သိတ်ပင်ပန်းရင်ရေးစရာမရှိတော့ဘူး။ ရေးစရာမရှိ. မရေးနဲ့ပေါ့ ခက်တာမှတ်လို့ ရေးစရာမရှိပေမဲ့လဲပြောစရာတော့လဲရှိတာပေါ့။ ပြောစရာရှိပေမဲ့လဲပြောအားမရှိသေးဘူး။
ညက အိမ်မက်မက်တယ် အခုတစ်လော အိမ်မက်တွေ သိတ်မက်တယ်။ မအိပ်ဘူး. အိပ်ပြန်ရင်လဲ ထမရဘူး ကုန်းရုံးထရတယ်။ ဘာမက်သလဲပြန်စဉ်းစားတာ သိတ်ခက်တယ် မရတော့ဘူး အဲဒီအချိန်ကသာ ထရေးရင်သိတ်ကိုကောင်းတဲ့စာတစ်ပုဒ်ဖြစ်မယ် သိတ်နမျောစရာကောင်းတာဘဲ။ ယောက်ကျာ်းမကြောက်ရရင်ကောင်းမယ။်
အခုတစ်လောသိတ်ပင်ပန်းတာဘဲ ထမင်းကို အားတဲ့အချိန်ဆင်းစားတယ် အားရင် အားသလို စားတယ် စိတ်ညစ်ရင်ညစ် သလိုစားတယ်။ သူများရပ်ကွက်ခဏသွားရတယ်။ အလုပ် များကြတယ်။ ဘော့စ်တောင် ဖျားသွားတယ် အန်မတန်ဖျားခဲ တဲ့ဘောစ် တောင်ဖျား တယ်ဆိုတော့ ဘယ်လောက်ပင်ပန်းသလဲတွေးကြည့်လို့ရတယ် . ကိုယ်မဖျားဘဲ ဘော့စ် ဖျားသွားတယ် ဆိုောတ့ တစ်နည်းအားဖြင့်ပြောရရင် cause of the အဖျားက ကိုယ်ဘဲလို့ တောင်ပြော လို့ရတယ။် ဘိုက်ကလဲ ခဏခဏအောင့်တယ်။ omeprazole တစ်လုံးသောက်လိုက်ရင်တော့ လဲသက်သာသွားပြန်တယ် အမှန်ကတော့နဲနဲရေရှည်သောက်သင့်တယ်ထင်တာဘဲ။ထင်တာကထင်တာဘဲလေ.မသောက်တာကတော့
လဲမသောက်တာဘဲ။ ရေးလက်စ..တွေးလက်စတွေ လဲရှိတာဘဲ သေချာရေးရင်အချိန်ကုန်တယ်။
ရန်ကုန်မှာတုံးက မနက်၁၀ နာရခွဲအထိမထသေးတဲ့ သူတစ်ယောက်ကို အိပ်ယာက သွားနှိုးပြီး ဘရိတ်ဖတ်သွားစားတယ်။ အဲကွန်းရှိတဲ့ဆိုင်ကိုရွေးထိုင်ကြတယ် နေ့လည်မရောက်သေးဘူး အတော်ပူနေပြီ။ ဆိုင်လေးက ကောင်းပါတယ် ဆက်တဲလိုက်မြေပုံနဲ့တော့မပြောတ့ပါဘူး.
အချစ်လား ပါတာပေါ့ မျက်စေ့အောက်ကမှ အပျောက်မခံတာ. ။ ပိုက်ဆံအိတ်က အချစ် အိတ်. ပြင်သစ်က ဝယ်လာတဲ့ အိတ်. ဈေးသိတ်မကြီးပါဘူး. ဟောင်းလာပေမဲ့ မလွတ်ပစ်ရက်သေးဘူး ရန်ကုန်သွားရင် သုံးတယ်။ ပြန်မဝယ်နိုင်.ပြန်မရနိုင်တော့တဲ့ပစ္စည်းတစ်ခု ဟာ တန်ဖိုးရှိနေတယ်။ ဒီမှာဝယ်နိုင်ပေမဲ့လဲ မတူနိုင်ဘူးလေ. ကီးချိန်းက အီဖယ်မျှော်စင်နားက နေဝယ်တာ တစ်ယုရိုလား နစ်ယူရိုလား သုံးယူရိုလား မေ့သွားပြီ. အားကြီဈေးကြီးတယ် အရာရာ. သော့ချိတ်လောက်ဘဲဝယ်နိုင်တယ်။ ဒါလေးလဲ သိတ်မရှိတော့ဘူးပြန်လာာတုံးကဟိုလူ့ကိုပေး ဒီလူ့ကိုပေးနဲ့ အဲသည်တစ်ခု နစ်ခုလောက်ဘဲကျန်တော့တယ်။ ပြန်သွားမဝယ်နိင်တော့တော့လဲဒါလေးဘဲ ကြည့်ရတဲ့အခါ အလွမ်းကလေးတွေ ဖြစ်ရတယ်။
then .ကိုယ်စားတဲ့ ထမင်းကြော်. ဇွန်းခရင်းက ဘာဖြစ်လို့ အူကြောင်ကြားဖြစ်နေရတာလဲ ကိုယ့် ဘာသာလဲကိုယ်နားမလည်နိုင်တော့ဘူး။ နေပူခေါင်း မူးကြလို့ အားလုံးဘဲသံပုရာရည်သောက်ကြတယ်။ သောက်လို့ကောင်းပါတယ် မဝလို့ ရေသန့်ဘူးနဲ့ညှပ်သောက်ရတယ်။
အချစ်က ကြေးအိုးသောက်တယ် သူ သောက်တဲ့ ကြေးအိုးပုံရှာ မရတော့ဘူး. နောက်တစ်ခါဒတ်ပုံရိုက်လို့ဘက်ထရီတွေ အပြောင်းလဲ လုပ်ရင် ရက်စွဲ သေချာပြန်ချိန်ရမယ် အခုတော့ရက်စွဲတွေ မချိန်ထားတော့ပုံတွေ ကဗျောက်သောက်ဖြစ်ကုန်တယ် ပြန်ရှာရတာသိတ်ခက်တယ်
အဲဒါနဲ့ နောက်တစ်ခါ သယ်ချင်းနဲ့ သွားစားတဲ့ အထဲကကြေးအိုးပုံယူသုံးလိုက်တယ် အတူတူဘဲလေ. ဆိုင်တူတာဘဲ အချိန် ဘဲလွဲတာ.
