Tuesday, August 31, 2010

ကြံဖန်ကြွားစ်














ဒီပုံလေးကြည့်ပြီးရင်တော့အဲဒီမင်းသမီးလိုတော့လှချင်တာဘဲ လှချင်တာဘဲ... ဘယ်နယ့်လုပ်မလဲ။ ဓါတ့်ပုံရိုက်ပါတယ်ဆိုမှ ဖြတ်လျောက်တဲ့သူတွေ ကလဲများလိုက်တာ ကိုယ်ကလဲလျှပ်တပြက်ဘဲရျိုက်တာဆိုတော့ ထိုင်စောင်ရိုက်ဘို့တော့စိတ်မရှည်ပြန်ဘူး။












ရုပ်ဂှင်ရုံရှေ့လဲရောက်ပါတယ။် ကောင်းတယ်ဆိုတဲ့ကားရှေ့တည့်တည့် right time လဲရောက်ပါတယ် ကြည့်မယ်ဆိုပြီးစဉ်းစားတဲ့အခါ feel မလာဘူး။ ခံစားလို့မရဘူးဖြစ်နေတယ် အက်ရှင်ကားလောက်ဘဲကြည့်ချင်တော့တယ် .ကိုးရီးယား ကား အနုအရွလေးတွေ ကြည့်ဘို့မဆိုထားနဲ့အခုကားကိုတောင်မကြည့်ချင်တော့ဘူးဖြစ်တယ်




















အသက်ကကြီးလာလေ. Libido တွေက့ကျလာလေ. အဲဒါကြောင့်အခုတစ်လော ဘုရားရှိခိုးပြီးနေမယ်စိတ်ကူးတယ်။ ကိုမဆလာကတော့ ရန်ကုန်ခဏပြန်ပြီး စီးပွားရေး လေးဘာလေးပြန် လုပ်မယ်စိတ်ကူးနေတယ်ဆိုတာဘဲ အကြောင်းပြတာ လားမသိ။ နောက်မိန်းမယူမယ်ဆိုလဲ ပေးယူလိုက်ရမှာဘဲ ဘယ်တတ်နိုင်မလဲ။
















မျက်မှန်ဆိုင်လဲရောက်တယ် မျက်မှန်လဲ ဘယ်နစ်လက်မှန်းမသိ လုပ်ထားတာ. တော်တော်များတယ်။ လက်လှမ်းမှီရာမှာ ထားတယ် ခဏခဏပျောက်တတ်လွန်းလို့ ပျောက်တဲ့အချိန်တွေ့တာ ကောက်တတ်. အဲဒါပျော့က်တော့အရင်ဟာပြန်တွေ့ အဲသလိုနဲ့ဘဲအဆင်ပြောအောင်ဖန်တည်းထားရတာဘဲ ကိုယ့်အကြောင်းကိုဘဲသိတယ။် ခဏခဏလဲကျိုးတယ်။ စာဖတ်ရင်တတ်တာကိုး. ကျိုးတယ်ဆိုရင် ဆိုင်က သိတနားမလည်နိုင်ဘူးဖြစ်တယ်။ ဘယ်လိုများကိုင်သလဲဆိုပြီး. မှန်လဲမှန်တာဘဲ။ ဈေးပေါလို့မဟုတ်ပါဘူးအကြောင်းအမျိုးမှိုးနဲ့

Sunday, August 29, 2010

တွေးပြန်ပြီ

















လေဒီဂါဂါက သူမတစ်စုံတစ်ယောက်နဲ့ အိပ်မိပြီးပြီဆိုရင် သူမရဲ့ဖန်တည်းနိုင်တဲ့အနုပညာတွေ ကျဆုံးသွားရတယ်လို့ခံစားချက်ရှိတယ်ဆိုတယ်။ ကိုယ်လဲ ဘလော့ရေးတော့မယ်ဆိုရင် သူများဘလော့တွေ သွားမဖတ်ခင်ရေးရင်. ဒါမှမဟုတ်. ဖတ်ပြီးအတော်ကြာမှ ရေးမှသာလျှင်ရေးလို့ရတယ် မဟုတ်ရင် မရဘူး။ ခံစားချက်တွေါရှုပ်ထွေးကုန်တယ်။ သူများကောင်းတာတွေမြင်ရင် အားငယ်စိတ်နဲ့မရေးလိုတော့ဘူး ဖတ်တာများရင်လဲ ကြောင်တောင်တောင်ဖြစ်လာတယ။် ဒါကြောင့်မို့လို့ အနုပညာသည် မင်းသမီးတစ်ချို့ကပြောကြတယ် ပြန်ရိုက်တဲ့ဇတ်ကားတွေမှာ အရင်ဇတ်ကားကို မကြည့်ဘဲနဲ့ ရိုက်တယ်လို့ပြောတာဖတ်ဘူးတယ်။ မဟုတ်ရင် အဲဒီမင်းသမီးရဲ့ဇတ်ကောင်စရိုက်တွေက သူ့ဆီကိုရောက်လာပြီး. သူ့ရဲ့အနုပညာစွမ်းရည်က အရင်မင်းသမီးရဲ့ စွမ်းရည်နဲ့ ရောပြီး အရိပ်အယောင်လွမ်းမိုးမှူတွေဖြစ်ပြီးသူ့ရဲ့တင်ပြနိုင်မှုတွေ ကျဆင်းသွားတတ်တယ်။



































ဒါကြောင့်မို့ဒီည ဘယ်သူ့ဘလော့မှ စပြီးမဖတ်ခင်ကိုယ့်ဘာသာ ကိုယ်ရေးတယ်။ ကိုယ်သည် ဘယ်သူမှ မသတ်မှတ်ဘဲနဲ့ကိုယ့်ဘာသာ ကိုယ်စာရေးဆရာဖြစ်သွားလိုက် မင်းသမီးဖြစ်သွားလိုက်ဖြစ်နေတယ်။




















































