အမှန်တော့သူမညစ်နေ၏. စိတ်များလည်းမငြိမ်သက်. ဘုရားတရားလုပ်သင့်၏. အနည်းဆုံးတော့ စိတ်ကိုတည်ငြိမ်ရာ၏. လွတ်ထွက်မအော်မိစေရန်စိတ်ထိန်းထားရ၏. အကျိုးအကြောင်းကားရှုင်းသော်ရှည်၏.။ မနက်က ထမင်းအနည်းငယ်စား၏. စားချင်စိတ်မရှိ. ကြိုးစားစား၏. ညနေက ထမင်းဝယ်၏. စားချင်စိတ်မရှိ. ကွန်ပြူတာကလိ၏. အင်တာနက်ဖဘမွေ၏. မောသော်အိပ်၏. လွတ်ပစ်လိုက်ရ၏။ ပေါင်မုန့်မီးကင် သုံးချပ်စား၏. ငပိကြော်နှုင့်တွဲစား၏။
ညနေက အကျီဝယ်၏.အကောင်းစားများမဟုတ်သော်လည်းဝတ်ပျော်မည်ဟုယုံကြည်၏.
မည်သူအတွက်ရည်မသိ.ခြောက်ထည်ဝယ်ရာ တူနစ်ယောက် နစ်ထည် စီလေးထည်ဖြစ်ရာ. နစ်ထည်ပို၏။ medium ဝယ်၏။ အထုတ်ထည်းတစ်ခါထည်းထည့်ထားလိုက်၏.ရန်ကုန်သွားသော်ထရှာရန်မလိုတော့ချေ အထုတ်ကို မွေချ.ပြန်လည်ရွေးချယ်ရုံဖြစ်၏။
သွားစရာနေရာတစ်ခုရှိ၏. ပြေလည်စေရန်မျှော်လင့်၏.။ စာမေးပွဲဖြေရန် သတ္တိမရှိသော်လည်း သူများမေးလျှင်ဖြေနိုင်ရန် စာဖတ်ရ၏.မျက်စေ့ကားမကောင်းချေ။ ငယ်စဉ်က မဖတ်ခဲ့သည် ကိုနောင်တရ၏. မီးမှောင်ချဖတ်နေ သောခလေးများကိုဆူ၏. ဖုံးနင့် မျက်နာအပ်ထားသော ခလေးများကိုဆူ၏. မိမိကိုကား ဆူနိုင်သောသူမရှိချေ. ငယ်သောသူကဲလျင်အဆူခံရ၏. ကြီးသူများကဲ လျှင်အဆူမခံရ. လွန်ခဲ့သောနစ်နစ်က ပြောခဲ့သောရွန်းမီစကားမှန်လှ၏. ညနေက ကြက်ဆီထမင်းဝယ်မည် ကြက်ကြော်စားမည် စိတ်ကူးရာ/ အစာလည်းအဆိပ် အဆိပ်လည်းအစာဆိုသော ခြောက်လလွန်က ရွန်းမီ၏. ၈ျီတော့ စတေတပ် ကိုမြင်ယောင်သောကြောင့်.အဆီများများနေမည်လားမသိ.ခဏခဏခတော့စားလို့မဖြစ်ဟုဆိုကာ ကျော်ဖြတ်ခဲ့ရ၏။

21 comments:
တူတူပဲ ......... ဒီမှာလဲ ညစ်နေတယ်။
ထမင်းလဲ စားချင်စိတ်မရှိလို့ ညစာလဲ မစားဖြစ်ဘူး။ ဗိုက်ဆာလို့ အချဉ်ထုတ်စားလိုက် သကြားလုံးစားလိုက် ရေသောက်လိုက် .......
