Tuesday, October 4, 2011

အမေ

အမေ
သမီးလေ လူကြီးဖြစ်လာပေမဲ့ ခလေးဖြစ်နေတုံးဘဲ အမေ.
ဖျားတယ် အမေ
အန်လဲအန်တယ်
မူးလဲ မူးတယ်။
ခေါင်းလဲကိုက်တယ်
အီးလဲပန်းတယ်။ အားလဲမရှိဘူး မျော့နေတယ်။ အခုတော့နလံပြန်ထူစပြုပီပေါ့အမေ။
ဖျားတော့ လဲနေတယ်အမေ
ပြုစုမဲ့သူလဲမရှိဘူး။
ဆေးရုံဘဲ ပြေးတက်ရမလား။ အမျိုးတွေ ဆီဘဲခေါင်းထိုးဝင်ရမလား ဘာလုပ်ရမလဲအမေ.
အမေရေ.လို့ အော်ပြီးငိုချင်လိုကတာ အမေ။

သူများတွေ ကြီးပွားနေကြသတဲ့
ဘာတွေ များလုပ်နေကြပါလိမ့်
မယောင်မလည်ချဉ်းကပ်ရတာလေဲ မောပြီပေါ့ အမေ။
--------------- ဆီကို သွားလိုက်ကြတာလဲ ခဏခဏဘဲ အမေ
ဘာတွေ သွားလုပ်ကြတာလဲ မသိ.
အမေ့သမီးလဲ ခေတ်မီအောင်သွားဦးမယ်အမေ။

မင်းတို့ ငါတို့ လခစား ဆိုတာ ဘီဇီးနပ်စ်မန်းတွေ ကို တော့မမှီနိုင်ဘူးထင်တာဘဲ အမေ.
သူတို့ဘာတွေ လုပ်နေကြသလဲဆိုတာလဲ မျက်လုံးကြီးပြူးပြီါ် လိုက်မေးတော့လဲ ရုးချင်ယောင်ဆောင်နေကြတယ်အမေ။

သာမီးလဲ ကားအေးဂျန့်ဘဲ လုပ်ရတော့မလို --------်ရတော့မလို -------မလို -------မလို ဟိုလို လို ဒီလို. ရူးချင်ပြီအမေ။
ပိုက်ဆံဆိုတာ ရှာရတာ ဒီလောက်မလွယ်ဘူး သိဘို့ကောင်းတယ်လို့ ပြောတဲ့သူက ပြောနေတယ်အမေ။
သမီးတတ်တဲ့ပညာက ဂုဏ်တောဂရှိပါတ.ယ် ။ဒါပေမဲ့ ဒါပေမဲ့အပေါ့အမေ။။။။။။။။။။။။။။။။

ဟိုဆိုင်ခန်းလေ.ငှားပြီး တော့ဘဲ ဈေးလေးဘဲ ပြေးရောင်းရတော့မလို လို. ဒီပစည်းလေးဘဲ သွင်းရောင်းရတော့မလို လို. ခေါင်းတွေ လဲခြောက်ပီ အမေ. လောဘဆိုတာ တယ်ခက်တာကိုးအမေရယ်။။

57 comments:

Anonymous said...

OMG
အအစစ

လင်းဒီပ said...

သမီးတတ်တဲ့ပညာက ဂုဏ်တောဂရှိပါတ.ယ် ။ဒါပေမဲ့ ဒါပေမဲ့အပေါ့အမေ။။။။။။။။။။။။။။။။

ဟိုဆိုင်ခန်းလေ.ငှားပြီး တော့ဘဲ ဈေးလေးဘဲ ပြေးရောင်းရတော့မလို လို. ဒီပစည်းလေးဘဲ သွင်းရောင်းရတော့မလို လို. ခေါင်းတွေ လဲခြောက်ပီ...

အမှန်ပဲ အမှန်ပဲ အမှန်ပဲ......:)))

Anonymous said...

super like!!!

AMK said...