ဘလော့ဂါတွေလဲများလာလိုက်တာ ဖတ်ဘို့ထက် ရေးဘို့ဘဲအားသန်နေကြတယ်။ ရေးပြီးရင်း ရေးရင်းက ဖြစ်နေတယ။် ဖတ်တဲ့ဘလော့ဂါဘဲရှိသလား. ..ဘလော့ရီဒါတွေ ကိုဘဲ အားကိုးရမလား ..ဘယ်သူလာဖတ်ပါ့မလဲ ။ လာဖတ်ပေးတာဘဲ ကျေးဇူးတင်နေရသေးတယ်။ လာဖတ်သူတွေ အတွက် တင်ပေးပါတယ်လို့ တော့မပြောလိုပါဘူး ကိုယ်သဘောနဲ့ကိုယ်တင်တာဘဲ။ ဒလပ်စပ် ရေးနေတဲ့အထဲမှာ ကိုယ်လဲပါတာဘဲ ။ အခုလိုအချိန်လေးမှာ ယူကျူလေးဖွင့်ပြီး ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ပြီးစာရေးနေရတာ တွေးနေရတာ ..ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေပြန်ကြည့်နေရတာ. အန်မတန်မှ စိတ်အေးချမ်းတာဘဲ။ အိပ်ချင်နေတာတောင်အိပ်ချင်စိတ်ကလေးကို တွန်ြး့ပီးခဏနေမှ အိပ်တာပေါ့ မနက်ဖြန် မိုးလင်းအိပ်လို့ရသေးတာဘဲဆိုပြီးနေတာဘဲ။




































Thursday, August 26, 2010

ရှေးသရောအခါက

Anonymous has left a new comment on your post "Woodlands/Sunday":

ရှေးသရောအခါက ရာမညတိုင်း မာလာယုပြည်အနီး၊ ချင်ကြာပူရ ဟုအမည်ရသော လွန်စွာစည်ကားသည့် တိုင်းနိုင်ငံငယ်လေး တခုရှိလေသည်။ ..နေမပူ၍ လေပူမတိုက်သော နေ့တနေ့~~ ချင်ကြာပူရတိုင်း၏ အထင်ကရမြို့လယ်.. ဥယျာဉ်ခြံလမ်းမကြီး ကား အမျိုးအစားများပြားစုံလင်လှသော.
. ရှော့ပင်းစင်တာများသို့ လာရောက်ဈေးဝယ်ကြသော ..သူငယ်မ၊ လုံမပျိုကြီးငယ် များဖြင့် ရှုပ်ထွေးစည်ကားနေလေတော့သည်.. ထိုအခိုက် တစုံတခုကိုမြင်လိုက်ရလေသည်.. ကျွနုပ်တို့ ချာရာဏသီတိုင်း ရွှေမရာမာပူရမှ လာဟန်တူသော လုလင်ပျိုသုံးယောက်... တယောက်ကား မော်မော်ကြွားကြွား တောသူဌေးသားဂိုက်အပြည့်နှင့် တယောက်မှာကား ဂန္ဓာလရာဇ်နွယ်ဖွားမျက်နှာပေါက်နှင့်ဖြစ်၏၊ နောက်ဆုံးတယောက်ကား မာလာယုပြည်သားနှင့်ခပ်ဆင်ဆင်ဖြစ်၏၊ အနှီသုံးယောက်ကား တယောက်နှင့်တယောက် အော်ကျယ်ဟစ်ကျယ် စကားပြောလျက် ဈေးဝယ်လာကြသော သူငယ်မ၊ လုံမပျိုကြီးငယ်တို့၏ စကပ်တိုတို ဘောင်းဘီတိုကပ်ချက်ပြုတ်တင်ပေါ်၊ အင်္ကျီခါးပြတ် ကျောဖော်ရင်ပေါ် ကြိုးတချောင်းအင်္ကျီ တို့မှ ထွက်ပ်ါလာသော ပေါင်သားဝင်းဝင်း ဗိုက်သားဝင်းဝင်း..အဝတ်စလွတ်သောနေရာမှ ဝင်းဝင်း၊ ဝင်းဝင်းနှင့်ထွက်ပေါ်လာသော၊ အရာမှန်သမျှကို ထူးဆန်းအံ့သြစွာ..ကြည့်ရှုလျက် ..ယင်ကောင်နားလောက်သော ပါးစပ်များဖြင့် ရွှေမရမာပူရစကားကို အားပါးတရပြောဆိုနေကြလေသည်.... ကောင်းကင်ကား ကြည်လင်၍ နေသာနေပေသည်.. ထို လုလင်ပျို သုံးယောက်တို့၏ ပြောစကားများအရ သူတို့ကား သင်္ဘောသီးများတည်း.. မကြာခင် တရုတ်တန်းရှိရာအရပ်သို့ အလုပ်ကိစ္စ အလို့ငှာ သွားရောက်ရန် တိုင်ပင်နေကြလေသည်... ဘတ်စ်ကားမကြပ်သေးသော နေ့လည်အချိန်တချိန်သာ ဖြစ်တော့သည်..။ ချင်ကြာပူရတိုင်း၊ တရုတ်တန်းအရပ်။ ... တောသူဌေးသား ဦးဆောင်လျက် အနှီရွှေမရမာပူရသား သုံးယောက် တရုတ်တန်းတခုလုံးအားသိမ်းပိုက်တော့မည့် ဟန်နှင့်ဘတ်စ်ကားပေါ်မှ ဆင်းလာကြသည်.. သူတို့နှင့် ရှေ့မလှမ်းမကမ်းမှာတော့ ဂန္ဓာလရာဇ်နွယ်ဖွား ဖြစ်ဟန်တူသော အမိုက်စားလုံမပျိုနှစ်ယောက် အန္တရာယ်ကိုမသိသည့်အလား အမိုက်စားဝတ်စားပြင်ဆင်လျက်.. ဦးသောင်းစိန်လမ်းမကြီးအားဖြတ်ကူးရန် မီးပွိုင့်ရှိရာ အရပ်သို့လမ်းလျှောက်သွားနေကြ၏။ ကျွန်ုပ်၏ လုလင်ပျိုသုံးယောက်ကား ထိုအမိုက်စားလေးနှစ်ယောက်နောက်မှကပ်လျက် တယောက်နှင့်တယောက်..
အမျိုးမျိုးမှတ်ချက်ပေး၍ လိုက်လာလေသည်.. မိုးတိမ်များကား ရုတ်တရက် အုပ်မှောင်လာ၏.. တောသူဌေးသား ပါးစပ်မှ မစားရအညှော်ခံ ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများကား တရစပ်ထွက်ကျနေ၏.. အမိုက်စားလေးနှစ်ယောက် ဦးသောင်စိန်လမ်းတဖက်သို့ကူးရန် မီးပွိုင့်၌လူရုပ်ကလေးက အနီေ၇ာင်ပြနေ၍ ရပ်လိုက်လေသည်..တောသူဌေးသား ပါးစပ်ကား ပျစ်ပျစ်နှစ်နှစ် ရွှေမရမာပူရစကားများထွက်ကျလျက်ရှိဆဲ... ကောင်းကင်၌ မိုးကားမှောင်မဲ၍သည်းကြီးမည်းကြီးရွာမည့်ဟန်ရှိ၏.... ရုတ်တရက်.... အမိုက်စားလေးနှစ်ယောက် အနက်မှ ချာရဏသီတိုင်းမှရုပ်ရှင်မင်းသမီး ပုလဲဝင်း..၏
မျက်နှာပေါက်နှင့်ဆင်သော အမိုက်စားလေးတယောက်.. ချာကနဲလှည့်၍ တောသူဌေးသားအား ခပ်တည်တည် မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်လိုက်လေသည်... ထို့နောက် တချက်ပြုံးလျက်.... လွန်စွာမှပီသသော..ချိုမြသောေ၇ွှမရာမာပူရစကားဖြင့် တောသူဌေးသားအား ယခုလို ပြောဆိုလိုက်လေသည်.... " မောင်လေးမှာနှမတွေ ရှိမှာဘဲ.. မောင်လေးရဲ့နှမတွေကို မောင်လေးပြောသလို အပြောခံရရင် မောင်လေးဘယ်လိုနေမလဲ.. နှမချင်းကိုယ်ချင်းစာပါ... ချင်ကြာပူရမှာေ၇ွှမရမာပုရ စကားပြောရင်ဆင်ခြင်ပါ.. မောင်လေးမသိတဲပေ၇ွှမရာမာပူ၇တိုင်းသားတွေ ဒီမှာအများကြီးရှိတယ်.. နောက်နောင်.. ဆင်ခြင်ပါ.. ဒီတခါတော့ ခွင့်လွှတ်လိုက်မယ်.. သဘောပေါက်တယ်နော်.. ဆို၍.. လူရုပ်ကလေးအစိမ်းေ၇ာင်ပြပြီုဖြစ်သဖြင့် လမ်းတဘက်သို့ ဖြတ်ကူးသွားကြလေသည်.. တောသူဌေးသားကား ခွေးအကြီးလှည်းနင်းသကဲ့သို့.. အအာအိအီ..နှင့် ဖင်ကုတ်ခေါင်းကုတ် ပါးစပ်အဟောင်းသား... ကျန်..လုလင်ပျိုအဖော်နှစ်ယောက်နှင့်အတူ မီးပွိုင့်မှာ ကြောင်၍ကျန်ရစ်ခဲ့လေသည်... မိုးကားသည်းကြီးမဲကြီး ချိမ်း၍ ရွာလေပြီ။ ..မိုးနှင့်အတူ ပါလာသော ဒေဝေါက အသံနက်ကြီဖြင့် ကိပတ်သဂွတ်ဝေါ့ဟုဆိုကာ …... ဤတွင်ပြီး၏။



