ဒီဇာတ်လမ်းကပေရှည်နေပြီ. အမြန်ဖြတ်မှ. အချိန်ကုန် လူပန်း သွားတာ တစ်ရက် ရေးတာ တစ်ပါတ်ဆိုတော့အတော်တန်တယ်ပြောရမယ်။ Bukit Bintang ကနေ KLCC twin towers ကို သွားဘို့လမ်းညွန်ချက်ယူရတယ်။ ရထားစီး တာလည်းပါတယ် လိုင်းပြော်းတာလဲပါတယ် လမ်းနဲနနဲလျှေက်တာလဲပါတယ် မျက်စိလည်ဒယ်။ နောက်ဆုံး လမ်းညွန်ချက်ကို အသာလေးလိုင်းပြောင်းပြီး လာနေတဲ့တက္ကစီကို မျက်လုံ့းချင်းစကားပြောလိုက်တယ် .ငယ်ငယ်ကတည်းက ကောင်လေးတွေနဲ့ မျက်လုံးချင်းစကားပြောခဲ့လို့လားမသိ. ကားဆရာနဲ့လည်း မျက်လုံးချင်း စကားပြောလို့ရတယ် သူက ကိုယ့်ကိုမကြည့်ရင် ဒါ မလိုချင်လို့ဘဲ သူကလည်း ကိုယ့်ကိုကြည့်တယ် ကိုယ်ကလည်းသူ့ကိုကြည့်တယ်။ အကြည့်ချင်းမှာ နားလည်မှူရလိုက်ပြီ ဆိုရင် လာနေတဲ့ ကားပေါ် ဒီလောက်ရှုပ်တဲ့ကားလမ်းပေါ်မှာ သူ့ကားပေါ်ဖတ်ကနဲ့ပြေးတက် တံခါးဆွဲပိတ်လိုက်ရုံဘဲ။
ဘရာပါး လို့မေးရင် ဗျာဆာ ဘဲပေါ့လို့သူကဖြေမယ် ဗျာဆာ ဘရာပါလို့ကိုယ်က ထပ်မေးတော့သူကပြုံးတယ်။ ရှိစေတော့ရိုးသားပုံရတယ်။ ပုံမှန်ဈေးဘဲလို့ယူဆလိုက်တယ်။ ဟိုကြည့်ဒီကြည့် ကြာလေ ကောင်းလေ ကြည့်ကောင်း tour လုပ်ကောင်းတုံးရောက်သွားတယ် မလေးလေးကျပ်ဘဲယူတယ်။ ငါးကျပ်တန်ပေးတာ တစ်ကျပ်ပြန်ယူရတာ အားတောင်နာတယ်။
ဘရာပါး လို့မေးရင် ဗျာဆာ ဘဲပေါ့လို့သူကဖြေမယ် ဗျာဆာ ဘရာပါလို့ကိုယ်က ထပ်မေးတော့သူကပြုံးတယ်။ ရှိစေတော့ရိုးသားပုံရတယ်။ ပုံမှန်ဈေးဘဲလို့ယူဆလိုက်တယ်။ ဟိုကြည့်ဒီကြည့် ကြာလေ ကောင်းလေ ကြည့်ကောင်း tour လုပ်ကောင်းတုံးရောက်သွားတယ် မလေးလေးကျပ်ဘဲယူတယ်။ ငါးကျပ်တန်ပေးတာ တစ်ကျပ်ပြန်ယူရတာ အားတောင်နာတယ်။
twin tower ရောက်ြီပီ.မရောက်တာ ကြာ်ပြီမို့လို့စိတ်လှူပ်ရှားသလိုတောင်ဖြစ်တယ် excited ဖြစ်မိတယ် ကြည့်ရတာ ခမ်းနားတယ်။ ရုပ်ရှင်ထဲမှာ မြင်ရခဏခဏ. ကိုယ်တိုင်မြင်ရတော့ စိတ်လှူပ်ရှားမိတယ်။ ဒါတ်ပု့ရိုက်တာအတော်များတယ် ဖြုတ်ပလိုက်ရတာ. ဖဘမှာ ခရီးသွားတဲ့သူတွေ ပှုံရှစ်ဆယ် တင်တာ ခံစားနားလည်မိတယ် . .
.ကိုယ့်ဘာသာကိုယ်ကြည့်ပြီးပီတိဖြစ်နေတာ မရောက်တာ ကြာတာကတစ်မျိုး နောက်တစ်ခေါက် ဘယ်တော့ရောက်မယ်မှန်းမသိလို့ကြည့်မဝတာက တစ်မျိုး လူတွေ ကိုငေးမောရတာက တစ်မျိုး. . အမျိုးမျှိုး. စည်တယ် အတော့ိုကိုစည်တယ် စနေမို့လို့ဘဲလား အမြဲဘဲလား..
ဟိုကြည့်ဒီကြည့်ပတ်လည်ကြည့်. ဟိုရိုက်ဒီရိုက်ပတ်လည်ရိုက်. ဘာနဲရိုက် နိုကီရာ 6300 နဲ့ရိုက်. ဘာဖြစ်လို့ဝါး တမင်ဝါး. .။
ဒါကိုမြင်တိုင်း ဟိုရုပ်ရှင်ကိုသတိရတယ်။ ပြေးကြလွားကြ အဲသည်မှာ .....