နေကောင်းရဲ့ လား အစ်မကေအိုအမ် ..ပျော်အောင်နေပါအစ်မရယ် ပိုက်ပိုက်တွေလဲသိပ်ရှာဖို့ မစဉ်းစားပါနဲ့  သေတော့ယူသွားလို့ မ၇တာ အကုန်သုံးသွား ကိုမဆလာ ၇ှာမပေါ့ ကျန်းမာချမ်းသာပါစေ အစ်မရယ်

rose of sharon said...

အမရယ်.... ဂုဏ်ရှိတဲ့ပညာလေးတတ်ထားတာနဲမှမနဲဘဲ... သိပ်မြင့်လွန်းတာတွေကို ဘေးချိတ်ပြီး ကိုယ့်ထက်နိမ့်ကျသူတွေကို မြင်ယောင်ကြည့်လိုက်ရင် ဖြေသာမယ်လို့ထင်ပါတယ်...

မဒမ်ကိုး said...

သေချာတာတော့ မမကွန်နေမကောင်းလို့လျှောက်တွေးနေပါသည်း)

ခရစ္စတလ် said...

တခါတလေတော့လည်း လူတိုင်းမှာ ဒီလိုအချိန်လေးတွေ ရှိပါတယ်အစ်မရယ်၊
အရာရာ အဆင်ပြေသွားမှာပါ၊
အိပ်ရေးဝအောင် အိပ်လိုက်၊
ကျန်းမာပြီး အားရှိလာတဲ့အခါ
ဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။

Anonymous said...

like

Anonymous said...

တခါတလေတော.လဲ အဲလိုပဲတွေးမိတယ် .. ကိုယ်မှာတော. ရှာရတာပင်ပန်းလိုက်တာ ဒါပေမဲ.လဲ တွေးဖြေရတာပေါ.နော် ရှာနေနိုင်တာကိုက ကံကောင်းခြင်းတခုပါလားလို.

Cameron said...

တူတူပဲ မမကွန်..မီးမီးလည်းနေမကောင်းဘူး...ဟင့်..

ကိုဇော် said...

သူကပဲ ပြောရတယ် ရှိသေး။
ပျော်ဖို့က အဓိကပါပဲ။ မပျော်ရင်တော့ ဘယ်နေရာမှာ မဆို မကောင်းဘူး။

AH said...

အမ KOM, ၀င်သက်ထွက်သွက် ကို ခဏလေးငြိမ်ငြိမ်လေးနဲ့မှတ်.... ဘာဘဲပြောပြော ကွန်စန်ထရေးရှင်ဆိုလားဘာလား.... စိတ်ငြိမ်သွားရော... မငြိမ်ရင်လည်း ပိုဆိုးသွားရော..... အဲ့ဒါပေမယ့် ဘာကို လုပ်သင့်တယ်ဆိုတာကတော့ စိတ်ငြိမ်မှ စဉ်းစားလို့ရမှာပေါ့အမရဲ့။ ကျွန်တော်တို့ဟာ လက်တစ်ဘက်နဲ့ ၀လုံးရေးနေရင် တစ်ခြား လက်တစ်ဘက်နဲ့ လေးဒေါင့် ရေးလို့မရဘူး။ တစ်ချိန်မှာ တစ်ခုဘဲ လုပ်လို့ရတယ်လေ..... တစ်ခုဘဲလုပ်လိုက်ပါ... ဘာပဲဖြစ်ဖြစ် မှန်မှန် မှားမှားပေါ့..... မှားသွားတော့လည်း နောက်တစ်ခုပေါ့၊ မှန်သွားတော့လည်း ဆက်လုပ်ပေါ့.... မကျေနပ်လည်း နောက်တစ်ခါပြန်လုပ်ပေါ့.... လူရှိနေသေးရင် စိတ်ထဲမှာ ပေါ်လာတဲ့ တစ်ခုခုကို လုပ်နေသေးလို့ ရပါတယ် အမရဲ့..... ကိုယ်ကျန်းမာအောင်နေ၊ စိတ်ကိုလည်း ကျန်းမာအောင်ထား... ဒါမှ လုပ်ချင်တာတွေ လျှောက်လုပ်လို့ရမှာ.... ကျွန်တော်ဆို စိတ်ညစ်လာရင် ပြေးတယ်.... ဖတ်ဖတ်မောသွားတော့ လူလည်း မလှုပ်နိုင်တော့ အိပ်ပျော်သွားရော........ အိပ်ပျော်သွားတော့ လတ်လွတ်စပယ်တွေ တောင်တောင်အီအီ လျှောက်တွေးဖို့ အချိန်မရှိတော့ဘူး။ အဲမနက် လန်းလန်းဆန်းဆန်းထလာတော့ ၀င်သက်ထွက်သက် တစ်ခုထဲကိုဘဲ အာရုံစိုက် ဟိုလိုလုပ်ပါလားတွေ ဒီလိုလုပ်ပါလားတွေ ကို ခဏဘေးဖယ်..... ခဏနေတော့ စိတ်ငြိမ်သွားရော။