တခါတခါတော့လဲ ညစ်ရတာတောင် ညစ်လာတယ်။
သူများကိုလဲ မဖေးမ တတ်၊ ကိုယ့်ကိုယ်ကိုယ်လဲ အားမပေးတတ်တော့ဘူး။
ကျနော်လည်း ညစ်နေတယ်။ထမင်းစားရတာ အဆင်မပြေဘူး။ အိပ်ရတာ အဆင်မပြေဘူး။ အလုပ်မှာ နားရက်မရတာ အဆင်မပြေဘူး။ ထမင်းက သူများချက်ကျွေးတာ ခံတွင်းမတွေ့ဘူး။ ကိုယ့်ဘာသာကိုယ်လည်း မချက်ချင်ဘူး။ အိပ်ရတာက အသံတွေကြား ကြားနေရလို့ အိပ်မပျော်ဘူး။ အလုပ်ကတော့ မပြောချင်တော့ဘူး။ စိတ်ပြေလက်ပျောက် ကိုယ့်ကိုကိုယ် သတ်သေမလားလို့။ မမအဖော်လိုက်မလား။
ကိုယ်လည်းပါမယ်။ စိတ်ညစ်တဲ့ထဲ။ ကိုယ်ကတော့ လုပ်စရာတွေ မပြီးသေးသမျှစိတ်ညစ်တဲ့သူမျိုး။ ပြီးအောင်လည်းကျုံးမလုပ်ချင်ဘူး။ နောက်ဆုံးမှ လုပ်တဲ့သူမျိုး။ ကွမ့်လို။
ဒါပေမဲ့အမြဲတော့စိတ်ညစ်မခံနိုင်ဘူး။
ညစ်လိုက်၊ မညစ်လိုက်ပါပဲ။
ညစ်နေရင် စိတ်ထဲက မြန်မြန်ထုတ်လိုက်ပေါ့။
ကျမ္မာရေး ထိခိုက်မခံနှင့်။
စိတ်မညစ်နဲ့
လိပ်ဖြစ်တာ အခွံထူ လို့ ..
သိပ်ညစ်ရင် ရွှေတရော် သုံး ၊
မစင်သေးရင် A 21 လည်းရှိ၏၊
ချေးချွတ်မှုန့် တွေ တပြုံကြီးမို့
ကြိုက်ရာ ရွေးသုံး..
မမကွန်လည်းအ၀ှါဖြစ်နေပြီနဲ့တူတယ်.......
အကျီတွေပိုနေတာလားဟင်....
ထမင်းကမစားချင်ရင်မစားနဲ့ အားမဖြစ်ဘူး စားချင်တဲ့စိတ်ရှိမှ အားဖြစ်တာ...စိတ်ညစ်ရင် အ၀ှါဖြစ်တက်တယ်နော် သတိထား....
ပို၍ညစ်
မျောလွှင့်နေတဲ့တိမ် စိတ္တဇဆန်တဲ့ စိတ်ရူးများ မွှေ နေတုန်း ငါ မူးလို့မှုန် မီးမှောင်တဲ့ညတွေမှာ......မမကွန် ဆက်ရေးရမလားဟင်...
မျှော်လင့်သလို ပြေလည်စေသတည်းးးးးးးး...။ ညစ်နေရင် ဆက်ညစ်မမ...။ဆိမ်းဟီးယား..။ တခါတခါတော့လဲ ညစ်ရမှာတောင် ညစ်လာတယ်... လူက လေလေကြီး..။ ပြီးတော့လဲ ပြီးသွားမှာပါပဲ..။ ညစ်တုန်းသာညစ်နေရတာ..း(
အတော်ဝယ်နိုင်တာပဲ... ကုသိုလ်ကံကောင်းလေစွ
ညစ်တယ်ဆိုတာ ပေါင်မုန့် ကြည့်လိုက်တာနဲ. သိသာပါတယ်၊
မမကွန်း အသက် ၆၀ ပြည့်မွေးနေ.မှ toaster အသစ်လက်ဆောင်ပေးမယ်၊ နောင်နှစ်ဆို လက်ဆောင်ပေးလို.ရပြီ .. ခွိခွိ
ရေးသာရေးရာတာ စိတ်ဆိုးမှာလဲကြာက်ရသေးတယ်၊ ခုတလော လောင်ချာကွန်း(မမကွန်း) စိတ်အား ငယ်နေပုံရတယ်၊
ခင်တဲ့
ချစ်ကိုကိုမောင် (ဇီ)
ညီမလေးလဲ ညစ်တယ်... အခုတလော ကဂျီဂချောင် သုံးနေကျ စက်က ဖြစ်နေလို့...:):)
လူတစ်ကိုယ်....အညစ်တစ်မျိုးပဲအစ်မကွန်...၊ဖဘမှာ၊ဘလ
မှာ၊ဂတမှာပြောနေဆိုနေနောက်ပြောင်နေပေမယ့်...စိတ်
ထဲမယ်....ကိုယ့်အညစ်နဲ့ကိုယ် ပါပဲဗျာ....။အညစ်ကိုယ်စီ
ရှိကြသည်ပေါ့...ဟီး...၊မညစ်နဲ့....အဝှာဖြစ်နေဦးမယ်..ဟိ။
kom,
be happy.
anonymous
.......
....
....
.....
.....
Post a Comment