Saturday, December 22, 2012

စိန်



ဘိုက်ဆာသောကြောင့်ပေါင်မုန့်နစ်ချပ် မီးကင် ထောပတ် စတော်ဘယ်ရီယိုသုတ်ပြီးစားလိုက်သည် ထောပတ်သည် ဆီချီးနံ့အနည်းငယ်ထွက်နေသည် မကုန်တတ်သောကြောင့်ဘူးသေးကလေးဝယ်သည်ပင် မကုန်. ရှုံးသည်. အသစ်တစ်ဘူးထပ်ဝယ်ရတော့မည်။





စိမ်းစိမ်းအရည်ကလေးများသည် ဘာမှန်းမသိ. ချိုတက်လွန်းသောကြောင့် တစ်ဝက်သာထည့်ခိုင်းပြီး ရေခဲရောလိုက်သည်အချိုဓါတ်ပေါ့သွားသည်ပေါ့။ သံ့ပရာလိုအသီးလေး သံပယိုအသေးလေးတစ်ဝက်ညှစ်ခိုင်းလိုက်သည်. လက်အိတ်မစွပ်ဘဲ ညှစ်သူသည် viral serology ကင်းရှင်းပါစေရန်ဆုတောင်းသည်. (
တိုင်ဝမ်ဆရာတော်ရဲ့ အလှူဘီပိုးကာကွယ်ဆေးထိုးရာမှာ သံဃာ၇၂၈ ပါး မှာ ပိုးတွေ့ သံဃာ (၅၉) ပါးတွေ့ ရပါတယ် .............ဆိုသော ဖဘမှ သတင်းတစ်ခုသည် ရင်လေးစေသည်။ ပိုးသည် နောက်ဆက်ဆွဲ အသည်းခြောက်ရောဂါ. အသည်းကင်ဆာများ ဖြစ်တတ်သည်မ ဖြစ်ဘဲလည်းနေနိုင်သည် ဟိုတုံးက ကာကွယ်ဆေးအလကားထိုးပေးစဉ်က မထိုး. ပိုးရှိတိုင်း ရောဂါရှိတာ မှတ်လို့. ဒီပိုးနဲ့ ဒုတ်ခ ရောက်ချင်မှ ရောက်မှာ ဒုတ်ခဖြစ်စရာ ရောဂါအပုံဆိုကာ ကာကွယ်ဆေးမထိုး. ဒီပိုးရှိရင် အလုပ်ရဘို့ ခက်မယ်ဆိုတော့မှ ပြေးထိုးသည်။ အသက်ကို မကြောက် အလုပ်မလုပ်ရမည်ကိုကြောက်သည်။ အသည်းရောဂါဖြစ် ဒုတ်ခရောက်သူအများ သတင်း ကြားရသည် ဖြစ်နိုင်လျေင် ဆေးပြေးထိုးထားကြပါ။ မိမိကြောင့်သူတစ်ပါး ဒုတ်ခမဖြစ်ပါစေနင့်။ ကိုယ့်ကိုယ်ကိုစောင့်ရှောက်သလို အများသူငှာကိုလည်း စောင့်ရှောက်ရာသည် အများသူငှာကို စောင့်ရှောက်သလို မိသားစုကိုလည်းစောင့်ရှောက်ရာသည် ။ အများသူငှာကို စောင့်ရှောက်ရသည်များသောကြောင့် မိသားစုကိုစောင့်ရှောက်ဘို့လစ်ဟာတတ်သည်။ မိသားစုကို ဖုံးဆက်ပါ။  Google + ကိုသူမကြိုက်ပါ။ ဖဘကိုသာ ကြိုက်သည်။ closed များကိုလည်းမကြိုက်ပါ။ open ကိုကြိုက်သည်.Limited ကိုမကြိုက်ပါ အဆင့်အတန်းခွဲခြားသည် ဟုခံစားရသည် (စာလုံေးပါင်မများစဖူးမှားသွားရာ ပြန်မပြင်တော့.).။ သူငယ်ချင်းတစ်ယောက် အဆင့်တန်းခွဲခြားသ်ညကိုသူသိရာ unfriend လုပ်ပလိုက်သည် စိတ်ပြေရွေ့ပြန်သြွးအက်ရာ လက်မခံတောချေ့. အော်ခက်ပေစွ. တွေ့ဆုံကြုံကွဲဒမတာပေပ။ အသည်းမာရပေဦးမည်. ဒါလေးတွေ သည် ဘာမှ မဟုတ်.သေရေးရှုင်ရေးမဟုတ် မေ့လိုက်ရုံပ။ သက်ပြင်းချရသည်။