အမြန်ဆုံး နလန်ထပါစေ လို့ ဆုတောင်းပေးပါတယ် အမရယ်။ စိတ်ရော/ကိုယ်ရောပေါ့...


ခင်မင်စွာဖြင့်
AH

ကိုပေါ said...

သမီးခင်ဦးမေ...

အမေစာရေးလိုက်ဒယ်...
အမေဆိုဒါ...ကိုယ်မွေးတဲ့သမီးကို သိဒါပေါ့....
ငါ့ကို အမေတော်ရမှာ....ငါ့ကိုအမေလို့ ပြောရမှာ ညည်းရှက်ဒယ်ဆိုတာ အမေသိပြီ...

အဲ...မှားသွားလို့။ မင်းကတော်ဝတ္ထုနဲ့မှားသွားလို့။

တကယ်အတည်ပေါက်ရေးတော့မယ်။
စိတ်မညစ်ပါနဲ့။ မခင်ဦးမေတယောက်တည်း ပိုက်ဆံမရှိတာမဟုတ်ပါဘူး။ ကိုဘွိုက်ဇ်တို့ဆို အကြွေးထူလပျစ်နဲ့လို့ ကြားတယ်။း-)

ကိုကိုဒီဘီတို့ဆို ဘောင်းဘီကျွတ်မှ လွှတ်လိုက်တာမျိုး။

ဆိုတော့ကာ.... ကျနော့်ကို ကြည့်ပြီး အားငယ်မနေပါနဲ့။ အပေါ်ကလူတွေကို ကြည့်ပြီး တရားနဲ့ဖြေပါ။

ပုံ...
ဇောတိက ကိုပေါ။

Anonymous said...

:D ( to ) ကိုပေါ

Ko Boyz said...

ငသမီး ညန့်မေ
အဲ.. မှားနေပြီ.. ((((((((ကိုပေါ)))))))...
ဘာအကြွေးထူလဲ... အပျင်းထူနေတာဗျ....။ :P

Rita said...

သူတို့တွေ ခုထိ ကျောင်းစာတွေ အလွတ်ရကြတုန်းပါလား။

:P said...

မမ နှင့် ကိုပေါကိုကြိုက်

Mrs. Bagel said...

မမကွန်၊ ကျန်းမာရေး ဂရုစိုက်ပါ။ ပိုက်ဆံချမ်းသာတိုင်လည်း ပျော်စရာဆိုတာ စိတ်ကြည်နေမှ ရမှာမဟုတ်လား? သူများနိုင်ငံမှာဆိုတော့၊ လဲသွားရင် ဘယ်သူ့မှလာကူနိုင်မှာမဟုတ်ဘူး အစ်မ။ စိတ်ရှုပ်စရာ သိပ်မတွေးပါနဲ့။ ဖုန်းဆက် အားပေးချင်ပေမယ့် အစ်မဖုန်းနံပါတ် မသိဖြစ်နေတယ်။ မမပေါက်ဖြစ်ဖြစ် မေးကြည့်ပြီး လှမ်းဆက်လိုက်မယ်။

khin nyein chan said...

