Sunday, September 22, 2013

22th Sunday

ကျော်သူရိန်'s kitchen သည်ခဥမအတွက် appetizer ဖြစ်သည် . သိတ်ခက်သည် ဟု မထင်ရ သူချက်သည်မှ ပေါ့ပေါ့ပါးပါးဖြစ်သည်. ခင့်အနေနင့်လိုက်လုပ်နိုင်သည် ဟု ထင်ရသည် တန်ဆာ မပါ. ရိုးရိးရှင်းရှင်းဖြစ်သည် ခင့်ထက် ဘုရားတရားရိုသေသည် ဘုရားကို ဆွမးကပ်သည်အသီးများကို သေချာအခွံခွာက ကပ်သည် ခင်သည် ဘုရားပန်းအိုးကို ငဲ့ကြည့်မိသည် ရေမလဲသည် မှာ နစ်ရက်ခန့်ရှိပြီ ဖြစ်သည်. ဆွမ်းမကပ်ဖြစ် လူတောင် အနိုင်နိုင် ထမင်းစားနေရရာ မကပ်ဖြစ်ချေ. အားနင့လူနင့်မတွဲ မိသည်မှာ ကြာပြီ ဒါတောင် နဲနလျော့ထားခြင်းဖြစ်သည်.

ကျော်သူရိန် ထမင်းကြော်သည်ခင်သည် ထမင်း စားချင်စိတ်ပေါက်သွားသည် ထမင်း အိုးတစ်လုံးရှိ ရင်ကောင်းမှာဘဲ ဟု အာသီသ ဖြစ်မိသည်. ဒီအထိမလှုပ်သေး. ကျော်သူရိန် ငါးကြော်သော်နဲနဲ လှူပ်လာသည် ဘိုက်လဲဆာပြီလေ. မနက်ကတည်းက ကတော့ သူ့ထမင်းကျော်မြင်သောအချိန်တွင် မုန့်ဖတ် ပြေးစိမ်လိုက်သ်ည။

သူငါးကြော်သော အချိန်တွင်တော့မဖြစ်ချေ တော့ဆိုကာ မုန့်ဟင်း ခါး စြံ့ပဒေါ်ကြည် တစ်ထုတ် စလုံးနစ်ကျပ်ခွဲို့ ရေနွေးကြိုကာ အမှုန့်ထည့်ခြင်းဖြင့်ရေဆူက မုန့်ဟင်း ဟင်း ရည်ဖြစ်စေသည် သိတ်အကောင်းကြီးမဟုတ်လှသောလည်းဘာမှ မရှိသော နံနက်ခင်းနေ့လည်တွင် မုန့်ဟင်းခါးတစ်ခွက်သည် တစ်ဘရိတ်ထဲဆွဲလိုက်လေသည်။

ထမင်းအိုးတစ်လုံးတည်ကာ အအေးခံထားသည် ကြော်တော့မကျော်လို ထမင်းအအေးအေးလေးနင့် အခြောက်အခြမ်းျားဖြင့်စားမည် .ပုန်းရည်ကြီးကို ကြက်သွန်နီလ တ်လတ်ဆတ်ဆတ် လှီးကာ ကြကသွန်နီဥကြီးသည် ချိုရွေ့ကာနေသည် ပုန်းရည်ကြီးသ်ညချဉ်မြမြ ရှိသည် ကြက်ဥ သုံးလုံးခေါက်ကြော်လိုက်သ်ည. ကြက်သွနနီ ခရမ်းချဉ်ထည့်ရွေ့ ငရုတ်ကောင်းမှူန့်ဖြူးလိုကသည် ခင့်ထမင်းဝိုင်းကို ခင် အန်မတန်မှ စားကောင်းသည်. စိတ်ချမ်းသာရလေသ်ည. အန်တီတင့်အိမ်တွင် အမုန်းဆွဲနေသော သူများကို ကားမနာလိုဖြစ်လှသည် ကြက်သားကြော် ဒီဘက် ပို့ပေးပါ တင့်။






3 comments:

Anonymous said...

ဟင်းတွေကအခြောက်အခြမ်းပေမဲ့ စုံနေရောပဲ။ မြန်မာပြည်အလည်ပြန်ခါနီးပြီပေါ့။ပျော်စရာကြီး...
Have a safe trip visit home.

AMK said...

အခြောက်အခြမ်း တွေနဲ့ တမင်း မိန်မှာဘဲ မမကေအိုအမ်

Aungnyc said...

အင်း ..... စား ချင် တယ်.. အဲဒါ မျိုး မစား ရ တာ ကြာ ပေါ့..