Friday, December 7, 2012

7th December


မနက်ခြောက်နာရီ alarm မြည်လျင် ကုတင်ပေါ်မှ ကုန်းရုံးထကာ အလန်းနောက်တစ်ခု မမြည်ခင် ဖုံးကိုဆွဲကာအိမ်ရှေ့ထွက်ကာ ဆက်လက် ငိုက်သည်။ 6:30 am ဆိုလျင်တာ့မရတော့ ဘုရားရေလဲခြင်း သောက်တော်ရေလဲခြင်း. အကျီကို အ့ပုံထဲမှ ဆွှဲထုတ်ကာမီးပူတိုက်ခြင်း များကိုသုတ်သုတ်လုပ်သည် ရေချိုး မျက်နာသစ်လုပ်သည် ရ နာရီမထိုးခင် ဆယ်မိနစ်အိမ်ကထွက်နိုင်လျင်သင့်တော်သည် ဒီထက်နောက်ကျလျင်တော့တက်ကစီ. ၁၅ ကျပ် ထုတ်ထားရန်ဖြစ်သည်။

လမ်းလျောက်သည်ဘတစ်စကားစောင့်သည် ဘတ်စကားစီးသည် လမ်းလျောက်သည် ရထားစောင့်သည် ရထားစီးသည်.ရထားပေါ်မှဆင်းသည် လမ်းလျောက်သည် ပေါက်စီဝင်ဝယ်သည် လမ်းလျောက်သည်ဘ တ်စကားစောင့်သည် ဘတစ်ကားစီးသည် . ဘတ်စကားပေါ်မှ ဆင်းသည် လမ်းလျောက်သည် အပေါ်တက်သည် လမ်းလျောက်သည် အောက်ဆင်းသည် ဘတစ်ကားစောင့်သည် ဘတ်စကားစီးသည် လမ်းလျောက်သည်. ထပ်တစ်ခါက်လျောက်သည်. လျောက်ပြီးရင်လျေက်သည် ခြေလှမ်းတစ်ထောင်ခန့်ထပ်လျောက်သည်. ကာဖီ နစ်ဘူး ရေဘူးတစ်ဘူးဝင်ဝယသ်ည လမ်းဆက်လျောက်သည်။ လျောက်သည် ပြေးဆင်းသည် တတ်ကစီစောင့်သည် တစ်ကစီစီးသည်။ တက္ကစီပေါ်မှဆင်းသည်လမ်းလျောက်သည် ရောက်ပြီ

ဓါတ်လျေခါးထဲတွင် လိုအပ်သည်များကို ထုတ်သည် အသက်မရှူနင်ဘဲပြေးဝင်သည် ရဖန်ရခါပြေးမဝင်ခင် ပြေးဝင်ရန် ဖုံးကော်လရရှိသည် မနက်ရှစ်နာရီမှ နေ့လည်တစ်နာရီထိ မထိုင်္ငရ. က့ကောင်းလျင် ထမင်းစား ရနိုင်သည်. မည်သူမျှ ဖဘ မကြည့်ပါ.  ဘယ်ကဖုံးမှ မလာကြပါ အလုပ်လုပ်ကြသည်.။ ညနေ ငါးနာရီပြန်ရလျင် ကံကောင်းသညယခုတစ်လော ကံမကောာင်းသောကြောင့်ခြောက်နာရီဖြစ်လိုဖြစ် ခုနစ်နာရီဖြစ်လိုဖြစ်. ခေတ်ကောင်းခဲ့သောအချိန်များကိုပေးဆပ်နေရသည်။ တယ်လီဖုံးသည် broadband ဖြစ်သောကြောင့် အမြဲ မီးစိမ်းနေသည်။ သို့သောလည်းဖဘ ၈ျီတတော့မကြည့်ဖြစ်.  အလုပ်အားသောအချိန်နည်းနည်းရှိလျင် နည်းနည်ကြည့်လို့ရသည် ဖုံးမပြောဖြစ်ပါ. သူနင့ိုကိုယ်နင့်များသည် အချိန်များတူကြသူများမဟုတ်.

