Wednesday, July 20, 2011

KL (2)

ဟော်တယ်လေးက အကြီးစားကြီးမဟုတ်ပါဘူး ဘယ်နစ်မှတ်ပေးရမှန်းတောင်မသိဘူး ၊ ဒီ နစ်နစ်အတွင်းမှာ ဒါ နိုင်ငံခြားမှာ ပထမဆုံးအကြီမ်ဟော်တယ်တည်းဘူးတာဘဲ။ ရန်ကုန်မှာနဲ့ဆိုရင်တော့ ရန်ကုန်က ပထမအကြိမ်ဆိုရင် ဒါ ဒုတိယအကြီမ်ပေါ့ ။ အမှတ်မပေးတတ်လို့မပေးတော့ပါဘူးး ညအိပ်စရာမရှိတဲ့ အချိန်မှာ အိပ်လို့ရတာဝမ်းသာစရာ။ အခန်းလေးက နဲနဲတော့ကျဉ်းတယ်။ ဟော်တယ် ထုံးစံ အခင်းအဖြူ မျက်နာသုတ်ပုဝါဖြူတွေဘဲ။ ကိုကိုဒီဘီ's တည်းတဲ့ဟော်တယ်ကို လွမ်းလိုက်ရတာ.........


Check in မှာ ကဒ်ပြားလေးတစ်ပြားရတယ်။ အဲဒီကပ်ပြားလေးနဲ့ ကပ်လိုက်တဲ့အခါမီး ကလေးစိမ်းသွာြး့ပီး တီကနဲ့ အသံထွက်ပြီးတံခါးကို ဆွဲဖွင့်လို့ရသွားတယ်။ ပထမတော့ အဲဒီကဒ်ပ်ပြားကိုင်ပြီး ယောင် တောင်တောင် လုပ်နေသေးတယ် ဘယ်လိုဖွင့်ရမယ်မှန်းမသိလို့ ။ နောက်မှ အိုင်ဒီယာရပြီး တံခါးမှာ ကပ်လိုက်ရတယ် ။ မကပ်ခင် ကဒ်ပြားထိုးထည့်စရာ အပေါက်ရှာနေသေးတယ် ။ တစ်ချို့ဟော်တယ်မှာအဲသလို ကဒ်ပြားရင်ထည့်စရာ အပေါက်ကလေးရှိဘူးတယ် ။ ဟော်တယ်တွေ ကလဲ အမျိုးမျှိုးဘဲ ။ မျက်စေ့လည်ရတယ်။



ဝင်လို့ရသွာြးီ့ပီဆိုတော့ မီးဖွင့်ဘို့ကြည့်ရတယ် ။ ဒါကတော့ရှင်းပါတယ် ။ ကဒ်ပြားလေးကိုတွေ့တဲ့နေရာကောက်ထည့်လိုက်တာ မီးလင်းသွားတယ်။်ဟိုမီးဖွင်ကြည့်ဒီမီးဖွင်ကြည့် စမ်းသပ် နေသေးတယ်။ အဲကွန်းဖွင့်ကြည့်. တီဗွီ ဖွင့်ကြည့်.။ အိမ်မှာ လက်မ ၄၀ တီဗွီ နဲ့ကြည့်နေကျဆိုတော့သူ့တီဗွီကလေးက သေးနေသလိုဘဲ ။ သိတ်၈ျီးများမနေနဲ့လို့ မောင်ရေခဲလို တစ်ယောက်ထဲ စကားပြော. ။ ဟိုနိပ် ဒီနိပ် နိပ်ကြည့် အဲကွန်းကိုလည်းတန်အောင် ၁၆ ကို ရွေ့ chilled လုပ်တာပေါ့လို့ တစ်ယောက်ထဲပြောပြန်။ ဒါပေမဲ အိပ်ခီါနီးတောင်မရောက်သေးပါဘူး အဲကွန်းက ၂၅ ကနေ ၂၉ ဖြစ်သွားသေးတယ်။