ကျစ်ကျစ်ပါအောင်ခေါက်ထားသောပိုက်ဆံသည် ဘေလ်တစ်ခုနစ်ခု သုံးခုအတွက်ပေးရန်ဖြစ်သည် ဝင်ငွေနင့်ထွက်ငွေ မျှစေရန် ချင့်ချိန်ရသည်။ ပိုက်ဆံရသော်လည်းမသုံးနိုင်ချေ။ မသုံးနိင်လျင် ရှော့ပင် ထွက်ရသည်မှာမမိုက်။ ဒါပေမဲ့လဲဝယ်ပြီးလဲ မသုံးနိင်တာဘဲလေဟုသာ စိတ်ဖြေရသည် အကျီအဝတ်အစားများမှာ လှသော်လည်း ကိုယ်နင့်မလှ။ သူ့စကားများမှ မြင့်လှသည် တော်ရုံလူမလိုက်နိုင်။ ပလက်တီနမ်ကပ်ကိုင်သောသူသည် အချဉ်မဟုတ်သော်လည်း ဘာကောင်မျှ မဟုတ်။ဘာမှမဝယ်ရလျှင် ဝယ်နိုင်တာဝယ်မည်ပေါ့. လက်ဆောင် ရသည့်အနေအထားလည်းမရှိရာ ကိုယ့်ဘာသာ ကိုယ်သာဝယ်ရရှာသည်။ ခတ်ကုန်ပြီ ခဥမ။ တော်ပါသေးရဲ့ ယောကျာ်းရလိုက်လို့.။ မိန်းမများအရွယ်ရှိခိုက်လင်ယူကြပါ. .။ တော်ကြာနေ menopause ဖြစ်မှ အမေကယ်ပါ အဖေကယ်ပါ ပြောလို့လဲမရ.



စိန်လက်စွပ် မြန်မာငွေ ငါးရာကျပ်ဖြစ်ဝယ်လာသည် ခဥမလက်စွပ်အစစ်သည် စိန်ဖြစ်သည် .(ဟင်). စိန်ကို လေးကုပ် ကုပ်သည် ရှိသည် ခြောက်ကုပ် ကုတ်သည် ရှိသည်. ( နားမလည်ဟု ယောကျာ်းလေးအချို့ နင့်ပေါက်က ပြောသည်.). ခြောက်ကုပ် ကုတ်သောစိန်သည် အကုတ်တွေ များသောကြာင့်အလှပျက်သည် လေးကုတ်ကုတ်သောစိန်သည် လှသည်။ အချွန်လုပ်သောစိန်သည် ပိုလှသည် အတွင်းမြုတ်သောစိန်သည် လည်းလှသောလည်း အချွန်က ပိုလှသည် ဟု မောင်ကပြောသည် မောင်ပြောလျင် မှန်ပေမပေါ့။ မှန်သောငြား ဝတ်ပြီးလျင် ဘယ်အချိန် ကျွတ်ထွက်သွားမလဲ စမ်းစမ်းနေရသော ဒုတ်ခကို မုန်းသောကြောင့်မဝတ်တော့. ။ မဝတ်ဘဲ သိမ်းထားတာကမှ ရှိနေသေးသည်. ဝတ်လိုက်ပြီး ပြုတ်ထွက်သွားမှ မရှိဖြစ်သွားမည်။

အဖေ့လက်စွပ် ချောင်ကာ ဘယ်အချိန်ဘယ်နားကျွတ်သွားသည် မသိဖြစ်ခဲ့ဘူးသည်. စိန်လော့က်ပိစိကလေးဘယ်အချိန် ပြုတ်ထွက်သွားသည်မသိဖြစ်ခဲ့ဘူးသည်။ လက်ဆေးရာမှ ဘေ့စင်ထဲ ဘယ်အချိန်ဝင်သွားသည်မသိ စိန်ပုံပြင် ကြားခဲ့ဘူးသည်။ ငါးရာတန်ဘဲဝတ်တော့မည်။


2 comments:

Anonymous said...

ဟယ် စိန်ဂျီးတော့ ပြူးနေေ၇ာ

NSA said...

စိန်ဆိုပြီး ခေါက်ဆွဲသုပ်နဲ့ သံပြာရေ အရင်ထွက်လာတယ်.. ။
စိန်လက်စွပ်ပိုင်ရှင်ကြီး..တွေ့မှ ဂလိထိုးလု အုံးမယ်...