Sunday, November 14, 2010

ငါဆိုတဲ့ငါ



















အမေရိကားက သူတစ်ယောက် မနက်သုံးနာရီ မအိပ်ဘဲ စိတ်လှူပ်ရှားစွာစောင့်နေတဲ့အချိန်. ဘလော့မရေးတာကြာတဲ့သူ... စာမေးပွဲရှိလို့ မဘလော့တော့ပါဘူးလို့ဆိုတဲ့သူတွေ ထရေးတဲ့အထဲမှာ မှ. ကြားထဲမှာ မဆိုင်တာတွေရေးတယ်ဆိုပြီး ငြိုငြင်မှာလဲစိုးလှပါတယ်။

ဒါကြောင့်တိုတိုဘဲရေးဘို့ကြိုးစား...

ကိုဘရဲ့ချစ်လေးဓါတ်ပုံတွေ ကြည့်ပြီးကတည်းက လှချင်စိတ်တွေများလာလိုက်တာ. လှချင်တယ် လှချင်တယ်။ သူ့လိုလှချင်တယ်ကွယ်ဆိုပြီးသကာလ. အကွက်ကြုံတော့ဒီနေ့ကလမ်းထွက်ဘို့ကြုံလာ..

မိတ်ကပ်တွေလိမ်း နှူတ်ခမ်းနီကို မရဲတရဲခြယ်.. . အကျီကို အမဲ ကြပ်ကြပ်ဝတ်. မှန်မရှိတော့ kmsl ကိုဘဲမှန်လုပ်ရ.. မျက်မှောင်ကုတ်ကြည့်လိုက်ရင်ဖြင့် အဆင်မပြေဘူးဆိုတာကိုသိလိုက်.. ခပ်ကုပ်ကုပ် ပြန်လဲ. မနေနိုင်လို့ မျိုး လိုလဲလှချင်သေး. ပုတီးအကြီးကြီးဆွဲ. ဒါကိုတော့မကန့်ကွက်လေတော့ဒေါက်ဖိနပ်ဝတ်ရင် ပိုလှမယ်ထင်တာမို့ ခြေသလုံးတုတ်တုတ်ကိုမှ အားမနာ ဝတ်လိုက်မိပြန်ရော..

ဘူဂစ်ကိုသွား တစ်ပါတ်လုံးမစားရသေးလေတော့နော်မန့်ကို အားနာမိသော်ငြား. စားမိလေရဲ့။ ဘက်ဂါ. ။ ဂျုလိုင်စားမှန်းတော့မသိသေးပါ။


















စားရင်းနဲ့ တယ်လီဖုံးကိုထုတ်. မျက်မှန်ကြီးကိုတပ်. ဘလော့မဖတ်. စီပုံးဖတ်နေလေရဲ့. ဘေးကနေတော့လက်လာမတို့ကြပါနဲ့ အစ်မလားလို့ ……….ရင်တွေ ခုန်လှချည်ရဲ့။ အစ်မ အစ်မနဲ့ချစ်ကြရာက အလန့်ထညက်တော့မဖြစ်စေလိုချင်..























ကိုယ့်ကိုယ်ကိုလည်းဓါတ်ပုံပြန်ရိုက်လိုက်သေး။ လက်ထုတ်ကာရိုက်ရတဲ့အပြင်. တယ်လီံဖုံးနဲ့ရိုက်ရုံသာမက လက်ကပါ တုန်နေလေရော့သက်ပြင်းကိုသာချရ. သန္တာစမ်းက အလွမ်းစာရေးသူလားပြောဘူးလေ. တစ်နေ့တစ်ခြားမှန်ရှေ့ထိုင်လိုက်ရင် ဘယ်ကအဖွားကြီးရောက်လာပါလိမ့်လို့တွေးမိလေ.့ ဆိုတာ ကိုယ်လေလဲ ဖြစ်ချည်။ ခံစာချးက်. အသက်ကြီးပေမဲ့စိတ်မကြီးသူမို့ dementia လား. ဘာလားညာလား. တတ်သိသလောက်တွေး.