ရေချိုးခန်းထဲလေ့လာရေးဆင်း. ရေချိုးခန်းရေဆွဲခလုပ်ရှာ ။ ။. ဘိုထိုင်အမျိုးမျိုးက ရေဆွဲခလုပ် အမျိုမျှုးဖြစ်တတ်တယ် လေယဉ်ပေါ်မှာ ရေဆွဲခလုပ်ရှာမတွေ့လို့ချွေးပြန်ပြီးကတည်းက နောက်ပိုင်းဘိုထိုင်မြင်ရင် ခလုပ်အရင်ရှာပြီးမှ သက်ပြင်းချနိုင်တယ်။ စိတ်တဇပေါ့။

ရေချိုးပြန်တော့ရေပူတွေ ထွက်လာတယ် ဘယ် တစ်ယောက်များ ဒီလောက်အပူနဲ့ချိုးသွားပါလိမ့် ကိုကိုဒီဘီကြုံဘူးတဲ့သူတွေ ဘဲဖြစ်မယ် ။ အဲကွန်းနဲ့ chilled ပြီး ရေပူနဲ့ ချိုးတဲ့သူတွေဖြစ်မယ်။

ရေပူကြီးကိုင်ပြီး ဘယ်ဟာ နိပ်ရမလဲသိဘူး လျောက်နိပ်တယ် အေးလဲမအေးဘူး အပူနဲ့ချိုးဘို့ကြိုးစားတာဘဲ မအောင်မြင်ဘူး အဲသာနဲ့ ခလုပ်တွေ့အောင်ရှာမှဆိုပြီး. ရှာတော့မှာ လှည့်တာ ဖြစ်နေတယ်။ ဆပ်ပြာရည်က အိမ်သာမှာ လက်ဆေးသလို ဘူးနဲ့ လက်နဲ့ဖိယူရတယ်။ ကောင်းပါတယ် economy ဖြစ်တာပေါ့ တစ်နေ့တစ်ခဲပေးလဲဘယ်သူမှ ကုန်အောင်သဲု့းနိုင်ကြတာမဟုတ်ဘူး။

အစ်မ ပုံကို ဒါတ်ပုံတွေထဲ မကြည့်ပါနဲ့ ။ ရေချိုးနေတုံးရိုက်တာ မဟုတ်တဲ့အပြင် ပုံရိုက်မယ်ဆိုရင် လူက ထိုင်ရတာနဲ့ စောင်းပြီးမှ ရိုက်ရတာနဲ့ လက်ကြီးကို ဆန့်ထုတ်ပြီး လူနဲ့ ဝေးအောင် လူက ပုန်းပြီး လက်ကြီးဘဲ ထုတ်ပြီးရိုက်ရတာနဲ့ ဝမ်းလျားထိုးပြီးမှ ရိုက်ရတာနဲ့ ကိုယ့်ပုံကိုယ်မပါအောင်ရိုက်ရတာ လွယ်တာမဟုတ်ဘူး. ။ လိုချင်ရင်ပို့ပေးပါ့မယ်။ မြင်တယ်တွေ လာမပြောပါနဲ့ ရေချိုးတုံးမြင်တယ်ဆို အသက်ထွက်သွားရပါလိမ့်မယ်။ မဖြစ်နိုင်ကြောင်းကြိုတင် အသိပေးအပ်ပါတယ်။

အဟိ. ဒါတ်ပုံမရိုက်ခဲ့လားဆိုတော့ရိုက်ခဲ့တာပေါ့ ။ မှန်ရှေ့ဓါတ်ပုံရိုက်တိုင်း mammk ကိုသတိရတယ်။ ဒါပေမဲ့ တို့က ရုပ်ဆိုးတယ်ကွယ်။ ဆိုးလဲ ဆယ့်ပုံရိုက် တစ်ပုံ အဖတ် တင်သေးတာဘဲဆိုပြီးရိုက်ရတာဘဲ. ဖဘမှာလဲ အဲသလိုလုပ်နေကြတာဘဲဟာ.ဘဲ ဟာဘဲ.။

