Thursday, July 21, 2011

KL (3)

ခရီးသွားတာလဲ စွဲလမ်းတတ်တဲ့အမျိုးဘဲ ဘယ်မှ သိတ် မသွားတာ ကြာပြီလို့တော့ပြောလို့မရဘူး April ကမှ ရန်ကုန်က ပြန်လာတာဆိုတော့ မေ. ဇွန် ဇူလိုင်သုံးလဘဲရှိသေးတယ် ဒါပေမဲ့ ရန်ကုန်မှာ ဆယ်ရက်လောက်နေခဲ့ရတော့မဆိုးဘူး။ အခုခရီးသွားတာ ကအစီအစဉ်မရှိ စိတ်ကူးယဉ်ပြီးထသွားတာဆိုတော့ အချိန်က ကြပ်နေတယ်။ သောကြာညကသွားပြီး တန်င်္င်္ဂနွေမိုးလင်းရင် ပြန်ရောက်ရမယ်။ သောကြာကလဲ အလုပ်ကမိုးချုပ်သေးတယ်။ အဲသည်တော့သန်းကောင်မှ ရောက်တော့ဘာမှ လူပ်ရှားချိန်မရှိဖြစ်သွားတယ် သွားတုံးကတော့လောဘမရှိပါဘူး နေရတာပျင်းတယ် ဘတ်စကားသွားစီးလိုက်ဦးမယ် ကားကြီးတွေ ကလည်းကောင်း လမ်းတွေ ကလည်ေးကာင်းတော့စိတ်ပြေလက်ပျောက်ပျော်စရာဘဲ ရောက်ရင်ပြီးရောဘဲ ဆိုတဲ့ဆန်ဒဘဲရှိတယ်။

အခုပြန်လာမှရောဂါပိုတက်တယ် ထပ်ဘဲသွားချင်သလိုလို. နောက်တစ်နေရာဘဲ သွားချင်သေး သလိုလို. ရက်အားလေးတွေ ကလည်းရှိနေတော့ စိတ်က မငြိမ်ဘူး. Jet star သွားကြည့်လိုက် air Asia သွားကြည့်လိုက်။ ဘန်ကောက် ဖူးခက် သွားကြည့်လိုက် လန်ကာဝီသွားကြည့်လိုက် ကင်မရွန်ဟိုင်းလမ်းသွားကြည့်လိုက်. ကေအယ်ဟော်တယ်တွေ ရဲ့ဈေးနှူံးတေါ လိုက်ကြည့်လုက် ဘယ်ဟော်တယ်က ဘယ်နားမှာဆိုပြီး မြေပုံသွားကြည့်လိုက်နဲ့ အချိန်အတော်ကုန်သွားတယ်

ဗီဇာ ရှိတာကလည်း ဒါဘဲရှိတာကိုး အသစ်လျှောက်ဘို့လဲ အချိန်မရှီသေးဘူး။ စိတ်များခက်ပါတယ်။ လောဘ လောဘ. ဒီလိုသာ ငါပျော်မယ်မှန်းသိရင် သောကြာညနေ ကတည်းက လစ်သွားပါတယ် အလုပ်ကို သူငယ်ချင်းကို အစားပေးပြီး အစားပြန်ပေးမယ်နော်လို့လုပ်ခဲ့ရင်ရသားနဲ့ . ကိတ်စမရှိပါဘူးလေ. ပျော်စရာမရှိပါဘူး ရောက်ရုံဘဲဆိုတဲ့စိတ်နဲ့ကိုနောက်တ ရနေခဲ့မိတယ်။ သုံးနာရီ စောရောက်ရင် အများကြီးလုပ်လို့ရတယ်ဆိုတာ သိသွားခဲ့ပြီ. . အခုတော့ညတစ်နာရီမှာ အိပ်စရာရှာနေဆဲ

ညသုံးနာရီလောက်မှ အိပ်ဖြစ်တယ် မနက်လဲမထသေးပါဘူး အိပ်ရာကနိုး. ဖုံးလဲဆက်လို့မရဘူး. လိုင်းကမှ မမိတာ. ကေအယ်က သူငယ်ချင်းတစ်ယောက်ကိုတော့ လာရင်တွေ့မလားဆိုပြီး ဖုံးဆက်ထားလို့သူရဲ့ မစ်စ်ကောလ်ကိုးခါကို လမ်းထွက်ပြီးကြည့်တော့မှမြင်တယ်။ အချိန်းအချက်တွေ လွဲကုန်တာပေါ့.