Posted by Anonymous to khin oo may at August 26, 2010 11:55 AM

Wednesday, August 25, 2010

Woodlands/Sunday

Sunday က ဝုလန်းကိုရောက်တယ်။

















အပြင်မထွက်ချင်ပါဘူးဆိုတာအ တင်းဘဲ ခေါ်တာနဲ့။ အိမ်မှာဘဲနေချင်တာ။ မနက်ခင်းပေမဲ့ အငှားကားငှားမဲ့သူတွေများနေတယ် တော်တော်မျာများဘဲ လမ်းထွက်ကြသလားမသိ. ကားမရတာနဲ့ ရထားနဲ့ဘဲသွားတယ်။ ဝုလန်းဘူတာရောက်တော့မှ လိုတဲ့နေရာကို အငှားကားနဲ့သွားတယ။တင်္နင်္ဂနွေ ဆိုတော့ ဘာကြေးညာကြေးတွေ မပါတဲ့အတွက် အတော်လေးသက်သာသွားတယ်။ မရှိမဲ့ရှိမဲ့အမျိုးဆီ ခဏသွားတယ်။
သွားချင်လွန်းလို့မဟုတ်ပါဘူး အလုပ်နဲ့ပက်သက်တယ်။ ဟောလီးဒေးမှာ အလုပ်နဲ့ပက်သက်တာဆိုရင် လေသလပ်တာတောင်မကြားချင်ပါဘူးဆိုမှ..





















