တောင်ပေါ်ရောက်သွားတာနဲ့ အရင်ဆုံးလုပ်ရတဲ့အလုပ်က တောင်ပေါ် ကနေဘယ်လိုပြန်ဆင်းရမလဲ ဆိုတာဘဲ။ စလာကတည်းက ပလန်မရှိဘူး. လူရှိတယ်။ ပိုက်ဆံရှိတယ်။ သွားလို့ရတယ်ဆိုပြီးသွားတာဘဲ။ ကားစီးချင်တယ် ရထားစီးချင်တယ် တောင်တက်ချင်တယ် . လုပ်ချင်တာတွေ လုပ်ပြီးသွားပြီဆိုတော့ပြန်ဘို့ဘဲရှိတယ်။

ပြန်မယ်ဆိုတော့ကေဘယ်ကားစီးတဲ့နေရာကနေစပြီးစုံစမ်းရတယ်။ဘယ်လိုပြန်ရမလဲ။ အခုပြန်မယ် ဆိုရင် နစ်ခုံရှိသေးတယ် ပြန်လို့ရတယ်။ ည ရှစ်နာရီခွဲဝန်းကျင်လောက်မှာ နောက် ဆုံးကား ကေအယ်လ်ကိုရှိတယ်။ ဒါပေမဲ့လက်မှတ်ကတော့မရှိတော့ဘူး. များသောအားဖြင့် စလာကတည်းက အပြန်အတွက်ထည့် ဝယ်ထားကြတာများတယ်။ အ ငှားကား taxi တွေတော့ရှိတယ။် ဈေးတော့ကြီးမယ်။ မလေး တစ်ရာလောက်ဖြစ်မယ်။ ကြီးလဲဘာဖြစ်လဲ ငါသေငှေးဘဲဆိုပြီး ပြန်လို့ရရင်ပြီးတာဘဲ ဆိုပြီးးကားဆရာနဲ့တောင် ဖုံးနံပါတ်တွေ လဲကြသေးတယ် .လိုအပ်ရင် ဆက်သွယ်လိုက်မယ် ဆြိုီပီး........(အပြန် သူနဲ့မပြန်ဖြစ်ဘူး.လှည့်စားသလိုဖြစ်သွားပီ။)

အခုမှရောက်တာ ရှိတဲ့ ခုံနစ်ခုံမျက်နာနဲ့တော့မပြန်ပါရေစနဲ့ဦး တောင်လေး တော့ တက်ပါရစေဦးဆိုပြီးတက်လာတာ.တောင်ပေါ့်ရောက်လာတော့ ဒါက အရေးကြီးတယ်။ မပြန်ဖြစ်ရင် ညအိပ် နေရမယ်မ ဖြစ်ဘူး။ ဒါပေမဲ့ ဘယ်လိုပြန်ရမလဲဆိုတာ ကြည့်ရင်းနဲ့ကို မျက်လုံးကြီးတွေ ကတွေ့သမျှ ကိုပြူးကြည့်ရင်းလက်ကလည်း. ကြုံသလိုရိုက်ရင်း.......

ပုံတွေသိတ်များတယ်။ ဒါတောင်ဖြုတ်ဖြုတ်ပစ်နေရတယ်။ ဘလော့ပိုင်ရှင် သဘောအရဆိုရင်တော့ ပုံရှစ်ဆယ်ပေါ့ ပိတ်သတ်မျက်နာထောက်ပြီး ပုံနစ်ဆယ်အောက် ရောက်အောင်ဖြုတ်ပစ်ရတယ်။ ဒါတောင်နမျှောနေသေးတယ်။ အဲသည်တော့ ကေအယ်ဇီးသီး က မပြီးနိုင်တော့ဘူးဖြစ်တယ်။မပြီးနိုင်လဲ မတတ်နိုင်ဘူး . ဒီခံစားချက်လေးတွေ ကိုမမေ့နိုင်သေးဘူး လွမ်းမောနေတုံးဘဲ။