အလှပြင်ပစစည်လဲး ဘာမှ သယ်မသွားနိုင်ူဘူး mr bean လိုဘဲ သွားခါနီးမှာ ပစည်းတွေ ကို သွန်ချပြီး တစ်ခုချင်းစီပြန်ဖြုတ်ရတာ/မျက်မှန်သုံးလက်မှာ နစ်လက်ဖြုတ်. တစ်ခု ဘဲယူ။ ကျိုးလဲ ကျို့းကျိုး.. တစ်ည ဘဲ back up ထားမနေနဲ့တော့.။

အနွေးထည် နစ်ထည် အပါးတစ်ထည်အထူတစ်ထည်မှာ အပါးကိုဖြုတ် အထူတစ်ထည်ဘဲယူ. ညအိပ်အကျီဖြုတ်. ။ ဝတ်လာတဲ့ အကျီနဲ့ လုံချည်နဲ့ဘဲအိပ်. .

ဘောင်းဘီရှည်တစ်ထည်ဘဲယူ. တစ်ညအိပ်ဘဲ မတတ်နိုင်ဘူး။ ဝတ်တဲ့တစ်ထည်ဘဲ အပိုမထည့်နဲ့တော့

. အကျီက အခုဝတ်တာ တစ်ထည် မနက်အတွက်တစ်ထည် ပြနခါနီး တစ်ထည် သုံးထည်. တော်ပြီ. လုံခြုံရမယ်။ ပေါ့ပါးရမယ်။ နွေးထွေးရမယ်။ ချောင်ချိသက်သာရမယ်။
လူက.ဝတဲ့အထဲ အပွတွေဝတ်တော့ပိုပွသွားတယ်. ဟင်း.






ကျန်တာအားလုံးဖြုတ်. မိတ်ကပ်အားလုံးဖြုတ်. ကရင်ဖတ်တစ်ဘူးနစ်ခမ်းနီတစ်ဘူး. ဘဲ. အောက်ခံ လိမ်းတဲ့ဖောင်ဒေးရှင်း လေးသယ်ချင်တာလဲဖြုတ်. ။ ဖြုတ်လိုက်ရတာ မဖြုတ်လို့မဖြစ်ဘူး။ ထီးတစ်ချောင်းကတော့ လဲထည့်ရသေးတယ် ရာသီဥတုက အခုနေပူလိုက် မိုးရွာလိုက်. ရေဘူးကတစ်ဘူး မုန့်က တစ်ထုတ်.။ သွားပွါတ်ံတံသွားတိုက်ဆေးမေ့ခဲ့လို့ larkin ကနေ ကမန်းကတန်းဝယ်ခဲ့ရတယ် မလေးငါးကျပ်ခွဲ။ တယ်လီဖုံးသုံးလုံး. Charger နစ်ခု. ဟူး.

အခန်းထဲမှာ ပလပ်ပေါက်က တစ်ခုဘဲရှာတွေ့လို့ ကမန်းကတန်း ဘက်ထရီတွေဖြည့်ရတယ် အခန်းက အထဲသိပ်ရောက်နေလို့လားဘာလားမသိ. ယူထားတဲ့ လိုင်းကလွဲလို့အားလုံးမိနေတယ် စလုံးဖုံးက autorom ဝင်ပြီး မလေးလိုင်း ဝင်နေတယ်။ မလေးဖုံးကို ဆက်တင်ချိန်တော့ယူထားတဲ့လိုင်းက လွဲလို့အားလုံးမိနေတယ်။ သိတ်ထူးဆန်းတာဘဲ မလေးဖုံးပြောချင်ရင် အပြင်ထွက်ပြောရတယ် အခန်းထဲမှာ ဆိုရင် စလုံးဖုံးနဲ့ဘဲပြောလို့ရတယ်။

အိပ်ခါနီးအခန်းတ်ံခါးကိုလည်းစစ်ရသေးတယ် သော့က ဘာဖြစ်လို့ခပ်စောင်းစောင်းထားပြီး Lock ရတာလဲမသိ. အိပ်တဲ့သူ ကိုခေါင်းစားအောင်.... သုံးခါလောက် ဖွင့်ပိတ် လုပ်ကြည့်ရသေးတယ် လင်းဒီပကို သတိရစရာပေါ့. Lock ဆို တာ အတည့်ထားသင့်တာစောင်းသေးတယ် အံသြရော.