ပြန်လာတော့ taxi နဲ့ဘဲ။ စိတ်ဆိုးတယ်ဆိုရင်ယုံကြမှာလား. ယုံချင်ရင်မယုံချင်နေ စိတ်ဆိုးတာဘဲ. လမ်းထွက်ပြီဆိုမှာတေ့လမ်းပေါ်မှာနေချင်သေးတာဘဲ အရပ်ဒေသတစ်ခု ကိုဦးတည်ပြီးသွားလိုက်ရင် mr bean လားအောက်မေ့ရတယ်သံလိုက်အိမ်မြောင်မကိုင်ဘဲ သွားတာ တစ်ခုဘဲရှိတယ်။ ကျန်တာတော့အတူတူဘဲ. လိုရင်းက ရောက်ဘို့. ရောက်ပြီးရင်ပြန်ဘို့။ ဒါသည် သူ့တာဝန်ဖြစ်တယ်။

























ကိုယ့်တာဝန်ကတော့ အိမ်ထဲကနေ အပြင်မထွက်ဘီု့.ထွက်ပြီးရင် ပြန့်မဝင်ဘို့ သန်းကောင်မှ ပြန်ဝင်ဘို့။ ဝုလန်မှာ ရှော့ပန်စင်တာကြီးတွေ အများကြီးရှိတာကို ငေးတောင်မငေးရ. ဒရွတ်တိုက်မပါသွားရုံတစ်မယ်။ ခြေလှမ်းကြဲများနောက်ကနေလိုက်. အရပ်ကလည်းရှည်တဲ့အပြင် လမ်းလျောက်တာလဲမြန်သေးတယ်။




















အမြဲတန်းရှေ့က သွားတယ်။။ ကိုယ့်ကမြန်တာတောင်မလိုက်နိုင်ဘူး ပုတော့ခြေက သူ့လောက်တော့ မကျဲနိုင်ဘူး။ ပုတဲ့အပြင်သူ့ရဲ့တင်စားချက်ကတော့ ဘိုက်ပူပူ ဖင်ကောက်ကောက် ဆိုဘဲ. ရက်စက်ပါပေတယ်။ ရင်ဆို့သွားလို့ စကားတောင်တော်တောနဲ့ မပြန်နိုင်ူဘူး ယောကျာ်းများမရခင်ဖျာလိုလိပ်. ရပြီးရင် အားမနာလျှာမကျိုး ကိုယ့်သူငယ်ချင်း ယောကျာ်ေးလတစ်ယောက် ကတောင်မခံနိုင်လို့ ဒါ abuse ဘဲလို့ဆိုတယ်။ သူကတော့မှန်တာပြောတာဘဲလို့ဆိုတယ်။ ဆိုချင်တာဆို. ကိုယ်ကတော့.. ဖျက်လို့မဖြစ်ဘူး. အဲသလိုဆိုပြန်ရင်လဲ ဒီစကားကို ဟိုတုံးကဘာလို့မဆိုခဲ့သလဲဆိုတဲ့အပြစ်ကမလွတ်ဘူး. နောက်တစ်ယောက်မှ မရနိုင်တော့ဘဲဆိုတယ်။ ဒီလောက်မရက်စက်ပါနဲ့ မောင်ရယ်လို့ဆိုရတယ်။ ပြီးတော့လဲ သူဘဲမျက်စေ့အောက်က အပျောက်မခံဘူး. ။





















ရထားထဲဝင်ရင် အေးတယ်။ ကားထဲဝင်ရင်အေးတယ။် အိမ်မှာပူတယ်။ ကဒီဘီအိမ်ဘဲသွားငှားပြီး chilled လုပ်ရရင်ကောင်းမယ်။ ပြီးတော့မှ heater လေးနဲ့ရေချို့း ရှလွတ်.
























ရှော့ပင်းမကြည့်ရတော့လဲ ကြည့်လို့ရတဲ့ကောင်းကင်ကြီးဘဲ မဲပြီးကြည့်ရတော့တာဘဲ။ ဆိုင်တွေ ဆိုတာ မြင်တောင်မမြင်လိုက်ရဘူး.. တောက်။









Tuesday, August 24, 2010

ကာချယ်






















မနေ့ညက တိမ်ဖုန်းတယ်.။ လသာပေမဲ့။ ဒီနေ့ညကတော့အတော်ထင်ရှားတယ်။ ဘာဖြစ်လို့ ကောင်းကင်ကို ခဏခဏ မော့ကြည့်မိတာလဲကိုယ့်ဘာသာကိုယ်စဉ်းစားမရဘူး။




















































စိတ်ပြေလက်ပျောက်မိတ်ကပ်ဝယ်တယ် ခေါင်းလျော်ပြီး. ရေချိုး toner လိမ်းပြီး olay လိမ်းမယ်စိတ်ကူးတယ်။ အရောင်ကတော့နောက်နေ့မှခြယ်တာပေါ့။ ဘာဖြစ်လို့လဲ မေးနေရသေးလား. လှချင်လို့:(






















ခေါင်းလျှော်ရည်က အကြမ်းဖျင်း စလုံး 8 ကျပ်. Olay က နစ်ဆယ်ကျော်။ အရောင်ခြယ်တာလဲနစ်ဆယ်ကျော်။ toner က တစ်ဆယ်ကျပ်ကျော်။


ကာချယ် (n) = eye shadow
http://www.saingdictionary.net/2008/03/blog-post.html

Monday, August 23, 2010

ဟိုတွေးဒီတွေး

မနက်မနက် အလုပ်သွားခါနီးရင်ကွန်ပြုတာဖွင့်မိတာ ဒုက္ခ. နောက်ကျရင် ၁၅ ကျပ်ရင်းရတယ်။ လှစ်ခနဲဖွင့်ပြီးလစ်မှသာ သက်သာရာရတယ်။ ဟိုဖတ်ဒီဖတ်ကလေးများလုပ်မိရင် ၁၅ ကျပ်ဘဲ။ အရင်းပြုတ်ဘို့မြင်တယ်။ ဒါလဲခဏခဏထိတာပါဘဲ။

စလုံးက တက္ကစီအချို့ရဲ့အနောက်မှာ TV လိုမျိုးပါတယ်။ သိတ်လဲမကြည့်ဖြစ်ပါဘူး။ TV များ အိမ်မှာတောင်ပိတ်ထားသေးတာ လမ်းမှာကြည့်ဘို့ဝေးသေးတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်ချင်ကြည့်မကြည့််ချင်ရင် မျက်စိမှိတ်ထား အိပ်. . အဲဒီအချိန်ကားမောင်းတဲ့သူက စကားလာပြောရင် သိတ်စိတ်ညစ်တယ်။ ကိုယ်က စကားသိတ်ပြော ချင်တာမဟုတ်. သူက အစအဆုံး စကားတွေများ. နောက်ဆုံးဖုံးထုတ်ပြီးဖုံးချင်ချင်ယောင်ဆောင်မှ နားမညည်း တော့တယ်။ မျကိစိမှိတ်ထားလဲမဖြစ်သေးဘူး. လမ်းကပိုဝေးချင်ဝေးသွားနိုင်တယ်။


























အခုတစ်လော မိုးရွာတယ်။ မိုးမရွာတောင် တိမ်တွေများတယ်။


















အလုပ်ကတော့များတယ်။ ရေတစ်ဘူး ခဏလေးနဲ့ကုန်တယ်။ မောရင်ရေသောက်. အာခြောက်ရင် ရေ သောက်..