ွှီအမ
ကိုယ့်အောက်ကလူတွေကို ငုံ့ကြည့်လိုက်ပါ။ ကိုယ်စားရတဲ့ ထမင်း၊ဟင်း အဆင်မပြေလို့စိတ်ညစ်နေရင်တောင် ကမ္ဘာကြီး၇ဲ့ တနေရာမှာ မရှိလို့မစားရတဲ့လူတွေ ရှိနေသေးတယ်။
..........ရှိနေသေးတယ်။...................ရှိနေသေးတယ်။.........................................................................................................................................................................................."ရွှင်လန်းချမ်းမြေ့ပါစေ အမ"

Shinlay said...

ရောက်ပါတယ်။ ပျော်ရွှင်ပါစေ.

Anonymous said...

မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ် ဗျိုင်းရှေ့ကပျံကာပျံကာရယ် အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ်......အိပ်ရာကနိုးရင်အလုပ်သွားရဦးမယ်


အိုအေးအေးသမီးရယ်အိပ်ပါတော့ကွယ်.ကျွတ်ကျွတ်

Anonymous said...

ကိုမဆလာက မပြုစုဘူးလား.. ဒီလောက် နေမကောင်းတာတောင် မပြုစုဘူးဆိုတော့..
လူလဲသင့် လဲလိုက် မမ
:D
ပွင့်

Anonymous said...

ဒေါ်ဒေါ်ကွမ်
နေမကောင်းလို့ လျှောက်တွေးနေတာလား။ တခါတလေ ပညာနဲ့ ဥစ္စာလွန်ဆွဲတဲ့ အချိန်ရှိတက်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရင် ပညာတက်တဲ့သူက ပြည့်စုံချမ်းသာတဲ့ သူငယ်ချင်းကိုအားကျ။ ချမ်းသာတဲ့သူကလဲ ပညာတက်တဲ့သူလို ဖြစ်ချင်။ ဘာပဲပြောပြော ကိုယ့်ဘ၀ကို ကိုယ် ကျေနပ်နေရင် ပီးတာပါပဲ။ နေအမြန်ကောင်းပါစေဗျာ။
(ကွန်မန့်တွေဖတ်ပီး ရယ်လိုက်ရတာ)
(ဝေနိုင်)

Anonymous said...

ကိုယ်လည်းအဲလိုခဏခဏဖြစ်တယ်။
ဘယ်လိုပြန်ဖြေသလဲဆိုတော့...
စီးစရာဘိနပ်မရှိလို့ စိတ်ညစ်နေတဲ့သူက
ဘိနပ်စီးဘို့ ခြေထောက်မရှိတဲ့သူကိုတွေ့ တော့သူမရှိတာဟာဘာမှပြောပစရာမဟုတ်တော့ဘူးဆိုတာသိသွားသတဲ့။
ကိုယ်ဟာစီးဘို့ ရှိနေတဲ့ဘိနပ်တရံထက် ဘိနပ်အများကြီးလိုချင်နေတာလို့ ကိုယ့်ကိုကိုယ်ဆုံး မပြီးဖြေပါတယ်။ (တကယ်တော့ကိုယ်တို့ မှာ ဘိနပ်တရံထက်ပိုရှိနေပြီးသားပါ)ခုလည်းအဲလိုဖြေနေရတယ်။ AH ပြောသလိုလည်းလုပ်ရတယ်။ စိတ်ကိုမပျံ့ လွင့်အောင် တရားမှတ်တယ်။

နေမကောင်းနေတုန်းဘေးကနေလာပြုစုပေးချင်တယ်။ အားပေးစကားမရှိရင်တောင် အဖေါ်လာလုပ်ပေးချင်မိပါတယ်။ ပျော်ရွှင်ကျန်းမာပါစေ။
အအရ

Anonymous said...

