
လောကကြီးတိတ်ဆိတ်သွားပြန်တယ်။ အိပ်ကုန်ပြီလား. ကိုယ်သန်ရာ ကိုယ်သန်ရာ လုပ်နေပြီလား စာထိုင်ဖတ်နေသလား. ဘလော့ပိုစ်ကြီးကောင်းသွားပြီ ဆိုပြီး အားရပါးရရေးနေကြပြီလား ဖဘ မှာတင်ဘို့ပုံတွေရွေးနေသလား. ချက်နေကြသလား. ကိုယ် ကတော့ဘာမျှ မလုပ်ပါ.ကွန်ပြူတာေ၇ှ့ထိုင်ရွေ့ မြင်သမျှကိုဖတ်ပြီး စိတ်ကူးယဉ်ပါသည်.။

အစ်မ အတွက် ကျွန်တော်စိတ်ပူတယ်. အစ်မ depression ရနေတယ်လို့ ကျွန်တော်ထင်တယ် ထင်တာ မဟုတ်ပါဘူး သေချာပါတယ်ဆိုတဲ့ချစ်သူတစ်ယောက်ကို သတိရတယ်။ ဟုတ်မယ်ထင်ပါရဲ့ ပုံမှန်မဟုတ်ဘူးလို့ပြောတယ်။ ပုံမှန်လဲမ ဟုတ်ဘူးထင်ပါတယ်။

ချစ်သူတွေ ဆီကို ဖုံးဆက်တယ် တစ်ယောက် ကမကိုင်ဘူးအကြောင်းပြချက် တစ်ခုရှိပါလိမ့်မယ် ။ တစ်ယောက် ကမအားဘူး. ။ တစ်ယောက်က voice mail ထဲရောက်သွားတယ။် လောကကြီးထဲ ငါစကားပြောဘို့လုမရှိဘူးလား။ လက်ခံမဲ့ သူမရှိဘူးထင်ပါရဲ့။ စိတ်လျှော့လိုက်တယ။် နောက်ဆုံးတော့ ရေဒီယို နားထောင်လိုက်ရတယ်။ ။စနေည ရထားပေါ်မှ သိတ်ဆူတယ် အားလုံးဆူညံနေကြတယ် တိတ်ဆိတ်နေတာ ငါတစ်ယောက်ထဲ. ရေဒီယိုနားကြပ်ကို နားထဲထည့် လိုက်ရတယ် ငါလဲဆူသွားတာပေါ့။ (ကိုယ့်ကိုကို စာရေးဆရာတစ်ယောက်ကြီးလားထင်မိတယ်။ ငါလို့သုံးမိတော့)..

