Tuesday, September 13, 2011

mustafa..



ဟော...mustafa..
ဘာလုပ်ရမှန်းမသိရင်မွတ်စတာဖာသွားတာဘဲ.
မနက်အစောကြီး ၈ နာရီမှာ လမ်းပေါ်ရောက်လာတယ်.ဘယ်သွားရမလဲ.။ သူငယ်ချင်းအိမ်ရှိတယ်။ မသွားချင်ဘူး. ကလေးရှိတယ်။ နေကောင်းလားကျန်းမာလားမတွေ့တာကြာီ့ပီနော်.. ကလေးတွေ ဘယ်နစ်တန်းလ်းဘယ်ကျောင်းမှာလဲ. အခုအခြေအနေဘယ်လိုဘဲတွေ ပြောချင်ဘူး. ပျင်းလယ်။




ဘာပြောချင်လဲဟုတ်လားဟင်းဟင်း.
တစ်ယောက်ဆီဆက်တာပေါ့ မကိုင်ပါဘူး ဘ်ယကိုင်လိမ့်မလဲ မိုးလင်းကာစ. နောက်တစ်ယောက်ဆီဆက်. ဘယ်သွားမလို့လဲဘာလုပ်မျာလဲစပ်စု..နောက်စတ်ယောက်ဆီဆက်..အင်း အိပ်နေတုံးထင်ရဲ့ ရှောငမှ. အားလုံးဘလော့ရေးသူတွေချည်းဘဲ. ငါ့ဘဝလဲ အပြင်ကသယ်ချင်းနဲ့စကားမပြောချင်ဘဲအထဲကသယ်ချင်းနဲ့ဘဲစကားပြောချင်နေတာခက်တယ်။ ဘယ်သူနဲ့တွေ့မှာလဲ ဘယ်သူတွေလာဦးမှာလဲဘာတွေဖြစ်နေကြသေးတလဲ စီ့ပုံးမှာဘယ်သူကဘယ်သူ့ကိုဘာပြောသွားသေးလဲဘယ်မှာတော့ဘယ်လိုရေးထားတာဘဲသိလား. ပြောရတာပိုမြိန်ရည်ရှက်ရည်ရှိလှချည့်။ခက်တယ်။




အင်း လေသိတ်ရှည်မနေနဲ့ ရှော့ပင်သွားတာဘဲကောင်တယ်။ အခုတစ်လောအစားပျက်တယ်။ ဘိုက်မကြီးပါဘူး. ။ သွားစစ်ရင် တုတ်ချောင်းဘိုးကုန်ရုံဘဲရှိတယ်။ မစားချင်ဘူး. မစားလို့တော့မရဘူး အားရှိမှာ ရှော့နိုင်မယ် ကာဖီအေးတစ်ခွက်သောက် .. မုန့်မစားနိုင်သေးဘူး ထုတ်ယူလာခဲ့တယ် ဆာရင်စားရတာပေါ့အိတ်ထဲထည့်ထာလိုက်တယ်။




မျက်နာစာတန်းကိုသိတ်မဝင်ဖြစ်ဘဲ ဘေးကအတန်းကိုဘဲဝင်ဖြစ်တာများတယ်။ ပိုက်ဘယ်လောက်ရှိလဲထုတ်ကြည့်စရာမလို.ကဒ်ရှိတယ်။ အကြွေးလား ဖြည်းဖြည်းပေးတာပေါ့။ ဘယ်တွေ ရောက်သွားသလဲတောင်မသိ. အဲ နာရီတန်းစရောက်သွားတယ်။ နာရီတွေ လျောက်ကြည့်တယ်။ ဝယ်ချင်တာကတော့ ပြောပြီးရော rolex လို့.ဝယ်ဖြစ်တာကတော့ အဟိ။.........ဝယ်လာပြိးမောင့်ကိုပေးတော့ရွေရောင်ကြီးကြို့က်ပါဘူးဆိုလို့သိမ်းထားလိုက်ရတယ်။နေပေါ့ ငါ့မှာ အမျိုးတွေ အများကြီးရှီတယ်။

အဲသာပြီးဘယ်ရောက်သွားလဲ. ဖိနပ်တန်း မဝယ်သေးဘဲ တယ်လီဖုံးတွေ သွားငေးမောနေသေးတယ်။ နောက်ပြန်လာတယ်။ electronic ဘက်မှာငေးတယ်။ ပြီးဖိနပ် နစ်ရံဝယ်တယ် ပြီးမှ ပြမယ်။ အကြမ်းဖျင်း နစ်ဆယ်တန် နစ်ရံ..