ဟော်တယ်တွေ မှာ ပန်းချီကားထားကြတာ ထုံးစံဘဲထင်တယ် . ဒီဇိုင်းတွေ ကောင်းတယ် ဘာမှန်းမသိပေမဲ့ကြည့်လို့ကောင်းတယ်။

မျက်နာသစ်ပြီးကာမှ သတိရတယ်ရေတွေ ဆင်းသွားတော့မှ တော်သေးတယ် မယ်ဘ ရေးဘုးတဲ့ပိုစ်ကို သတိရတယ်။ ဒီခလုပ်က အပေါ်ရောက်နေလို့ရေတွေ ဆင်းသွားတယ် အဲဒီခလုပ်သာပိတ်နေရင်ရေမဆင်းရင် ခေါင်းခြောက်ရဦးမယ။်

တောသားမြို့ရောက်ထဲမှာ TZA လဲပါတယ်.။ သူအသစ်မတက်ရင် အဲသာလေးဖတ်ကြည့်ပါ. ကြိုက်စေရမယ်။ နောက်တစ်ခုက ပိုကောင်းတယ် အကြိုက်ဆုံးပိုစ် တစ်ခုထဲမှာပါတယ်မျက်ရည်တောက်တောက်ကျသွားစေရမယ်။

အိပ်မှ အိပ်မှ. ဟူး………………….ခလော (မနက်သုံးနာရီ) မအိပ်ခင် ဟော်တယ်ရှေ့ လမ်းထွကလျောက်လိုက်တယ် ကွန်ပြူတာတွေ့တယ် လုံးဝမသုံး။။ စိတ်နာရွေ့တစ်ကြောင်း. ဝိုင်ဖိုင်ရမရကတော့ မစမ်းသပ်တတ်ရွေ့ မစမ်းသပ်ခဲ့ရကြောင်း ရလည်းဝင်မည်မဟုတ်ကြောင်း..

12 comments:

Steve Evergreen said...

အင်ဂလန်မှာ လိုပဲ အဲဒီက ဟိုတယ်တွေရော ဝိုင်ဖိုင် အလလားရလား

Anonymous said...

မကြီးက အဲ့မျက်မှန်တပ်တယ်လား........

Anonymous said...

ရေချိုးတုံးမြင်တယ်

Vista said...

ဘေစင်ထဲမှာ မြင်လိုက်တယ်

Anonymous said...

ရေပန်းဘေးက နံရံမှာ အရိပ်ထင်နေတယ် ...

PAUK said...

like

Anonymous said...

ဓါတ်ပုံတွေ ပျောက်သွားသလိုဘဲ ... အဲ့ဒိရေချိုးခန်းထဲမှာ spy ကင်မရာတွေတပ်ထားရင်တော့ ဒုက္ခပဲ...

Cameron said...

မမကွန်နဲ့လိုက်ဖက်ပါ့ တံခါးလော့က...။

လင်းဒီပ said...

နောက်ထပ် စိုးရိမ်တတ်တာတွေ ကျွန်တော့်မှာ ရှိသေးတယ်။ နောက်မှ ပိုစ့်တစ်ခု ရေးဦးမယ် :)

...အလင်းစက်များ said...

စာတွေ အများကြီးရေးတယ် ဖတ်ရတာ အားစိုက်ရတာ တအားပဲ။

Steve Evergreen said...

It is not surprising that technology in some part of far east is unexpectedly left behind and wifi is not available to customers with smart phones in whatever hotels, not enabling to update on facebook instantly, meaning delayed post on blogspot.

Anonymous said...

hchawsu478@gmail.com