ကိုယ့်ဘာသာကိုယ်တောင်ဘာရိုက်ခဲ့မှန်းစဉ်းစားလို့မရတော့ဘူး။


















ဘာဂါဝယ်တယ် ထိုင်စားရင်ကြာမှာစိုးလို့ အိမ်ရောက်ေတော့မှဘဲ စားတော့မယ်စိတ်ကူးတယ်။ အိမ်အပြန်လမ်းတောက်လျောက်မှာ မုန့်ဆိုင်တွေ ရှိတာ မကောင်းဘူး.။ ဒုးရင်းသီး နစ်ဘူးကတော့ ဝယ်လာ သေးတယ်။ ညနက်တော့သိတ်တော့မကောင်းတော့ဘူး သူများရွေးကျန်ဘဲရတော့တယ်။ ဈေးလဲလျော့ဘူး.:(






























Saturday, August 21, 2010

ff - rew - pause - stop - play-eject

ညက အိမ်မက်မက်တယ်။ ရန်ကုန်ပြန်ရောက်နေ တယ်တဲ့.။အလုပ်ထဲမှာဘဲ။ မြန်မာလို ပြောနေတယ်တဲ့ ။ ကိုယ့်ဘာသာကိုယ်ထူးဆန်းနေသလိုဘဲ။ဲ.မြန်မာလိုစပြောဘို့အ ခက်အခဲရှိနေတတယ်ဲ။ လူတစ်ယောက်ကိုတွေ့ရင်
hello..
how are you.
What happen..
Everything Ok.
Any problem.
Can I help you something.
Do you want to tell me something.
Tell me Yes I am listening> အစရှိသဖြင့်ဒလစပ်ထွက်လာတတ်တဲ့စကားလုံးတွေ ကိုမသုံးဖြစ်ဘဲ. နေကောင်းတယ်နော် ကျန်းမာပါရဲ့လား ဘာများထူးခြားတာရှိသေးလဲ ကျွန်တော်ဘာများကုညီနိုင်မလဲလို့ စပြီးပြောတာ အခက်အခဲဖြစ်နေတယ်။

အဲဒီအချိန်မှာ ကိုယ်နဲ့သိတဲ့ နိုင်ငံခြားက လူတစ်ယောက်က ဘေးကနေဖြတ်သွားပြီး ကိုယ့်ကိုပြုံးပြတယ်။ ကိုယ်က သူ့ကိုခေါ်ပြောတယ် ထိုင်ပါဦး. ငါပြောချင်တာလေးတွေ ရှိတယ။် ဒီမှာသိလား. ငါလေ နိုင်ငံခြားကို လာဘို့အတွက် အများကြီးရုံးကန်ခဲ့ရတယ်။ မြန်မာပြည်ထဲ့နေ ပစပ တစ်အုပ်ထွက်အောင်လုပ်ရတာကိုက အဆင့်တွေ အများကြီးရှိတယ။် အချိန်တွေ စောင့်ရတယ။် စိတ်တွေညစ်ရတယ် ပွဲစားတွေ နိပ်စက်တယ။်

နိုင်ငံခြားကိုရောက်ခဲ့ပြီ ။လေဆိပ်ပေါ်တက်ကတည်းကဘုရားစာရွတ်ရတယ်။ဒီလောက်ရုံးကန် ခဲ့ရပြီးမှ နိုင်ငံခြားမှာ ခဏလေးနေခွင့်ရ့ရင် မတန်လို့ လေယဉ်ခံကလည်းအစ်မ်း လေးရာကျော် နမျောစရာ

စလုံးလေဆိပ်ရောက်ခဲ့ပြီး.ပြန်တော့ ဘုရားသိကြားမလို့ နဲနဲလေးကြာကြာနေခွင့်ပြု ပါ ဘုရားလို့ မဆိုင်တဲ့ဘုရားကို ဆုတွေ အကြိမ်ကြိမ်တောင်းလို့လဝက ကိုဖြတ်. လဝက က နစ်ပါတ်ဘဲပေးလိုက်လို့မျက်ရည်လည်ရွဲ.။နစ်ပါတ်ပြည့်ခါနီးပြန်တော့ သူငယ်ချင်း ကိုရှာ သူ့အိမ်ကိုလိုက်. ကဒ်ကို ယူ စပွန်ဆာမှာလက်မှတ်ထိုးခိုင်း သက်တမ်းသွားတို:့ပြန်တော့နစ်ပါတ်ရတယ်။ တစ်ခါ သူ့အိမ်ကို ကဒ်ကို တစ်ခါ သွားပြန်ပို့။ နစ်ပတ်ဆိုတဲ့အချိန်ကခဏလေး. ပြည့်သွားပြန်ရော တစ်ခါ သံသရာလည်ပြနရော လဝက အရာရှိက လက်မှတ်ကို စတစ်ကာကပ်ပြီးမှ ပြန်လာတော့ဆိုတာ ပြန်ရကာနီးပြီဆိုတဲ့သဘောဘဲ။ အရာရှိကိုတွေ့ပြီး အသနားခံပြော. . နေချင်ပါသေးတယ်။ ယောကျာ်းနဲ့ခဏလောက်နေပရစေဦး. အင်း နစ်ပတ်ထပ်တိုးပေးလိုက်ပြန်. ဒီလိုနဲ့ဘဲပြည့် နောက်ဆုံးတော့စတစ်ကာ ကပ်ပြီး တိုးပေးပြီးတဲ့အချိန်ဟာ ပြန်ဘို့ဘဲ။ မပြန်ချင်ဘူးမောင်ရယ်။ ဆိုပြီးမျက်ရည်လည်ရွဲနဲ့ပြန်လိုက်.။ ဒီလိုနဲ့သုံးလနေလိုက် . ရန်ကုန်ပြန်လိုက်. ရန်ကုန်ပြန်ရောက်သွားပြန်တော့ စလုံးကိုမေ့သွားပြန်. မနည်းပြန်ခေါ်ရတယ်။အဲဒါနဲ့ စလုံးပြန်လာလိုက် နစ်လနေလိုက် ရန်ကုန်ပြန်လိုက အခေါက်ပေါင်း မနည်းဘူး.။။ နောက်ဆုံး student stay ဖြစ်သွားတော့မှ ဘဲသက်သာရရတော့တယ်။