ပြီးတော့ရေမွေးတွေ အလုကုန်တေါဘက်သွားငေးပြနတယ်။ ဝယ်ထားတာတွေများနေဘီ. သုံးလို့လဲမကုန်နိုင်. ထူးပြီးတော့လဲမလှ. မလှလဲခြယ်ရမှာဘဲ. မိတ်ကပ် အရည်နစ်ဘူး လိုင်နာတစ်ဘူး.ဝယ်တယ် လူအဧိကပါဘဲ ပင်နစူလာကသယ်ချင်းကိုမေးကြည့်တယ် ဘာလိမ်းလဲဆိုတော့ အကစ်တီလော်ဒါ ဒေးခရင်လိုမျိုး သုံးရာကျော်လေးရာနီးပါးတဲ့ ဘုရားဘုရား ဒီထက်သက်သာတာမ၇ှိလားဆိုတော့တစ်ရာကျော်တန်ရှိတယ်တဲ့ မှတ်ထားလိုက်တယ် ဝယ်ဦးမယ်။ ပြီးတော့မိတ်ကပ်အရည်က စလုံး ၇၀ လောက်တဲ့အင်း အဲသလောက်တောငါတတ်နိုင်မယ်ထင်တယ်။ လောလောဆယ် တို့ ခုနစ်ကျပ်တန်လိမ်းထားတယ်လှလားဆိုတော့လှတယ် တဲ့. ကျေနပ်သွားတယ် ညာဘဲပြောပြော..




ပြီးလက်နိပ်ဒါတ်မီးတွေ ဆိရောက်သွားပြန်တယ်။ ကီးချိန်းနဲ့တွဲထားတာတွေ ကရှည်ရှည်မျောမျာ အဆင်မပြေဘူး ဘာရယ်မဟုတ် ဟိုထိုးဒီထိုးဘို့ တစ်ခု..




ရွေလက်ကောက်တေါဘက်ရောက်သွားပြန်တယ်။ နစ်ကောက်ဝယ်လာပြန်တယ်။ အတုမဝတ်ရဘူးလို့မောင်က ဆိုပေမဲ့ကြိုက်တာဘဲအစစ်က တစ်မျိုးဘဲဝယ်နိုငမှာ ဆိုလို့မောင်က စိတ်ဆိုးတယ်။. အဲသာဆိုပိုက်ယူသွားချေတဲ့ ကိုညီကို ကြွားရဦးမယ်။ အတုက ခဏခဏပြောင်းပျင်းလာရင်လွတ်ပလိုက် အိုကေတယ်။ မောင်ရှေ့မှာဆိုရင် ချွတ်ပြီး အိတ်ထဲထည့်ထားလိုက်တယ် မောင်လစ်ရင်ဝတ်တယ်။ နစ်ဦးနစ်ဘက်စိတ်ချမ်းသာဘို့လိုတယ်လေ.

လက်ကောက်ကလဲအတိုင်းလိုသေးတယ်။ 6 တဲ့ 8 တဲ့ 10, 12. ကိုယ့်လက် 6 လောက်အိုကေတယ် ဒါပေမဲ့ 8 လဲဝယယ်တဘဲ ဂလေက် ဂလောက်နဲ့ လက်ထဲမှာ ခလောက်ရတာပျော်စရာဘဲ။




စိန်လက်ကောက်လဲယယ်သေးတယ် သူမမြင်သေးဘူးဖွက်ထားတာပေါ့.။ လစ်ရင်ဝတ်ရမယ် သူများတွေ ကသောင်းဂဏန်းဝတ်နေကျတာ.. ကိုယ်က အတုဝတ်တော့ဂုဏ်ငယ်တယ်လို့သူကထင်မယ်။ ကိုယ်ကလဲကြိုက်တာကိုး။ မင်းအရင်ကအဲသလိုမဟုတ်ပါဘူးတဲ့ အင်းမောင်ရယ်.........အဲသလိုဘဲဝတ်ချင်တာကိုး. fancy ကိုကြိုက်နေတာ ပန်းမပန်နိုင်တော့လဲ ကျားကန်တာပေါ့။ လှလားမေးရင် မလှဘူးဆိုမှာသေချာလို့မမေးတော့ဘူး ကိုယ့်ဘာသာကိုယ်ကျေနပ်ရင်ပြီးတာဘဲ။

လှချင်တာကတော့သူ့လိုလေးလှချင်တာ channel 5 မှာတွေ့လိုက်တယ်။

23 comments:

Anonymous said...

