Sunday, December 27, 2009

city hall

ဒီနေ့ကတော့ အန်မတန်ခြေထောက်ညောင်းတဲ့တစ်ရက်. အလုပ်သွားတာ ထက်တောင် ညောင်းသေး။ လျောက်လိုက်ရတဲ့ခြေထောက်. ပါရာစီတစ်မော သောက်ယူရတယ်။ ခဏခဏ သောက်တာလဲမကောင်းဘူး။ အကိုက်အခဲပျောက်ဆေးများဟာ ရေရှည်စွဲ သောက်ရင်ကျန်းမာရေးနဲ့မညီညွတ်ဘူးတဲ့။

မိုးလင်းကတည်းကမြို့ထဲသွားကြတယ်။ မိုးလင်းတယ်ဆိုတာ အဓိပါယ်ဖွင့်ဆိုချက်က အိပ်ရာက နိုးတဲ့အချိန်လို့ဆိုလိုတယ်။ ရုံးတစ်ရုံးကိုသွား။ြ့ပီးတော့ ဖူနန်မှာ DBS လိုက်ရှာ။ မရှိတော့ ရိုင်ဖယ်စီတီကိုပြောင်းသွားပြီဆိုလို့ ရိုင်ဖယ်မှာသွားရှာ။ ရိုင်ဖယ်က လဲအတော်ကြီးတယ်။ ရှာရင်းနဲ့လည်သွားသေးတယ်။ ဟိုတယ်နားရောက်လို့သူများတွေ ဘူဖေ့စားနေတာ မြင်လို့ မယောင်မလည်နဲ့ ဈေးဝင်ကြည့်ခဲ့သေးတယ်။ စလုံး လေးငါးဆယ် ဖြစ်ပါတယ်။ ဘူဖေးတစ်နပ် အတွက်ပါ. ကိုယ်သာမစားနိုင်တာ စားတဲ့သူတွေ အများကြီး တွေ့ခဲ့တယ်။

ဘဏ်မှာ အတော်လေး အလုပ်တွေ လုပ်ခဲ့ရတယ်။ဟိုဟာလုပ်ချင်တယ် ဒီဟာလုပ်ချင်တယ်။ နည်းမျိုးစုံတွေပြော။ အကျိုးဆောင်ချက်ကောင်းပါတယ်။ ပြောစရာမရှိပါ။ ပြီး ပင်နင်စူလာပြန်လာပြီး တစ်ခါ စားချင်တဲ့ဆိုင် က မဖွင့်သေးပါဘူး နေ့လည် ၁၂ နာရီ. တစ်ကယ် သေငှေးဆိုင်ပါဘဲ။ အဲဒါနဲ့ ရနံသစ်ရောက်သွားတယ။် ဒန်ပေါက်လို့ခပ်တည်တည်နဲ့မှာလိုက်တယ်။ တစ်ခါမှ မစားဘူးပေမဲ့ ဘလော့မှာ သတင်းရထားတယ်လေ. ရနံသစ်က ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ။ ကောင်းပါတယ်။ အဲသလိုစားရရင် ရန်ကုန်က ဒန်ပေါက် သယ်မလာတော့ပါဘူး။. သိတ်မကွာလှတော့ဘူး .

.Kmsl က မြေအိုးမြီးရှည်။. အံမယ် သူ့လဲ့ကိုယ့်ဘလော့ရေးထာကို သိတ် မကန့်ကွက်တောကတဲ့ပုံဘဲ ဒီနေ့သဘောတွေ ကောငးနေတယ။် သူ့မြေအိုးမြီးရှည်ကို အဖုံးမဖွင့်ခင့်ပုံ၇ိုက်ပါတဲ့ ဒါမှ ဒီလိုမျိုးလေး လာတယ်ဆိုတာ သိမယ်တဲ့ .ကိုယ်ခံယူချက်ကတော့တစ်မျိုး အဖုံးကိုဖွင့်ပြီးမှ ရိုက်ချင်တာ အထဲမှာ ဒီုလိုစားစရာတွေ ရှိပါသလားဆိုတာကိုပြချင်တာ. နစ်ဦးသဘောတူနစ်ပုံရိုက်လိုက်တယ်။ ခါတိုင်းဆို အရိုက်မခံဘူး ရှုပ်ကရှုပ်နဲ့ဆိုပြီး ..အခုကတော့ အလုပ်အားလို့သဘောကောင်းနေတာ ဖြစ်နိုင်တယ်။