ကားကရှာရင်းနဲ့ဟိုရောက်လိုက်ဒီရောက်လိုက်ပေါ့ ဒါပေမဲ့ first world hotel နားမှာထင်တာဘဲ. ကားဂိတ်က အဲဒီကို ရောက်အောင် ဟိုကွေ့ဒီကွေ့ ဟိုဆင်းဒီဆင်းနဲ့သွား. အပြင်ဘက်ကို လည်းခဏတစ်ဖြုတ်ထွက်ကြည့်.. အေးလိုက်တာ စိမ့်နေတာဘဲ. အဲကွန်း နဲ့ဆို ဘယ်လောက်လောက်ရှိမလဲ ၁၂ လောက်ဘဲများရှိမလား. အတော့်ကိုတော့ အေးတယ်။ အပြင်ထွက်ပြီးတာန့ အထဲ့ကို မနည်းပြေးဝင်ရတယ်။

မြန်မာအချို့နဲ့ တော့တွေ့တယ် ဒါပေမဲ့သူတို့က သူတို့ ဂရုနဲ့ သူတို့ (groooooooup) ဆိုတောတ့ ကူညီချင်ပေမဲ့မကူညီရဘူးဖြစ်နေတယ်။ ဒါတောင်ရ အောင်ပြုံးပြလိုက် သေးတယ်။ ခင်မျိုးချစ်လို့ တောင်နာမည်ပြောင်းရမလိုဖြစ်နေပြီ။ အမျိုးတွေ တွေ့ရင် လိုက်လိုက် ခေါ်တတ်လွန်းလို့......

ပုံတွေ ဝါးတယ်မပြောပါနဲ့လေ. ဒီမှာ ခြေကုန်သုတ်နေရတယ် မှောင်စလဲပျိုးလာပြီ. ဒီကလဲ နေ့လည်ပိုင်းသာ သတ္တိကောင်းတာ ညဘက်တော့ နဲနဲတော့ကြောက်တတ်သား. ကြောက်တတယ်ဆိုတာကလဲ အင်း….

စလုံးပြန်မဲ့ကားတွေ က ညနေ သုံးနာရီလောက်ကတည်းက ပြန်သွားကြပြီတော့ မနက်ဖြန်အတွက်ဝယ်ချင်ရင်တော့ရမယ်တဲ့ .ဟင်း မဖြစ်သေးပါဘူး.......

ဒါပေမဲ ဟော်တယ်ရှေ့ကဖြတ်လျှောက်တော့ အဲသည်ဟော်တည်ကို လှည့်ကြည့်လှည့်ကြည်ဲ့နဲ့ တစ်ညလောက်တော့တည်းချင်လိုက်တာ..........

ကာစီနိုထဲမရောက်ခဲ့ဘူးလား ဟင်.မရောက်ခဲ့ပါဘူး တစ်ခေါက်ရောက်ဘူးတယ်. တော်ပြီဘဲလဲ ကစားလဲ့မစကားတတ်ဘဲ သွားကြည့်လဲနားမလည်ဘူး.။ ဝင်ဘို့လဲ မရဲဘူး. သတ်တိကောင်းတယ်ဆိုပေမဲ့ အဲသလိုသေသေသပ်သပ် ခမ်းခမ်းနားနားတွေထဲမဝင်ရဲဘူး အိမ်ကျယ်ဘဲ ကိုယ်နေတဲ့နေရာလေးလောက်ဘဲကျယ်နေတတ်တာ.

မစားခဲ့လား ဘာမှ စားချိန်မရပါဘူး မမှောင်ခင်အောက်ပြန်ဆင်းဘို့ခြေကုန်သုတ်နေရတာ.. လင်းနေရင်လှုပ်ရှားလို့ရသေးတယ်မှောင်ရင်တော့ လစ်မစ်တက် လှုပ်ရှားမှူဖြစ်သွားမယ်။ မကစားဘူးလား ကစားပါဘူး……မကစားတတ်ဘူး... ဟိုဟာစီးဒီဟာစီးပါလား မဖြစ်သေးပါဘူး အချိန်မရှိဘူး........