ဒါတ်ပုံတွေ ကို ဒေါင်းလုပ်လုပ်တယ်။ ဘလော့စပေါ့ဝင်မရတော့စဉ်းစားတယ် အင်း ငါ့မှာ back up လည်းမရှိပါလား စဉ်းစားတယ် . Gone ရင်တော့ ဂွမ်းပေါ့လေ. ဘယ်တတ်နိင်မလဲ လွမ်းလောက်စရာမရှိပေမဲ့လဲလွမ်းရမှာဘဲပေါ့။ HDD က မဖတ်တတ်တော့ ရင်ကော ဘယ်နယ့်လုပ်မလဲ N3 လဲကယ်နိုင်မှာ မဟုတ်ဘူး. ။ အိမ်ပင့်မှ ဘဲ ဖြစ်မှာဘဲ။
မေလ နစ်ဆယ်နစ်က ကိုကြီးကျောက်မွေးနေ့တဲ့။ FB က သတင်းပို့တယ်။ သူ့ဖဘ ကို သွားကြည့် လိုက်သေးတယ်။ သူ့ဘလော့ကိုတော့အခုထိမသွားသေးဘူး လက်မခံချင် သေးဘူး။ ရှိနေသေးတယ်ဘဲအောက်မေ့တယ်။ ကိုကျောက်ကို ခင်ခဲ့တာကွန်မက်လာပေးရာက စတာဘဲဘယ်လိုခင်သွားလဲတော့မသိဘူး အီေးမလ်တွေပြန်ရှာကြည့်တော့ ၂၀၀၉ မှာတွေ့တယ်။ သူဘလော့ဆောက်ချင်တယ်တဲ့. တတ်သလောက်မှတ်သလောက်ဆရာလုပ်လိုက်တယ်။ အန်မတန် ဂျီတော့ပြောခဲတဲ့ကိုယ်.ကိုကြီးကျောက်နဲ့ ၈ျီတော့ပြောပြီး ဘလော့ကိုဘယ်လိုပြုပြင်ရမယ် ဘာညာ ဘာညာတွေ ပြောဖြစ်ကြတယ်။ နောက်ပိုင်းကိုအောင်သာငယ်ဝင်ကူသွားတာနဲ့ ကိုယ်လဲပညာကုန်သွားတာနေဲ့အတော်ဘဲ ထင်တဲ့အတိုင်းဘဲ သူလဲအောင်မြင်ပါတယ်. သူ့အောင်မြင်မှူတွေ ကြည့်ပြီးပီတီဖြစ်ခဲ့ရတယ်။ သတင်းစကားကြားရတော့မယုံနိုင်ဘူး သုံးလဘဲ ဘာဘဲညာဘဲနဲ့ နောက်နေတယ်ဘဲအောက်မေ့တယ်။ အန်မတန် သတ်တိကောင်းတယ် ဘယ်လိုရင်ဆိုင်သွားလဲ မတွေးဝံ့ဘူး။ နောက်ပိုင်းတော့ဖုံးမဆက်ဖြစ်ခဲ့ဘူး. သူ့ကိုချစ်တဲ့သူတွေ အများကြီး ငါမဆက်လဲဘာမှ မဖြစ်ပါဘူးလေလို့ဘဲ တွေးတယ။် အမှန်တော့ဆက်သင့်တာပေါ့. နောင်တဆိုတာနောင်မှ ရတာပါဘဲ အမြဲခွင့်လွတ်တတ်နားလည်တတ်တဲ့သူ ကိုယ်စိတ်မမှန်တာကို နားလည်ခွင့်လွတ်ပေးမယ်ထင်ပါတယ်။ လက်အုပ်ချီကန်တော့လိုက်ပါတယ် ကိုကြီးကျောက်. ကျွန်တော်ကတော့အတည်တွေ ထက် ခပ်နောက်နောက် ဘဲရေးတတ်တယ်. ဆိုသလိုဘဲ တို့လဲ အတူတူပါဘဲ။ ရင်ထဲမှာ အမြဲရှင်သန်နေမှာပါ ။
အိတ်တွေဝယ်လာပြန်တယ်။ လေးခု တစ်ဆယ်နဲ့ပေးလိုက်တယ်။ ဓါတ်ပုံတွေ များလွန်းတော့ဘယ်က နေစစီရမလဲမသိတော့ဘူး နောက်ကနေဘဲစစီတော့မယ။် ရင်နဲ့အမျှတွေ ကိုဖွင့်ချရမှ ဖြစ်မယ။် ရင်ဘတ်ကြီးနဲ့သိမ်းထားချင်တဲ့သူတွေ ကတော့သိမ်းပြီးအိပ်နေရော့မယ်။
supradyn က နစ်ဆယ့်ကိုးကျပ်.။ သွေးပေါင်ချိန်တိုင်းတာ လက်ကောက်ဝတ်မှာတိုင်းတာ အမျိုးမျိုးအစားစားရှိတယ။် စလုံး ၇၅ ကျပ်လဲရှိ. ၁၁၀ ကျပ်တန်လဲရှိ. ဈေးမေးခဲ့တာ။ made in Japan.

မျှစ်ချဉ်နဲ့ဝက်သားဟင်း. မြန်မာဆိုင်ကဝယ်လာတာ. ငါးကျပ်ယူတယ်ထင်တာဘဲ။

ဒီည လပြည့်ပြန်တယ်။ လမင်းကြီးကိုမော့ကြည့်တယ် ဟိုနားရောက်လိုက် ဒီနားရောက်လိုက်. ပြည့်မှာပေါ့ ၁ရ ရက်နေ့မှာ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်တဲ့ ရုံ့းပိတ်မှာပေါ့ ပျော်စရာကြီးဘဲ. ခွင့်သွားတင်သေးတယ် တနလာအတွက်. နောက်ကျတဲ့သူ နောက်ချေးနဲ့သလဲဘဲ. သူများဦးသွားပြီတဲ့ သက်ဝေဘဲဖြစ်ဘို့များတယ် သူကအမြဲပြကဒိန်ကြည့်တတ်တယ်။ သူများတွေလိုနီးမှ ကပ်ပြီးသွားယူတာမဟုတ်ဘူး ပလန်နဲ့ယူတာ. မယုံရင်ပိုစ်အဟောင်းထဲမှာ သူ့ကိုဘဲရှာခိုင်း.

