Monday, December 31, 2012

31th December




အမှန်တော့သူဘိုက်ဆာနေသည် မနက်က ဆယ်နာရီနိုးသည် ဖဘ ကြည့်ရာ ဆယ့်နစ်နာရီထိုးသွားသည် အမျိုးအိမ်သို့သွားသည် အမျိုးသည် မနေ့ကမှ ရန်ကုန်ကပြန်လာရာခရီးပန်းသောကြောင့်ဟင်းမချက်နိုင်. ထမင်းသုတ်ကျွေးသည် ဖြစ်သလိုအသုတ်ဖြစ်သည်.ထမင်းကို ဆီဆား ပုဇွန်ခြောက်ဖြင့်နယ် သံပရာသီး သနပ်ဖြင့်နယ်ကျွေးသည် ။ မျော်လင့်သည်မှာဟင်းပွဲဖြစ်သည် သူသည် ဟင်းချက်ကောင်းသည်. မချက်တော့လည်း ကျွေးတာ စားရသည်ပေါ့ ငါးခြောက်. ဖြင့်ကျွေးသည် ကောင်းပါသည် သို့သော်လည်း အာသာမပြေလှ။ အိမ်ရောက်တော့နွားနို့တစ်ခွက် အီကြာကွေးတစ်ခြမ်းထပ်နိပ်သည်။




























အိမ်ပြန်လာသည် တောက်တိုမယ်ရလုပ်သည် ဖဘ ခဏကြည့်သည် အိပ်သွားပြန်သည် ညနေ နိုးသည်။ 
ဖဘ ကြည့်သည်။ ဟင်းမချက် ထမင်းဘူးသွားဝယ်သည်။ စလုံးတွင် ထမင်းပြသာ ပြေလည်သည်။မစားချင်သည်သာ ရှိသည စားစရာတော့ရှိသည်. ဟင်းရွက်စိမ်းကြော် ကြက်သားကို ဂျုံမှုန့်ဖြင့်ကြော်ဖြစ်သည်. ကောင်းပါသည် မဝ။ ထမင်းနည်းနည်းလေးပါသည် ဝိတ်ကျတာပေါ့။


























ထမင်းစားသည် မီးပူတိုက်သည် . ဖဘ ကြည့်ပြန်သည်။ ည ဆယ်နာနရီထိုးပြန်ဘီ. မနနက်သွားဘို့ပြင်ဦးမှ. မီးပူထပ်တိုက်သည် အထုတ်ပြင်သည် ။ ဘီဒိုထဲပိုးဟပ်တစ်ကောင်တွေ့ရာဘီဒိုသွန်ချလိုက်ပြီး ဆေးဖျန်း၏။ ခဏစောင့်ပြီးပြန်ထည့်ရမည်။ စာသုံးကြောင်းဖတ်၏. မိုးချုပ်ပြီ ဖဘထဲက လူများမအိပ်ကြသေးဘူးလား တက်ကြွတုံးဖြစ်သည် မနက် အားကြသလားဟင်။ 























ဒါတွေက ရန်ကုန်က ပုံတွေ ဖြစ်သည် ငပိရည်ကြိုက်တတ်သူအတွက် ရန်ကုန်အိမ်က helper က တတ်သလောက်မှတ်သေလ်ာက ချက်ပေး၏. ညည့်နက်သန်းကောင်ပြန်လာသူအတွက် အဆင်သင့်ဖြစ်စေ၏။ ချဉ်ပေါင်မျစ်ကို ကြိုက်သည် ဆိုေ၇ွ့ချက်ပေးသည်. အော် ချက်ပေးသည် ချက်ပေးသည် ဒီမှာတော့ ကိုယ်ချက်မှ ကိုယ်စားရသည်။



ပဲအီကြာ . ပဲအီကြာ.။ လွမ်းတယ်ကြာ.............. + နွားနို့  ကတော့လွမ်းစရာမရှိ. ဒီမှာ one litre ဘူးကြီး ချနေသည်။ ဈေးချတာ ဟုတ်. အားရပါးရသောက်နိုင်ချင်းိကိုဆိုလိုသည်။



5 comments:

ko 9 said...

ဝိတ်လျှော့....အစားလျှော့
FB လျှော့
My new yr resolution
ha ha

သီရိရတနာ said...

★•.¸
¸☆´.•´
.•´✶`*.
*.*★
. 。•´ 。´,•*´。 Ձ๏13
¸✶.•´¸.•*´✶
☆´¸.•★´ ¸.✶* ☆★
☻/ღ˚ •。* ♥♥ ˚ .˚✰˚ ˛★.* 。. ღ˛° 。* °♥ ˚ • ★ *˚ .ღ 。
/▌*˛˚ ░ٌٌٌӇ░ٌٌٌƛ░ٌٌٌƤ░ٌٌٌƤ░ٌٌٌƳ ░ٌٌٌ░ٌٌٌƝ░ٌٌٌЄ░ٌٌٌƜ░ٌٌٌ░ٌٌٌ Ƴ░ٌٌٌЄ░ٌٌٌƛ░ٌٌٌƦ░ٌٌٌ!░˚
/ \ ˚. ★ *˛ ˚♥♥* ✰。˚ ˚ღ。* ˛˚ ♥♥ 。✰˚* ˚ ★ღ ˚ 。✰ •* ˚ ♥♥

AMK said...

hAPPY nEW yEAR 2013 MA MA Kom

ဇွန်မိုးစက် said...

မမရေ... ပျော်ရွှင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေနော်။း)

ချစ်ခင်စွာ
ဇွန်

Anonymous said...

Happy New Year KOM
Moe