Monday, December 10, 2012

Hpt

သွေးတိုးတယ် သွေးတိုးတယ် ။

blood pressure ဆိုတာဘာလဲ။ နလုံကနေ ညှစ်လိုက်တဲ့အခါ သွေးတွေ က သွေးကြောတစ်လျာက်စီး တဲ့ ပိုက်လိုက်တစ်လျောက်မှာစီးတဲ့အား  ။ အပေါ်သွေး ဆိုတာ နလုံးညှစ်လိုက်တဲ့ အချိန်မှာ ရှီတဲ့သွေး. ။ နလု့းညှစ်အားလျော့သွားတဲ့အချိန်မှာ ရှီတဲ့ ကို အောက်သွေးခေါတယ် ဒါကြောင့်အပေါ်သွေးအောက်သွေး. လို့ခေါ်တယ်။
ပုံမှန် အားဖြင့် ၁၂၀/ ၈၀ က ပုံမှန် ဖြစ်တယ်။ ၁၃၀/၈၉ ဆိုတာ နဲနဲစိတ်ပူလာရပြီ။ ၁၄၀/၉၀ အထက် ဆိုရင်တော့ သွေးတိုးလို့ ပြောလို့ရလာပြီ. တစ်ခါထည်းနဲ့ လဲ သွေးတိုးလို့ ပြောလို့မရသေးဘူး အကြမ်းအားဖြင့် ငါးရက် ဆက်တိုက် တိုင်းကြည့်ပြီး ငါးရက်လုံး မြင့်နေမှ သွေးတိုးထဲ ထည့်မယ်။  တစ်ရက်တက်ပြီး နောက်ရက်တွေ မတက်ဘူး  ဆိုရင်ေ သွးတိုးလို့ ပြောမရနိုင်သေးဘူး။

သွေးတိုးတယ်ဆိုတာ ပိုက်လိုင်းတွေ ကျဥင်္းသွားတာ မှာ ပရက်ရှာတက်လာတယ်။ သွေးတိုးနေတယ် ဆိုရင် ရုတ်တရက်ကြောက်သွားမှာပေါ့ ကိုယ်လဲကြောက်တာဘဲ။
သွေးတိုးရင်ဘာဖြစ်မလဲ သေချာတာက လေဖြတ်တတ်တယ် လေဖြတ်ရင် ဘာဖြစ်မလဲ အို.
မတွေးရဲဘူး တစ်ခြမ်းစောင်းကြိးလမ်းလျောက်နေရမှာ ဒါမှ မဟုတ် သူများထူမှ
လှူပ်နိုင်တော့မှာ ကြောက်စရာကြီး.

သွေးတိုးလို့ ဆိုတာနဲ့ ဆေးကုဘို့မကြိုးစားသေးဘဲ သိတ်မများဘူးဆိုရင် အရင်ဆုံး Life style change နဲ့ကုတယ်။

ကြိုးစားကြည့်ကြစို့.

့လေ့ကျင့်ခန်း လုပ်
အလုပ်လုပ်နေတဲ့ လူအဖို့ သော်လည်းကောင်း အိမ်မှာ တာဝန်ယူနေတဲ့
မိခင်သော်လည်ကောင်း လှူပ်ရှားနေတာ လေ့ကျင့်ခန်းလား.။ ဟုတ်မယ်ထင်ပါရဲ့ကိုယ့်ဘာသာ ဟုတ်လိုက်မယ်။

weight မတက်ပါစေနဲ့.
ဝတဲ့လူတွေ က ပြသာနာတက်တယ်။
မဆိုးပါနဲ့ တစ်နေ့နစ်ခါ ပေါင်ချိန်နေတာ ပေါင်ချိန်စက်ဝယ်ထားတယ် ပေါင် ၁၂၀ မှာ
ထိန်းထားတယ် ဘုရား ဘုရား တသွားကြလား အဟိ.။

ဆားဓါတ်ပါတာတွေ လျော့ပါ
ငါးပိငါးခြောက်သိတ်ကြိုက်တယ် ဘယ့်နယ်လုပ်မလဲ ရန်ကုန်ကနေ ငပိကြော
်မပြတ်မှာထားတယ် ငါးခြေက်ဖုတ်အမြဲဆီစိမ်ထားတယ် နဲနဲတော့တို့စားရမှ ဖြစ်မယ်။
ငပိငါးပြာရည်တော့ကြိုရင် အိမ်မှာ အနံတွေ စွဲကုန်မှာရယ် ရယ်ဒီိမိတ်လာတာတွေလဲ
ကြာ၇ှာခံဘို့ဘာတွေ ထည့်ထားပါလိမ့်ဆိုပြီးမစားရဲတာနဲ့..

ပိုတက်ဆီယမ်ပါတဲ့အစားအစာများများစားပါ
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါတယ် ကြိုက်တယ် အတော်ဘဲ။ ကျန်တာတွေကကော လိမ်မော်.
ခရမ်းချဉ်သီး ပဲ. အာလူး ထောပတ်သီး. .