ဖတ်ပီ ရယ်သွားတယ်။

bbq

kokoseinygn said...

မခင်ဦးမေ...
စိတ်ေ၇ာကိုယ်ပါကျန်းမာချမ်းသာပါစေ။

မိုးယံ said...

လှတဲ့ သူများ ခုနှစ်ကျပ်တန် မိတ်ကပ် လိမ်းထားလဲ လှတာပဲနော်။

ဆောင်း said...

မတ် အာဖာ mustafa ကို လိုက်ပို့ ပါ။

မကွန်က သထိန်းဘဲ တက်ကစီ စီး မုန့် ဝယ်စား လိုချင်တာ ၀ယ်နဲ့ 

ကျမတို့ ကျတော့ ခရီးတခုကို သိန်းကျော်တန်ကား ထည်လဲ ဒရိုက်ဘာထည်လဲပြောင်းစီးတယ်း-)

မုန့် မ၀ယ်စားနိုင်ဘူး အိမ်က အ၀တီးထားတယ်။ ပြန်မှ စား ရှော့နေတုန်း ဆာရင် အောင့်ထား ဗိုက်ပိန်လေ့ကျင့်ခန်းတောင် ရသေး

ဘာမှ မ၀ယ်ဘူး အိမ်ထဲထားစရာ မရှိလို့ ပြောတာ တကယ်တော့ ပိုက်ပိုက်မရှိလို့ မ၀ယ်တာ

Anonymous said...

စိတ်ချမ်းသာနေပုံပါပဲ..။

အားကျပါတယ်ရှန်...။

ဘီအယ်လ် ဇာတ်ရှုပ်တစ်ဥ

T T Sweet said...

ဘာဖြစ်ဖြစ် အဲလိုရှောပင်းနိုင်တာကို အားကျတယ်။ ဒီမှာရှော့ပင်းရင် စိတ်မထိန်းနိုင်ပဲ အညားကြီးဝယ်မိမှာစိုးလို့ အမြဲ ဘရိတ်အုပ်နေရတယ်။ လက်ကောက်လေးတွေ တအားလှတာပဲ။ ဟုတ်တယ် ဒီတစ်ခါတော့ စိတ်ချမ်းသာနေပုံရတယ်။ မောင် ... မောင်နဲ့ ဟွန့် ...

Candy said...

mustafa တခါမှ မရောက်ဖူးသေးဘူး.. အရမ်းတန်တယ်ပြောကြတယ်.. သွားဦးမှ.. :D

မြသွေးနီ said...

ိမြသွေးလည်း ဖန်စီတွေပဲ ကြိုက်တယ်...။ စိန်တွေ၊ ရွှေတွေ၊ ငွေတွေထက် ကျောက်တုံး၊ ကျောက်ခဲ၊ ပုတီးတွေ၊ ဖန်ထည်၊ သစ်သားထည်တွေ၊ ခရစ်စတယ်တွေ သိပ်ကြိုက်တယ်..။ သူတို့က သိမ်းရဆည်းရတာ လွတ်လပ်တယ်။ ဟိုဟာတွေလိုမဟုတ်၊ နေရာတော့ အတော်ယူသား..။
အိမ်ကလူက အစကတော့ ဖန်စီတွေ ၀တ်တာ မကြိုက်ချင်ဘူး..။ အခုတော့ သူကိုယ်တိုင်တောင် ခလုပ်တိုက်ပြီး ၀ယ်လာပေးတတ်နေပြီ..။ :)

Myanmar Good Knowledg Co., Ltd said...

mustafa
မှာ
မောင် ၅ခါပါတယ်။
အားကျတယ်။

၇ကျပ်န်လိမ်းလည်းလှတယ်ဆိုတာ၊
အားကျတယ်။

သွားချင်ရာသွား
စားချင်တာစား
ဝယ်ချင်တာဝယ်
အားကျတယ်။

Anonymous said...

မောင်က အတုမကြိုက်လို့တော်သေးတာပေါ့...
တော်ကြာအတုကြိုက်နေမှ မမကွန်ညစ်နေရမယ် :P

Anonymous said...

တီဆွိ နဲ. မကောင်းမွန်ဝင်းတို.ပြောသွားတာ ၀ုတ်ပါတယ်ဗျို.။
မောင် မောင် မောင် မောင် နဲ. ဟင်းနော် အန်တီကွမ် တော်တော်ကဲ။
ဘာဖြစ်ဖြစ် ဒီလိုကြားရတာ စိတ်ချမ်းသာပါကြောင်း။
ဟိုအရင်ပို.စ်တွေထက်၊ ဒီလိုဖတ်ရတာ ၀မ်းသာပါကြောင်း။

Anonymous said...