ကိုယ်လည်းအဲလိုခဏခဏဖြစ်တယ်။
ဘယ်လိုပြန်ဖြေသလဲဆိုတော့...
စီးစရာဘိနပ်မရှိလို့ စိတ်ညစ်နေတဲ့သူက
ဘိနပ်စီးဘို့ ခြေထောက်မရှိတဲ့သူကိုတွေ့ တော့
သူမရှိတာဟာဘာမှပြောပစရာ
မဟုတ်တော့ဘူးဆိုတာသိသွားသတဲ့။
ကိုယ်ဟာစီးဘို့ ရှိနေတဲ့ဘိနပ်တရံထက် ဘိနပ်အများကြီးလိုချင်နေတာလို့ 
ကိုယ့်ကိုကိုယ်ဆုံး မပြီးဖြေပါတယ်။ ခုလည်းအဲလိုဖြေနေရတယ်။ AH ပြောသလိုလည်းလုပ်ရတယ်။ စိတ်ကိုမပျံ့ လွင့်အောင် တရားမှတ်တယ်။

နေမကောင်းနေတုန်းဘေးကနေလာပြုစုပေးချင်တယ်။ အားပေးစကားမရှိရင်တောင် အဖေါ်လာလုပ်ပေးချင်မိပါတယ်။ ပျော်ရွှင်ကျန်းမာပါစေ။
အအရ
(စာပြတ်နေလို့ ပြန်တင်တာခွင့်လွှတ်ပါ)

Thandar Lwin said...

မမရေ .............. ကျမ ကတော့ လေ စိတ်ညစ်တိုင်း အမ ဘလော့ကိုလာပြီး မိုး အကြောင်းကို အမတို့ ကဗျာ ၀ိုင်းစပ်ကြတဲ့ ပို့စ်လေးဖတ်ပြီး ရီတာဘဲ ။ စိတ်ညစ်တာတွေ မေ့ ကုန်ရော ။
အမ တခုခု ရေးလိုက်တိုင်း ကွန်မန့် တွေ အများကြီးလာတာတွေ့ရင် အမကိုချစ်တဲ့သူ တွေ အများကြီးရှိတာ သိသာပါတာ် အမရယ်။

Anonymous said...

မမကွမ်က ဘာ ပညာတွေ တတ်တာလဲဟင်

Thandar Lwin said...

http://khinoomay77.blogspot.com/2009/03/poem-of-day.html

Thandar Lwin said...

မမ ခု ရာသီနဲ့ အတော် ဘဲ ။
ပြန်ဖတ်နော် .......
ဘာစားချင်လဲ ချက်ပြီးလာပို့ မယ် .. အတည် နော် အတည် ။

Anonymous said...

မမ
အရာရာအဆင်ပြေပါစေ....
ကျနော်တော့ မသိတော့ဘူးမမ..
ဖြစ်သမျှအကြာင်း အကောင်းပဲပေါ့...
လျှောက်ရင်း ...
သွားရင်း..
ရှေ့တိုးရင်း...
မျှော်လင့်ရင်း...

လမ်းခုလတ်မှာရှိနေဆဲဖြစ်သော
Xထုံ

မောင်ဝေး said...

ဖျားတယ် အန်တယ် မူးတယ် ခေါင်းကိုက်တယ် အီးပန်းတယ် ဒီကြားထဲ ဆေးခန်းသွားမပြဘူး၊ သူထိန်းဖြစ်ဖို့ စိတ်လောပြီး အင်တာနက်ဘလော့ဂ်ပေါ် တက်ပြောပြနေတယ်ဆိုတော့ကာ အိမ်း... ဒုက္ခ.. ဒုက္ခ..မလွယ်တော့ဘူး.. မဖြစ်နိုင်တော့ဘူး.. မကြည့်ရက်တော့ဘူး.. ဒီတောင်ကိုကျော်နိုင်ပါအုံးမလား..သမီး.. သမီး.. ဟမ်မယ်လေး.. သမီးရဲ့။

ဆောင်း said...

အပေါ်က အနောနီးမတ်ကလည်းလေ ခက်တာဘဲ

မကွန် ဘာပညာတတ်သလဲတဲ့ ဟာဟ
သိချင် ဖတ်ကြည့် ကွန်ဘလော့မှာ ကွန့် ပညာတွေ အလုံးစုံ အပြားစုံ တင်ထားတာ ပို့ စ်အဟောင်းတွေ ပြန် ဖတ်ကြည့်ပေါ့

ဆောင်း said...