မှတ်ချက်
ဒီစာက သုံးရက် မှာ သုံးမျိုးရေးထားတာကိုပေါင်းလိုက်တာဖြစ်တယ်. အတွေးတွေ က သိတ်ရှုပ်ထွေးနေတာဘဲ ဟိုတစ်စ ဒီတစ်စ. .
22 comments:
တစ်..............
မမ
ကိုမဆလ အတွက် ပြင်သစ်က ပိုက်ဆံအိတ်အသစ်ယူမလား ၊ ပို့ပေးမယ်လေ ။ လိပ်စာပေး ။
ကြေးအိုးအရသာ ဘယ်လိုနေလဲအစ်မ..ပုံစံက အရည် ခပ်နောက်နောက်ဖြစ်တယ်နော်..။ အရွက်စိမ်းလေးနဲ့ စားချင်စဖွယ်
mm
အမ်၊ နော်ဝေးကနေသွားတဲ့ ကျွန်တော်တို့ကျတော့ ပြင်သစ်က ဈေးပေါလို့ ရှော့ပင်းထွက်လို့ကောင်းမှကောင်းပဲ။း-))
နှစ်ခုလုံးကြိုက်တယ်
ဟုတ်တယ် ... ယောက်ျားမကြောက်ရရင် ကောင်းမယ် ...း)
မမကွန်းကြည့်ရတာ ယောက်ကျာင်္းကို ကြောက်ရပုံ မပေါ်ပါဖူး၊ ကြောက်ချင်ယောင်ဆောင်နေတာ ဖြစ်ပါလိမ့်မယ်၊ ကိုမဆလာကြီးက မမကွန်းကိုဆူရင် လိမ်ဆွဲပစ်လိုက် .. ဗိုက်ခေါက်ကို
မခင်တဲ့
ZZZ
ကြောက်ရပေလို့ ဘဲ။ မကြောက်ရရင်ရုပ်ရှုင်ရုံထဲကထွက်တော့မှာမဟုတ်ဘူးးး)
ကြေးအိုး စားချင်ပါသည်။
ရေသန့်ဘူးနဲ့ ညှပ်သောက်တယ် ??? ဘယ်ကိုညှပ်သောက်တာ လဲ ဟင်..