စာြး့ပီးပြန်တော့သူခေါင်းသွားလျော်ဆံပင်သွားညျပ်. ပြောင်းပြန်. မိန်းကလေးက မလုပ်ရ။ အဲဒါနဲ့ ဘူဂစ်ကို ရောက်သွားတယ်။ ဘာတွေ တွေ့ခဲ့သလဲမေးပြန်တော့ပိုက်ဆံအိတ် ဖိနပ်ပေါ့။ခေါက်အိတ် အသေးလေးတွေ ဈေးလျော့တယ် ခါတိုင်း ၉၀ဝန်းကျပ်ကို တစ်ဝက်ချတဲ့ အိတ်တွေရှိတယ်။ ဝယ်ဘို့ ၈၀ရာခိုင်နှုံလောက် ဆုံးဖြတ်လိုက်သေးတယ်။ ပြီးမှ အာ..ငါ့မှာ လဲ များနေပြီဆိုပြီနားချ. ပြန်ချခဲ့ရတယ်။ ဖိနပ်ကတေှာ့ရိစေတော့ စီးမကုန်သေးဘူး. မကုန်ဆို စီးမှ မစီးဘဲ ဝယ်ထားတာဘဲရှိတယ်။

အပေါ့်ထပ်မတက်ခင် ဖုံးခေါ်တာနဲ့ မကျေမချမ်းနဲ့ ပြန် လာခဲ့ ရတယ် ။ ပန်နစူလာရောက်ပြန်တော့ ဟုတ်တာလဲမဟုတ်။ သူပျင်းလို့ခေါ်တာ. သူ့မိတ်ဆွေ ရောက်လာတော့မှ ကိုယ်လဲ လမ်းသလားထွက်ပြန်ရော။ အမှန်တော့ပြန်ချင်နေပြီ. လုပ်ချင်တာ ကတော့ကွုန်ပြူတာရှေ့မှာဘဲ ထိုင်နေချင်တာဘဲ။ မဖြစ်နိုင်သေးတော့ ဖူနန်ဘက်လျောက်ပြန် တစ်ခါ ဝယ်နိုင်တာ ကတော့ cold storage ကစားစရာနဲနဲပါးပါးဘဲ။ အော်. ဖူနန်အလည်မှာ့ကွန်ပြူတာနဲ့ ဖုံးအပြင်ဒီတစ်ခါ ရေမွေးရောင်းတယ်ဗျ။ ဈေးလည်းချပါတယ.် ဝယ်မိပြန်ပါတယ်။ ဈေးမများသောတစ်ပုလင်း ဝယ်၏။ ဘယ်လောက်လဲပြော။

ညနေစောင်း မက်ဒေါနယ်ဘာဂါ စားတယ။် ညအိမ်ပြန်ရောက်တော့ ခေါက်ဆွဲသုပ် ဝယ်လာတာ ကို ချဉ်ပေါင်ကြော်နဲ့ရောစားတယ။် ထမင်းအိုး တစ်လုံးတော့ချက်ပါတယ်။ ကိုကိုလား. မဆူပေါင်. မဆူရေးရမဆူ.. ဒီနေ့ ပန်နီဆူလာ ကို ဘယ် နစ်ခေါက်မှန်းမသိရောက်ပါတယ်။ စလုံးဆိုတာ ပန်နီဆူလာဘဲလို့တော့ မမှတ်လိုက်ကြပါနဲ့။ အများကြီးသွားစရာရှိပါတယ် ။ ယုံပါ။



























21 comments:

ကြည် said...

ပျော်စရာနေ့လေးတွေ ပိုင်ဆိုင်နေတယ်ပေါ့လေ။ ရေမွေးလည်း ဈေးမခန့်မှန်းတတ်တော့ပါဘူး။

PAUK said...

ညောင်းလိုက်တာ..
ဘယ်တော့မှ မမနဲ့ မလိုက်လည်ဘူး။။

ချမ်းမြေ့ရင် said...

ကိုမဆလာနဲ့ တက်ညီလက်ညီသွားလိုက်တယ်ကြားရတာ ၀မ်းသာ
တယ်ဗျာ သာဓု သာဓု သာဓု

အိုက်ခီလောက် said...