ကားဂိတ်ရောက်ပြီ . စုံစမ်းတယ် ဟိုလိုလိုဒီလိုလိုလုပ်နေတာနဲ့ ကားကထွက်သွားပြန်ရော ဟိုလိုလိုဒီလိုလိုလုပ်နေတာနဲ့ လက်မှတ်ရောင်းနေတဲ့ကား …pm ကားက လက်မှတ်ကုန်သွားပြန်ရော … pm လက်မှတ်ဖြစ်သွားပီ။

ဟိုလိုလိုဒီလိုလို လုပ်ရခြင်းအကြောင်းရင်းက. တက္ကစီနဲ့ ညှိနေတာ. သူက စလုံးပြန်မဲ့ ကားဂိတ်အထိပို့ပေးမယ်။ ဒီလောက်ဘဲပေး........ဒါပေမဲ့ ခက်တာ ဒီက တည်ငြိမ်သော ဆတ်စလူးက စလုံးပြန်ဘို့ကားဂိတ်ကို သွားချင်သေးတာမဟုတ်ဘူး. စလုံးကိုမိုးလင်း ပြန်ရောက်ရင်ပြီးရော...........ဆိုတော့ အခုပြန်ရင် ညသန်းကောင်ရောက်မှာ. အချိန်တွေ ရှိသေးတယ် ဆိုတော့စလုံးမပြန်သေးဘဲ ကေအယ်ဘဲပြန်ဘို့ စိတ်ကူးတယ်။ မောင်ရေခဲများ ဧည့်ခံမလား စိတ်ကူးယဉ်ကြည့်တာပေါ့လေ.။

အဲသာနဲ့ အငှားကားကိုမေ့. ဘတ်စကားပေါ် တက်ဘို့ကြိုးစားရတာပေါ့. တက်ချင်တိုင်းတက်လို့ရတာမှတ် လို့ .. လက်မှတ်ဝယ်တာတောင်မလွယ်ဘူး လူတွေ အများကြီး……… ရတဲ့လက်မှတ်ကိုဝယ်. ဈေးအားကြီးသက်သာပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ကားပေါါ်ရောက်သွားတယ်…….ထိုင်စရာတော့ရှိတော့ဘူး မတ်တတ်လားရပ်နိုင်ပါဘူး....... ဒီလောက်အကြာကြီး.....

ဘယ်နယ့်လုပ်မလဲ ဘယ်နဲ့မှ မလုပ်ပါဘူး ကြမ်းပြင်မှာ ငုတ်တုတ်ကလေးထိုင်လိုက်တာပေါ့ ခက်တာမှတ်လို့......ရွိုင်ရယ်တို့သာဆိုရင်တော့ အသက်သာအသေခံသွားမယ် …အဲသလို လုပ်မှာမဟုတ်ဘူး မလုပ်ချင်နေပေါ့. ဒီအချိန်မှာ မင်းဘာကောင်ကြီး. ငါဘာကောင်ြီကီးလာမပြောနဲ့.. လွတ်လပ်စွာလှူပ်ရှား ပျော်ရွင်နိုင်ဘို့အဓိကဘဲ........ ဘေးကလူကိုတော့ တောင်းပန်ရတောပါ့စိတ်မရှိပါနဲ့နော်ဆိုပြီး. ခရီးသွားတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်သညးံခံနိုင်ဘို့ဘဲ...