လူတွေ ကိုထိုင်ထိုင်ကြည့်ပြီးတွေး. ဟိုတစ်ယောက်ကဖြင့်ကလေးအဖေဖြစ်မယ်ထင်ရဲ့ .. တွေးရုံမက. မဟုတ်ဘူးခင်ဗျ. ကလေးမှ တစ်ယောက်မဟုတ် နစ်ယောက် တစ်ယောက်က အကြီးဘောလုံး. နောက်တစ်ယောက်က အငယ် ဘို့ ပလုတ်တုတ်တွေ့သလားဗျ ဆိုတဲ့စုံထောက်ဝတ္ထုတွေ ကို နစ်သက်သူမို့ ထိုင်ကြည့်ကာစဉ်းစားပြီးသူကတော့ဘယ်လို ဒီလူကတော့ဘယ်လို စဉ်းစား.

အမျိုးသမီးတစ်ယောက်ကိုကြည့် သူဝယ်လာတာ သူပီတိဖြစ်နေလေရဲ့ ထုတ်ကာ ထုတ်ကကြည့်. ကိုယ်လဲလေ ပီတိဖြစ်တာပ. သူဖြစ်သလို..

ပိုက်ဆံအိတ်ဝယ်ဦးမယ်လို့ကြည့် GUESS 50% လျော့ပြီးသား ၈၉ ကျပ်.ဝယ်ချင်လိုက်တာနော်. အိမ်က အိတ်တွေ ကိုမြင်ယောင် သက်ပြင်းချ. ငါဒီနေ့ကိုင်လာတာပြီးခဲ့တဲ့အပတ်လောက်ကမှဝယ်ထားတာ. ဟင်း. ဒီလိုသာဝယ်နေခက်ရချည်ရဲ့. စိတ်တင်းကာလှည့်ထွက်. မနေနိုင်လို့ ၁၀ တန် ၁။ . ၁၅ ကျပ်တန် ၁ ထပ်ဝယ်မိ။ တစ်ကယ်လှပါတယ်။ ပြချင်သော်ငြား ကိုယ်ကိုင်မှာမို့. ဟာ. ဒီမှာ တွေ့ပြီ. ဒီအစ်မကြီး ဆိုပြီး …………..လန့်

ချစ်တဲ့အစ်မကိုဘာလို့လှစေချင်ကြတာလဲ. မမ..မမ ..လှလှကလေးဓါတ်ပုံပို့လိုက်ပါ ဆိုတဲ့သူကို သက်ပြင်းချလို့မပို့ရဲတာ ကိုယ့်အပြစ်လား. မလှတဲ့ကိုယ့်အပြစ်လား. ကျန်းမာနေရင်တော်ရောပေါ့ လို့ကိုယ့်ကိုယ်ကို ကျေနပ်နေရမဲ့ အခြေအနေမျိုးမို့. မမ..မမ…မလှတာကို လှစေချင်သူရယ်. .......အသံက အဖွားကြီးသံဖြစ်ရင်စိတ်ညစ်တယ်ဆိုရင်သက်ပြင်းသာချမိ. ကိုယ်ူလဲလောကီသားပေမို့. အမြဲတန်းတော့လည်း ၁၆ နစ်မဖြစ်နိုင်. ဒိုင်ယာနာလိုလဲစောစောမသေပေးနိုင်. အိုချင်သလောက်သာအိုပါစေတော့ ရှင်သန်ဘို့ကိုသာ လိုလားခဲ့..
























ဒါပေမဲ့လဲ နောက်တစ်ပါတ်ထ အဲဒီအိတ်ကလေးကိုမမမေ့ နိုင်သေးရင်တော့ သွားကိုဝယ်ဦးမှာ..... ဒီတစ်ပါတ် အတွင်းမေ့သွားပါစေ။ လို့ဆုတောင်း Loreal ကလည်းလာဦးမယ်ဆိုဘဲ ငါကဘဲ မှားနေတယ်ထင်တယ်လို့ရွေရွတ်ညည်းတွား။။






















နောက်ဆုံးတော့
လက်နိပ်ဒါတ်မီးနစ်လက်. ၁၀.
ထီး ငါးကျပ်
နာရီ တစ်လုံးငါးကျပ်နဲ့ ဘူးဂစ်ကို အဆုံးသတ်ခဲ့ ………






















ပြာယာပြာယာ ရေစိုနေတဲ့ ပင်နီစူလာ တစ်ချက်တော့လမ်းသလားလိုက်ရမှ အသက်ရှူဝ..






















