Thursday, January 5, 2012

ဦးပိန် တံတား




















ဦးပိန် တံတားဆီသို့သူရောက်လာသောအချိန်မှာ ညနေစောင်းနေပြီဖြစ်သည်.မှတ်မှတ်ရရ. ရန်ကုန်သူသည် ရန်ကုန်တွင် ညနေ ဘယ်အချိန်မှောင်သည်ကို မသိသော်လည်း မန်းလေး သည် ညနေ ခြောက်နာရီတွင်မှောင်သည် ကို မနေ့ကတည်းကမှတ်ထားလေရာနာရီကိုကြည့်ရွေ့ခရီးသွားလေသည် . မမှောင်ခင်ရသလောက်သွားရန်ဖြစ်သည်.။






















ထိုအချိန်သည် ညနေ ခြောက်နာရီရှိလေရာ ခဥမသည် ရင်ပူမိလေသည်. သွားချင်သည်က များနေပြီ အချိန်ကနည်းလေရာ ကိုယ့်ဘာသာ ကိုယ်ဒေါသထွက်ရသည်.။ ခွင့်ရက်များသည် ကုန်ဆုံးသည်မှာ မြန်လှသည်။





















ဦးပိန်တံတားတွင် ဘုရားကြီးမှ ဆိုင်ကယ်ဆရာ နေရာယူသည်ကို မစောင့်နိုင်တော့ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းက ဦးပိန်တံတာဆီသို့သုတ်ချေတင်သည်. တံတားအနားတွင် အတော်လေးစည်သည်.။ စားသောက်ဆိုင်များလှေကလေးများ လူများ. ............ အလှအပကို ညနေဆည်းဆာ ကို ကသုတ်ကရက်ခံစားရသည် သိတ်တော့ဇိမ်မရှိလှ. ဇိမ်ရှိနေရွေ့မဖြစ်ချေ. ည ကိုးနာရီကားလွတ်သွားမည် စိုးရသည်။





















တံတားပေါ်သို့သုတ်ခြေတင်လမ်းလျှောက်သည် ခင်ဦးမေသည် လမ်းလျှောက်အတော်မြန်သည် မမြန်ရွေလည်းမဖြစ် တစ်နေ့တစ်နေ့လမ်းချည်းသာလျှောကနေရာလေရာ ဒီခြေထောက်တွင်ပေါ်တွင်သာအားထားနေရသည် မနက် ခြောက်နာရီမှ စလျှောက်သော ခြေထောက်သည် ရံဖန်ရခါ ည ၁ နာရီထလျှောက်ရလေကာ ကိုင်္ယ့ကိုယ်ကိုသနားရမည်လား မသနားရမည်လား မဆုံးဖြတ်တတ်တော့. နေသားကျနေလေသည်.












































အေးချမ်းစွာနေကြသော လူအများကြားတွင် သုတ်သုတ်လျှောက်နေကာ ဘယ်အထိလျှောက်ရမည်နည်းမဆုံးဖြတ်နိုင.် လျောက်လမ်းကလည်းရှည်လှသည်. မျက်စေ့တစ်ဆုံးဖြစ်လေရာ တော်သင့်ရုံသာလျှောက်ရွေ့ ရပ်မှ ပြန်လှည့်ရမည်ဟုပြတ်သားသောဆုံးဖြတ်ချက် ( များသောအားဖြင့်မပြတ်သားသော ဆုံးဖြတ်ချက်များသောကြောင့်ဖြစ်သည်). ချပြီးသကာလ ဟိုကြည့်ဒီကြည့်လေသည်။























ဟိုအခန်းလေးအထိလောက်တော့လျောက်မည်မှန်းလိုက်သည်။






















ပြီးသော ရေပြင်ကိုငုံ့ကြည့်သည်။





















လှေကားကိုကြည့်သည်.။ ဘာလို့လျှောက်ကြည့်နေသနည်းဆိုသော် တစ်သက်တခါ ရောက်ဖူးလေရာ နောက် ဘယ်အချိန်ထပ်ရောက်မည်ကို မသိနိုင်သောကြောင့်မြင်သမျှကိုအငမ်းမရလိုက်ကြည့်နေခြင်းဖြစ်သည်. ခံစားချက်မှာ မဖော်ပြနိုင်.




24 comments:

Anonymous said...

oneeeeeeeeeeeeeeeeee

Anonymous said...

ရောက်ဖူးသည်
သတိရသွားသည်
လွမ်းသည်
မြန်မြန်မလျှောက် ဖြေးဖြေးသာလျှောက်၏
အချိန် ၁၅ ရက်ခန့်ရသည်

Anonymous said...

ပုံတွေ တကယ်လှတယ်..။
မယ်ဇယ်ပင်တွေအောက်က အကြော်မစားခဲ့ဘူးလား..။

ပုံ..။
X ထုံ

မိုးသက် said...

ရောက်ဖူးတယ်မမကွန်.. မေမြို့သားဆိုတော့ မကြာခဏ
ပေါ့.. ။ အဲဒီအပင်တန်းအောက်မှာ ထန်းရည်နဲ့ ပုစွန်
ကြော် ဂဏန်းကြော်တွေစားတတ်ကြတယ်..။ ကျွန်တော်က
တော့ မသောက်တဲ့သူဆိုတော့.. ရေနွေးကြမ်းပေါ့ဗျာ..
ပျော်ဖို့..ကောင်းပါတယ်..။

ကိုဇော် said...