မောင်..တွေအများကြီးတွေ့ ရပြီး စိတ်ချမ်းသာနေပုံရရ်ျ
ဝမ်းသာပါတယ်....မကြီ ခဦးမ blog ကိုဖတ်ရတာ စိတ်ချမ်းသာတယ်။ :) 3ီလောက် type ဖို့  တော်တော် ကြာတယ်.... Huuuuu.... take more than 5 mins... if total up your s$7s, will be s$700.... :P
For me...take time to think to spend s$10.... all the time..saving..saving...saving...:P

မဒမ်ကိုး said...

နေမကောင်းဘူး
ဒါပေမယ့်လာချင်တဲ့စိတ်ပေါက်လာလို့ထလာလိုက်တော့
အော်ကိုရီသွားတယ် အဟုတ် .
အလုပ်ပြုတ်ရင်တော့ မမကွန်တင်ကျွေးပေတော့း)
ဖန်စီကြိုက်တာချင်းကလဲလာတူနေသေး
ဗရုတ်ကြီး လူဆိုးးး)

ချစ်တဲ့
မဒိုးကန်

Anonymous said...

စိတ်ချမ်းသာပါစေ
မှောင်နဲ့ အဆင်ပြေအောင်နေး)


မောင်ဘကြိုင်

TZH1985 said...

မူစတာဖာရာက်မှတော့ ကျနော့်ဆီဝင်ခဲ့တာ မဟုတ်ဘူး :P

Anonymous said...

I checked the blog again and again cos i thought I've been T.Chen blog instead of yours...:)Any way ....happiness same to you.Throw some bangles to me.I prefer fancy too.Cheers!
Gyidaw

noblemoe said...

ဂလေက် ဂလောက်နဲ့ လက်ထဲမှာ ခလောက်ရတာပျော်စရာဘဲ။
အဲ့စကားလေးသဘောကျလို့ မမ

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

ကေအယ် လာရင် ကိုတာရယာက မိုင်ဒင်း လိုက်ပို့ မယ်။

ခရစ္စတလ် said...

မောင်နဲ့ ဂလောက်နဲ့ တွဲမြင်ကြည့်တယ် မစိုးဘူး ငါ့အစ်မ
ချလွင်ချလွင်နဲ့ တစ်ဘက်က၊
တစ်ဘက်က မောင့်ကို လက်ချိတ်လို့ များစိတ်ကူးထဲမယ်လေ :)

ညိမ်းနိုင် said...

စိတ်ချမ်းသာတယ်ဟုတ်.....လုပ်သာလုပ်ဗျာ....၊မောင်တွေ
အများကြီးတွေ့ရတာ အခြားသူတွေနဲ့ထပ်တူပါပဲ..ဝမ်းသာ
တယ်.....၊၇ကျပ်တန်လိမ်းလည်း နဂိုရှိသူအဖို့လှပြီးသား
ပေါ့လေ.....၊ကဲ...မုန့်ဝယ်ကျွေး.......:)))

8Yar said...

ကောင်းတယ်ဗျာ အပူအပင်မရှိရှော့ပင်းနိုင်တာ။ ပန်းမပန်နိုင်တော့လဲ ကျားကန်တာပေါ့။ လို့ပြောသွားတာလေးကြိုက်တယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

အရုဏ်ဦး said...

ဘီဘီ ခရင်မ် မသုံးဘူးလား အစ်မ။

Reid said...

မတ် အာဖာ mustafa ကို လိုက်ပို့ ပါ။ မကွန်က သထိန်းဘဲ တက်ကစီ စီး မုန့် ဝယ်စား လိုချင်တာ ၀ယ်နဲ့  ကျမတို့ ကျတော့ ခရီးတခုကို သိန်းကျော်တန်ကား ထည်လဲ ဒရိုက်ဘာထည်လဲပြောင်းစီးတယ်း-) မုန့် မ၀ယ်စားနိုင်ဘူး အိမ်က အ၀တီးထားတယ်။ ပြန်မှ စား ရှော့နေတုန်း ဆာရင် အောင့်ထား ဗိုက်ပိန်လေ့ကျင့်ခန်းတောင် ရသေး ဘာမှ မ၀ယ်ဘူး အိမ်ထဲထားစရာ မရှိလို့ ပြောတာ တကယ်တော့ ပိုက်ပိုက်မရှိလို့ မ၀ယ်တာ