အရက်သောက်တာ ဆင်ခြင်ပါ
မသောက်တတ်ဘူး.

ဒါမျိုးလေးတွေ စားရင်သွေးကျတယ်တဲ့ မျက်စေ့ပြူးကြည့်ဦးမှ ဘာတွေ ပါလိမ့်.
အသီးအနှံ ဟင်းသီးဟင်းရွက် low fat တွေ မဆိုးပါဘူးလေ. ငါစားပါတယ်။
ဆေးလိပ်သောက်ခြင်းကို စွန့်လွတ်ပါ.
သောက်မှ မသောက်ဘဲ အိုကေပါတယ်။

တစ်ခြားအကြံပြုချက်တွေကတော့
fibre ပါတဲ့အစားအစာ.
အကြမ်းအားဖြင့် ပန်းသီး.လိမ်မော် စတော်ဘယ်ရီ. စပါကတီ.

အိမ်မှာ ငါးကြီးဆီအေားဆေးပုလင်း အဒေါ်ကို အမေရိကားကပို့ပေးထာတာ ကိုဘတ်လာတာ သောက်လို့ရတယ်။

ကယ်လ်ဆီယမ်းပါတဲ့အစားအစာ
နွားနို့. ဒီန်ချဉ်.

အိပ်ရေးမှန်အောင်အိပ်ပါ။ဒါကတော့အတော်ဆိုးတာဘဲ ညမအိပ်တဲ့လူကိုလာအိပ်ခိုင်းနေတယ်
သွေးမတိုးချင်ဘူးဆိုရင်တော့ အိပ်ရမှာပေါ့ .ဟင်း.

stress က သိတ်မဆိုင်ဘူးဆိုပေမဲ့ လဲဆိုင်တော့ဆိုင်တယ်ထင်တာဘဲ stress များရင် ပရက်ရှာတက်လာတတ်တာဘဲ

ဒီတော့ကာ အားလုံးဘဲ ဆင်ဆင်ခြင်ခြင်နေကြပါ. ညဘက် အိပ်ကြပါ။

11 comments:

ညိမ်းနိုင် said...

ဒီလိုမျိုးလေးရေးပေးတာ ကျေးဇူးတင်ရတယ် အစ်မကွန်၊
ကျွန်တော်တို့က ကျမ်းမာရေးပညာပေးဆို ဖတ်ချင်တာ
မဟုတ်ဘူး....၊ခုလို လိုရင်းလေးကို ပေါ့ပေါ့ပါးပါးရေးပြ
သွားတာ တကယ်ကောင်းတယ်...။

PhyoPhyo said...

အဖေက သွေးတိုးနေတာမို့ တူလေးကိုပါ ဒီစာလေးပေးဖတ်လိုက်ဦးမယ်။
ဇူးဇူးအများကြီးပါ အစ်မ ရေ
really thank you

သစ်သစ် said...

သစ်သစ်ကသွေးတိုးရင် အပေါ်သွေး၁၆၀ လောက်ထိ ၃ရက်ဆက်တိုက်လောက်ပြန်မကျပဲ တိုးတက်တော့တော်တော်လေး ဆင်ခြင်ရပါတယ် ခုလိုဘာတွေစားရမယ်ဆိုတာပါသိရတဲ့အတွက် ကျေးဇူးတင်ပါတယ် မမ

ဇွန်မိုးစက် said...

မမရေ... ဇွန့်မေမေက သွေးတိုးရှိတယ်။ တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်မိတယ်။း)
မမ kom လည်း ကျန်းမာရေး ဂရုစိုက်ပါနော်။


ချစ်တဲ့
ဇွန်

မိုးသက် said...

ဟုတ်ပ.. ည ဆို မအိပ်ပူး.. ဘယ်တော့မှ..

ဖိုးတုတ် said...

မမရေးတာကြိုက်တယ်၊ ညဘက်အိပ်ကြပါ၊

Do as I say, don't do as I do.

အရိပ် said...

သွေးပေါင်က ချိန်လိုက်တိုင်းကျနေတယ် အောက်သွေးခြောက်ဆယ်ကနေ မတက်တာများတယ် ဘီလိုလုပ်ရမလည်း မမ??

ဦးစားကြီး said...

ကျေးဇူးတင်ပါ၏။

mstint said...

ပညာပေးလေးတွေမှတ်သားသွားတယ် ခဥမ ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဗဟုသုတလည်းရတယ် ဖတ်ရတာ ပျော်ဖို့လည်း ကောင်းတယ် Super Like :D

Anonymous said...

ကျွန်တော်က
ပျင်းတိုင်းသွေးပေါင်ကျနေတာ
ဝ နည်းလေးတွေလည်းပြောပါအုံးဗျ.....။