တယ်လီဖုံးဘိုးကို အတော် အကုန်ခံသူဖြစ်သည်. လစဉ်ကြေးများစွာပေးထားသောကြောင်မိနစ်ဖရီးများရှိသည် မပြောဖြစ်ပါ။ ကိုယ်ပြောချင်သည် ကို နားထောင် နိုင်သောနားများ အချိန်မအားကြသောကြောင့်ဖြစ်သည် ။ ဂျီတော့များစွာကို ဒလိလုပ်ထားသည် ။ဘာကို မျှ မဖတ်ချင်တော့သောကြောင့်ဖြစ်သည် ဘလော့အန်မတန် ဖတ်ချင်သော်လည်းဖတ်နိုင်သော အချိန် ရှားနေသည် ဖဘ မှာသူငယ်ချင်းများလွန်းသောကြောင့် လှည့်ပတ်ရသည်မှာလက်မလည်ပါ။

အားလုံးကိုချစ်ခင်သော်လည်း မဆက်သွယ်ဖြစ်ပါ. မည်သူ့ကိုမျှ မဆက်သွယ်ဖြစ်သလောက်ဖြစ်သည် တစ်ယောက်ထည်းနေသည်များသည်။တွေးသည်များသည်။ မက်ဆေ့များကို ပြန်သည့်အခါပြန်သည် မပြန်သည့်အခါမပြန်. အလုပ်တစ်ခု အနေနင့်မပြန်လိုပါ။ မတူသလို မတန်သလို လုပ်ခံရတဲ့ အတွက် စိတ်မကောင်းပါဘူး။ ဆိုသူကို ရှင်းပြရန်ခက်ခဲသည် ဘယ်သူ့ကိုမှ ဘာမှ မလုပ်သူကို လာပြောသူကိုစိတ်ညစ်သည် မည်သူ့ကိုမျှ အထူးတလည် မလုပ်သ်ည ကို ဆိုလျင်အားလုံးကို မတူမတန်လုပ်သည်ဟုသာ ဆိုရမည်. mone tel . block mel ဆိုသူကို စိတ်မကောင်းပါ. ဘာမှ မလုပ်ဘဲ block သွားလျင်လည်းခံရမည်သာဖြစ်သည် အထွေ အထူးရှင်းြ့ပချင်စိတ်မရှိပါ. စိတ်မကောင်းခြင်းကတော့ဖြစ်ရသည်။

လောကတွင် ခြေနစ်ချောင်းပေါ်ရပ်ကာ မလဲအောင်ကြံကြံခံနေရသူကို ပြောချင်သပဆိုလိုလျင်ဘယ်နားလိုက်ပြောမည်နည်း။။။။။

6 comments:

Thamee Su said...

ဘာမှ မလုပ်ဘဲ block သွားလျင်လည်းခံရမည်သာဖြစ်သည် အထွေ အထူးရှင်းြ့ပချင်စိတ်မရှိပါ. စိတ်မကောင်းခြင်းကတော့ဖြစ်ရသည်။

သီရိရတနာ said...

လောကတွင် ခြေနစ်ချောင်းပေါ်ရပ်ကာ မလဲအောင်ကြံကြံခံနေရသူကို ပြောချင်သပဆိုလိုလျင်ဘယ်နားလိုက်ပြောမည်နည်း။။။။။

စကားလုံးနည်းနည်းလေးနဲ့ အနှစ်ကိုရေးသွားတာပဲ .. ကြိုက်တယ် ..

mstint said...

အလန်းနောက်တစ်ခု မမြည်ခင် ဖုံးကိုဆွဲကာအိမ်ရှေ့ထွက်ကာ (အပြေးအလွှား မျက်နှာသစ်သည်)လို့ ရေးမယ်ထင်နေတာ 'ဆက်လက် ငိုက်သည်' တဲ့ :D :D :D
လူတစ်ယောက် အတွေးတစ်မျိုးမို့ သဘောထားခြင်း တိုက်ဆိုက်မှုလေးတွေ မဖြစ်တာ သဘာဝပါ ခဥမရေ။
ပတ်ဝန်းကျင်ကို အကန့်အသတ်တစ်ခုအထိပဲ ဂရုစိုက်ပါ စိတ်သက်သာရာ ရလိမ့်မယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

YaN said...

ဖတ်ဖတ်ပြီး(ကန်တော့)ရိုက်ခြင်နေတယ်(၊ကန်တော့၊အမေမိဘ၊အမ၊ရီးစားများစွာ)နဲ့မမ.. :)

Anonymous said...

ဟယ်တော့သနားစရာလေး

ဦးစားကြီး said...

တော်တော် သွားရတာပဲနော်