အွန်လိုင်းမှာ………..
မီးမပျက်ဘူး။
ရေလဲလာတယ်။ လမ်းတွေလဲကောင်းတယ်။ ချွေးလဲပြိုက်ပြိုက်မကျဘူး။
မော်တာတွေလဲမပျက်ဘူး။
မမ..မမ..လို့လဲခေါ်ကြတယ်။
ပီယဝါစာ ချစ်ဘွယ်ရာ စကားတွေလဲဆိုကြတယ်။
လူတွေကလည်း ကိုယ့်ကိုချစ်ကြတယ်။
တွေ့ချင်တဲ့သူတွေ ကလဲ အများကြီး..
လူတွေကလည်းမညာကြဘူး။ မှန်မှန်ကန်ကန်ပြောကြတယ်။
ရွက်လှပန်းဆိုတာဘာလဲကိုယ်သိစရာမလိုဘူး။
ဗားကရာချောက်က ဘယ်နားမှာလဲ လို့လဲ ကိုယ်မစဉ်းစားရဘူး။
မိန်းဆွိကို ဘယ်လိုချမယ်။ ဘယ်လိုတင်ရမလဲဆိုတာလဲ ကိုယ်သိစရာမလိုဘူး။
သစ်ပင်ခုတ်တာလည်းကိုယ့်အလုပ်မဟုတ်ဘူး။
ပစ္စည်းတွေကိုလည်းကိုယ်သွားဝယ်စရာမလိုဘူး။
နေ့တိုင်းလဲပိုက်ဆံတွေ အများကြီးမကုန်ဘူး။
ဒါပေမဲ့ လဘက်ရည်တော့နေ့တိုင်းမသောက်ရဘူးပေါ့။
Sunday, September 6, 2009
On line
Subscribe to:
Post Comments (Atom)
35 comments:
ဟေး...................တစ်
တွေ့ချင်တဲ့သူတွေက အများကြီး။ ဘာလို့ ပုန်းနေတာလဲဗျို့။ :D
မမရဲ့ ရန်ကုန်ကလုပ်ခဲ့ရတာတွေလား ဟင်...
စောင့်နေတုန်းပေါ်လာလို့
တကယ်ဝမ်းသာသွားတယ်...
မမ...
စောကဘဲ အိမ်ပြန်ရတဲ့ဒုက္ခကို အစ်မတစ်ယောက်နဲ့
ပြောနေတာ..
မမ..မတွေ့ချင်ရင် ထွက်မတွေ့နဲ့နော်..
ကိုဇက်တီတို့က မုန့်လိုက်ကျွေးခိုင်းနေလိမ့်မယ်..
ရန်ကုန်ထက်ဆိုးလိမ့်မယ်..အကုန်အကျတွေ..
Xထုံ
ဟိဟိ.. ဂျီးဒေါ်ကွ...
ကျနော်ကပိုဆိုးတယ်ဗျ
လက်ဖက်ရည်ရော ပေါင်မုန့်ရော
မုန့်စိမ်းပေါင်းရော
သာကူပြုတ်ရော မုန့်ဖက်ထုပ်ရော
မုန့်လေပွေရော ဘာဆို ဘာတစ်ခုမှမစားရဘူး
ကယ်ပါဦးဗျာ :(
ကိုယ့်အစ်မကိုသတိရနေကြောင်းလေး
လာပြောတာပါလေ.....
ပြန်ပြီနော် ။
" လူတွေကလည်းမညာကြဘူး။ မှန်မှန်ကန်ကန်ပြောကြတယ်။ "
ဆိုတာကို လက်မခံပါ။
ညာနေတာကို တွေ့လျက်နဲ့ မသိချင်ယောင်ဆောင်နေရတာတွေ ရှိပါတယ်။
လာလည်သွားတာ ကျေးဇူးပါ။
'' ဒါပေမဲ့ လဘက်ရည်တော့နေ့တိုင်းမသောက်ရဘူးပေါ့။
ပေါင်မုန့်တော့နေ့တိုင်းစားရမယ်။ ''
အဲဒါ ဘာအဓိပါယ် ပါလိမ့်! လိုက်မမှီတော့ဘူး
တို့ လဲ ထုံ အဖွဲ့ ဝင်ဖြစ်တော့မယ်ထင်ပါတယ်
စံ
အစ်မရေ ဒီပိုစ့်လေးက virtual world addiction ရဲ့ အဆက်နဲ့ တူတယ်နော်၊ ဖတ်လို့ကောင်းတယ် :)
ခင်မင်လျက်
နောက်မကျအောင် ရေးလိုက်မှဘဲ
မုန့်ဝယ်ကျွေးစရာမလိုဘူး။ စင်တိုဆာလိုက်ပို့ပေးဖို့မလိုဘူး။
ပြန်မလာသေးဘူးလားဂျီးဒေါ်ရဲ့. ဒီကလူတွေ ခမျာ မျှော်နေတာ..
အိပ်မက် လှလှ မက်ပါစေ။
good night
ကျန်တာတွေ အားလုံးလက်ခံပေမဲ့..
