Tuesday, November 26, 2013

Yangon 6 Inle

 


 

ခင်ဦးမေ၏ ပုံများလှသည် ဟု ကိုယ့်ဘာသာကိုယ်ထင်သည် ကြည့်မဝ။ သို့သော်ငြားလည်း သိတ်မကြားလိုပေ လှလိုက်တာမမရယ်ဟု မကြားလို. သိတ်လှသော မိန်းကလေးများကိုယ့်ကို သိတ်လှတာဘဲဟုဆိုလျှင် သိတ်မတုန်လှူပ်သကဲ့သို့ဖြစ်သည်. သို့သော်လည်း ခင်ဦေးမအတွက် တစ်ရက်နေလို့တစ်ယောက်ဖောက်သည်မတိုးချေ။

 လှေတစ်စီးပေါ်မှ လူကြီးသည် ငါးဖမ်းမည့်ဟန်ပြင်ကာ အုပ်ဆောင်းငါးဖမ်းအုပ်ကြီးနင့် ခြေထောက်ကိုမြှောက်ကာ ပိုစ်ပေးသည် လူအမျာါးဒတ်ပုံရိုက်ကြသည် ဒါတ်ပုံရိုက်ရန် အနေအထားကောင်းဖြစ်သည်.

ထိုအခိုက်ုအတန့်သည် ခင်ဦးမေအတွက်စိတ်မကောင်းဖြစ်ရသောအခိုက်အတန့်ဖြစ်သည် ထိုလူကြီးသည် ပိုစ်ပေးသည် ဒါတ်ပုံ၇ိုက်ရန်ဖြစ်သည် ဓါတ်ပုံရိုက်ပြီးသော် အခိုက်အတန့်စောင့်နေသည်. တစ်ပေးရန် မျှော်လင့်နေသလိုပင် တစ်ပေးလေ့မရှိသူ ခင်ဦေးမသည် မစ္စာတာဘင်း တစ်ပေးသလို အိတ်ကပ်ထဲမှာ သကြားလုံးမျာ ကဒ်ထဲမှ တစ်လုံးကို ထုတ်ပေးရွေ့ ပေးလိုက်နိင်ရန် ဟာသ ညဏ်မရွင်ပါ။

တစ်ဝမ်းတစ်ခါး ရှာစားရခက်သည် ဟုသာ တွေးရသည် ထိုလူကြီး၏ နေပူလေပူ ခံရသောမျက်နာ မျှော်လင့်ချက်မျက်နာသည် သည် ခင်ဦးမေ အတွက်စိတ်ကို ထိခိုက်စေသည်. ခင်ဦးမေသည် ကပ်စီးနေသူမဟုတ်သော်လည်း လက်နေးသူဖြစ်သည်. စကာပူမှ ကောင်လေးသည် နေရာ ထက သူ့အိတ်ထဲမှ ပိုက်ဆံအိတ်ထုတ်ကာပိုက်ဆံအချို့ယူသည် ခင်ဦးမေကို ပိုက်ဆံ အသေး ရှိလား အင်္ဂလိပ်လိုမေးသည် ထိုအခါမှ ခင်ဦးမေသည် လှူပ်ရှားကာ ပိုက်ဆံအနည်းငယ်ယူက ထိုလူကြီးကို ပေးသည် နည်းသွားသည် ဟု ထင်မိသည် ငါးရာလား မသိ ရန်ကုန် ပြန်လာတာ ရက်ပိုင်းရှိသေးရာ ဈေးမဖြတ်တတ်ချေ. ဘယ်နားဘယ်လောက်ပေးသင့်သည် ဆိုသည်ကို.. ယခုပြန်တွေးသော် စိတ်မကောင်းချေ. ခင်ဦးမေ မရေးချင်ပါ ထိုလူကြီးအလုပ်မရှိဖြစ်သွားမှ စိုးလှသည်။ ထိုလူကြီး၏ ပိုစ်ပေးထားသော ပုံကို ဖြုတ်လိုက်လေသည်။


 ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနိုင်ရန် ကျန်းမာ ချမ်းသာ စေရန်ဘဝရပ်တည်မှူ မခက်ခဲ စေရန် လူတိုင်းကို မေတ္တာပို့ပါသည်။


(ယခုပုံများတွင် ထိုလူကြီးမပါပါ.)


 

2 comments:

Anonymous said...

ဟိုလူကြီးကိုကြည့်ချင်တယ်လို့ တိတ်တိတ်လေးပြောသွား

Anonymous said...

ဟိုလူကြီးဆိုတာဖတ်ပြီး စိတ်မကောင်းပါ။