု ထဲကအသားက နာသည် ဟုပြောသည်. သွားဆရာဝန်ကို စိတ်ညစ်အောင်လုပ်လေသည် .သူတို့အလုပ်တော့လုပ်ချင်ပေါင် ။ တော်ရုံစိတ်၇ှည် မှူနင့်ရမည် မထင်. အော့အော့တေတွလည်းဖြစ်သေးသည်.

ဆရာဝန်မလေးသည်သေချာစိတ်ရှည်လက်ရှည်ရှင်းပြလေသည်။ ခင်သာဆို အဲသလလောက်စိတ်၇ှည်မည် မဟုတ်ချေ. ပြောစရာရှိတာ ပြောပြီး yes လား no လား ဖြေခိုင်းမည် ဖြစ်သည်. မနှူတ်ရင် မရဘူးလား နှူတ်ပြီးရင် ဘာဖြစ်မှာလဲ implant တွေ ဘာတွေ လုပ်ရဦးမှာ ဘယ်နားကလဲ. ဘယ်ဘက် နောက်ဆုံး အပေါ်သွား ဖြစ်သည် အံဆုံးတော့ဟုတ်ဟန်မရ. ခင့်တွင် ထိုနေရာတွင် အံဆုံးမပေါက် ဟု ဆရာဝန်မလေးက ရှင်းပြသည် နောက်ဆုံးဖြစ်ရာ နှူတ်ပြီးသော်လည်း ယိုင်မည် မထင် ဟု ရှင်းပြသည် နှူတ်ပြီးကာစတွက် pocket ဖြစ်နေမှာပေါ့ နောက်ပိုင်း ပြန်ပြည့်သွားမှာပါဟု ရှုးပြသည် pocket ဆိုသည် ကို ခင်သည် ဘာပြောပါလိမ့်ဟု ယောင်လည်လည် လုပ်သေးသည်.

ခင်တို့သည် တစ်လမ်းသွားများဖြစ်သည် ခွဲစိတ်ဆရာဝန်သည် ဆီးချိုသေချာမ ကုတတ်သကဲ့သို့ ခင်သည်လည်း ဘိုက်ကြီးသည် တွေ့လျှင် ဘယ်နေ့မွေးမလဲ ဆိုသည် ကို ဘိုက်ကြီါ်းသည် ကလင်ဒါကြည့်မှသာလျှင် တွက်တတ်လေသည်. မေ့ဆေးဆရာဝန်သည်လူမြင်လျှင်ပိုက်ထည့်ရန်သာ စိတ်ကူးနေတတ်သည် ဖြစ်ရာ ရှောင်နေသင့်သည် ဘက်စုံကျွမ်းကျင်သည်မှ အထွေထွေ ကုဆရာဝန်ဖြစ်သည်. ထို issue များသည် Hot item များဖြစ်ရာ poor ခင်သည် သိတ်မပြောရဲသောကြောင့်ခပ်ကုပ်ကုပ်သာနေရသည်.

နှူတ်မည် ဟု ဂတိပေးပြီးကာမှ ကြောက်သည ဆိုကာ ခင်သည် စဉ်းစားဦးမည်ုဆိုကာ appointment ယူပြီးပြန်လာသည် ခင်ကို appointment ပေးသာပေးသည် ခင်သည် သွားချင်မှ သွားမည်။ defaulted လုပ်ရန်စိတ်ကူးထာသည်း. သွားချင်သောအခါ walk in ဝင်လေသည်. ။

နာသည်မှာ နာသည့်အချိန်တွင် နာသည်နာသည်ဟု ဆိုကာ ပါးကို လက်ဖြင့်အုပ်ထားက နာသည ဟုသာ ခံစားနေရသည်ဖဘလည်းမကြည့်နိုင် ဘာမှ မကြည့်နိုင်တော့ နာရွေ့သာနေသည်. မသောက်ချင်သော်လည်း ပါရာတစ်လု့းသောက်ရာ မသက်သာချေ. နာရီကြည့်ကာ မသက်သာ မသက်သာ ဆိုပြီး စိတ်မချမ်းမသာနင့် ponstan တစ်လုံးသောက်လိုက်လေသည် သက်သာပါစေ ထိုင်ဆုတောင်းသည် ဆားရေနင့်ကျင်းသော်မသက်သာ

သူငယ်ချင်းက Listerine mouth wash လုပ်ခိုငးသ်ည ပူလိုက်စပ်လိုက်သည်မှာ ပြောစရာမရှိ. မျက်ရည်ထွက်အောင်စပ်လေသည်. မလုပ်ချင်သော်လည်းမရ. အရသာက လည်းဆိုးသေးသည် စားထားသမျှ အကောင်းစေားအရသာလေးများကိ ပျက်အောင် အရသောရှိလေသည် ခင်သည် မလုပ်ချင်ဆိုသော နှူတ်ချင်သာလား သက်သာချင်ရင် လုပ်ဆိုသော်ခင့်မှာ မျက်ရည်စက်လက်နင့်လုပ်ရသည်.

ခင်သည် စဥင်္းစားရွေ့နေသည် ဆရာဝန်ပြောင်းပြကာ second opinion ယူရန်စိတ်ကူးနေသည်.ဆရာဝန်များကို မပြစ်မှားဝံ့ပါ. ခင့်သွားလေးကို အဲလေ.သွားကြီးမှ အကြးကြီးဖြစ်ရာ နှူတ်လိုက်လှငျင် ......ဆိုပြီး ကြံရာမရ. ဖြစ်ကာ နေ၏. စေတနာကောင်းသော ဆရာဝန်မလေးခွင့်လွတ်ပါရန် ဖြစ်သည်. ယခုလည်းပါးလေးကို အုပ်ကာနေလေသည်။

5 comments:

Anonymous said...

ခင သွားနာတာ Listerine ကသက်သာတယ်။
ပူဠန်းစပ်လွနးရင် နားကြပ်တဲ့ cotton bud လေးမှာ နှစ်ပြီး နာတဲ့နေရာကို ဖိပေးကြည့်ပါလား။ သက်သာတယ်။

Anonymous said...

PLEASE TRY SOME ANTIBIOTICS LIKE AMOXICILLIN.

Anonymous said...

လေးညှင်းဆီ ရှိတယ် သွားနာ သွားကိုက် ဆို အတော်ကောင်း တယ်ဆိုလို့ ရန်ကုန်ကမှာထားတာ စမ်းကြည့်ချင်ရင်ပြောပါ

Anonymous said...

အဲ့လာ ၀တ်လည်တာ........ ဟိဟိ

မှတ်ပလား.......

ပုံ

ကကလ

မောင်သီဟ said...

သွားနာတာ ခံရခက်ပါ့
နုတ်ရတာလည်း နှမြောခံရခက်
သွားပိုးများကိုမုန်းပါသည်