ပင်နီစူလာပါ စီတီးဟော အမ်အာတီကနေတက်လာတာနဲ့ ရောက်ပါတယ်။ ကိုလတ်တို့Yetun Zaw်တို့ စလုံေးရာက်ရင်ကိုယ့်ဘာသာကိုယ်သွားလည်ဘို့ပြထားတာ. ။ ဘေးက မီးလုံး. လမင်းမဟုတ်ဘူး.

လက်ပတ်နာရီဆိုင်က ငါးကျပ်တန်တစ်လုံးဝယ်လာခဲ့သေးတယ်။ ငါ့လောက်ကြော်ငြာအားကောင်းတာလဲ မရှိဘူး. ဘာလို့အလကားမရတာလဲမသိ.။ ချစ်ကြည်အေးဆိုရင်ရတယ်။ နောက်တစ်ခါ သူ့ကိုလွတ်ရမယ်။ အိတ်ဆိုင်တို့ နာရီဆိုင်တို့ ငတို့က နောက်ကနေအသာလေးလိုက်ရုံဘဲ။
ဘက်၈ါစားတယ် နော်မန်ကို သတိရရင်းနဲ့ ……..သူ့ကိုအကြံပေးရမယ် ရန်ကုန်ပြန်ပြီး ဘာဂါဆိုင်ထောင်ပြီး. အလုပ်ရှင်လုပ်ခိုင်းရမယ်။ ဒီလောက် အနေနီးစပ်တာ လုပ်တတ်ရမှာပေါ့. သူငှေးလုပ်ခိုင်းမယ် ဝန်ထမ်းရှာလိုက်ပေါ့.။ ငါအားပေးမယ်။ ။

မောင်ရေခဲလဲပျောက်သွားပြန်ပြီ. မူးကလဲမူး. ဖုံးကလည်းမရှိ. ဘက်စကားမှတ်တိုင်မှာအရင်လိုဘဲသွားအိပ်နေဦးမလားမသိ. အဂ်လန်က အစ်မ မျက်နာမှ မထောက်.
ပျောက်နေတဲ့သူတွေ ကအများကြီးဆိုတော့အားလုံးကိုရေးရရင် စာမျက်နာမဆန့်ဘူး.။ ဖြည်းဖြည်းချင်းပေါ့ ရက်တွေအများကြီးရှိသေးတာဘဲ. ။

ကော်ဖီသောက်တယ် ပန်းကန်ပဲ့ရင်လွတ်ပစ်ချင်တဲ့ ရွာသားလေးကိုသတိရတယ်။ လွတ်ပစ်လဲအလကားဘဲ တို့လက်ကြမ်းကြီးက နောက်တစ်လံုးးကိုဖဲ့ဘို့အဆင်သင့်ရှိတယ်။. သူမှ တို့ဘလော့လာမဖတ်တော့တာ. နေပလေ့စေတော့. လွတ်မပစ်တော့ဘူး.

မနက်က ကြက်ဥချဉ်ရည်ချက်တယ်။

မုန့်ဟင်းခါးချက်တယ်

အတိုချုံးလိုက်ပါတော့မယ်။



အမြန်ပြီးအောင်. ကြက်သွန်နစ်ဥဘဲကျန်တယ်။

ဇွန်မိုးစက် အိမ်မှာတော့ကြက်သွန်ရှိပြီး ဆီကုန်နေလို့ ဆီမထည့်လိုက်ရတဲ့ကြက်ဥဆီပြန်ဖြစ်သွားပြီးငါ့အိမ်မှာတော့ ဆီရှိပြီး ကြက်သွန်မရှိတဲ့ ကြက်ဥချဉ်ရည်ဖြစ်သွာတးယ်။