Paris is not expensive like Swiss.I usually go even for grocery to French side(10 min drive).Give me ur contect no. or P.O box No.,I'll send some key chains from both sides...:))See how i love u....:D
ကြေးအိုးစားချင်လယ်မမ
ကြေးအိုးနဲ့ ခဏခဏမနှိပ်ဆက်ပါနဲ့လားအစ်မကွန်....၊
အနော်တို့က အစ်မကွန်လို့ ရန်ကုန်ကို လွမ်းတိုင်းပြန်နိုင်တာ
ဟုတ်ဘူးဂျ...:(((နောက်တစ်ခါကြေးအိုးပုံတင်ရင် ပန်နစူ
လာမှာ လိုက်တိုက်ပြီးမှတင်ရမယ်...ဒါဗြဲ...:D
အအေးခွက်မှာ ကင်မရာကြီး ကိုင်ပြီး ရိုက်နေတဲ့ မမကွန်ပုံ မြင်လိုက်ရတယ်။
ဒါနဲ့ စကားမစပ် . . . သံပုရာရည်ကို ကျနော်တို့ကတော့ လက်နဲ့ပဲ ကိုင်ညှပ်သောက်တယ်။ ရေသန့်ဗူးနဲ့ ညှပ်ပြီးတော့ သောက်တာ တစ်ခါမှ မတွှေုဖူးဘူး . . လုပ်ပြပါဦး။
အင်း သွေးဆုံးခါနီးမှ နောက်မီးလင်းချင်နေတာလား
ရှိနေတာကို ကျော်ပြီးလွမ်းနေတယ်ဆိုပဲ
လင်းချင်လဲ လင်းစရာလူရှားနေလားမသိ
ဒီဘိုလန်းနီးအခြောက် စတိ ကိုမှတဲ့
မြင်ပြင်းကြားပြင်းကတ်လိုက်လေ
အသက်ကြီးပြီး ပေါက်ကရတွေ ရေးတဲ့အကျင့်က မပျောက်သေးဘူး မရင့်ကျက်သေးဘူး။ဘေဘီနဲ့တော့ ခက်ပါတယ်ကွယ်။
မောင်စမတ်
ကိုယ့်တူမ သမီးအရွယ်တွေ ရေးနေကြတဲ့ ဆိုရှယ်ဆိုက်တွေက နေရာတွေမှာ သွားကြည့်ပါအုံး။သူတို့ သူတို့လေးတွေတောင် ဒီလောက်ရင့်ကျက်နေရင် အသက်ကြီးတဲ့ကိုယ်က ကလေးကလားဆန်ဆန်လုပ်နေတာ အားမနာတမ်းပြောရရင် ရှက်ဖို့ကောင်းတယ်။
မောင်စမတ်
ဒီbloggerကိုစဖတ်မိတုန်းကမကြိုက်ပါဘူးဖတ်၇င်းဖတ်၇င်းနဲ့သူ့မှာအတုယူစ၇ာကောင်းတာတွေ့လာတာကဘယ်သူ့ဘာပြောပြောဂရ
ုမစိုက်ဘဲသူလုပ်ချင်တဲ့အ၇ာ(ဘယ်သူ့ကိုမှလည်းမထိခိုက်စေတဲ့အ၇ာ)ကိုသူလုပ်တာ
ဘ တခါတလေလူတွေအကြိုက်လိုက်၇တာစိတ်ပင်ပန်းပါတယ်ဲ
@ nyi
တူတယ်။ မတူတာက ကိုယ်တော့ စဖတ်မိကတည်းက ကြိုက်သွားတာပဲ။
တို့ကတော့ရေးချင်တာရေးရတာပျော်ပါတယ်။ တစ်ခါတစ်လေတော့လည်းစိတ်ညစ်တာပေါ့. စိတ်မထိခိုက်ဘဲ ဘယ်သူနေပါ့မလဲ. မနည်းမေ့ပစ်ရတယ်။
ွသွားဖတ်ရာနေရာမှာ အရေမရအဖတ်မရကွန်မက်တွေတွေ့ရတယ် သိတ်စိတ်ကုန်ဘို့ကောင်းတာဘဲ ဆိုတော့အားကြီးစိတ်ထိခိုက်ရပါတယ်။ ကွန်မက်ဆက်ရေးရနိုးမရေးရနိုးဖြစ်သွားတယ်။ ဒါတောင် အခုဘလော့တွေမှာကွန်မကမရေးတာ များတယ်။ facebook မှာတော့ရေးမိတယ်။ မျက်စိနောက်ရင်တော့လဲ like လောက်တော့လုပ်ပရစေ။
ဒါပေမဲ့လဲ အရေမရအဖတ်မရလုပ်ရတာသိတ်ပျော်တာဘဲ
((( ဒါပေမဲ့လဲ အရေမရအဖတ်မရလုပ်ရတာသိတ်ပျော်တာဘဲ ))) LIKE
မမ ပြောသလိုပဲ။ တဦးတည်းသဘောကို ပြောရရင်တော့ အရည်မရ အဖတ်မရ လုပ်ချင်လို့ကို အွန်လိုင်းပေါ်တက် ဘလော့ဖတ်တာပဲ။ အရည်ရ အဖတ်ရတာ လုပ်ရမယ့်အချိန်မှာ အဲဒါတွေ လှည့်တောင်မကြည့်အားဘူး။ ကန်တော့ပွဲနဲ့ တက်ပင့်လည်း မကြည့်နိုင်ဘူးထဲကပဲ။
ဘလော့ဖတ်တာကိုပဲ အရည်တွေရော အဖတ်တွေရော ရအောင်လုပ်ပါတယ်ဆိုလည်း အဲဒါ လုပ်တဲ့လူရဲ့ ကိစ္စပဲ။ ဆက်လုပ်ပစေ။
ဟဟဟ တူတယ် မမkom ရေ... လစ်ကွစ်တ်မရ ဆောလစ်မရဆို... သိပ်ကြိုက်.. ဟဟ... ပြောချင်တာပြော လုပ်ချင်တာလုပ်.. ရေးချင်တာသာရေး မမရေ.. ကိုယ်စိတ်ချမ်းသာဖို့ပဲလိုတယ်... အားပေးတယ်... (အချွန်နဲ့ မ ခြင်းမဟုတ်)
Post a Comment