ဝိုင်ဖိုင်တွေ ကတော်တော်များများဟော်တယ်တွေ မှာ ရပါတယ်လို့ရေးထားတာဘဲ. မသုံးတတ်လို့တော့မသုံးခဲ့ဘူး။ အွန်လိုင်းကို စိတ်နာနေတာ ကြည့်ကို မကြည့်ချင်တာ။
ဓါတ်ပုံတွေကတော့တော်တော်များများ ဖျက်ပလိုက်တယ်.။ မြင်တယ်ဆိုရင် စိတ်ဆင်းရဲလို့။ ဒါပေမဲ့လဲ မြင်တယ်ဆိုရင်တော့ပြောပါ ဖျက်လို့ရတာပေါ့. မဟုတ်ရင် မြင်လို့မြင်မှန်းမသိဘဲ ဆက်တင်ထားမိရင် အခက်တွေ့မယ် allergic ရှိတယ်။ shock ရှိတယ်။




စိတ်ထဲမှာက ဘယ်သူမှ ဆက်မယ်လဲမထင်ဘူး. စလုံးနံပါတ် လိုင်းက ဘာဘဲ ပြောပြောခေါ်လို့ရနေတော့ ကိတ်စရှီရင်ခေါ်ကြမှာဘဲ ဆိုပြီး အေးအေးဆေး ဆေး မျက်နာသစ် .သူတို့က ဘရိတ်ဖတ်မကျွေးတော့လဲ ဒီအရေးတွေ မြင်လို့ ဝယ်ထားတဲ့ရေဘူးနဲ့ ဆင်းဒဝွတ် မလေးငါးကျပ်တန်ကို ထုတ်စား. မမြင်ဘူးတဲ့တီဗွီိုကိုကြည့် ဟိုစိတ်ကူးယဉ်ဒီစိတ်ကူးယဉ်နဲ့ အခန်းခ ၁၄၀+ တန်အောင်လို့ ၁၁ နာရီလောက်မှ ဘဲ အခန်းထဲက ထွက်မယ်စိတ်ကူးတယ်။ ၁၂ နာရီက check out လေ။ ဘာမှ လဲလုပ်စရာမရှိသလိုဘဲ လာတာကရောက်ရုံဘဲ. ရောက်ပြီးရင်ပြန်ရုံဘဲပေါ့. အေးဆေးပါတယ်လို့ဘဲတွေးတယ်

မထင်မှတ်တဲ့ဆီကို ဖုံးဆက်မိတယ်။ နွေးထွေးတဲ့ကြိုဆိုမှုကြောင့်စဉ်းစားရခက်သွားတယ် ငါ့ကို ဒီလို ခင်တဲ့သူရှိသေးလားဆိုတာ ဝေခွဲရခက်သွားတယ်။ လောကကြီးမှာ ခင်မင်မှုဆိုတာကို မယုံကြည်ခဲ့တာ ကြာပြီး အွန်လိုင်းက နေ မမ .မမ.. ဆိုတာနဲ့ ဘဲနေခဲ့တာကြာပြီ. မမ သာမီးကိုခေါ်နော်လိုက်မယ်ဆိုပေမဲ့ အဲဒီသာမီးက ဘယ်က သာမီးမှန်းမသိတာ. ဘယ်အီးမေလ်နဲ့ ဘယ်ဖုံးနဲ့ ခေါ်လိုက်ရမယ်မှန်းမသိတဲာသာမီးတွေ. ဝီတို့တွေ့မယ်နော် ဆိုပြီးပျောက်သွားတဲ့ဝီတွေ. လာချစ်တုံးကချစ်ခဲ့ကြပြီး အခု ဘယ်ရောက်လို့ ဘယ်ရောက်နေမှန်းမသိတဲ့ သူတွေ .အွန် လိုင်းပေါ်က လူတွေ ကို စိတ်နာ နေခဲ့တာကြာခဲ့ပြီ။