ဝက်အူချောင်းကြော်တယ်။

sound looks good ပေမဲ့. အမြင်မှာတော့မဂွတ်ဘူး.။ မိန်းမတိုင်းဟင်းချက်တတ်တယ်လို့အထင်မှားမှာစိုးလို့ပါ. ဒီမှာ လိုမချက်တတ်တာတွေ အများကြီးရှိတယ်လို့ ဆိုလိုချင်တာပါ ခဥမက စ ရီတာ အလယ်…အလင်းစက်အဆုံး..
16 comments:
ရေးဟန် မိုက်တယ် အမခင်ဦးမေ ...
ရသစုံ စာတပုဒ် ဖတ်လိုက်ရသလိုပဲ။
ပြုံးလဲပြုံးမိ ... ရယ်လဲရယ်မိ ... ၀မ်းလဲနည်းမိ ...
(၀မ်းနည်းတာက ဘကျောက်ကို လွမ်းလို့ပါ)
ဘာလုပ်သလဲဆို ဘာမှ မလုပ်ပါဘူး။ မအိပ်သေးတာတော့ အမှန်ပဲ။ (ကျွန်တော့်ကို မေးသလား လို့ပါ။ :D)
လေးလုံးတစ်ဆယ် တန်တယ်၊
မုံ့ဟင်းခါးနဲ့ ကြက်ဥချဉ်ရည် စားချင်သွားတယ်၊
ကြက်ဥဟင်း ဒီနေ့ချက်စားလိုက်အုံးမယ်။
အပြုံးပန်း
ကြက်ဥဟင်းနဲ. ၀က်အူချောင်းကျော်က စားချင်စရာကြီး
ဒို.မမကြီး က တော်သားပဲ ၊ ဒီလိုဟင်းတွေလည်း ချက်တတ်တယ် ၊
ပင်နင်ဆူလာမှာ ထမင်းဆိုင်ဖွင့်ပါလား၊ အကြွေးနဲ.လာအားပေးမယ်၊
ခင်တဲ့
Z
ပုံမှန်မဟုတ်ဘူးဆိုတော့ ကျစိမ့်လား ချိုကျလားဟင်....။
(အဲ....ဆင်တဲကဖေး နဲ့ မှားတော့မှာပဲနော်....:))
ကြက်ဥမရှိတဲ့ ကြက်ဥချဉ်ရည်...တဲ့လား...သိပ်မော်ဒန်ဆန်
တာပဲ...စကားလုံးတွေပြေင်မြောက်သဗျာ...။
“ဘေးကမီးလုံး...လမင်း...ဟုတ်ဘူး...” ဆိုတဲ့ အညွန်းကယ်ပေလို့...နို့မို့ဆို သာလိုက်တဲ့လမင်းကြီး လို့
ထင်နေမှာ...(ဒါ့ပုံဆြာ တော်ထှာ....:))
ဒါနဲ့ ခဥမအစ..ရီတာအလယ်....အလင်းစက်အဆုံး... ဆို
တော့ အလင်းစက်က မိန်းမကြီးလား....၊ကြည့်စမ်း..ဒင်း
ဘယ်တုန်းက ဘဝပြောင်းသွားပါလိမ့်...ဂွိ.......:)))
ကိုကြီးကျောက်အကြောင်းရေးထားတာ..စိတ်မကောင်း
ဘူး....။ရင်ထဲရှိတဲ့အတိုင်းရေးထားတာ အရမ်းသိသာ
တယ်...။ဖုံးမဆက်ဖြစ်တာကို စိတ်မကောင်းမဖြစ်နဲ့ပါ
နဲ့အစ်မရယ်...။နောင်တလည်းရမနေပါနဲ့...။ဒီလိုပဲပေါ့
ဘဝမှာကျွန်တော်တို့မတတ်နိုင်တာတွေ အများကြီးရယ်....:((((
(အပေါ်ကဟာတွေက နောက်တာ...၊အောက်ဆုံးပိုဒ်ကအတည်...)
မနေ့က တချိန်လုံးအားတယ်...
အဲ့အချိန်လေးပဲ မအားတာ...
နောက် ၁နာရီလောက်နေရင် ဆက်လိုက်မလို့..
မမက မအားတော့ဘူးဆိုတာနဲ့...။
စိတ်မကောင်းမဖြစ်ပါနဲ့..။
အာဘွား..။
မမက အချစ်ဆုံးး။
