Thursday, July 25, 2013

ရန်ကုန် ..ပဲခူး

 


ထိုနေ့က ခင်ပဲခူးသွားသည်။ ရထားစီးချင်သောကြောင့်သွားချင်းဖြစ်သည်. မန်းဒလေ.အထိဆိုလျှငအကြာကြီးစီးရမည် ရန်ကုန်သူ ခင့်အတွက် မန်းဒလေးတွင် အသိအကျွမ်းမရှိ အွန်လိုင်းက လူတွေ တော့ရှိပါရဲ့. အားနာစရာ.။ ဘာလုပ်ရမည်မသိ.ကိုယ့်ကို ဧည့်ခံမည့်သူမရှိလေတော့. မျက်စိသူငယ်နားသူငယ်ရှိလှသည်. နီးနီးနားနားပဲခူးအသွားအပြန်ရထားစီးလိုက်လျှင် အသွားနစ်နာရီအပြန်နစ်နာရီ လေးနာရီဆိုလျင် အညောင်းပြေသွားနိုင်သည် ရထားကြီးလည်းစီးရမည် သွားမည်။

သွားနေကျခင့်အတွက် အခက်အခဲမရှိပါ.ရထးချိန်အလွတ်ရနေပြီဖြစ်သည် သွားဝင်မေးထားသေးသည်။ ဟုတ်သည်မနက် ၁၁ နာရီဆိုလျင် နေပြည်တော်သို့ထွက်သော ရထားရှိသည်. ပဲခူးတွင်ရပ်သည်။

ကားထားခဲ့သည် အိမ်တွင် ထားခဲ့သည် ဘကုန်း နာပါတ် ကားလေးနင့်တုံးကတော့ရန်ကုန်ဘူတာကြီးေ၇ှ့တွင် ရပ်ထားပြစ်ခဲ့သည်မှာတစ်နေကုန်တစ်နေခန်း မနက် ၁၀ နာရီခန့် ကရပ်ခဲ့သည်မှာ ညနေ ခုနစ်နာရီခင်္န့မှ ပြန်ယူဖြစ်သည် ကားစိတ်မချသလိုစြဖ်သော်လည်း ကိုယ့်ထက်ကောင်းသောကားများ စွာ ကိုကြည့်ကာအေးဆေးသည်. ယခု belta ဖြစ်ဆိုသော် နမျှော၏အသစ်စက်စက်လိုဖြစ်ရာ ခြစ်ရာတစ်ချစ် အတင်မခံလို လက်နီးစုတ်လိုမဲနေရင်တော့မထူး ဖြူနေသည်ကို မညစ်စေလို . သူများက ဝင်တိုက်သွားမှာကိုစိုးသည် ။ ဘယ်လောက်တန်လို့တုံးမေးလျှင် တော့ဘယ်လောက်မှတော့မမတန်ပါဘူး ဒါပေမဲ့ပြန်ဝယ်ဘို့ခက်တယ်အေဟုသာ ဖြေရမည်. ကားလေးက သစ်သည်မှာ မှန်တင်ထားလျှင် မှန်ရှိကြောင်မမြင်ရ မှန်ချထားသလား တင်ထားသလာ မသိသာ လက်ကလေးဖြင့်သွားစမ်းမှသာ မှန်တင်ထားကြောင်းမှန်ရှီကြောင်း သိရသည်ဖြစ်ရာ ခင်နမျှောသည် ကိုအပစ်မဆိုသင့်ချေ.။

တက်ကစီကို နစ်ထောင်လား နစ်ထောင့်ငါးရာဖြစ်လားမသေချာ ဘူတာကြီးသို့စီးသည်. တကကစီစီးရသည်မှာစိတ်ချမ်းသာလှသည် ပိုက်ဆံကုန်သည်မှ အပ ဘာမှ ပူစရာမလို သူပူလိမ့်မည်.