အရင်က အီးမေလ်ထဲကို မမ… …..မမ.. မမ..... ......... .မမမမမမမမမမမမမမမမမမမမမမမမမမမမဆိုပြီး အခု တစ်ရာ လောက ချတတ်တဲ့ ပလီတတ်တဲ့သူလဲ အီးမေလ်ထဲကိုမဆိုထားနဲ့ ဂျီမှာ မီးစိမ်းတာတောင် မမြင်ရတော့. သိတ်ချစ်ခဲ့ပါတယ်ဆိုတဲ့သူကိုလည်း မျက်ရည်စက်လက်နဲ့ ရှိုက်ကြီးတငင်ငိုခဲ့ ရလည်း မမြင်ခဲ့ရပြီ။ အွန်လိုင်းသူငယ်ချင်းတွေ ကို တစ်ကယ်စိတ်နာခဲ့ပါပြီ။

ရှိတာတွေ ရှိစေတော့ အချစ်တွေ ကိုခပ်ပါးပါးလုပ်လို့ နောက်လူတွေ ကိုမချစ်တော့ဘူးလို့ စိတ်ဆုံးဖြတ်ဲခဲ့တယ် ။ ရိုင်းတာမဟုတ် ဘဝင်မြင့်တာ မဟုတ်. ခံခဲ့ရတာများလို့ မခံစားနိုင်တော့တာ။





ရထားစီးတယ် LRT. နဲ့ဟော်တယ် က တစ်ကယ့်မြို့လည်ခေါင်ဆိုတော့ ရထား လွယ်တယ် ကားလဲလွယ်တယ် အားလုံးလွယ်တယ်။ ကားစီးရင် ချက်ခြင်းမြို့ထဲရောက်သွားမယ် လမ်းလျောက်ရင် လည်သွားမယ်ဆိုောတ့စီးတတ်တဲ့ ရထားးစီးမယ် စိတ်ကူးတယ်။ ရထားစီးတာ လွယ်ပါတယ်။ စလုံးလိုဘဲ မြေပုံလေးန့ သင်ဘယ်နေရာရောက်နေပါတယ် ဘယ်ကိုသွားချင်ရင်ဘယ်လောက်ပါဘဲ.



လက်မှတ်ရောင်းတဲ့သူတွေကလည်းဆက်ဆံရေးပြေပြစ်တယ်။ စလုံး လိုဘဲကဒ်ပြားကို ကပ်ဘို့ကြိုးစားသေးတယ် ဒီတစ်ခါသုံးကဒ်က ထိုးထည့်တဲ့ကဒ်ဖြစ်နေတော့ ဘယ်ဘက်လှန်ထည့်ရမလဲမသိ. သူများအကူအညီယူလိုက်ရတယ်။ LRT စီးကြည့င်္ရတာပျော်စရာဘဲ လူတွေ မြင်ရတယ် ပတ်ဝန်းကျင်ကိုမြင်ရတယ။် အမြင်သစ်တွေ ကိုမြင်ရတယ် လူအသစ်တွေ ကိုမြင်ရတယ် tour သွားတယ် ဆိုတာပျော်စရာဘဲ။ သူ့ရထားလေးတွေ က ချစ်စရာလေးတွေ သေးသေးလေးနဲ့ ဘိုက်ကပ်ကလေးတွေ လိုဘဲ. ခဏလေးဘဲစီးလိုက်ရတယ် သိတ်စည်တယ်ဆိုတဲ့ Bukit Bintang ဆိုတာကိုရောက်တယ်။

14 comments:

Steve Evergreen said...

နောက်တခါ ဖူးခက် သွားပြီး ဘီကီနီ နဲ့ အပန်းဖြေပြလိုက် စင်ကာပူက လက်လုပ်လက်စာတွေ မနာလို ဖြစ်အောင်လို့

ညယံ said...

