Bukit Bintang အတော်စည်တယ်။ ပျော်စရာကြီး။
တချို့ ဇတ်ကွက်တွေ ဆင်ဆာမိသွားတယ်. ဘလော့ရေးတဲ့သူဘဲဖြတ်လိုက်တာ။ ကပ်ကျေးနဲ့ မကိုက်လိုက် ပါဘူး ရေးပြီးမှ ဒလိလုပ်လိုက်တာ။
စည်တယ် တော်တော့ကိုစည်တယ် ပရိတ်သတ်တွေ အများကြီး ပရိတ်သတ်ကိုရိုက်တဲ့ကင်မရာမင်းတွေ လဲအများကြီး .တစ်ခါတည်းလည်း Live လွှတ်နေသေးတယ် ။ လမ်းကိုလည်းပိတ်ထားတယ် ။ လမ်းလည်မှာ ပိတ်ကားကြါ်ီနဲ့ အဲသည်ကင်မရာမန်းတွေ ရိုက်နေတာကိုလဲ ဒါရိုက် live လွင့်နေတာ. .ပိရသိတ်လဲပါ. သရုပ်ဆောင်များလဲပါ။ စိတ်ဝင်စားစရာဘဲ ။ စိတ်ဝင်စားပေမဲ့လဲ ရှေ့ဆက်ဘို့လမ်းတွေ ကရှိသေးတာနဲ့ဘဲသံယောဇဉ်င်္ဖြတ်ြ့ပီး.သွားလိုက်ရတယ်။
လမ်းသွားရင်းနဲ့ရိုက်ထားတာ အစ်မပုံမရှာပါနဲ မြင်ရင်တော့ပြောပါ ဖျက်ရမယ်။ ဘာလို့ ပုံမတင်သလဲ ရှင်းပြပြီးသားပါ။ ဘဝကို လွတ်လပ်စွာ နေချင်သူ တစ်ယောက်အတွက် သိတ်စိတ်ညစ်စရာကောင်းတယ် အသက်ကြီးကြီး ရုပ်ဆိုးဆိုးသူတစ်ယောက်ကို ဘာလို့မြငိချင်မှာလဲ မမြင်ချင်ပါနဲ့ မြင်ယောင်ကြည့်လိုက်ရင်ရ့ပါပြီ။ ချောရင် လှရင်လဲတစ်မျိုး. စိတ်ကူးယဉ်ဘဝထဲမှာ ပျော်မွေ့နေသူ တစ်ယောက်။ လက်တွေ့လောက ထဲမဝင်ရဲဘူး။ အဖြစ်မှန်ကို လက်မခံလိုဘူး။
ဘလော့ရှိတာ ကောင်းတယ်။ ဖဘမှ တင်ရင် tag နေရဦးမယ် အားနာပါးနာ like ကျရဦးမယ် မမြင်ချင်ယောင်ဆောင်ရဦးမယ် ။ ဘလော့မှာတင်တော့အေးအေးးဆေးဆေးဘဲ ဘလော့လင့်မှ တက်လာပြီးသာ.. .. ဖြစ်သွားတော့ ထိုင်နေရုံဘဲ။
12 comments:
အစ်မကအဲဒီနေရာတွေလဲရောက်ခဲ့ သားနဲ့  ဘာလို့ ကိုရဲ ထွန်းဇော်ဆိုင်မှာထမင်းဝင်မစားတာလဲ.....အဲဒီအရှေ့ နားလေးနီနီးလေးရယ်။ ဘယ်သူမှမသိအောင်တိတ်တိတ်လေးလာခဲ့ တာထင်တယ်။
အမပုံ မြင်လိုက်တယ်
ဘလော့ရှိတာကောင်းတယ်..။
ဖဘရှိတာလည်း ကောင်းပါတယ်။
နောက် မမပုံ မမြင်ရပါဘူး.။
Xထုံ
သူကိုယ်တိုင် ရိုက်ထားတာ မြင်စရာ မရှိပါဘူး။ သူများရိုက်ခိုင်းတာ ဆိုရင်တော့ မြင်ရမှာပေါ့။
မကွန်.တော်တော်သွားခဲ့တာပဲ..