မှတ်ချက်
ဒီအမှူရှုပ်ထွေးနေတာကို ဆားပုလင်းနင်းမောင်မလိုပါဘူး ကိုသိန်းမောင်နဲ့ပြီးတယ်။ Genting သွားဘို့ဘတ်စကားဂိတ်ကို ရထားကြီးစီးပြီးသွားတယ်။ နောက်ဘတ်စကားမစီးဖြစ်ဘဲ. ကူညီချင်သူနဲ့တွေ့သွားတာက ရေလောင်းလိုက်တာကိုး။ KL 6 ကနေ ၁၇ ဖြစ်သွားတာက အိပ်ငိုက်နေတာကို မအိပ်ဘဲ ဇွတ်ထိုင်ရေးနေလိုမှားသွားတာ.
ကြိုးပြတ်ကျရင် ဘယ်လိုခံစားရမလဲဆိုတာ. တော့မသိဘူး ခဏလေးရပ်သွားခဲ့တာတောင် အသည်းအေးက နဲဖြစ်သွားတယ်။ ဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲလို့တော့စဉ်းစားမိတယ်။ ဘယ်လိုမှ လုပ်လို့ ရမယ်မထင်ဘူး ဒီအစ်မနယ် ခက်လိုက် တာလို့သာ..့....
မျောက်လေးတွေမတွေ့ခဲဘူး….အရင်တုံးကတော့တွေ့တယ်။ ဟုတ်တယ် အိပ်ကတော့ဆိုက်ဒ်စုံတယ်။ ကွန်မက်တွေမပြန်တာ စိတ်မရှိပါနဲ့.... စာပြန်တာလဲခေါင်းစားတယ် ခေါင်းစားတာတွေ မလုပ်ချင်တာကြာပြီ။
အစ်မပုံအရိပ်ထဲမှာလဲမတွေ့ နေပူထဲမှာလဲမတွေ့ လက်ကိ တစ်ဆုံးထား. ခေါင်းကိုငုံ့ထား. လိုအပ်ရင် ထိုင်လိုထိုင်.....ဝမ်းလျားထိုးရိုက်လိုရိုက် နည်းမျိုးစုံရိုက်ထားတာ. TZA ပုံကိုသူ့ပိုစ်ထဲက မှန်ထဲမှာ ဖမ်းမိလိုက်ကတည်းကဘဲ သတိက အစဉ်အမြဲရှိ...
အားပေးကြတာကျေးဇူးတင်ပါတယ် ခေါင်းလေးညွတ်.ခါးလေးကိုင်းကာပြော.
ပြီးကာနီးပါပြီရှင့်။