"လူတွေကလည်းမညာကြဘူး။ မှန်မှန်ကန်ကန်ပြောကြတယ်။ " အမ အဲဒါ တကယ်သေချာလို့လားးးးးးးးးးးးး
ဝေး မမ ကွ ။။ ရန်ကုန်မှာလားအခု ပြန်လာတော.လွမ်းနေတာ
လွမ်းအောင်ရေးပြန်ပြီ။
အဲဒါညာတာလား
မသိဘူးနော်။
" လက်ဘက်ရည်တော့ နေ့တိုင်းမသောက်ရဘူးပေါ့၊ ပေါင်မုန့်တော့နေ့တိုင်းစားရမယ်" ဆိုတာနားမလည်ဘူး
ဗျာ၊ လာမလည်တာကြတော့ အမကွမ်ရေးတာတွေ လိုက်မ
မှီတော့ဘူး၊မြင့်တော့လည်းမြင့်လွန်းတယ်၊ချမ်းမြေ့ထုံဖြစ်နေပြီ။
မမ မမ လို့ ခေါ်သွားပြီ.. ထွက်ခဲ့တော့လေ..
ရန်ကုန်ပြန်ပြီး စမ်းချောင်းထဲမှာ တိုက်ခန်းပြန်ဝယ်တဲ့ပုံပဲ။
တို့ အရီးကွန်က မော်ဒန်တော်တော်ဆန်တာပဲ
လိုင်းတူတယ်
:P
အလဲ့... တယ်ဟုတ်ပါလား... tea mix သောက်တတ်ရင် on line က perfect ဘဲ....
ကဲ အားလုံးပဲ မျှော်လင့်နေပြီ ဂျီဒေါ်
သိပ်ပုံးမနေပါနဲ့
အိမ်တွင်းပုံး ဖြစ်သွားလိမ့်မယ်နော်
း))
ရန်ကုန်မှာ ဆိုပီး ပြောင်းပြန် ဖတ်ရတော့မှာပေါ့။ MR.DBA ပြောသလို စမ်းချောင်းမှာ အိမ်ဝယ်နေတယ်နဲ့တူတယ်။ ရန်ကုန်က လူတွေက လေးစားသမှုနဲ့ အန်တီလို့ ခေါ်ကြတာကို စိတ်မဆိုးပါနဲ့ဗျ :P
လက်ဘက်ရည် ရမယ်ဗျို့ ချိုဆိမ့် လေးတွေ ရမယ် လက်ဘက်ရည် ရမယ်း) လာပို့တယ် လက်ဖက်ရည် သောက်ချင်တယ်ဆိုလို့
လေးစားလျက်
တောင်ပေါ်သား
မမ မမ ဘယ်ရောက်၊ လာသေးဘူးလား
အိပ်ရေးရောမပျက်ဖူးလား။သူများအိပ်မှာ online လာသုံး
မြန်မာပြည်က လဘ္ဘက်ရည်ဖျော်တိုက်မယ်။ခိုင်သဇင် အချိုခြောက်နဲ့။
မမ အခုဘယ်ရောက်နေလဲ စလုံးမှာပဲလား နှင်းတို့လဲ ဒီလိုပါပဲ အပြင်မထွက်ဖြစ်ပဲ အွန်လိုင်းမှာပဲ အချိန်ကုန်နေတယ်လေ ဘ၀တူတွေပဲ
အွန်လိုင်းကို အိမ်လုပ်ပြီးနေလို့ အွန်လိုင်းအိမ်တိုင် ဖြစ်နေပါတယ် မမ။
ဒါပေမယ့် ကွန်ပျူတာရှေ့ချည်းပဲ ထိုင်မိနေရင် အနော်တော့ ခါးချိလိမ့်မယ်
စီဗုံးမှာ လာကြည့်တိုင်း မတွေ့ပါ။ မမ ဈေးဝယ် မထွက်တော့ဘူးလား။
လူတွေ ညာကြပါတယ် မမရာ...
မတွေ့တာကြာပေါ့... မမ နေကောင်းလား...:D
online မှာ ခါးညောင်းတယ်။ မျက်စိမှုန်တယ်။ မီတာတက်တယ်။....တယ်။...........တယ်။
ပြန်လာပြီပေါ့လေ။
ဝမ်းမြောက်မိပါတယ်။ ပိုက်ဆံကတော့ မြန်မာပြည်မှာဆို ကုန်မယ်ထင်တယ်နော်။
ခင်မင်လျှက်
ညီမလေး ပါးလုံး
လက်ဖက်ရည်လည်း သောက်ရပါတယ် မမရာ...
ဟိုင်း လို့  နှုတ်ဆက်လိုက်တဲ့အချိန်မှာ
ဟိုင်းတီးပေါ့..
မမကို ဘယ်သူတိုက်တတ်ပါလိမ့်..
ဦးဘိုက်ကလေးလား..
ဦးကောင်ကောင်လား..
ဦးစတိလား...
ကျန်တဲ့သူတွေတော့ မဟုတ်ဘူး..
မီးမီး သိဒယ်..
ဟိဟိ..
nn
Post a Comment