ငါဟာ မြန်မာ.
မြန်မာ ငါ.

28 comments:

Anonymous said...

အမရေ...အတွေးရော..စိတ်လေနေတာရောတူနေလို့  ..ဖတ်ပီးနားလည် သွားပါတယ်...အမကပိုတော်တာက..အပြင်လောကကိုထွက်ကြည့်တတ်တယ်..အနဲနဲ့ အများစိတ်အပြောင်းအလဲဖြစ်တာပေါ့လေ။ အထဲမှာဘဲနေတတ်တဲ့သူအတွက်တော့.တကယ်မလွယ်ပါဘူး။

Anonymous said...

ဖတ်လို့ကောင်းတယ်:)

စူးနွယ်လေး

ဝက်ဝံလေး said...

မာမီ ဘာဖြစ် menopause နီးလို့လား သွေးလေ ခြောက်ခြားနေတယ်
သွေးဆေးလေး မှန်မှန်သောက်နော်
သာမီးလေး စိုးရိမ်တယ်ကွယ် ဟဲဟဲ

Anonymous said...

မငြိုငြင်ပါဘူး။
ကိုယ်သန်ရာ သန်ရာ ရေးတာပဲ။
ရေးချင်တာရေးပါ ဂျီးဒေါ်ရယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခြေသလုံးတုတ်တုတ်ကိုမှ အားမနာ ဝတ်လိုက်မိပြန်ရော..
ဆိုတော့ အသံထွက်အောင် ရယ်မိသေးတယ်
မမက ဒီလောက်ဆိုးမယ် မထင်ပါဘူး
လှတပတလေး ရှိဦးမှာပါ... လည်စည်းလှလှလေးတွေ ကြိုက်တယ်ဟုတ်း)

ကိုဇော် said...

အိပ်ရေးလည်း ဝအောင် အိပ်ဦး အစ်မရေ။
အစ်မက စိတ်မပျော်ရင် အပြင်ကို ထွက်ဖြစ်သေးတယ်။ ကျနော်ကတော့ ကွန်ပျူတာ ရှေ့ကကို မခွာဖြစ်ဘူး ဖြစ်နေတာ။ တစ်ခါတလေတော့ စိတ်ပြေလက်ပျောက် ဟိုဟိုဒီဒီ လျှောက်သွားမိချင်ပါရဲ့။ ဒါပေမဲ့ သွားဖြစ်ဘူး။

Vista said...

မျိုးရဲ့ ပုတီး တောင်းပြီးဆွဲလိုက်မမ...
သေချာမေးတောင်းနော် ဟိုအကျီနဲ့ ဝတ်တဲ့ပုတီးလို့ သူက တော်ကြာစိတ်ပုတီးလာပေးနေအုံးမယ် တရားအကျိုးဆောင်မကြီးက ဟိဟိ။

ချစ်ကြည်အေး said...

စိတ်မညစ်ပါနဲ့ မမ၊ ဒါထက် မောင်ဘွိုင်း အသည်းလေးပုံ တင်ပေးပါ မမ ကြည့်ချင်တယ် :)

ဆောင်း said...

သူထိန်းဘဲ တချိန်လုံး ၀ယ်လိုက် ရုပ်ရှင်ကြည့် ဘာဂါ စား အားကျပါဘိ

ညိမ်းနိုင် said...