Student ဖြစ်သွားပြန်တော့ကော သက်သာရာရလို့လား။ မရပါဘူးး မနက် မိုးလင်းမိုးချုပ် ကျောင်းသွားရတယ။် တစ်လုံးမှ နားမလည်တဲ့စာတွေ ကိုဖတ်ရတယ်။ ဘာသာရပ်ပြောင်းသွားတာကိုး။ အခြေခံတော့ရှိတာပေါ့။ မသိတာတွေ ကို တစ်ချို့သောသူများကိုမေးရတယ်။ဖြေသူရှိသလို you should know ဆိုတာတွေ လဲည်းရှီတယ။် မျက်ရည်. ..ချွေးနဲ့သွေးနဲ့တော့မသိဘူး ချွေးနဲ့ မျက်ရည်နဲ့ နပ်ချေးနဲ့ ဆိုတာတော့သိတယ်။ ဘွဲ့ရသွားတယ။်

အလုပ်မရဘူး ရှာတယ် ရှာတယ် နစ်ပေါက်ရှာတယ်။ မရအောင်များ ရှာနေသလားလို့ အသိတွေ ကမေးကြတယ်။ ရှာနေပါတယ်။ ရှာနေပါတယ။် နောက်ဆုံးတစ်ခုရသွားတယ်။

ရသွားပြန်တော့ သင်ခဲ့တဲ့အခြေခံကတစ်မျိုး ဘွဲ့ထပ်ယူတာက တစ်မျိုး. အလုပ်ပြန်လုပ်တော့ အခြေခံနဲ့ဆိုင်တဲ့အလုပ်. ဘဝကြီးက ကြိုးစားလိုက်ရတာ လူဆိုတာ မလုပ်တာ ကြာရင်မေ့သွားတဲ့သဘာဝရှိတယ်။ မေ့သွားလိုက်တာများ.... အစ ကပြန် စရတယ။် မေ့တတ်လိုက်တာနော်လို့ အံသြခဲ့တဲ့သူရှိတယ။် တစ်နစ်လောက်မှ ပြန်ပြီး recovery ရတယ။် အချိန်တွေ တော့အများကြီးကုန်ခဲ့တယ် ။ ဘဝက အလှည့်အပြောင်းတွေ များတယ။်

အခု တစ်နေရာမှာတစ်ခုခု ရောက်နေတဲ့အချိန်မှာ ဖတ်ကနဲဆိုရန်ကုန်ပြန် ရောက် သွားမယ် ဆိုရင် ကိုယ်ဘယ်လိုဖြစ်မလဲ။ ခဏတစ်ဖြုတ်တော့ခံစားရပြန်ဦးမယ်။ ပြန်ကြိုးစား ရပြန်ဦးမယ် ။ အခြေကျနေတဲ့ အခြေတစ်ုခုကို ဖျက်ပြီးတစ်ခုကိုပြန်စ ရပြန်ဦးမယ။် နိုင်ငံခြားကြီး များမှာ တောင်နစ်ရှည်နေ လာတော့ ကိုယ့်ကိုယ်ကို မြင့်တယ်လို့လဲဘဝင်က မြင့်နေ ချင် သေး တယ။် သေးသေးလေး တွေ မလုပ်ချင်ပါဘူး လို့လဲကိုယ့်ဘာသာ ကို ယ် ပြော မိ တယ်။ မြန်မာလို ပြောရတာတောင် အခက်အခဲဖြစ်နေပါတယ်လို့ အိမ်မက်မက် မိ သေး တယ။်

စကားတွေ အရှည်ကြီးပြောမိသွားတယ်။ သူဘာမှမပြောဘဲ ငြိမ်နားထောင်နေတယ်။ ကိုယ်ဘဲ အဆုံးသတ် လိုက်တယ။် နောက်ဆုံးတော့လဲပြန်ပြောတတ်သွားမှာပါ။ အခိုက်အတန့် တစ် ခု ပေါ့။ ဒါပေမဲ့ ကျော်ဖြတ်ရတဲ့ အခိုက်အတန့်တစ်ခုခုတွေ ကများလှတယ်။ မ ခံစား နိုင် တော့ ဘူး။။

မှတ်ချက်
အိမ်မက်ပါ

Friday, August 20, 2010

အမုန်းများ

သူနဲ့ကိုယ်ဟာ အမြဲရန်သူ………..





















