မကွန်က ၀ယ်ချင်တာ ၀ယ်နိုင်သေးတယ်

.... ပိုက်ပိုက် ရှိဘူး။ ရှာလေ လိုက်လေ ဝေးလေဘဲ

ကိုမဆလာက မပြုစုရင် ဟင်းထဲ ထည့်ချက်လိုက်ပါ

မုန်တိုင်း said...

I like this talking

Myanmar Good Knowledg Co., Ltd said...

ဒီလိုမျိုး ကျွန်မလည်းဖြစ်တာပေါ့။

ကော်မန့်တွေပဲကြည့်လေ အများက အတူတူပဲလို့ပြောကြတယ်မို့လား။

ဒါပုံမှန်ပါ။
ကျွန်မတို့က တွေးတတ်တဲ့ဦးနှောက်တွေရှိနေတဲ့ သာမန်လူသားတွေလေ။

Vista said...

ဖတ်ပီး စိတ်ထဲမကောင်းဖြစ်သွားတယ်
အားလည်း မပေးတော့ပါဘူး အတူတူတွေမို့ ။

စော(အဝါရောင်မြေ) said...

သမီးလေ လူကြီးဖြစ်လာပေမဲ့ ခလေးဖြစ်နေတုံးဘဲ အမေ

လို့  ရေးထားတာ
မောင်မျိုး ရေးတဲ့

ငယ်ငယ်တုန်းက ငါက တကယ့်ခလေးပဲလို့း)

နဲ့  ယှဉ်ကြည့်လိုက်တော့
လူကြီး= ခလေး
ကလေး=ခလေး
လို့  အဖြေထွက်လာတယ်။ :P

IDIOT-Ki said...

ဂျီးဒေါ်ကွန်..
အမေကို ဒီလောက် တိုင်တည်တမ်းတ နေပုံထောက်ရင်
ခလုပ်တိုက်မိလို့လား မသိ..
“ဥုံဖွ သမီးလေး ဘယ်နား နာသွားသေးလည်း...”.
အမေ ကိုယ်စား နှစ်သိမ့် ပေးလိုက်ပါသည်...

Mon Petit Avatar said...

မမရေ စိတ်အားတင်းပြီး နေကောင်းအောင်နေပါနော်။စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အချိန်ဖြုန်းပေးပါ အချိန်ရှိမယ်ဆိုရင်ပေါ့နော်။

Yeemon Thet said...

ငိုချင် သလိုလိုတောင်ဖြစ်သွားတယ် .. စာရေးကောင်းတဲ့ အမ ..:))

Raymond.Kyaw Minn Naing said...

ဝှလားဝေး!

Anonymous said...

အမလေးဟဲ့ ခဥမ အီအီးတွေအဲဒီလောက်ပန်းနေတာ
အပြင်ထွက်ပြီး ပိုက်ပိုက်ရှာချင်သေးတယ်
သူများတွေပေကုန်လိမ့်မယ်
အမေ့ကိုစားလာပြီးဆူသွားတယ် ဒါပဲ.......

ပုံ
ဂျီးဒေါ်KOMကို မြန်မြန်နေကောင်းစေချင်သူ

Anonymous said...

ကျမ်းမာရွှင်လန်းပြီးစိတ်အေးချမ်းပါစေလို့ တောင်းဆုပြုပါတယ် မမရေး။
"ရူးချင်ပြီအမေ။"ဒီလိုပဲခံစားမိပါတယ်။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

Rita said...
သူတို့တွေ ခုထိ ကျောင်းစာတွေ အလွတ်ရကြတုန်းပါလား။

ဟုတ်ပ ဟုတ်ပ မြန်မာစာများရွတ်ပြလိုက်ကြတာ ဂျောင်းဂျောင်းပြေး...မဟုတ်မှလွဲရော ဂုဏ်ထူးရှင်တွေထင်ပါရဲ့... ခိခိ။

Anonymous said...

အီးပန်းတာပြောင်းဖူးရိုးလေးဆို့ ထားရတယ်ဆို လားပဲ။
နောက်တာနော် အမ..ကန်တော့..ကန်တော့။
မောင်လွင်

Anonymous said...