အခု ထက်ထိ အပေါ်မရောက်ဘူးသေးဘူး အကြောင်းအမျိုးမျိုးနဲ့ အောက်ကနေဘဲ မော်ကြည့်ပြီးပြန်ပြန် သွားရတာ အခေါက်ပေါင်းမနည်းတော့ဘူး . KL tower တော့တက်ဘူးတယ် ဒါပေမဲ့ ဒါက ပိုပြီးဆွဲဆောင်မှုအားကောင်းတယ်။ ရုပ်ရှင်ကိုကြိုက်ခဲ့တဲ့အရှိန်လဲပါမယ်။
အခု ထက်ထိ အပေါ်မရောက်ဘူးသေးဘူး အကြောင်းအမျိုးမျိုးနဲ့ အောက်ကနေဘဲ မော်ကြည့်ပြီးပြန်ပြန် သွားရတာ အခေါက်ပေါင်းမနည်းတော့ဘူး . KL tower တော့တက်ဘူးတယ် ဒါပေမဲ့ ဒါက ပိုပြီးဆွဲဆောင်မှုအားကောင်းတယ်။ ရုပ်ရှင်ကိုကြိုက်ခဲ့တဲ့အရှိန်လဲပါမယ်။
အထဲက ရှောံ့ပင်ထဲကိုလည်း ကမန်းကတန်းရအောင်ပတ်ခဲ့သေးတယ်ပုံတွေ တော့မထည့်တော့ဘူး တော်ကြာနေ မကြည့်နိုင်တော့လို့ album တစ်ခုလုံးကို like လုပ်ပလိုက်မှာ စိုးရိမ်ရတယ်။
အရုပ်ကလေးတွေ.............................(ဒေါသဖြင့်ဆောင့်ချ)
ဘိုက်ဆာရင်စားဘို့ဝယ်ထားလိုက်တာ မစားလိုက်ရဘူး မေ့သွားလို့အခု လွတ်ပလိုကရတယ်။ ကော်ဖီတော့သောက်တယ်။ KLCC ကြီးတောင်ရောက်ခဲ့တာ ဘာဝယ်သွားရမလဲစဉ်းစားပြီး လှည့်ပတ်လိုက်သေးတယ်။ ဝယ်သင့်တာပေါ့ တော်ရုံနဲ့ ရောက်နိုင်တဲ့နေရာမှ မဟုတ်ဘဲ အချိန်လဲရှိမှ အားလုံးလဲအဆင်ပြေမှ...
အတော်လှည့်ပတ်ပြီးသကာလ ငေးမောပြီးသကာလ တော်လောက်ပြီဆိုပြီး အောက်ဆင်းလာတယ်။ ညွန်ကြာ်းချက်အရဆိုရင်ရထားစီးရမယ်။ စလုံးကလာတာဆိုတော့ရထားတော့ကောင်ကော်းစီးတတ်တယ်။ လမ်းသာပြော. ...
ရိပ်ကနဲမြင်လိုက်ရတာ. လှိုက်ကနဲဝမ်းသာလိုက်တာ ရှုခင်းတွေ ရှုခင်းတွေ...............
12 comments:
အမပုံ တွေ့လိုက်ပြန်ပြီ၊ အရိပ်ထဲမှာ
ဟုတ်တယ် ဟုတ်တယ် ကျွန်တော်လည်းတွေ့တယ် ...
မမကွမ်း
မမကွမ်း
ဝက်ဝံရုပ်လေးတွေ
အပေါ်က ဝက်ဝံရုပ်လေးတွေ
ညလေး ချစ်ရို့ 
nn
ပထမတော့ အနီရောင် ...
နောက်ဟိုလုပ်ဒီလုပ်နဲ့ ဖတ်လို့ရသွားတယ် .....
ခရီးသွားလိုက်တာ စိတ်ညစ်တာတွေ သက်သာသွားပြီထင်တယ်နော် အစ်မ
ခရီးများများသွားရတာ ပျော်စရာနော်
ရုပ်လှလှအမပုံ တွေ့လိုက်
ဗဟုသုတလေးတွေ ရရှိအောင် မျှဝေပေးတဲ့အတွက် ကျေးဇူးပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟိုးးးး တာဝါထိပ်မှာ အောက်ကို ခြေဖျားထောက် ငုံ့ကြည့်နေတဲ့ မမကို တွေ့လိုက်ပြီ။ မှဲ့ကလေးနဲ့ ထင်ပါရဲ့.. :)))
သူများတွေ ဘာလို့ အမြဲတွေ့တာလဲ? မနာလိုဘူး.. mail ထဲ ပို့ပေးပါ မမ
Uထုံ
အနော်လည်းတွေ့လိုက်တယ်....ဝက်ဝံရုပ်လေးတွေပြော
ပါတယ်....:) KL ဇီးသီးတွေဆက်ပါဦးအစ်မကွန်...ဒါ့ပုံတွေ
လည်းကောင်းတယ်....။
အရုပ်ကို ဘာလို့ ဆောင့်ချရတာလဲ
သတိရလို့
Post a Comment