အို.....အစ်မ လှတာမလှတာက ကိုမဆလာ ရဲ့ ကိတ်စန..။
ကျွန်တော်တို့ကတော့ လှ လှ မလှလှ...အစ်မရေးသမျှ နဲ့
အစ်မရိုက်သမျှဝါးတားတားလေးတွေ ဖတ်နေ၊ကြည့်နေရ ရင် ကျေနပ်ပြီးသား....။စကားမစပ်...လူတွေကို ထိုင်ကြည့်
ပြီး သူကတော့ ဘယ်လိုလူထင်ရဲ့...သူကတော့ ဘယ်ဝါလူ
ထင်ရဲ့နဲ့ ဘာသာတွေးနေရတာ ပျော်တော့ပျော်စရာဗျနော်။

Khyl said...

အမ ရုပ်ဘလောက်ဆိုးဆိုး... ဘိုက်ဘလောက်ပူပူ ခြေသလုံးဘလောက်ကြီးကြီး.... ချစ်မှာမဲ... တို့ကတော့.... ဆိုင်ဘူးဆိုင်ဘူး....

Anonymous said...

မမရေ...
လှပဖို့ နုပျို ဖို့ကတော့..ရယူလိုကြတာပါဘဲ..
သက်ရှည်ကျန်းမာ စိတ်ချမ်းသာဖို့ကအဓိကပါ...
qq

Hmoo said...

ဒေါ် ခင်ဦးမေဘာဖြစ်နေ....ပြော်ပြော်နေ၊၊၊ကောင်းကောင်းနေ.... :)

HM said...

...

Anonymous said...

အော်လ်တာသီချင်းဆိုနေသလိုပဲ
ဖတ်လို့ကောင်းတယ်၊
လော်ရယ်လ်ကဘယ်တော့ လာမှာလဲ၊
လက်ဆောင်အတွက် ၀ယ်ချင်လို့။

ကောင်းမွန်ဝင်း said...

မကွန်
ကျွန်မကတော့ မကွန်ဘာရေးရေး သိပ်ဖတ်ချင်တယ်။
နှစ်ခေါက်လောက်တော့ အနည်းဆုံးပဲ။
ကော်မန့်မရေးဖြစ်တာတော့ရှိပါတယ်။
အဲဒါလည်းအချိန်နဲ့ ဘလောက်ကြည့်နေရတဲ့ အခြေအနေကြောင့်ပါ။
ဒါနဲ့ ဒီပို့စ်ရဲ့ အကြောင်းအရာတချို့က
ကျွန်မှာလည်းဖြစ်တတ်တဲ့ ဟာလေးတွေပါတယ်။
ဥပမာ- လှတဲ့သူတွေကို အားကျပြီး၊
မိတ်ကပ်လိမ်း၊နှုတ်ခမ်းနီဆိုး၊ အင်္ကျီအမဲကြပ်ကြပ်ဝတ်၊ ပုတီးအလုံးကြီးကြီးဆွဲ၊ ဒေါက်ဖိနပ်စီး၊
မျက်မှန်အကြီးကြီးလည်းတတ်သေးတယ်။
အပြင်ထွက်ရင်ကိုယ့်ဘို့လည်းဝယ်၊ အမျိုးတွေအတွက်လည်းဝယ်၊
စိတ်လည်ရင်နောက်တစ်ခေါက်ထပ်ကြည့်။
ဒီလိုနဲ့ မငြီးငွေ့နိုင်အောင်ပါပဲ။
“ အသက်ကြီးပေမယ့် စိတ်မကြီး” ဘူးဆိုတဲ့ စကားလုံးလေးကိုတော့ အကြိုက်ဆုံးပဲ။
ခင်မင်စွာဖြင့်

MrDBA said...

ခက်တယ် ... မပြောဘဲနေတာဘဲ ကောင်းပါတယ်လေ။

ဖိုးတုတ် said...

ဒီလရေးတဲ့ပို.စ်အရေအတွက်ကတော့ သြဂုတ်လ စံချိန်ကိုချိုးလိမ့်မယ်လို.ထင်ပါတယ် ၊ မမကွန်ရယ် ဂုဏ်ယူပါတယ် ၊

ပို.စ်များများရေးနိုင်ပါစေ ....

