Wednesday, August 4, 2010

C for camera

ဟင်းဟင်း..သူမသုံးခင်သုံးပလိုက်တယ။်me and my camera ဘဲရှိသေးတယ်။ c for camera မတွေ့သေးဘူး။ကo်မရာတစ်လုံးတော့ဝယ်ဖြစ်ပါလိမ့်မယ်။ဘယ်တော့မှန်းမသိသလို.ဘာဝယ်ရမှန်းလဲမသိသေးပါဘူး. သေး ရမယ်။ လေးလို့မဖြစ်ဘူး.။ တယ်လီဖုံး 5 mega . 2 mega နဲ့ရိုက်လဲမလှဘူး။ စနေနေ့ညနေက ကောင်းကင်ကို မော့ကြည့်တာ လေထီးနဲ့ ဆင်းလာတယ်။ အဆင်မပြေတော့ ရိုက်နေကျ ဒီလောက်ဘဲ ရတယ်။

ကင်မရာပြန် ရောင်းနေတဲ့သူကလဲရှိသေးတယ်။:you want to buy Nikon s3000 compact camera if you are interested in, i can give you wih 80pounds :i bought it for 100 pounds last week as emergency. I can return it. but not fair very nice 12.2 mega px 4x optical ….: only 5pounds for postal fee: you stingy ………
(အဲဒါဘယ်သူလဲပြော)


























ဆိုနီကင်မရာလေးသေးသေး.ဇွန်းပါတယ်။ အဲဒါလေး မျက်စိကျနေတယ်။ ကြည့်တော့ကြည့်ရဦးမယ်။ မနက်က စားစရာ ရိုက်တာ စားချင်စရာမဖြစ်ဘဲ အော့အော့ဖြစ်သွားတာခက်တယ်။

















ဘီးဇီးပုံများ စားပွဲခင်းတောင်လဲချိန်မရဘူး။ စောစောက ညစာ ခေါက်ဆွဲပြုတ်ကို မြေပဲကြော်နဲ့ ပုဇွန်ခြောက်နဲ့တွဲစားတယ်။ ကုန်တာပါဘဲ.။


















အမေရိကားကနေ ရှော့ပင်ထွက်လာပြီး အကျီနစ်ထည်ဝယ်ပြီး. ကြွားဝါလာသူအတွက် သူမနိုင်မဲ့ချဉ်ပေါငရွက်နဲ့ မြင်းခွာရွက်နဲ့ထုတ်လာတယ်။ အခုအပါတ် စနေကမှဝယ်လာတာ.တစ်ကယ်။




















မှတ်ချက်.
မေ့သွားလို့ထပ်ထည့်လိုက်တယ်။ဒီပုံတွေက 2 mega nokia ဖုံးနဲ့ရိုက်တာပါ.။ 5 mega နဲ့ရိုက်တယ်ထင်မှာစိုးလို့
6:15am

25 comments:

ywartharlay-ytu said...

လုပ်ထားဦးပေါ့လေ...

khet myint myint said...

2. လုပ်ထားဦးပေါ့လေ...

khet myint myint said...

ဟင်း သေးသေးဆိုနီကင်မလာ ဇွန်းပါတာ ကြော်ငြာတွေ တွေ့ရတာမလား .. ၁၀၉၉ လောက်ရှိသတဲ့ .. ချဉ်လိုက်တဲ့ သပျစ်သီးတွေ..

Mon Petit Avatar said...

At least you got the picture, Ma Ma KOM.

Unknown said...

မှားသွားပြီ... အမ
အိမ်နားကဈေးမှာ ချဉ်ပေါင်ရွက်၊မြင်းခွာရွက် လတ်လတ်ဆတ်ဆတ်ကို ကြိုက်သလောက်၊ လိုချင်သလောက် ဝယ်လို့ရတယ်။ :P
အသီးအရွက် ရောင်းတဲ့ ဖ အဖိုးကြီးစုတွဲကို မျိုးပေးပြီး စိုက်ခိုင်း ရောင်းခိုင်းထားတာ။ :D အခုဆို အိမ်နားက အဖြူတွေ၊ အမဲတွေတောင် ချဉ်ပေါင်ရွက်စားတတ် သွားလို့ သူ့တို့ဆိုင်မှာ ဝယ်လိုက်ကြတာ။ အဖိုးကြီး စုံတွဲက ဈေးကောင်းကောင်းနဲ့ ရောင်းရလို့ ကျေးဇူးတင်ပြီး ကိုယ်တို့ သားအမိဆို အလကားပေး၏... :)

ကင်မလာက ကိုစတိ ဖြစ်မယ် ထင်ပါ့။ တန်တယ်အမ ယူလိုက်....
ပုံ
ပွဲစား တဦး

ကိုဇော် said...

ကင်မရာဆို Canon ပဲ ဝယ် အစ်မ။
Nikon က မကောင်းဘူး မဟုတ်ဘူး ၊ ကောင်းပါတယ်။ ဒါပေမဲ့ ဒီဂျင်တယ်မှာတော့ သူက နည်းနည်း ကျန်နေခဲ့တယ်။ Screen မှာ ရိုက်ပြီးသားပုံကို ယှဉ်ကြည့် အစ်မ။ အဲဒီမှာတင် ကွာတယ်။ ပုံထွက်ရင်တော့ သိပ်တော့ မကွာလှပါဘူး။ ဒါပေမဲ့လည်း px နဲ့ ယှဉ်ကြည့်ရင် Canon ကို မမှီဘူး အစ်မ။

http://www.eastcoastphoto.com/images/bfinder/Powershot-SD400_1818.jpg


ဒီလောက် ဆိုရင် ဈေးလည်း မများသလို ၊ သေးပြီး ပြားပြားလေး ပုံထွက်ကလည်း ရှယ်ပဲ။ ဒါလောက်တော့ ဝယ် အစ်မ။

ကင်မရာ စပယ်ရှယ်လစ် ( အဟစ် အဟစ် )

မိုးခေတ် said...