ဘူတာကြီးသို့ရောက်သည် ရန်ကုန်တွင်သွားလေရာ မှတ်ပုံတင်ယူသင့်သည်. လက်မှတ်စုံစမ်းရာပဲခူးသည် ထုံးစံအတိုင်းမရှိ. နေပြည်တော် အထက်တန်းသည် ယခင်က တစ်ထောင်ျကပ်လာာ နစ်ထောင်ကျပ်လားမသိ ပေးရကာ ခင့်အတွက်သက်ကသာလှသည် ယခုသော် သုံးထောင်လား ငါးထောင်လားမသိ ခင်ရင်ဖိရလေသည် အပျော်ခရီးနစ်နာရီအတွက် ဒီလောက်သုံးသင့်လား ခေါင်းစားသွားသည်.။

ဆင်ဆာဖြတ်.

ခင်သည် ရထားပေါ်သို့ရောက်သွားလေသည် ရထားစီးလျင်ပျော်သည် ခင်တို့ငယ်စဉ်က ပူတာအို မြစ်ကြီးနာ. ကသာ မိုးညှင်း မိုးကောင်း မန်ဒလေး အဖေတာဝန်ကျရာမိသားစုလိုက်သွားကြရာ ထို ခရီးများသည် ခင်ငယ်စိတ်တွင်စွဲလန်းနေသည် အဖေအမေကိုသတိရသည် မိသားစုကိုသတိရသည် ရထားကြီးစီးကြသည်ကိုသတိရသည်.

 

ရိုးရိုးတန်းသည် ထိုသို့ဖြစ်ရွေ့ အထက်တန်းသည် ဤသို့ဖြစ်သည်။ 

 

မနစ်က ရထားထက် အနည်းငယ် ညံ့၏. မနစ်က ပန်ကာတွေ ဘာတွေပါသည် လည်၏ ယခုပန်ကာရှာမတွေ့.ထင်၏ . လူပါး၏ ကြိုက်ရာခုံ ဦးရာလူထိုင်ကြသည် ခင်သည် နစ်ခုံဦးသည်. ဟိုဘက်ထိုင်လိုက်ဒီဘက်ထိုင်လိုက်လုပ်သည်.

 

ရထားကြီးထွက်၏ ခင်ပျော်သည်.ရထားနစ်စီးဖြတ်လျင်တာ့တာလုပ်ချင်သည်. အိနြေထိန်းထားရသည်.ပြုတင်းပေါက် အတင်အချ ရမရမသိပါ. လိုက်ကာ ရှိသည်ထင်၏. ပါလာသောလျောစောင်ကို လိုက်ကာလုပ်လိုက်၏ အသင့်အတင့်နေကာ၏. လေကလေးတစ်ဖြူးဖြူးဖြင့်ဇိမ်ရှိလှသည်.

 

 

ခင်ကင်မရာမယူခဲပါ.ရိုက်ရန်ပျင်းနေ၏. ခင်ရိုက်လည်းဟင် . ဟယ် မဖြစ်. သူများရိုက်တာကို ဟင်ဟယ်နေရသည် သိုဖြစ်ရာ အိုင်ဖုံးသာ ယူလာ၏. 
 
 

နေအန်မတန်ပူသော ဧပရယ်လဖြစ်လေရာ ကြည့်လေရာခြောက်၏ မြက်များခြောက်သည် စပါးများမမြင်ရ. ရေအိုင်များနောက်၏ တိမ် ကင်းစင်သည် ဓါတ်ပုရိုက်ရွေ့မလှပါ. 
 