ဒါပေမဲ့ weather ကတော့ကိုယ့်ဘက်မှာရှိတယ်။






















































မှတ်ချက်
ရေးချင်လွန်းလို့တော့ဟုတ်ပါဘူး. zz ကြောင့်

Wednesday, August 18, 2010

MC

ပြီးခဲ့တဲ့ရက်ကပြန်တာနောက်ကျတယ်။ အိပ်ခါနီးမှ ခေါက်ဆွဲပြုတ်နဲ့ ဒူးရင်းသီးနစ်ဘူး တစ်ဘရိတ်ထဲစားလိုက်တယ်။ ကာဖီလဘက်ရည်လဲများတယ်။ မနက်အိပ်ရာထ. မထနိုင်ဘူးဘိုက်အောင့်လို့ ကုန်းကုန်း ကုန်းကုန်းနဲ့ထလာပြီ. အလုပ်မသွားတော့ဘူးလို့ဆုံးဖြတ်တယ်။ ဆေးသောက်လိုက်တယ်။ ဘိုက်ကိုလည်း ဆေးအပူ လိမ်းတယ်။အမှန်ကတော့ ဆေးခန်းမသွားခင် ဆေးမသောက်ရင်ပိုကောင်းတယ် လူမမာနဲ့ပိုတူတာပေါ့။ ခက်တာက မခံစားနိုင်တော့ဘူး အဲဒါနဲ့ဆေးသောက်လိုက်တယ်။ လေလဲအောင်တ့တယ။် e လဲပန်းတယ်။

ဆေးခန်းသွားဘူးတဲ့အတွေ့အကြုံရှိသွားပြီဆိုောတ့စောဘို့လိုအပ်တယ်။ နဲနဲနောက်ကျရင်ျ များများစောင့်ရ တယ်မဆိုသာပေမဲ့ စောစောပြီးရင် စောစောနားလို့ ရတာပေါ့။ အဲဒါနဲ့ taxi နဲ့လစ်သွားတယ်။ ပုံမှန်အားဖြင့် တည့်တည့် တစ်ဖြောင့် ထည်းသွားရင် ခဏလေးနဲ့ရောက်မှာကိုပတ်မောငးနေတာ အတော်ကြာတယ် မလိုအပ်တဲ့ နေရာတွေပြီးမှ ရောက်လာတယ် နဲနဲတော့တင်းတယ်။ လှည့်မောင်းတတ်တဲ့တစ်ချို့တွေ ကိုသိတ်စိတ်ညစ်တယ်။ လမ်းဖြောင့်ဖြောင့် မသွားတတ် ဘူး. တစ်ခါတစ်လေ ငါမသိဘူး နင် လမ်းပြပါ ဆိုတာကရှိသေးတယ် ကိုယ်ကလဲသိတ်သိတာမဟုတ်တော့ တစ်ခါက ၁၅ ကျပ်တန်ခရီးကို နစ်ဆယ်ကျော် ပေးလိုက်ရဘူးတာ လဲရှိတယ် လူတိုင်းတော့လဲမဟုတ်ဘူး. အချို့. ဟိုတုံးက လမ်းမသိရင် သူတို့ ဘုတ်အုတ်ကြီးလှန်တဲ့ သူလဲရှိတယ်။ အဲဒါဆိုသူသိသွားရော. ဒါမှ မဟုတ် တစ်ယောက်ယောက်ကိုလှမ်းမေးတာလဲရှိတယ်။ အခုလိုစမ်းမောင်းရင်တော့ အားကြီးရင်လေးတယ်။ ကိုယ်ကလဲသိတ်ချမ်းသာတာမဟုတ်တော့ညစ်ရတာပေါ့။

ဆရာဝန်လေးနဲ့တွေ့တယ် . ဘာဖြစ်လို့ဘာသောက်မိတယ်ပေါ့. အင်း. နင်သောက်တာ သိတ်မမှန်သေးဘူး ငါဆေးပေးလိုက်မယ်။ယူသွား ဆေးခွင့်လဲပေးလိုက်မယ်ဆိုတယ်။ ကိုယ်လိုချင်တာအဲဒါဘဲ။ ဒါကိုလိုချင်လို့ ရေတောင်မချိုးခဲ့ဘူး နဲနဲပူနေအောင်ဒါတောင် အဖျားမရှိလိုက်ဘူး။ မိတ်ကပ်မလိမ်း နှုတ်ခမ်းနီမဆိုး. ။ ဘိုက်ကတော့တစ်ကယ်ကိုအောင့်တာပါ. ထိရင်ကိုအောင့်တယ်။ severe abdominal pain လို့လဲပြောလိုက်မိသေးတယ်။ တစ်ကယ် severe က တစ်ကယ် severe ပေါ့မညာပါဘူး။ အနွေးထည်လေးလဲ လက်က တစ်ယမ်းယမ်းကိုင်လိုက် ပခုန်းတစ်ဘက်ပေါါ်တင်လိုက် အိုက်တင်လုပ်တယ် ။ ဘိုက်ကိုလှန်ပြရတော့ရှက်သလိုလိုဖြစ်သေးတယ်. ဘိုက်ကြိးပူနေလို့ရှက်တာပါ။ အဲဒါနဲ့အသက်အောင့်လိုက်တယ် နဲနဲပိန်သွေားအောင်..် ..


မှတ်ချက်
လမ်းကြုံတာနဲ့ pharmacy က moisture နဲ့ facial scrub




Monday, August 16, 2010

weekend











စာရေးဆရာရဲ့လက်က တစ်ခါတစ်လေ ဇတ်ကောင်တွေ နောက်မျောသွားတတ် တယ်ဆိုတာကြားဘဲကြားဘူးတယ် မနေ့ကတော့ အဲသလိုဖြစ်တယ်။ ကိုယ်စာရေးဆရာဖြစ်ပြီထင်တယ်။ ရေးချင်တာက ကိုယ် menopause ဖြစ်ချင်ပြီထင်တယ်။ သွေးလေချောက်ခြား မမှန်တဲ့အကြောငိးက စီကာပတ်ကုံးရေးဘို့ဘဲ ဘယ်လိုဖြစ်ပြီး သယ်ချင်းတစ်..နစ်.. ဇတ်လမ်းဖြစ်သွားလဲမသိဘူး အံသြစရာဘဲ။ စိတ်ကူးတုံးကတစ်ခု ချရေးလိုက်တဲ့အခါလက်နဲ့စိတ်ကူးက သူ့ဘာသာသူရိုက်သွားတယ် ကိုယ့်အတွေးတွေ ပျောက်သွားတယ်။