မပေါ်လီကွမ်း Depression ရနေတာတဲ့ လုံးဝ ကိုမဖြစ်နိုင်တာ။ မီးသီးကြီးကိုလဲ လ တဲ့ ညာတာ........ :D :D :D။ ကန်စွန်းရွက်ကြော်တောင် လာမြည်းသွားပြီးမှ ဘာမချက်တတ်ဘူးလဲ.... ဟမ်... ငါဘ၀ ပြောင်းရှာပြီ :( :( :(။ မောင်လေး (ခ) ငြိမ်းနိုင် ၀မ်းသာနေရှာတယ်...။ လူပျိုသိုးတွေ အဲ့လိုပဲ။ အဲ့သည် လူပျိုအသိုးကို ဖုန်းခေါ်မKOM။ အချိန်ပြည့်အားလပ်နေတာတဲ့။
(တော်သေးတာပေါ့ စောစောစီးစီး နာမည်ပါသွားလို့  နောက်ပိုစ့်တွေ ဒိထက် ကြမ်းမယ်ကြားတယ်.. :))))))))))))))) )
လနဲ့ မီးသီးကိုတော့ခွဲနိုင်ပါသေးတယ် မမကွန်ရယ်...
စင်ကာပူတော့လာနိုင်မယ်မထင်...
ကိုရေခဲ ဆီဖုံးဆက်သေးတယ်ပေါ့...
ပျောက်သွားပြန်ပြီလား...
မအိပ်သေးပါဘူး...
ကျနော်ဆီဆက်ရင်ပြောမှာပေါ့...
အော်...ဖုန်းနံပါတ်လား..ဖဘကနေစာရေးပို့လိုက်မယ်...အများကြီးဝယ်ထားပြီး ဘယ်မှာသိမ်းလဲသိချင်တယ်
မမ သိပ်တော်တယ်... သက်ဝေ မနက်ဖြန် ခွင့်...
ရုံးမှာ I need a break လို့ ပြောခဲ့တယ်... တယောက်က Saturday Sunday နှစ်ရက် နားပေါ့လို့ ပြောတာကို Not enough လို့ ပြန်ပြောခဲ့တယ်...း))
မမရေးတဲ့ ကိုကြီးကျောက်အကြောင်းလေးဖတ်ရင်း ဖုန်းမဆက်မိတဲ့ နောင်တနဲ့အတူ စိတ်မကောင်း ဖြစ်မိပြန်တယ်... နောင်တဆိုတာ နောင်မှ တ ရတာချည်းပါပဲ မမရယ်...း((
ပျောက်သွားကြတဲ့သူတွေ အကြောင်းကတော့... အင်း... ရှိပါစေတော့လေ... ဖဘမှာလည်း ပျောက်ကုန်ကြတဲ့သူတွေ အများကြီးပဲ... သူတို့ အကြောင်းတွေနဲ့သူတို့ပေါ့ လို့ပဲ တွေးနေပါတယ်...
အပေါ်ဆုံးက အိပ်လေး ကြိုက်လိုက်တာ မမ..
Uထုံ
စိတ်ညစ်သွားတယ်.. နညလည်း တူတူ.. ဟိုလူကလည်း ကိုယ့်ကို အချိန်မပေးနိုင် ဒီလူကလည်း မအား.. ကိုယ့်အနား ဘယ်သူမှလည်းမရှိသလိုလို.. ကိုယ်ကပဲ အားယားပြီး လူပိုဖြစ်နေသလိုလို.. တစ်ယောက်ထဲ ယောင်ချာချာ ညနေခင်းတွေ များများလာနေတယ်..း(
ကိုရေခဲအကြောင်း သိတယ်..
ပြန်မယ်မမရေ။ဘာဂါဆိုင်ဖွင့်ပြီး သူဌေးလုပ်မလို့တော့မဟုတ်ဘူး။သူတောင်းစားဖြစ်ချင်နေတာ။လွတ်လပ်မှုကိုရှာရင်းနဲ့ ဘဝကို လေလွင့်ချင်နေတာ။
အမျိုးသမီးတွေ ပြောင်းခြင်၊ ရွေ့ ခြင်တဲ့ အထဲ အရွယ်လဲပါတယ်။ မရလို့ 
ကိုကြီးကျောက်အတွက် နောင်တရသူထဲမှာ စာရင်းတို့ပါတယ်။ မဆက်ဖြစ်လိုက်ဘူး။ တော်တော် စိတ်မကောင်းဘူး။
အစ်မ ကြက်ဥချဉ်ရည်။ ၀က်အူချောင်းကြော် လိုက်တယ်။ ကြက်ဥချဉ်ဟင်းက စားချင်စဖွယ်ပဲ။ ဟင်းချက်တတ်ဘူးဆိုတာ ယုံရခက်ခက် ...
ဟာ...မမ လုပ်ပြီ...၊ တခါတည်းပါ မမရာ အဲ့တခါပဲ ဖရီးရဖူးတာပါ....။ အလကားကျော်စွာနဲ့ အမျိုး ထင်ကုန်ကြတော့မယ် ခွိ :)
Post a Comment