မကွန် ဒီတခါ kota bharu သွားပါလား ။ အဲဒီမှာ ရှုခင်းလေးတွေ လှတယ် :)

Anonymous said...

Yes, you too, Mr./Mrs. fake Nge Naing!

the learner

AMK said...

ဖုန်းနံပတ်ပေး ခု ခေါ်မယ် ဒီလို့ ပြောတာတော့ ရင်နာတယ် ပုံတွေမှာ အရိပ်ပါမလားလိုက်ကြည့်ရတာ မျက်စေ့တောင် ခွဲ၇တယ်

Anonymous said...

Steve Evergreen သို. ....

စင်ကာပူက လက်လုပ်လက်စားတွေဆိုလို. ခင်ဗျားက အလုပ်မလုပ်ပဲ တောင်းစားနေလို.လား

လေသံနဲ.ဘ၀င်ကလဲမြင့်ပါရဲ့၊ မပြည့်တဲ့အိုးဘောင်ဘင်ခတ်ဆိုတဲ့လူစားမျိုးလား

ဒီဘလော့မှာ ပျော်ပျော်ရွှင်ရွှင်မန်.နေကြတာ ခင်ဗျားကွန်မန်.ကြောင့် ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတာဆိုသလိုဖြစ်နေတယ်၊

အရှေ.က ပို.စ်တစ်ခုမှာလည်း စင်ကာပူကအာက်တန်းစားတွေလို.ရေးထား တာကိုတွေ. လိုက်ရတယ်၊ အဲဒီ့လိုသာ ဆက်ပြီး စော်ကားနေမယ်ဆိုရင် နောက်ပိုင်းမှာ four letter words ကို ဖတ်ဖို.ပြင်ထားပေတော့၊

ခင်ဗျားက ခင်ဗျား မမကွန်းနဲ.ဘယ်လောက်ခင်သလဲ မသိဖူး၊ သိပ်ခင်လို. နောက်ချင်ရင်လည်း သူ.အီးမေးကို တိုက်ရိုက်ရေး၊ ဒီမှာ ကွန်.မန်.ရေးတဲ့သူတွေကို တိုက်ခိုက်၊ ပုတ်ခတ်လိုက်နဲ. ကျန်းမာရေးဝန်ထမ်းမဟုတ်ပဲ ယူကေမှာ ချီးများကြုံးနေရလား မသိဖူး၊ ရေးတဲ့ အဆင့်က ချီးကြုံးတဲ့အဆင့်ပဲရှိတယ်၊

ဘလော့ဂါပိုင်ရှင်ကြီးကိုတော့ အားတော့နာပါရဲ့၊ အဲဒီ့လိုလူမျိုးက ဒဲထိုးပြောမှ နားလည်မဲ့ လူမျိုးဖြစ်နေတယ်၊


မှတ်ချက်။ Gmail a/c မှာ password မေ.နေလို.အမည် မသိနဲ.ရေးသွားပါတယ်၊


ZZZ

Anonymous said...

မမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမ....လို့ခေါ်ပြီး..
ဟူးအာယူးးးးဆိုတဲ့အထဲမှာ ကျနော်မပါပါဘူး။
:ap:


၁၄၀နဲ့တန်အောင် ၁၁မှ ဟိုတယ်က ထွက်တာ မှတ်သားသွားပါတယ်..။
ခပ်ပါးပါးတော့ မလုပ်ပါနဲ့ဗျိုးးး..။
ခပ်ထူထူလေးသုတ်ပေးပါ..။


Xထုံ

Nge Naing said...