စိတ်မကောင်းဖူးးးးးးးး မမခင်ဦးမေး))))))x- အောင်ပိုင့်ဆီမှာ မွေးချိန်သိရင် ဗေဒင်လာမေးပါ မွေးတဲ့နေရာ မွေးတဲ့ အချိန် မွေးတဲ့ ရက် လ နှစ် နဲ့ လာမေးပါ တစ်ခုခုတော့ ကံကြမ္မာကို သိခွင့်ရှိသလောက် သိရတာပေါ့

ဖိုးတုတ် said...

မမကွန်းကြီး အန်နေတယ်ဆိုတော့ ကိုယ်ဝန်များရှိနေသလား မသိဖူး၊ သွားဖွားဆရာဝန်နဲ. ပြကြည့်ဦးနော်၊ အသက်ကြီးပြီ၊ ကျန်းမာရေးဂရုစိုက်၊

San San Htun said...

မမကွန် ကျန်းမားရေးကို ဂရုစိုက်..သိပ်မတွေးနဲ့ 

blackroze said...

အမရေ..
စိတ်ညစ်လာတဲ့အခါကျရင်ကိုယ်အောက်က
လူတွေကိုဘဲငုံကြည့်လိုက်ပါ
ကိုယ့်အထက်ကလူတွေကိုမော့မကြည့်နဲ့
အဲတာဆိုရင်စိတ်သက်သာရာရလိမ့်မယ်..

Anonymous said...

ဒေါက်ကွန် အမြန်နေကောင်းပါစေ။

Anonymous said...

အမေ ...
သားလေ အလုပ်တွေရှုပ်နေလို့ ဒီပိုစ့်ကိုတွေ့တောင် မတွေ့လိုက်ဘူး
အခုတော့ အပေါ်မှာ ကွန်မန့် ၅၀ တောင်ရှိနေပြီ အမေ
အခု ကွန်မန့်ကိုတောင် အမေ ကြည့်ပါတော့မလား
စီဘောက်မှာ လည်းမရေးချင်ဘူး အမေ
ဖဘ ကလည်း ပိတ်ထားတယ် ဆိုတော့
သား သတိရနေပါတယ်လို့သာ မှတ်ပါတော့ အမေ ....

ShwunMi- said...

မာမီ ..

ညိမ်းနိုင် said...

အစ်မကွန်....အနော်ခရားသွီးနေလို့ခုမှရောက်တယ်...။
နေမကောင်းတာလည်းမသိလိုက်ဘူး....ကြက်မကြီးကို(အဲ)
ကျမ်းမာရေးကိုဂုစိုက်နော်....၊ အစ်မကွန်တို့ကမှ ဂုဏ်ရှိတဲ့
ပညာလေးတတ်ထားသေး....အနော်တို့ဆို ဘာမှမတတ်..၊
ဘာမှမရှိ...၊ရှေ့ရေးမတွေးပဲပျော်သလိုနေနေရတာ..ရှေ့ရေး
တွေးရင်မောလွန်းလို့.....၊သက်သာသလိုနေ...နော်...အစ်မ

သူကြီးမင်း (တုံးဖလား) said...

ပို့စ်မတက်တာကြာလို့ လာချောင်းပါတယ်။ စည်ကားနေလိုက်ကြတာ။ ပို့စ်မတက်ဘဲ လူ တက်နေတာကိုး။း(

မမကွန် အမြန်နေကောင်းပါစေ။

ခင်မင်လျှက်

TZH1985 said...

may you be happy & healthy ... မ... မ ခ.. ဥမ :)

မောင်သီဟ said...

အထက်လန်အောက်လျှောထင်တယ်
ကျွန်တော်လည်း အိပ်ရာဝင်ရင် အပေါ်အင်္ကျီအပေါ်လှန်ပြီး
အောက်က ပုဆိုးအောက်ကိုလျှောလျှောသွားတတ်တယ်
ကျန်းမာရေးဂရုစိုက်ပါ မခင်ဥမေး)

မိုးယံ said...

ဒါဂျောင့် ပျောက်နေတာဂိုးးးးးးးးးး
သီတင်းကျွတ်မှာ အန်တီကွမ်းကို လာကန်တော့ ပါတယ်။