13 comments:
ပြန်ဆင်းလာပြီဆိုတော့ ပြီးခါနီးပြီပေါ့ ...
ကေအယ်ပိုစ့်ရေးနေတုန်း ဈေးဝယ်ထွက်ထားတာတွေက တန်းစီနေမှာပေါ့နော် ...
အမပုံ ထပ်တွေ့ ပြန်ပြီ
ချစ်ဖို့ကောင်းအောင်ရေးတတ်တယ်..အပြင်မှာတွေ့ဘူးချင်တဲ..MRT မှာချောချောလေးတွေတွေ့ရင်မမကွန်လားလို့ထင်မိတယ်..
တချို့ပုံတွေကြည့်ရတာ မူးချက်တော့ အစ်မရယ် ... လုပ်ကြပါဦး အဘထရှူဆေးလေး ...း)
ပုံတွေကြည့်ရတာ မူးတယ်..။
မတီဆွိပြောသလိုပဲ..။
တမင်ဝါးတဲ့ပုံတွေ ရွေးတင်သလား မှတ်ရတယ်..။
ကရေခဲနဲ့ တွေ့လိုက်သေးတာလား.။
Xထုံ
ဂတ်သင်းဟိုက်လန်း ကိုသုံးလေးခေါက်ရောက်ဖူးတယ်
မရိုးတဲ့ခံစားမှုမျိုးတွေနဲ့ ပျော်စရာကောင်းသားဗျာ့
ကာစီနိုထဲတော့ တခေါက်မှယောက်မဝင်မိဖူး
နှင်းတွေနဲ့အဲတောင်ပေါ်သွားချင်သေးတယ်
နောက်သွားမယ်ဆိုခေါ်နော်း)း)
အင်း Genting နှင့် KL မှာ shopping ခဲ့တာတွေတောင် မစရသေးးဘူး ထင်တယ်။ :D
ဟာဟ....ဒီလိုမှန်း အစက သိခဲ့ရင် ဂန်တင်းမှ စောင့်ပြီး မာမီဒေါ်ခင်မျိုးချစ်ကို ပြုံးပြ ပါသေးတယ်။
မလေးကို ရောက်တုန်းက နှစ်လတောင်နေခဲ့တာ အဲလောက် လည်စရာတွေပေါမှန်းမသိပေါင်၊ အစ်ကိုတွေမို့လား၊ ဘယ်မှကို မပို့ပေးချင်ကြဘူး။ မကွမ်ကြောင့် မလေးကို ပြန်လည်ချင်စိတ်ပေါ်သွားပြီ၊ မခက်ပါဘူး အလုပ်တွေ ပစ်ချပြီးသွားချင်တာပေါ့၊ ခက်တာက အသုံးစရိတ်စာရင်းကို အိမ်ဦးနတ်ကို ဘယ်လိုလှည့်ပြရင်ကောင်းမလဲ စဉ်းစား အကြံထုတ် ငုတ်တုတ် အဟုတ် :)
တိမ်တွေကို ရိုက်တာ ........ သူမ
ဝါးတားတားရိုက်တာ............. သူမ
ကြည်လင်ပြတ်သားတဲ့ပုံတွေ ရိုက်တတ်အောင် ဘယ်သူသင်ပေးလိုက်ပါလိမ့်နော်......... :)
မရောက်ဖူးတဲ့နေရာမို့ ဗဟုသုတလေးတွေ ယူသွားတယ်။ အခွင့်အခါကြုံရင် တစ်ကြိမ်လောက်တော့ အရောက်သွားချင်ပါသေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပြီးခါနီးပါပြီဆိုတော့ KL (9) လာဦးမယ်ပေါ့
အပေါ်ဆုံးမှ လည်ပတ်နေတဲ့ စီးစရာ မြင်းရုပ်တွေ တွေ.လိုက်တယ်၊ မမကွန်းကြီး တစ်ယောက် မြင်းစီးခဲ့လား
မမကွန်းရဲ့ ပရိတ်သတ်ကြီးက ဓါတ်ပုံတွေရဲ့ အရိပ်ထဲမှာ မရှာရအောင် ဓါတ်ပုံလေးတင်လိုက်ပါလား
ဟာကနဲ ဟင်ကနဲ ဖြစ်သွားမလား ဒါမှမဟုတ် ကိုရီးယားမင်းသမီးနဲ.များတူနေမလား မပြောတတ်ပါ၊
မှတ်ချက်။ ကိုရီးယားမင်းသမီးဆိုသည်မှာ အဓိကမင်းသမီး၊ ဇတ်ပို.မင်းသမီး၊ အမေခန်းကသရုပ်ဆောင်တဲ့ မင်းသမီး၊ အဖွားခန်းက သရုပ်ဆောင်တဲ့ မင်းသမီးတို.ကိုဆိုလိုပါသည်၊ မမကွန်းက ဘယ် category မှာ ပါသလဲ မပြောတတ်ပါ၊
အမြဲတမ်းအားပေးနေပါ့မယ်
ခင်တဲ့
မောင်ဇီ
မမကိုအားကျလို့ highland တခုတော့ ရောက်အောင်သွားမယ်.. ဒီနှစ် ပြောပါတယ်.. လူပဲ ရှိတယ်.. ပိုက်ဆံမရှိတော့ ကောက်ကာငင်ကာတော့ ထ သွားလို့ မဖြစ်ဘူး
Uထုံ
Post a Comment