 

 

 
 

 

 

anyway ပဲခူးသို့ရောက်ပြီဖြစ်သည်. ။ 
 
 



မှတ်ချက်.
ခင်ကြိုးစားပန်းစားရေးပြီးဖဘ သွားဖတ်ပြီး ရန်ကုန်မြို့၏  residential area မလှပသောအပိုင်းအားရိုက်ထားသောဓါတ်ပုံကိုမြင်ပြီး လှပသောအပိုင်းလည်းရှိသေးကြောင်းသက်သေပြရန်


ကိုယ့်ပုံထဲမှ ပြန်ရှာရန်  ယောင်ပြီး browser ပြိတ်လိုက်ရာ ခင်ရေးထားသမျှ ဂွမ်းသွားလေသည်. နောင်အခါ စာရေးလျှင် အားလုံးပြီးမှ ဖဘ ပြန်ကြည့်ရန် . ရေးပြီးသမျှ saved လုပ်ထားရန် သင်ခန်းစာရသည် ဒေါသ မောဟသည်လူကို ပူလောင်စေ၏ အမှားအမှန်ကို မဆုံးဖြတ်နိုင်သူက သွေးဆွ တိုင်းကိုယ်သွေးကြွလျှင် ကိုယ်ခံရဘို့သာရှိသည် . ယခု ခင်ရေးထားသမျှ ဂွမ်းသွားရာ စိတ်ထိခိုက်မဆုံး ဖတ်သူထက်ေ၇းသူက ပိုစိတ်ထိခိုက်၏ ယခုပြန်ရေးကြည့်ရာမရတော့ချေ ဖတ်လို့မကောင်း. စာထောင့်၏ စာမချော. .စောစောက ရေးထားသည်မှာ အတော်ဖတ်ကောင်း၏. စိတ်ပါလက်ပါရေးထားခြင်းဖြစ်သည် ယခုတစ်လောမရေးတာ ကြာပြီး ရေးချင်စိတ်ရှိခိုက်ရေးလေရာ. ယခုသော် အားလုံးဂွမ်းသွားလေ၏. ခင်စိတ်ထိခိုက်မဆုံးချေ. ယခု အပိုင်းသည်ခင်ရေးရန် ဥထားသောအပိုင်းဖြစ်သည်. စိတ်ပါမှ ရေးမည်ဆိုကာချန်ထားသောအပိုင်းဖြစ်သည် ဒါတ်ပုံဆိုသည်မျာ ဒါတ်ပုံအတိုင်းဖြစ်သည် ခံစားချက်ဖြင့်ေ၇းလျင် ဒါတ်ပုံသည် အသက်ဝင်လာသည် စကားပြောလာသည်။ အယ်လဘမ်ထုတ်ပြလို့ကတောတ့မည်သူမျ ကြည့်မည်မဟုတ် ခင်ရေးတာကောင်းလို့လာဖတ်ကြသည်မဟုတ်လား ခင်ရေးတာကောင်းဘို့ ခင်စိတ်ကောင်းရှိဘို့လိုသည် စိတ်ကြည်ဘို့လိုသည် သေချာသိမ်းထားသည် မှာ စိတ်အနှောက်အယှက်တစ်ချက်ဝင်လိုက်သည်နင့်ရေးထားသမျှ ပြန်ယူလို့မရတော့ချေ. ဘရောာက်ဇာတစ်ချက်တွင်ပါသွားပြီဖြစ်သည်. မနက်လေးနာရီအထိ ရေးသောခင်ကို မည်သူမျှ မသနားရသည့်အထဲ.............. :(
 

3 comments:

Anonymous said...

Nice Post. Good.

yellowtree said...

"ဒါတ်ပုံဆိုသည်မျာ ဒါတ်ပုံအတိုင်းဖြစ်သည် ခံစားချက်ဖြင့်ေ၇းလျင် ဒါတ်ပုံသည် အသက်ဝင်လာသည် စကားပြောလာသည်။"
ဟုတ်လိုက်လေ... စကားပြောတဲ့ ဓါတ်ပုံတွေက သိပ်ချစ်စရာကောင်းတယ်..

ပစ်ပစ် said...

ခင်ရယ် နောက်တခါမဂွမ်းပါစေနဲ့ကွယ်