ခင်တဲ့

Z

Sunny said...

ဘာပဲဖြစ်ဖြစ်..
စိတ်ချမ်းသာပျော်ရွှင်ပါစေ အစ်မရေ..

Anonymous said...

ဘယ်ကလာ အဖွားကြီးအသံ ရမှာလဲ? မမ အသံ ချိုချိုလေး နားထောင်လို့ ကောင်းတယ်
မတွေ့တာကြာတဲ့
Uထုံ

kokoseinygn said...

ဒေါ်ခင်ဖုန်းကြည်..အပြင်ထွက်လမ်းလျှောက်တာကျန်းမာရေးနဲ.ညီညွတ်ပါတယ်..
များများသွားပေးပါ.......
နေကောင်းကျန်းမာစိတ်ချမ်းသာပါစေ...

Anonymous said...

Me too,me too.Feeling the same.At this age n stage,we r riding rollacota mentally doc.U can enjoy shopping cos that's singapore.Here in Geneva...HOOOO...u can't imagine.Just window shopping n no $5 watch.Whatever,i like to read ur post n enjoy it.Wish u b cool n happy:) GYIDAW

မောင်ဝေး said...

မခဥမ ကို မီးရှူးမီးပန်းလွှတ်ဖို့ ဗျောက်အိုးတွေ၊ ဒိုင်းနမိုက်တွေ ဖောက်ဖို့ မြှောက်ပေးမိတာ မှားတွားပီ၊ ခုတော့ ဟိုလိုလူမျိုးကို အမဲသားကျွေးမိသလိုဖစ်နေပြီ၊
သူ့မှာမရပ်နိုင်တော့ဘူး၊ ဘရိတ်မအုတ်နိုင်တော့ဘူးထင်တယ်၊
ဒုက္ခပါပဲ။ အားကြီး အားကြီး ဒုက္ခပါပဲ။ ဂျူးလီးယက်ကို ကျုပ်ပေးခဲ့တာ အိပ်ဆေးပါ၊ ဒါမျိုးဖြစ်အောင် ကျုပ်မှာလုံးဝမရည်ရွယ်ပါဘူး၊ ကယ်တော်မူကြပါ။ အားးးးးးးးးးးးးးးးးးးးးးး!!!

sosegado said...

နောက်ဆုံး အပိတ်ကို အကြိုက်ဆုံးပဲ၊

Anonymous said...

အိပ်ဆေးနဲ့  စိတ်ကြွဆေး မှားပေးမိတာနေမှာပေါ့ဗျာ.... :P

မ မမ ထထ က.......... မမကွမ်း ထထ က :D

(အမှောင်ထုထဲက အလင်းစက်များ)

Unknown said...

ကိုယ့်အမမို့ ကိုယ်ပြောတာ မဟုတ်...
အမကို အဲဒီလို စိတ်ထဲ ရှိတာ တွေးတာတွေကို လျှောက်ရေးရဲ ချရေးရဲလို့ကို ချစ်တာ....
ကျွန်တော်တောင် အမလောက် သတ္တိမရှိ...
ရေးသာရေးအမ ဒါမျိုးတွေ ဖတ်ချင်လို့ကို အမဆီ အမြဲလာလည်တာ....
ပုံ
အမာခံ ပရိတ်သတ် တဦး

Cameron said...

မမကွန်..ခဏခဏဓါတ်မီးဝယ်သလိုပဲ ဘယ်မှာသုံးလဲဟင်...

ခင်တဲ့
မိုးငွေ့

ဇွန်မိုးစက် said...

မမရေ...စာကြွေးတွေအကုန် လာရှင်းသွားတယ်။
မမက လှတယ်လို့ ကြားဖူးသလိုပဲ။ မမကို အရမ်းတွေ့ဖူးချင်တာပဲ။
လမ်းမှာတွေ့ရင် ခေါ်ပါ မမ။ ဇွန်ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး။ ယုံပါ။း)

ဟောလီးဒေးမှာ ပျော်ရွှင်ပါစေ။