ကျမတော့ကေအယ် တလ၃ ခေါက်လောက်တက်ပြီး
အိမ်ထဲမှာပဲ.
အစုံကိုမရောက်သေးဘူး
ဒီတစ်ခါသွားရင်အဖော်စပ်ပါမမရယ်..
အိမ်ကလူကိုခနခေါက်ခဲ့ချင်လို့ပါ...း)
ခင်မင်လျှက်
မဒမ်ကိုး
အသတ်ခံရမှာ စိုးလို့နေမှာပေါ့ ...
ငါရေးတဲ့ စာတွေဖတ်ပြီး ငါ့ကိုကြောက်နေတယ်ထင်တယ်...ဟိုတုန်းကရေးဘူးတယ်လေ ဆိုင်ထဲမျက်စိလည် လမ်းမှားပြီး ၀င်လာတဲ့ကြွက်ကို ရိုက်သတ်လိုက်တာ ...
ပုံ .... ရဲထွန်းဇော်
မမကွန်နဲ့ လိုက်လျှောက်လည်နေတာ KL တော်တော်စုံနေပြီ......ကဲဘယ်သွားဦးမလဲ...
အစ်မရေးတာလည်း ဖတ်သွားတယ်၊ ကိုဖြိုးနဲ့ ရဲထွန်းဇော်တို့ ရေးတာ ဖတ်ပြီး အားရပါးရအော်ရီသွားတယ်နော် :)
အော် မခင်ဦးမေတယောက်တော.လဲဒုတ်ခပါဘဲ။
ဘလော.ဂ်ရေးတာဘဲအမရယ်၊ရုပ်ဆိုးဆိုး၊လှလှ ဘာမှမဆိုင်ပါဘူး။အမရေးတဲ.စာအရေးအသားကိုဘဲ ချစ်လို.၊ ဖတ်ချင်လို. ဖတ်နေကြပြီဘဲ။ အမဟာအမ လှလှမလှလှ ဘယ်သူမှဘာမှမပြောပါဘူး။
ပြောချင်တဲ.သူတွေ၊မကောင်းမြင်တတ်တဲ.သူတွေကတော. မွှတ်နေအောင်ချောလဲ၊သူတို.အဖို.အပြစ်ပြောစရာကတော. ရှိနေမှာပါဘဲ။ ဂရုစိုက်နေဖို.မလိုပါဘူးအမရယ်။
ဒါပေမယ်. အမစာလာဖတ်နေကျလူတွေကတော.အမပုံကိုတော.မြင်ဖူးချင်တာပေါ.၊မြင်ဖူးချင်ရုံပါဘဲ၊ ဥပမာဆိုရင် အမရယ်၊ ၀ီရှီမီတို.မ၀ါဝါခိုင်မင်းတို.ဆို သူတို.ပုံတွေ၊သူတို.မိသားစုပုံတွေတင်ထားတာဘဲ၊ အမမှာလဲ အမသွားနေကျနေရာလေးတွေမှာ အမပုံတင်လို.ရပါတယ်။ အတင်းကြီးတင်ခိုင်းနေတာမဟုတ်ပါဘူး။ အမက အမပုံမြင်သွားမှာ အရမ်းစိုးရိမ်နေတာကိုး။ ဘာမှစိုးရိမ်မနေပါနဲ.အမရယ်။ ရုပ်လှလှ၊မလှလှ၊အမ ခပ်တင်းတင်းသာနေပါ
မြင်ချင်လို့လိုက်ရှာတာအရိပ်တောင်မတွေ့ရဘူးရယ်....:)
မလေးမှာမှန်းသိဖူး
အရင်က ၈နှစ်နီးပါနေခဲ့ဖူးတယ်
၁၉နှစ်သားကတည်းကရောက်နေတာ
အခုတော့ နေပြည်တော်မှာ
တခါတခါအဲနေရာကိုလွမ်းမိတယ်
အမပုံ မြင်လိုက်တယ်
ရုပ်လှလှ
Post a Comment