Saturday, July 20, 2013

13 April 2 .

သက်ြအကြိုမနက်သည် ခပ်ခြောက်ခြောက်သွေ့သွေ့ဖြစ်သည်။ ရေသိတ်မပက်ကြသေးချေ. ကမာအေးကို ခဥမ မရွေးချယ် ။ စိတ်ထဲနဲနဲကြီးကျယ်သည်ထင်သည်. ကန်တော်ကြီးသည် ပက်ဘလစ်ပိုဆန်သည်ဟုခံစားရသည် ဟန်ဆောင်ပန်ဆောင်သိတ်မရှိ. အရျိကိုအရှိအတိုင်းချပြကြသည်။ ခဥမကိုယ်တိုင်က ရိုးသည်လည်းပါသည် ဟန်ဟန်ပန်ပန်မလုပ်တတ်. ဗျိုင်းထဲကျီးဝင်သလို ကိုယ့်ကိုယ်ကိုခံစားရတတ်သည်။






ရေမပက်ကြသေးချေ. ခဥမသည် ကန်တော်ကြီးကို တစ်ပါတ်လှည့်လည်ကြည့်ရှူကာ ဘယ်မဒပ်ကိုရွေးရမည်ကိုစဉ်းစားလေ၏. သူငယ်ချငးအများနင့်ကားရှင်းလေသည် သူများရှိရာဝင်လိုက်ကြရုံသာဖြစ်သည် တစ်ယောက်ထဲကြဲမည့်သူမှတော့ စဉ်းစားရသည်ပေါ့။


 

 

out of control ကိုရွေးလိုက်သည်ေ၇ွးလိုက်သည်မှာအကြောင်းရှိသည သူသည် ရေစပက်နေပြီဖြစ်သ်ည အခြားမဒပ်များတော်တော်များများငြိမ်နေကြသေးသော်အချိနတါင် သူသည် ဒုံးဂွမ်း ဒုံးဂွမ်းဖြင့် ဆူညံကာနေလေပြီဖြစ်သည် စင်အောက်တွင် လူစည်နေပြိဖြစ်သည် ခဥမတို့သည် ရေပက်ချင်လှပြီဖြစ်သည် မြူးချင်လှချင်ပြီဖြစ်သည် မဒပ်များက မစကြသေး. စင်ပေါ်တက်ချင်လှပြီဖြစ်သည်။


စင်ပေါ်တက်လျင် တစ်ရက် လျှင် တစ်သောင်းခွဲခန့်ပေးရသည်။ လေးရက်လျှင် သုံးသောင်းခွဲ ဖြစ်သည် အကြိုအကျ အကြတ် အတက် လေးရက် အတွက် အပြီးဖြစ်သည် ကဒ်ပြားတစ်ပြားရသည် ထိုကဒ်ပြားဖြင့်ဝင်လိုက်ထွက်လိုက်လုပ်နိုင်သည် မြင်သာသောနေရာတွင် ချိတ်ဆွဲရသည်။ လေးရက် ခြောက်သောင်းကုန်မည့်အစားများသောအားဖြင့် all day ဆိုကာ သုံးသောင်းခွဲဖြင့်ဝယ်ကြသူများသည် အချို့မဒပ်များကတော့ငါးသောင်းဖြစ်သည် တစ်ချို့ကလည်း တစ်ရက်ခန့်နစ်ရက်ခန့်သာဝယ်ကြသည် နစ်ရက်ဝဝ်မှငြ့်သုံးသောင်းကုန်တော့မည် ဖြစ်ရာ ခဥမ အလိုအရဖြင့်သုံးသောင်းခွဲပေးကာ လေးရက်စာဝယ်ထားလိုက်တော့မည်ဖြစ်သည်။


ခဥမသသည် သေငှေးမကြီးဖြစ်ရာတစ်ယောက်ထည်းလာသော်ညည်းနစ်ယောက်စာဝယ်သည် တစ်ရက် လူတစ်ယောက်ပြောင်းရန်ဖြစ်သည် ( oh my god) '''ဒါတောင် ခဥမ အသက်ကြီးသွားလို့ဖြစ်သည် ငယ်လို့ကတော့မလွယ်ချေ.။







အကြိုနေ့ကိုတော့ တစ်ယောက်ထည်းဖြတ်သန်းလိုက်ရသည် အချိန်းအချက်လုပ်ရန်မလွယ်သေးချေ. ကိုယ်လည်းဘယ်သွားရမည် မသိ ဘယ်သူ့ခေါ်ရမည် မသိ. ဆူညံသောစင်ပေါ်သို့တက်ကာ အများသူငါဆူညံပျော်ရွင်နေသည်ကိုပျော်ရွင်လေ၏။  တစ်ယောက်ကို ဖုံးဆက်ခေါ်သည် လာမလားမျော်၏. မျော်၏ မလာချေ။



နောက်မှ သိရသည်မှာ လာတော့လာသည် စင်ပေါ်တက်ရန် mood မရှိသေးသောကြောင့် စင်ကိုလာကြည့်ကာကားထဲ သွားထိုင်နေလေသည်. မယုံမရှိနင့် ခင်ညနေအိမ်ပြန်သည်ကို ထိုင်စောင့်သူဖြစ်သည် သူငယ်ချင်းပါဆိုသော်ယုံကြမည်လေ. ယုံကြပါရန်ဖြစ်သည် ခင့်ကိုစိတ်ချမးသာစေချင်သောသူဖြစ်သည်. ပါဂျဲရိုးကြီးဖြင့်ဖြစ်သည်. ခင်သည် ကားပေါ် မထိုင်ဝန့်ချေ. ဆိုဖာကို ရေစိုမည် စိုသည်း ခြေနင်းတွင်ဘာမျှ မခင်း. orignial အတိုင်းဖြစ်သည်။ ခင်သည် ကားပေါ်မတက်. ကားအောက်မှသာ စကားပြောသည်။ မနည်းတောင်းပန်မှသာ ကားပေါ့်တက်ထိုင်လေ၏. ထိုင်သောမှ ခပ်ဖွဖွသာထိုင်သည် ဆိုဖာတွေ ရေစိုမှာစိုးလှသည် . ခင်ကဖွသေည်လည်း လူက မဖွသည်ကိုတော့မတတ်နိုင်။







4 comments:

Tommy Girl said...
This comment has been removed by the author.
Tommy said...

သင်္ကြန်တုန်းက ကျွန်တော် Kabar Aye- Black Jack နဲ့ X2O မှာ ရှိတယ်ဗျ..း)
အစ်မနဲ့ မတွေ.လိုက်ရဘူး....

Candy said...

သင်္ကြန်တွင်းဆို တော်ရုံလူ ဓာတ်ပုံမရိုက်ကြဘူးလေ ကင်မရာရေစိုမှာ စိုးတာနဲ့ ဘာနဲ့ဆိုတော့ ဓာတ်ပုံတွေ ကြည့်ရခဲတယ်။ အစ်မ ရိုက်ပြထားတာ ကျေးဇူးတင်တယ် ^_^

တန်ခူး said...

ကောင်မလေးကဲနေပြီ. မင်းလေးကဲနေပြီ. သူဌေးမလေးကဲနေပြီ