Thursday, December 27, 2012

27th December

ဘိုက်ဆာနေသည် ကို မစားသသေးဘဲ ထိုင်ရေးနေသည်. စကားလုံးများ လျှံနေသည်. ပြောစရာလူ ရှားပါးသည်. နားထောင်သည့်နားရှားပါးသည်. ဖဘတွင်သာ လူလုပ်နေရသည် ရေးပြီးသားများပျက်သွားသည် နမျောစွားပြန်ရှာသော်လည်းမရ. ပြန်ရေးရွေ့လည်းမရး. ခံစားချက်သည် တစ်ခါသာရသည်။

ဘာကြောင့်များယောကျားယူကြသနည်း စကားပြောချင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း လင်နင့်မယား စကားလုံးမတူသည် ကို ကြာသော်အခါသိလာရသည် စိတ်ဝင်စားမှူခြင်းကွာခြားကြသည်. သူလာလျှင် သူ့ကို အတန်းရှင်းပေးရသည် ကိုယ်ပြောချင်သည်ကို အတင်းနားထောင်ခိုင်းရသည်။

ဘာပြောချင်သနည်း စိတ်ကူးပေါက်ရာပြောချင်သည် ယခုလိုရေးနေခိုက် ယောကျာ်းပြန်လာမှာစိုးသည်. ရေးစရာများ မဟုတ်ပြောချင်းသည်များမ ပြောလိုက်ရမည်ကိုစိုးည်ရေးရင်းနင့်လည်း save ရသေးသည်  ပျက်သွားပြန်လျင် နမျောစရာ

ကြက်ဥခေါက်ကြောင်သည် ဖိုးစိန်ကိုအားကျသောကြောင့်ဖြစ်သည် ဖဘကြည့်လျင် ဟင်းချက်တတ်လာသည်. ကျေးဇူးကြီးပါပေသည်။ ချီစ်တော့မထည့်လို. အနစ်များကိုတော့ ကလောက်ကလောက်ဖြစ်ခေါက်ထည့်လိုက်သည် အားရပေစွာ. အဂ်လန်မှ ဆရာဝန်ကြီးသည် သူ့ကို မချစ်တော့ချေ. ရည်းစားလေးယောက်နင့် Londener ကြီးဖြစ်နေလေရာ မေ့သင့်သည်ပေါ့ မင်းက ဘာမို့လို့လဲ ဟု မောင်က မေးဦါ်မည်။ မင်းဘဝ မင်းသိဘို့ကောင်းတယ် ဟု ဆှိုလျှင် ခင်သည် မျက်နာငယ်စွာ ရှိ၏။  



ခေါက်ဆွဲသုတ်စားမည် ။ ဗစ်ကို မမှီလဲ စားရသည်ဘဲပေါ့ သုတ်ပြီးမ စားဘဲ သုတ်သုတ်လာေ၇းသည် မောင်လာလျင် မရေးရတော့. ဖီလင်မများ အားလုံးပျက်ကုန်သည်.။  ဘာမှ မပါ . ဆီဆား ငရုတ် သီးမှုန့်ကြက်သွန်နီ. ဂေါ်ဖီထုတ်သာဖြစ်သည် ဒါလဲ အသုတ်ဘဲပေါ့ ဆင်းရဲသား သုတ်ကေးလပါ ဟုဝမ်းနည်းစွာ တွေးသည်။ ခုလော်ကဆို အသုတ်တေါ ပွကုန်တော့မှာဘဲ ပွချင့်ပွ ရ်ငထဲက စကားတွေ သွန်ချချင်သေးသည်။





လူတစ်ယောက်မကောင်းသတင်း ထိုသူ့တွက် စိတ်မကောင်းစရာ ကြားလျင် သူ ဝမ်းမသာတတ်ပါ. ဝမ်းနည်းတတ်ပါသည် ထပ်တူထပ်မျှ ဝမ်မးန်ညးသော်လည်းဝမ်းနည်းတတ်ပါသည် ဝမ်းနည်ေးကြာင်း အခြားသူတစ်ယောက်ကို ပြောသောအခါ ဝမ်းသာကြောင်း ပြောလျင် မည်သိုံခံစားရပါမည်နည်း။ စိတ်ပုတ်လို့ ဒီလိုခံစားရတာ ဆိုလျင် သူ ပိုစိတ်မကောင်းဖြစ်ရသည် ဒါကို ဥပမာယူဆိုသော် ဘုရားရေ ငါ အဲသလောက်မပုတ်ါပါဘူးအေ ဟု ဆိုရသည်. .။ ရေးလိုက်ဖျက်လိုက်ဖြင့်ဆက်မပြောလိုတော့ပါ. သူမစာ ကို ကြိတ်ဖိတ်သူများရှိလေရာ ခတ်လေသည်။

