
အိုက်တယ်။ သိတ်အိုက်တာဘဲ ။ ဒီအိမ်မှာ air corn မရှိတာ ဆိုးတယ်။ အဲကွန်းလေးသာ ရှိရင် အတော်သက်သာမယ်။ ဘိုက်လဲအောင့်တယ်။ ဒူးရင်းသီးးစားတယ။် နစ်ဘူး ငါးကျပ်ဆိုတာနဲ့ဝယ်စားလိုက်တယ်။

ဒူးရင်းသီးက လေအောင့်တတ်တဲ့အထဲပါသလား စားပိုးနင့်သလားမသိ.စားပြီးရင် အိပ်ချင်တယ် ဘိုက်အောင့်တယ်။ အခု omeprazole သောက်ပြီး မြန်မာလေဆေး စားနေတယ်။ ယူကျူလဲနားထောင်တယ။် သီချင်းကြီး သီချင်းခန့်တွေ တော့လဲမဟုတ်ပါဘူး ကိုယ်နားထာင်တတ်သလောက်ပေါ့။ ကီးချိန်းတွေ ပိုက်အိတ်တွေ ရ့မယ်ဆိုလို့ဝမ်းသာပါတယ်။ ကျေးဇူး။

အမျိုးတစ်ယောက်က စိန်တစ်လုံးသရက်သီး နဲ့ မုန့်ဟင်းခါးတွေ ပေးလိုက်တယ်။ အဲသည်အမျိုး တို့ဘလော့ဖတ်သလားမသိ. စလုံးမှ တို့ဘလော့ ပရိတ်သတ်တွေ ရှိတယ်လို့သတင်းရတယ်။ ဘာဖြစ်လို့ဘဲ ဖတ်ဖတ် လာဖတ်ရင်ဝမ်းသာတာဘဲ လူတိုင်းကို ကိုယ့်ပရိတ်သိတ်ကြီးဘဲထင်နေမိတာဘဲ။ ဟိုတုံးကတော့ကောင်လေးတိုင်း ကိုယ့်ကို ကြိုက်တယ်လို့ထင်တာ. အသက်ကြီးလာတော့ အမြင်တွေပြောင်းလာတယ်။

မုန့်တွေ အတော်ဝယ်စားဖြစ်တယ်။

မချက်တတ်တော့လည်းဝယ်ဘဲစားနေရတော့တာဘဲ အိုင်အိုရာတို့လို ချက်တတ်ချင်စမ်းပါဘိသေးတယ်။ အိုင်အိုရာတို့ချက်ပုံများး များလိုကတာ မစားဘဲ ထိုင်ချက်နေသလားလို့ောတင်ထင်မိတယ်။

စားစရာပုံတွေလဲမတင်ချင်ပါဘူး မစားဘူးတဲ့သူတွေ မှ မဟုတ်ကြဘဲ။ ဖဘမှာဆိုလဲစားစရာတွေချည်းဘဲ. ဟိုနားလည်းစားစရာ ဒီနားလဲစားစရာ. သားရေကျစရာတောင် saliva တောင်မရှိတော့ပါဘူးလို့လာညည်းပြသွားတဲ့ အနော်မနက်တစ်ယောက်လိုဘဲ။ အားတော့နားတယ်။ ကိုယ့်ဘာသာ ကိုယ်ပြန်ကြည့်ပြီး ပီတိဖြစ်နေတာဘဲ။

ကြေးအိုးလား. အရောင်က နဲနဲရင့်တယ် နောက်ပိုင်းမှာ ဆိုင်တွေ မှာ modification တွေ ပါသွားတယ်။ ကြေးအိုးကတော့ကြေးအိုးပါဘဲ.


ညနေက တိမ်တွေ နီတယ်။

ကင်မရာမပါဘာဖြစ်လဲ တယ်လီဖုံးနဲ့ရိုက်တာပေါ့ အဲသည်တော့ဘာဖြစ်လဲ ဘာမှ မဖြစ်ပါဘူး phyo လိုမလှဘဲ ဘာမှ မရလိုက်ဘူး ဟူး.