မခင်ဦးမေရေ
ကျွန်မနာမည်နဲ့ မှတ်ချက်အတုတွေ ၀င်တယ်ဆိုတာ အသိပေးလို့ ကျေးဇူးတင်တယ်။ ကျွန်မဆီမှာလည်း တခြား ဘလော့ဂ်မိတ်ဆွေတွေနာမည်၊ နိုင်ငံရေးဆောင်းပါးရှင်တွေနာမည်နဲ့ ဒီလိုမှတ်ချက်တွေ ခဏခဏလာရေးလို့ ဖျက်နေရပါတယ်။ နာမည်ပေါင်းစုံနဲ့ ညစ်ညစ်ညမ်းညမ်းတွေ ပေါက်ကရတွေ ခဏခဏ လာရေးနေလို့လည်း ဖျက်ရပါတယ်။ အခုနောက်ပိုင်း အချိန်မရတာနဲ့ သတင်းဘလော့ဂ်တွေကိုပဲ ရောက်များပါတယ်။ မခင်ဦးမေဘလော့ဂ်အပါအ၀င် အထွေထွေဘလော့ဂ်တွေကိုတော့ တော်တော် အရောက်နည်းပါတယ်။ ဒီကောင်တွေ ဒီလိုပေါက်ကရ မဟုတ်တာ လျှောက်လုပ်နေတာ ကျွန်မတော့ စိတ်လည်း မတိုတတ်တော့ဘူး ဟာသအဖြစ်ပဲ သဘောထားလိုက်ပြီ။ ဒီကောင်တွေ ကျွန်မရေးတယ်လို့ တကယ်ထင်အောင် ကျွန်မ လေသံနဲ့လည်း လာရေးနိုင်လို့ Profile ဓါတ်ပုံမပါဘဲ ကျွန်မ နာမည်နဲ့ လာရေးရင် ကျွန်မ မဟုတ်ဘူးဆိုတာ သေချာလို့ ဖျက်သာဖျက်ပေးပါ။ ကျွန်မဘလော့ဂ်မှာလည်း ကာယကံရှင် ရေးတာမဟုတ်ဘဲ သူများနာမည်နဲ့ လာရေးတဲ့ မှတ်ချက်ကို ဘယ်တော့မှ လက်မခံဘူး။


ခင်မင်လျက်

Anonymous said...

ကွန်မန့်များကြောင့် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ မကျေနပ်ရင် သူတို့အပြင်မှာ ချိန်းပြီး ချကြလိမ့်မယ် ...


ပုံ ... ကေအယ်မှ တရုတ်ကလေး

An Asian Tour Operator said...

မလေးရှားက လူတွေ ဧည့်ခံတဲ့ အကြောင်း၊ လိုက်ပို့ တဲ့ အကြောင်း မပါတာ စိတ်မကောင်း စရာပဲ။

Anonymous said...

မမမမမမမမခေါ်ပြီးမျက်ရည်စက်လက်တွေဘာတွေ( ဒီအဖြစ်တွေရှိဘူးလား) ဂျီမှာသူ့ကိုမတွေ့တာဖြင့်ကြာပေါ့
( ပုံ Royal မောင်နှမရဲ့သယ်ဂျင်း)

ညိမ်းနိုင် said...

ဒါ့ပုံတွေမြင်ရပါအိ...အခြားပြောစရာမရှိ....မလေးကလူတွေ
ခင်တတ်ကြပါတယ်ဗျ...၊ကျွန်တော့် အွန်လိုင်းကဘော်ဘော်
တွေကတော့.....။စလုံးက လူတွေလည်းအရမ်းအရမ်းကို
ခင်တတ်ပါတယ်...:))))

Anonymous said...

ဟုတ်ပ.. နောက်လူတွေကို မချစ်နဲ့ မမ.. အရင်လူတွေပဲ ချစ်

P.s. မမကရော online မှာ စိမ်းလို့လား

Uထုံ

Anonymous said...

An Asian Tour Operator said...

မလေးရှားက လူတွေ ဧည့်ခံတဲ့ အကြောင်း၊ လိုက်ပို့ တဲ့ အကြောင်း မပါတာ စိတ်မကောင်း စရာပဲ။

မိုးယံ said...

ဟင်...ဒါဆို တစ်လောက ဘင်တန်းမှာ ဓါတ်ပုံတစ်ဖျတ်ဖျတ် ရိုက်နေတဲ့ ခြင်ကျားပူက လာတဲ့ စီလီဗျစ်တီ ဖြစ်တဲ့ ဘလော့ဂ်ဂါဆိုတဲ့ အစ်မ ကြီးတစ်ယောက်ကို မြင်မိတယ်...


အဲဒီ တစ်ယောက်များလား.....