နာမည်ကြီးသူများကို သူမခင်ချင်ပါသည်. သူမကို သတိပြုလို ပြုမိငြားဝင်ရော က်  Like လုပ်ခြင်း ကွန်မက်ဝင်ပေးခြင်းများလုပ်တတ်ပါသည်။ သတိပြုမိရက်နင့် သတိမပြူမိသလိုနေသူများကို စိတ်နာစွာ ရပ်တန့်ရန်စိတ်ကူးသည်. အချို့ကတော့သတိမပြူမိသလိုနင့်သတိပြုတတ်သည်. လူလောကကြီးခတ်လှသည်. ဖင်ပေါ်သော ကောင်မလေး ကို ရိုက်သော ဓါတ်ပုံဆရာ နာမည်ကြီးသွားသည်။ ထိုဒါတ်ပုံကို အမှီပြုကာ ကဗျာ ရေးသာ သူသည် ပိုနာမည်ကြီး၏. လူတစ်ထောင်ကျော် ဝင် share ကြရာ ထိုဒါတ်ပုံဆရာ အတွက် သူမ ရင်ထုမနာဖြစ်သောကြောင့် မက်စေ့ပို့ကာ သူမ တိုင်တော၏။ 

ညို့မဂဇင်း ကို ဒေါင်းလုပ်လုပ်ကာသိမ်းထားသည် မောင့်ကို ပြရမည် သို့သော်လည်းမောင်က မစားရညှော်ခံများကို စိတ်မဝင်စားဟု ဆိုသည်.ရန်ကုန်တွှုင်အေးရော့မည် ။ ဒေါင်းလုပ်ကို ရှယ်သော် ထုတ်ဝေသူများ နစ်နာသွားမလာား အားနာကာ မရှယ်တော့ဟု စိတ်ကူးသည် သူစိတ်ကူေးပါက်ရာများ ကို တစ်စုံတစ်ယောက်ထံ ပို့တတ်သည် seen ဟုမြင်လျှင် ဝမ်းသာသွားသည် သူမထံ အများသူငါ ပို့သော မက်စေ့များကို တော့ရန်ဖန်ရခါ မသိချင်ေးယင် ဆောင်နေတတ်သည် ၈ျီမှ စကားလုံးများ ကို မမြင်ရရန် ဖျက်ထားသည် ပို့လိုက်သည် ကိုသာ မြင်လိုက်ရသည် ဖတ်ချင်လျင် ဂျီမေးလ်ဲထဲသွားဖတ်ရသည်များသောအားမဖြင့်မဖတ်ဖြစ်တော့ မသိသော သူများထံမှ များသည်။ ဟဲလိုတွေ  ဟိုင်းတွေ ကို သူမ စိတ်မဝင်စားပါ. စိတ်ဝင်စလားလဲ ဘာထူးမည်နည်း အရေမရမဖတ်မရ. ရည်းစားမှ လုပ်လို့မရတာ ဘာလုပ်မည်နည်း အရွယ်လွန် မိန်မးတစ်ယောက်တွက် ဘုရားမရှိခိုး အဲလေ ရှိခိုးသော်လည်း. တရာ အားမထုတ်  အားမထုတ်သေည်လည်း သူမ စိတ်ကောင်းရှိပါသည် ထိုသူမ အတွက် လောကသည်အတော်ပျင်းစ၇ာကောငးလေရာ ကိုယ့်ကိုကိုယ်ကြည့်ကြက် မရူးအောင်နေရသည်။ 

နဲနဲရင်ချောင်သွားသလိုရှိ၏။

5 comments:

Anonymous said...

Ma KOM,

နှစ်သစ်မှာစိတ်ဧ။်ချမ်းသာချင်း ကိုယ်ဧ။်ကျန်းမာချင်း တို.နှင်.အမြဲပြည်.စုံနိုင်ပါစေ။


စာချစ်သူ(canada)

Anonymous said...

Hapi newyear....sis..
love
Anne

blackroze said...

2013 မှာပျော်ရွှင်ပါစေမကြီးကွန်ရေ

Candy said...

ရင်ချောင်သွားရင် စားလိုက်တော့ မမ ပွကုန်ဘီ :D

ShwunMi- said...

happy new year, mommy ^^
wanna try your ကြက်ဥခေါက်ကြောင် one day ..
i miss u *