ကိုဇော် ပြောသွားတာ အပြည့်အ၀ထောက်ခံပါကြောင်း.... :D

Steve Evergreen said...

In compact camera review, Sony got top rating while Canon is at highest rating among DSLR.

http://www.whatdigitalcamera.com/equipment/reviews/1/compactcameras.html?sort=product&order=desc

by the way, these days we dont use 5 mega px camera anymore.

လသာည said...

ဇွန်းပါတဲ့ ဆိုနီကင်မရာ သေးသေးလေးက မဆိုးဘူးနော်း))
ဒါပေမယ့် အခုတလော ဆိုနီကင်မရာတွေ နည်းနည်းညံ့လာတယ် အစ်မ..။ ၀ယ်မယ်ဆို canon သာ ၀ယ်..။ စိတ်ချရတယ်.. ကိုယ်တွေ့..

TZA said...

ဟုတ်တယ်၊ ကျနော်ကင်မရာပြောင်းဖြစ်ရင် canon ပြောင်းဖို့ စဉ်းစားတယ်၊ dslr ဝယ်မယ်ဆိုရင် ပြောပါတယ်။

Anonymous said...

ချဉ်ပေါငရွက်
A Hi :)

CTM

myo said...

မမက ပြောပြောမှမစောပဲ အဲ့လေထီးပုံတွေ ရိုက်လာတာရှိတယ် ပို့ပေးလိုက်မှာပေါ့
ဆိုနီ၁၂.၁ နဲ့ရိုက်လာတဲ့ပုံတွေ ခွိ

Maung Myo said...

အရင်ထက်စာရင် ဓာတ်ပုံတွေပိုကြည်လာတယ် စောင်းတာကတော့ စောင်းတုန်း ။

rose of sharon said...

ကျမလဲ ကင်မရာအသစ်တလုံး လိုချင်နေတာ.. ဝယ်တဲ့ဆီကိုမရောက်သေးဘူးအမရယ်

နေ၀သန် said...

c for camera ပဲဖြစ်ဖြစ် ကျွန်တော်တော့ c for chinbaung ကိုသဘောကျနေတာ..အောက်ဆုံးက ချဉ်ပေါင်ထုတ်ကြီးကိုမြင်တော့ ရှလွတ်... မမကွန်.. ဒီကို တစ်ထုပ်လောက်ပါဆယ်... :D..


ခင်မင်တဲ့
နေ၀သန်

ချစ်ကြည်အေး said...

မမ ဝယ်ပါ အမြန် Canon ဝယ်နော်...:)

Anonymous said...

ကျုပ်တို့ အရပ်မှာ
ချဉ်ပေါင်.ရောမြင်းခွာရွက်ရော ရှိတယ်တော်။
မန်းကျည်းရွက်မရှိတာပါ။
mm

သဒ္ဓါလှိုင်း said...

အိပ်မက်ထဲမှာတော့တလုံးဝယ်ပစ်လိုက်ပြီမမခင်ဦး..


ခင်မင်စွာ
သဒ္ဓါ

Cameron said...

အရင်ကနဲ့စာရင် မမကွန်လက်ရာတက်လာပြီ ပုံတွေမ၀ါးတော့ဘူး....း)

ခင်တဲ့
မိုးငွေ့

ညိမ်းနိုင် said...

ဝယ်သာဝယ် အစ်မကွန်..အားပေးတယ်..။

သူကြီးမင်း (တုံးဖလား) said...

မမကွန်သုံးဖို့ ကင်မရာဆိုရင်တော့ ရွေးနေဖို့လိုမယ်မထင်ဘူး။ မမကွန်က ဘာကင်မရာနဲ့ဘဲ ဖြစ်ဖြစ် ခပ်ဝါးဝါးဖြစ်အောင်.. အဲ.. ခပ်ကောင်းကောင်းဖြစ်အောင် ရိုက်တတ်ပါတယ်။းဝ)

ကျနော်ကတော့ နီကွန်ပါ။

Han Kyi said...

တို့ကတော့ ဇွမ်းမပါလဲ ယောက်မနဲ့ပဲ ကော်တုတ်တော့မယ်..

သုခုမလေဒီ said...

ကင်မရာ ပေါချောင်ဈေးလေးရရင်တော့ ကိုယ်လည်းလို ချင်တယ် ။ ဇွန်းမပါလည်း ခရင်းနဲ့ပဲပေါ့း))
kom ရေ ..လည်လည်ရောက်တယ်။ (ခက်ခဲတဲ့ကြားကပေါ့)

ksanchaung said...

မေ့သွားလို့ထပ်ထည့်လိုက်တယ်။ဒီပုံတွေက 2 mega nokia ဖုံးနဲ့ရိုက်တာပါ.။ 5 mega နဲ့ရိုက်တယ်ထင်မှာစိုးလို့

မယုံမှာကို မပူနဲ့။ ယုံတယ်။ (အကြွင်းမဲ့) ယုံတယ်။

ဝယ်မယ့်ဝယ် တီဇက်အေတို့လို ကင်မရာအကြီး ကြီးသာဝယ်။ နောက်က ကင်မရာလိုက်ထမ်းဖို့ ကိုမဆလာ ရှိတာပဲ။ သူလည်း အလုပ်ရတာပေါ့။

ဖိုးသား said...

လေထီးခုန်သမားလိုလေးထီးခုန်လေ့ကျင့်ဦးမှပဲအားကျမိတယ်