Wednesday, December 26, 2012

Orchard christams






























ယနေ့သည် ခရစ်စမတ်နေ့ဖြစ်သည်. ဗုဒဘာသာ ဖြစ်သော်ငြား Merry christamas , happy new year ဟု ပျော်ရွင်စွာပြောသူထဲတွင် သူပါသည်။ အောချတ်လမ်း သို့ပျော်ရွင်စွာသွားတတ်သည် တက်ကြွစွာသွားသည် စကာပူမှာနေရမှတော့ ခရစ်စမတ်လိုညမျိုးမှာ orchar road သို့သွားသင့်သည်ပေါ့ ဟိုတုံးက ဆိုလျင် count down ပါသွားသေးတယ် ၁၂ ဆိုလျင် happy new year ဟု ပျော်ရွင်စွာ အော်ကြသည်ကို စဉ်းစားရင်းနဲ့ပျော်ရသည် ပျော်တတ်သူအတွက်တော့နေရာတစ်ကာ ပျော်စရာကြီးဖြစ်သည် .။





































သွားလေရာ လူပင်လယ်ဖြစ်ရာ လူမပါအောင်ရိုက်ရသည်မှာ မလွယ် .။  ညမှောင်မှ မီးထွန်းမည်. မီးထွန်းမှ ပိုလှမည်ဖြစ်ရာ မှောင်ဘို့စောင့်ရန် စားစရာ ဆိုင်ရှာရသည်မှာ မလွယ် . တပေါင်းလပြည့်နေ့ရွေတိဂုံဘုရား သွားသကဲ့သို့ လူများများလှသည် ထိုင်စရာနေရာမရ. စားနေသောလူဘေးတွင် မတ်တတ်ရပ်စောင့်ရမလိုဖြစ်သည် မလွယ် . မလွယ်ရေးချ မလွယ်. .. နစ်ပါတ်သုံးပတ် နစ်ဆိုင်သုံးဆိုင် ဝင်သော်လည်းမလွယ်..




































ဖိုးသူတော်လည်လေ ဆန်ရသကဲ့သို့ သွားရာနေရာများလေ ရိုက်စရာများလေ ဖြစ်သည် ရိုက်သည် မဲမဲမြင်လဲ ရိုကသည် ဖြူဖြူမြင်လည်းရိုက်သည်.။ ရိုက်လာသည် မှာပုံ သုံးရာခန့်ရှိမည်ထင်သည်. ခဥမပုံက တစ်ဝက်ပါသည်. လှမှမလှတာ. လှနိုး လှနိုး ရိုက်လိုက် မလှလိုက်. ရိုက်လိုက် မလှလိုက်. သုံးရာ ရိုံက်မှတော့သုံးပုံကျန်မှာပေါ့. ကျန်သောပုံ ဝေရမည်။ မတောင်းလဲ ပို့သည် တောင်းလျင် မပို့။ စိတ်က မှန်သည်မ ဟုတ်. ။


































တစ်ယောက်ထဲ ဓါတ့်ပုံရိုက်ရသည်မှာမလွယ်. ကိုယ့်ပု့ကိုယ်ရိုက်လျှင် လက်ကြီးဆန့်ပြီးရု့်တာပိုစ်လဲထပ်နေပြိ သူများရိုက်ပေးလျင်တော့အိုက်တင်ပေးလို့ရသေးသည် တယ်ခက်ပါလား. ဟိုမျော်ဒီမျှော်သဘောကောင်းပုံ၇သူကိုမျှော်. လေယဉ်ပေါ်တွှုင် လက်ဂေ့ခ်ျကို ဆွဲလာပြီး ခေါင်မိုးပေါ်သို့မတင်နိုင်ရာအရပ်ရှည်သူ သဘောကောင်းပုံရသူကို တင်ပေးရန် ရှာရသကဲ့သို့ခက်လှသည်။ အားလုံးမှာ လည်းကိုယ့်အာရုံနင့်ကိုယ် ရိုက်နေကြရာ သူ့ထံမည်သူမျှ အာရုံမရောက်. အာရုံရောက်စရာလဲမရှိ...



































အိုက်ပက်ကြီးများတစ်ကိုင်ကိုင်နင့်ရိုက်သူမျာိးကိုရယ်ချင်၏. သို့သော်သူတို့ပုံများမှာ ကြီးပြီးအားရစရာကောင်းလှသည်။ မိုးဖွဲလေးများရွာရာအနည်းငယ်ဝရုန်းသုံးကားဖြစ်သွား၏. မိုးလွတ်ရာပြေးကြသည်။ သူလဲ ပြေးသည်ပေါ့ ။ ပြန်ဘို့သင့်ပြီ မိုးချုပ်ပြီ။ 








ဖလရှ်ဖွင့်ရိုက်လျှင် လူပုံများသည် မျက်လုံးကြီးဘာလို့နီသွားပြီး ကြောက်စရာသရဲကြီးဖြစ်သွားသနည်း. .။ မျက်စီကြီးမနီအောင်မည်သို့လုပ်ရမည်နည်းသင်ပေးပါ။ လိုက်တင်ကောင်းသောကြောင့်ပုံများမဆိုးခေချ. သို့အတွက်ကြောင့်ဓါတ်ပုံထွက်ရိုက်သူများလျသည်။ 













































ပုံများ.များစွာ ရှိသော်လည်း လူများသောပုံများ. မိန်းကလေးပုံများ ယောကျာ်းလေးပုံများ. များလှလေရာ ပိုတိုလည်း မေ၇ှာ့ချင်တော့ အိပ်ချိန်လည်းရောက်သင့်ပြီ. သင့်တော်ရာပုံများကိုသာ. ထည့်လိုက်သည်. ။လူများစွာပါသောကြောင့်ပုံကောင်းများစွာကို ဖယ်လိုက်ရသည်နမျောလေစွ.


 အော်ချတ်လမ်းမကို ပိတ်သည်မှာ ယခုလို ညမျိုးတွင်သာဖြစ်ရာလမ်းမပေါ်တက်လျောက်ရသည်မှာ အရသာရှိလှသည်။ လူများအုံးအုံးကြွက်ကြွက်.့စည်ကားလေသည်.။ 

3 comments:

Anonymous said...

လှ၏

NSA said...

သူ အောချတ်ကိုရောက်သွားသေးတယ်..ကျန်း..

Aunty Tint said...

Orchard ရဲ့ Christmas ည ရိုက်ချက်လေးတွေ အားပေးသွားတယ် ခဥမရေ။ သွားချင်တယ်း)
နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့။

မေတ္တာဖြင့်
အန်တီတင့်