Saturday, September 14, 2013

14th September 2013

သူအိပ်ရာမှ နိုးသော အချိန်သည် လောကကြီးတိတ်ဆိတ်နေသည် သိုးသိုးတိုးတိတ်သံများတော့ကြားနေရသည် အလင်းရောင်များနေသည် ရုတ်ကနဲ ငုတ်တုတ် ထထိုင်လ်ုကသောအချိန်တွင် မျက်စိက နာရီကိုရောက်သွားရာ မယုံနိင် မနက် ဆယ်နာရီခွဲတော့မည်. ဟာ ဒုတ်ခ အလုပ်က ရှစ်နာရီတက်သည် ဘယ်လိုလုပ်မည်နည်း အလန်း လေးလုံးဘာသံမှ မကြားလိုက်ပါား ကမူး ရှူးထိုး အိပ်ရာမှ ထက ဘာလုပ်ရမည် မသိ.နောက်ဖေးခန်းသို့လျှောက်သည အိမ်ရှေ့ခန်းသို့ပြန်လျောက်သည် ခေါက်တုံ့ခေါက်ပြန်လျောက်သည် ငါ့ကို ဘယ်သူမှ လဲ ဖုံးမဆက်ကြပါလား.အားလုံးငြိမ်သက်နေတယ် ဘယ်လိုသွားရမလဲ အသွားတစ်နာရီခွဲကြာမယ်။ ဖုံးဆက်ရမယ် နောက်ကျနေတယ် ဆောရီးပါ လို့ြေ့ပာရမလား အိပ်ပျော်သွားတယ်လို့ဝန်ခံလိုက်ရမလား။ ကိစ္စရှီလို့ပါလိာု့ညာလိုက်ရမလား ကိတ်စရှိရင် လေဲ ရှစ်နာရီမထိုးခင်ကတည်းက ဆက်သင့်တာပေါ့ ကယောငင်ကတန်းဖြစ်သည် ဘယ်သူ့ဆီဆက်ရမလဲ ဘော့စ်အကြီးကြီါ်ဆက်ရမှလြားဘဘော့အသေးဆီဆ်ရမှာ လား ပါတနာ ဆီ ဆက်ရမှာလား ဒီနေ့ဘယ်သူက ဘော့စ်ပါလိမ့်. သောက ဖြစ်သည်မှာပြောစရာမရှိ. နောက်မှ ဒိုင်းကနဲ ဟာ ဒီနေ့ ရုံးပိတ်ရက်ထင်တယ်ဟု ဖြတ်ကနဲသတိရသောအခါဝမ်းသာလိုက်သည်မှာ ပြောစရာမရှိ.

ပြန်အိပ်ပြီး ပြန်ထသောအချိန်သည် ညနေသုံးနာရီခွဲဖြစ်သည် ခွဲခွဲပေါ့. အားနေတာဘဲ အပြင်လဲ မထွက်နိုင် မနက်ဖြန်အလုပ်ရှီသည် လခစားအလုပ်သည် မကောင်းသလို ခံစားရသည်. အချိန်မှန်ရုံးတက် ရုံးဆင်း. သို့သော်လည်း ငှာန တစ်ခုနေရာတစ်ခု တွင် လူတွင်ကျယ်လုပ်ရသောအရသာသည် ဘာအရသာနင့်မှ မတူ. လူတွေ ကို ဆူလို့ရသည် ပူလို့၇သည် နေရာပေးကြသည်။ မျက်နာသာ ရသည် အာဏာရှိသည် အိမ်ထဲမှာ ထိုင်နေပြီး ထမင်းဘဲ ချက်နေလျှင့်ျပငျ်းစရာကောင်းလှဥည်. ဆူဆူပူပူလေးမှ ပျော်သည် လမ်းထွက်နေရမှ ပျော်သည် လမ်းထွက်ချင်သောကြောင့်အလုပ်လုပ်သည်။

မနက်စာ ညစာ သည် ထမင်းနစ်ဘူးဖြစ်သွားသည်. ပထမတော့တဗူးဘဲဝယ်ဖြစ်စိတ်ကူးသော်လည်း အဆံူံးခံကာ အပိုတစ်ဘူး ဝယ်လိုကသ်ည ညနေ ၅ နာရီမှ စားသော မနက်စာသည် ဘယ်အချိန်ညစာ စားနိုင်ဦးမည်နည်း ဝယ်လာပြန်တော့လဲ ကြုံပေါင်း ဖြစ်ရာ ညဆိုလျှင် ကောင်းမည် မထင်. ဟင်းသည အေးရွေ့ ထမင်းသည ပျော့ချေမည် သို့သော်လည် ဘာမှ မရှိသည်ထက်စာလျှင် ဘိုက်ဆာလျင် စားစရာတစ်ခုရှိသည် ဆိုသော အသိသည် စိတ်ကို အင်အားကိုဖြစ်စေသည်. .။

မောင့်ကို ဖုံးဆက်ကာ လက်မှတ်အဆုံးခံလိုက်ပါလား ခင်နဲ့အတူနေ ပြီးမှ လက်မှတ်တစ်ခါထပ်ဝယ်ပါလား ဟု ပလီပလာ လုပ်သည်။ ဘာဘဲဖြစ်ဖြစ်မောင်ကျေနပ်သွားမည် ထင်သည် မောင်ကျန်းမာ ချမ်းသာပါစေ.။

2 comments:

Anonymous said...

ဗိုက်တောင်ဆာလာတယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မောင်ကျန်းမာ ချမ်းသာ ပါစေတဲ့။
မောင်တော့ အစ်မ ခင်ဦးမေ ဆုတောင်းလေးကြားပြီး ကျေကျေနပ်နပ်ကြီး ပြုံးနေလျော့မယ်။