ဒီပင်နီဆူလာ ပဲ ဖတ်နေရတယ်
အဟတ် မမ ပြောသလိုပဲ စလုံးက ပူနီဆူလာပဲ သွားစရာရှိတယ်ထင်ပါ

Anonymous said...

ကျနော်လည်း ရောက်ခဲ့တယ်
မိုးတွေကလည်း ရွာလိုက်တာဗျာ

khet myint myint said...

အော် ဟော်ဟော်.. တိုက်ဆိုင်လိုက်တာများကွယ်။
ဒီနေ့ နေ့ခင်း ၂နာရီ၁၅မိနစ်မှ ၂နာရီ၄၀မိနစ်အထိ ထို ရနံ့သစ်မှာ ထိုင်ခဲ့ပါတယ်။ ရောက်တောင့်ရောက်ခဲ ပင်နီဇူလာ ရောက်ဖြစ်ခဲ့တယ်ဆိုရင် အဲမှာပဲ ထိုင်ပါတယ်။ အဲက လက်ဖက်ရည်ကို သဘောကျမိလို့ပါ (ကြော်ငြာ)။

khet myint myint said...

ဒါနဲ့ အများကြီး သွားစရာရှိတယ်ဆိုလည်း ပင်နီဇူလာလေး ဝင်လိုက်၊ ဟိုဒီလေးကြည့်လိုက်ရတာကိုက အရသာပါ။
ဒါနဲ့ ဟုတ်တယ်၊ ဒီနေ့ မိုးကိုသည်းရော..။

ADDRESSEE said...

စုံတွဲခုတ်တာကိုး ကောင်းပါ့ဗျာ

ရွှေရတုမှတ်တမ်း said...

ဒို့ဂျီးတော်ကြီး..စိတ်မနာတော့ဘူးထင်ပါရဲ့

Steve Evergreen said...

မြန်မာပြည်ပြန်တုန်းက ရိုက်ခဲ့တဲ့စားစရာတွေနဲ့ စာရင်အများကြီး စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ တခုပဲ။ ကြေးအိုး ခွက်က တော်တော်သေးတယ်

နေ၀သန် said...

စားချင်လိုက်တာ.....

ချစ်ကြည်အေး said...

မမ က ခေါက်ဆွဲသုတ် တော်တော် ကြိုက်ပုံရတယ်။ ခေါက်ဆွဲ၊ ပဲကြာဇံ၊ ဆန်ကြာဇံ၊ ထမင်းအနီဆုတ်၊ အာလူး၊ ပဲပြား၊ဂေါ်ဖီ၊ကြက်သွန်၊သင်္ဘောသီးစိမ်း နဲ့ ဆီချက်လေး ချက် မန်ကျည်းမှည့် အချဉ်ရေလေး နဲ့ အသုတ်စုံ ကောင်းကောင်း သုတ်တတ်တယ် မမရဲ့၊ စိတ်ဝင်စားရင် သုတ်ကျွေးချင်ပါတယ် မမရေ.....:D

Bino said...

I'm hear to hear that.
My crazy place in S'pore is Funan Centre and Similin Square.

BINO

Bino said...

correction,
happy for hear

Steve Evergreen said...

Bino,

As you said, I did check Funan Centre and Sim lin Square.

I think it is good for shoppers. But loads of adverts in each and every level inside made me sick. It is sad to say that I did not see any mature cultural and long lasting traditional things. I might be wrong.

Bino said...

Dear Steve,
I'm not mention any mature cultural and long lasting traditional things.
Just for crazy to buy electronic accessories, like P.C, H.P, DVD and LED TV.
Anybody who stays in S'pore knows about that.

BINO

သံလွင် HeRo said...

မရောက်တာ ၁၀ ရက်ရှိုပြီ

sweetpeony said...

မမ
တူနှစ်ကို ယှဉ်ကာတွဲသွားပြီဆိုတော့ သူများကိုမြင်လဲ စိတ်မနာတော့ဘူး မလား.....
း)
ကြားရတာ ၀မ်းသာပါတယ်...
း)

desertraindrops said...

စိတ်ညီလက်ညီ သွားလာကြထားတော့ မောတယ်မထင်ဘူး မဟုတ်လား မ့ကြီး :))

ကိုလူထွေး said...

ယုံပါတယ်...

းဝ)

Steve Evergreen said...

You are right Bino, disappointingly, I dont see any lovely trees inside those pathetic shopping places.