စနေတနဂ်နွေလား.ဘာမှ မလုပ်ဖြစ်ပါဘူး။ သောကြာညနေကတော့ပျော်ပါတယ်။ အလုပ်နစ်ရက်မသွားရဘူး ဆိုတာ နိင်ငံခြားမှာတော့ luxury ဘဲ. ရန်ကုန်ကအမျိုးတွေ ကတော့ဘယ်သူမှ ရုံးမသွားကြဘူး။ မနက်မိုးလင်းရင် ကလေးရှိတဲ့သူကတော့ နဲနဲစောထပြီး ကလေးအလုပ်ရှိတာပေါ့။ ကလေးမရှိတဲ့သူက တော့ဟိုယောင်ဒီယောင်နဲ့ဘဲ.။ ဘာနဲ့စားသလဲလို့တော့မမေးပါနဲ့.ရန်ကုန်သားတွေ ဘယ်လိုလုပ်သလဲမသိ. ကားစီးနိုင် အိမ်သုံးစရိတ်တတ်နိုင်ကြပါတယ်။ သူတို့အတွက်ကတော့နေ့တိုင်း luxury day တွေဘဲ။



























သတင်းစာလဲယူသာထားတယ် မဖတ်ဖြစ်ဘူး။ စားပွဲခင်းလုပ်တယ်။ shopping လဲမသွားဖြစ်တော့ဘူး ဟိုတုံးကတော့ expo လည်းသွားတာဘဲ။ ဘွန်လေးဘက်က warehouse တေလဲအိပ်ရာခင်း တွေသွားဝယ်တာဘဲ အဲဒီတုံးကတစ်ခုတစ်ဆယ်။ ဆယ်ခုလောက်ဝယ်ပြီးပိုက်ပြီးပြန်လာတာဘဲ။ ခေါင်းအုံးတွေ ခွခေါငးအုံးတွေလဲသယ်လာတာဘဲ.သွားတုံးကတော့ shuttle bus နဲ့အပြန်တော့ taxi ဖြစ်ရော.ဝယ်လာသမျှလဲကိုယ်လဲသုံးသူများလည်းပေး ရန်ကုန်လည်းသယ် အလုပ်ကိုဖြစ်လို့။


ပိုက်ဆံအိတ်တွေ တာကာ၇ှိမာရာမှာချတယ်ဆိုလဲသွားတာဘဲ မျက်မှန်တွေတောင်အဆစ်ဝယ်လိုကသေးတယ်။ အခုနောက်ပိုင်းတော့ဝယ်အားကျသွားတယ်။ ပိုက်ဆံကိုပိုပြိး concern ဖြစ်လာတာလဲပါတယ်။ ကိုယ့်မှာ အရမ်းပြည့်စုံနေတယ်လို့ထင်နေမိတာလဲဖြစ်နိုင်တယ်။ အမြင်မှန်ရလာတဲ့သဘောလဲဖြစ်မယ။်






























ဖိန်ပတွေ ဆိုတာမနည်းဘူး မစီးဘဲဝယ်ထားတာ ဆယ်ရံကျော်မယ် အခုထက်ထိဘဲပြီးရင် အလိုပ်သွားရင်စီးတဲကခပ်စုတ်စုတ်ကလေးတစ်ခုနဲ့ မြို့ထဲသွားရင်မြန်မာညှပဖိန်ပ်နဲ့ဘဲ လုံလောက်နေတော့ဘယ်နားစီးစရာအကြောင်းကိုရှာမရဘူး။ ဒီထက်ထက်ဝယ်ရင်လဲဘယ်နားထားရမလဲသမိဘူး.တော့ဘူး ကြာရင်တော့လဲဝယ်ထားတာတွေ က မော်ဒယ်ကအောက်လာသလိုဘဲ. အကောင်းဆုံးကတော့ ကောင်းကောင်းနစ်ရံလောက်ရှိရင်တော်ပြီး တန်တိုင်း လျောက် ဝယ်မနေဘို့ဘဲ။ ရန်ကုန်လဲသယ်လို့မရဘူးလေ. သယ်ပေးမဲ့သူမရှိသလို လူကြုံဆို တာကလည်း သူ့ပစ စည်းနဲ့သူပြည့်နေတာ..


အကျီကတော့ဈေးကြီးလို့သင့်တာလောက်ဘဲယယ်ပြီးလှည့်ဝတ်နေတာဘဲ ကိုယ့် အလုပ် ကလေဲ အဝတ်အစားကိုသင့်တင့်ရုံဝတ်ရင်ရပြီဆိုတော့တော်ပါသေးရဲ့။ ကိုယ်တို့တွေ သိတ်မဝတ်စားကြလို့ ဟိုတစ်လောကတော့ ဘော့စကတောင် ဆုပူကြိမ် မောင်းနေသေးတယ်။ ကလေးမငယ်ငယ်လေးတွေကဆံပင်ကို ဘယ်လိုလြုပ်လာသလဲ မသိဆူပူနေတယ်။ နင်တို့တွေ လခရနေတာ နဲနဲပါးပါး ပြင်ကြစမ်းပါ ဆိုပြီး။



















အဲဒါနဲ့ဘဲ အခုတစ်လော ဖိနပ်လဲမဝယ်. ပိုက်ဆံအိတ်လဲမဝယ်. အဝတ်အစားလဲမဝယ်ဘဲ ထမင်းနဲ့ဘက်ဂါဘဲစားနေတယ်။ ပန်နိစူလာသွားတယ် မြန်မာတွေ ကိုကြည့်တယ်. မြန်မာစကားနားထောင်တယ်။















ပြည့်စုံသွားသူလား ရောင့်ရဲသွားသူလား. နွမ်းပါးသွားသူလား ကိုယ့်ဘာသာ ကိုယ်စဉ်းစားနေတယ်။ ပြည့်စုံသွားတယ်လို့ထင်တာဘဲ ဝယ်ချင်စိတ်ကိုမရှိတော့တာ. ဈေးတွေကလည်းကြီးတယ်လေ။ ဘာဝတ်ဝတ်မထူးတော့တာကတော့ အဓိကပါဘဲ။ :(