မရောက်ဖူးသေး . . .

တွတ်တွတ် said...

မရောက်ဖြစ်တာ ရှစ်နှစ်တောင်ကျော်ပြီဗျာ...ဒါပုံတွေမြင် ရတော့ ရတနာပုံတက္ကသိုလ်ရဲ့ ကျောင်းသားဘ၀လေးကိုတောင် ပြန်လွမ်းမိတယ်

Anonymous said...

တောင်သမန်အင်းထဲမှာ လှေသေးသေးလေးစီးပြီး ငှက်ကြည့်ခဲ့တာတွေ တံတားအောက်ကငှက်ကြည့်ခဲ့တာတွေ တံတားပေါ်မှာလမ်းလျှောက်ခဲ့တာတွေ မယ်ဇယ်ပင်တွေအောက်ကဆိုင်တွေမှာ ပုစွန်ကြော်တွေ ငါးကြော်တွေစား လက်ဖက်သုပ်စား ဆိုင်က ထန်းလက်တွေနဲ့ လုပ်ထားတဲ့ ပက်လက်ကုလားထိုင်မှာ ဇိမ်ယူပြီးထိုင်ခဲ့တာတွေ ပြန်သတိရသွားတယ်။ ကွန့် ပရိသတ်တွေလည်းကိုယ့်လိုဘဲ ပြန်သတိရကုန်ကြတယ်။ လူအများစိတ်ကိုဖမ်းစားနိုင်သော အာဂကွန်ပါတကား။ ထိုကွန်၊ အနှီကွန်ကို ကျွနု်ပ်တို့ စွဲလန်းကြသည်မှာမဆန်းပါချေ။
အအရ

AMK said...

သကြန်ရောက်တိုင်း ဘီယာ ထရည် နဲ့  အကြော်သွားစားတဲ့ နေရာ ..သတိရတယ် မရောက်တာကြာပေါ့ ၁၀ နှစ်တောင်ရှိပြီ

ညယံ said...

ဦးပိန်တံတားကြီး မလျှောက်ရတာ ကြာပါဘီ

မဒမ်ကိုး said...

မေမြို့တွင် 10 နှစ်ခန့်နေခဲ့သော်လည်း တခါမှမရောက်ဖူးခဲ့ပေး)

sonata-cantata said...

ခံစားချက်မှာ မဖော်ပြနိုင်.

တူတူပဲ မမKOM

Anonymous said...

တားလည်းရောက်ဖူးတယ်
ဒါပေမယ့် မောင်နှံစုံတခေါက်သွားလည်ချင်တယ်
ကြိုးစားဆဲပါ

မောင်ဘကြိုင်

Candy said...

ဦးပိန်တံတားနားက ပုစွန်ကြော်တို့ ငါးကြော်တို့ စားလို့ကောင်းတယ်နော်.. ရှလွတ် :D

khin said...

ညလေးကတော.ေ၇ေ၇လည်လည်ဒိုးတယ်နော်..မမကျားလည်း အဲဒီလို လျှောက် ဒိုးချင်တာ..

myo said...

ဦးပိန်တံတားအောက်မှာ ရေတွေနဲ့.. (ပျော်စရာပိုကောင်းမယ်)
သာမီးတို့သွားတုန်းက ရေမရှိလို့ တံတားအောက်ဖက်မှာ ဓါတ်ပုံတွေဆင်းရိုက်သေး..

...အလင်းစက်များ said...

မရောက်ခဲ့ဖူးဘူး။ အကြောင်းတစ်စုံတစ်ရာကြောင့် သွားမယ် လုပ်မှ ပျက်သွားတာ။ ခုတော့ အားခဲ့ထားတယ်။ သွားအုန်းမယ်။

San San Htun said...

တံတားနားက အကြော်တွေ တကယ်စားကောင်းတယ်..

GueGue said...

ကျောင်းကြီးကို လွမ်းလိုက်တာ...

GueGue said...

ကျောင်းကြီးကို လွမ်းလိုက်တာ...

GueGue said...

ကျောင်းကြီးကို လွမ်းလိုက်တာ..

ညိမ်းနိုင် said...

အိုး.......အစ်မ...ဒါပုံတွေက တကယ်(နောက်တာဟုတ်ဝူး)
ကောင်းတယ်....လှတယ်...သဘောကျတယ်အစ်မ.....။
တံတားခင်း တွေကိုရိုက်ထားတဲ့ပုံလေးကလည်း တစ်ခုခု
ကိုပြောနေတဲ့အတိုင်းပဲ....၊

ဟန်ကြည် said...

မန်းလေးကို လွမ်းတယ် ဂျီးတော်ရေ...မပြန်နဲ့ဦး လာလာဖတ်ပြီး အလွမ်းဖြေနေရတဲ့ အရသာလေးကို ကျေနပ်လွန်းလို့...

Angelhlaing(May everybody be happy and healthy! said...

မရောက်ဖူးသေးလို့ ရောက်ချင်လိုက်တာ မမရေ..:(

တီချမ်း said...

ဒီတခေါက် မန်းတလေး ရောက်သော်လည်း မိုးများ အုံ့နေသောကြောင့် မရောက်ခဲ့ပေ

ဟိုဘက်အထိ အဆုံးမလျောက်လျှင် လင်နှင့်ကွဲမည်ဆိုသော်ကြောင့်လဲပါသည်