ဒီနေ့ကံမကောင်းဘူး EZ link ရှာမတွေ့လို့ တွေ့တဲ့ဘတ်စကားပေါ်မတက်ရဘဲ အကြွေပေးရတဲ့ကားပေါ်တက်လိုက်မိတယ်။ အဲသည်ကားက မထွက်ဘဲ တစ်ခြားကားသုံးစီးထွက်သွားတယ်။ တစ်ခါ ကားစီးမယ်လုပ်တော့အကြွေလဲမရှိတော့ eZ Link card လဲမရှိတော့ရှာရင်းနဲ့ကားသုံးစီးလောက်လွတ်သွားပြန်တယ်။ ချစ်ခြုတ်ပြီး တစ်ကျပ်ထွက်လာတော့မှ ကားစီးလို့ရတယ် ဖြစ်ပေါင်းလဲများပါ့ အဲသလိုနဲ့ တစ်ကဒ်ထပ်ထဝယ်လိုက်ရတာနဲ့ ဝယ်ထားတာ သုံးကဒ်ရှိပြီ. ပျောက်နေတဲ့တစ်ကဒ်နဲ့ပါပေါင်းလိုက်ရင်လေးကဒ်ပေါ့ လူလေးယောက်တော့မရှိပါဘူး လူတစ်ယောက်ထဲနဲ့ကဒ်လေးကဒ်ပေါ့

ဘလော့ဂါမမ များလို လှချင်လို့အကျီတွေ ဝယ်နေတယ်။ ဖိုးစိန်တို့ပုံတွေ သွားကြည့်ပြီး ကြည့်မဝဘူး. ဘလော့ဂါများလဲ ဆယ်လီဘရယ်တီဘဲ ဘယ်လိုနေနေ လှမှ ဖြစ်မယ်။ လှလို့လဲ ဘလော့၈ါဖြစ် အဲလေ. ဘလော့ဂါမို့လို့ဘဲ လှနေကြသလား. သိတ်လှကြတယ်။ တို့ အ၈ျီတွေ လားကြည့်လေ. အသေးဆုံး xs ကိုဝယ်တယ် အမှန်က တော့ xxl ဘဲ။ ရှိုးလိုက်တာပေါ့. တစ်ထည်ကို မြန်မာငွေ နစ်ထောင်ကျပ်ကျော်လောက်. ကိုယ်ကြပ်တယ်ကွယ်။ ဆွိလိုပိန်နေရင်တော့လဲကောင်းသား အခုတော့ဝတ်လိုက်တာ. အဆီတွေ ထွက်ကလာယတ် ကိတ်စမရှိပေါဘူး တစ်နေ့တော့ပိန်ရမည်. ဦးရန်အောင်.။
14 comments:
ရို့စ်လည်း ဒူးရင်းသီး အရမ်း ကြိုက်တယ်။ ဒီမှာတော့ Frozen ၀ယ်လို့ရတာပဲ ကံကောင်းလှပြီ။ ဒီ စာကြောင်းလေး ဖတ်ပြီး သဘောကျလို့ တခစ်ခစ်နဲ့ ရယ်နေမိတယ်း)) "လူတိုင်းကို ကိုယ့် ပရိတ်သိတ်ကြီးဘဲ ထင်နေမိတာဘဲ။ ဟိုတုံးကတော့ ကောင်လေးတိုင်း ကိုယ့်ကို ကြိုက်တယ်လို့ ထင်တာ"
24/7
နောက်ရေးမယ့် ပိုစ့်ခေါင်းစဉ်
Ah Ma,
Three people from my family love to read ur post. It's so funny to read လူတိုင်းကို ကိုယ့်ပရိတ်သိတ်ကြီးဘဲထင်နေမိတာဘဲ။ ဟိုတုံးကတော့ကောင်လေးတိုင်း ကိုယ့်ကို ကြိုက်တယ်လို့ထင်တာ. အသက်ကြီးလာတော့ & တို့ အ၈ျီတွေ လားကြည့်လေ. အသေးဆုံး xs ကိုဝယ်တယ် အမှန်က တော့ xxl ဘဲ။ ရှိုးလိုက်တာပေါ့. တစ်ထည်ကို မြန်မာငွေ နစ်ထောင်ကျပ်ကျော်လောက်. ကိုယ်ကြပ်တယ်ကွယ်။ ဆွိလိုပိန်နေရင်တော့လဲကောင်းသား အခုတော့ဝတ်လိုက်တာ. အဆီတွေ ထွက်ကလာယတ် ကိတ်စမရှိပေါဘူး တစ်နေ့တော့ပိန်ရမည်. ဦးရန်အောင်.။ Heeeee Heeee :P
ဆွိ ၀ လာတာ မမ မှမသိဘဲ... မသိအောင်လဲ လူတွေနဲ့ ကွယ်ထားတာကိုးးး
း))))))))
ညီမလေးေ၇
မမလည်း ဒူးရင်းသီး ၃ဗူး ၅ကျပ်၇တာနဲ. ၂ ရက်ဆက်တိုက် အကုန်စားလိုက်တာ အပြင်ပူ အတွင်းပူနဲ. မနေ.က ရေ ၃ ခေါက်ချိုးလိုက်ရတယ်။ ငှဲငှဲ
ကြေးအိုး ဆိုတာတွေ့လိုက် လို့ ပုံလိုက်ရှာတာ မတွေ့ ဘူး။ မျက်စိ များရှန်းသလား။
ကြေးအိုးက အရင်ပို့ စ်ထဲမှာ တပုဂံပါတယ်။
အမရယ် အိုတဲ့ အချိန်မှာ ပိန်ရင်တော့ စိတ်ညစ်ပါတယ်။ ကိုယ်ဘာသာပြောတာ
:P
မမ ဝဝ လှလှတွေမှ သဘောကျဖို့ကောင်းတာ၊ ပိန်လှီညှောင်နာ မီးယပ်ရောဂါသည်ပုံပေါက်နေရင် ဘာအားကျစရာရှိမှာလဲကွာ အရိုးစူးမှာကြောက်လို့ အနားတောင်မကပ်ချင်ဘူး ဝေးဝေးရှောင်မယ်သိလား။
ဒူးရင်းသီးက ရင်ကို ပူစေတယ်နော် အစ်မကွန်။ ဒါကြောင့် အရမ်းအိုက်နေတာလား သိဘူး။
ဝမှ လှတာမို့ ဝလေ ကောင်းလေပါပဲ။ :P
အမရယ် ရုံကပြန်ရောက်ရောက်ချင်း အမဘလော.ဖတ်လိုက်တာ အမောပြေသွါးတာပဲ အမပြောသလိုပဲ ကျမလဲဆရာမလုပ်ဖူးတော. လာနှုတ်ဆက်တဲ.သူတိုင်း ကိုယ်.တပည်.ထင်နေလိ.ု ဟိဟိ
ပိန် ရမည် ဦးရန်ပိန် ဖစ်ရ မှာပေါ့ မခဥမ
..
Appana
စိတ်ရှိတိုင်း ရေးထားတာ
ဖတ်ရတာ
ပျော်စရာ ကောင်းလိုက်တာ မကေအိုအမ်၊
သူများမှာလည်း အီးဇက်လင့်ခ် သုံးကဒ်ရှိတယ်၊
လူတယောက် သုံးကဒ်ပေါ့၊
ဆူးလှည်းမေလို့  အမည်ပြောင်းတော့ မလားဟင်
A/C နဲ နေ ဘူး လား မ ကွန် ....
စ လုံး မှာ အ ရမ်း ပူ တယ် :P :P :P
Post a Comment