Saturday, August 25, 2012

Batam 5





































































မမှောင်သေးပါ . လင်းချင်းတုံးဖြစ်သည်. ။ ရိုက်သူ တော်ရွေ့ မှောင်သယောင်ဖြစ်သည်။ ပင်လယ်ကမ်းစပ်သို့သွားသော်လည်း မရောက်နို်င်သေး ချာလပတ်လည်နေကြတုံးဖြစ်ည်။ ဇတ်လမ်းကောင်းများ မရှိပါ. မင်းတို့ခေတ် ကုန်ပြီ ဖြစ်သည်။ မိန်းကလေးများသည် အရွယ်ရှိသည် ငယ်စဉ်ကာလတွင် ခေါ်သူများလွန်းရွေ့ လက်မလည်ဖဘ သူငယ်ချင်း ငါးထောင်ကိုပစ်ရွေ့ အွန်လိုင်းမတက်နိုင်တော့သူ ရှိသည်. ခေါ်သူများလက်မလည်။ အရွယ်ရှိစဉ်တွင် တစ်နေ့ကိုသုံးပိုင်းပိုင်းရွေ့ သုံးယောက်နောက်လိုက်သည် ပင် လက်မလည်ချေ။ မနက် ဘရိဖတ် နေ့လည် လန့်ခ်ျ ညစာ အင်္ဂလိပ် ဒင်နာ လိုက်ကျွေးမည့်သူများမရှား။ အရွယ်နည်းနည်းရလာသော်အိနြေ နဲနဲရလာသည်။ ဒီထက် နဲနဲပိုသောခေါ်သူ ရှားလာသည် ထို့ထက်ပိုသော် ခေါ်မည့်သူမ ရှိတော့ချေ. လိုက်ချင်သည်ကို ပင်ထားခဲ့သူများရှိလာသည်။ ငယ်စဉ်က ကိုယ့်ကို ပြုစုကျွေးမွေး အန်တာတိန်း လုပ်မည့်သူများ များလှသော်လည်း ကြီးလာသော်ကိုယ်က အန်တာ တိန်းရလေသည်။ လိုက်ခဲ့ပါနော် အဖော်လိုချင်လို့ပါ ဟု တောင်းတောင်းပန်ပန်ချော့မော့ခေါ်ရသည် ထို့ထက်ဆိုးသော ခဥမ အဖြစ်ကားလိုက်မည့်သူပင်မရှိတော့........... သွပ်သွပ်.... ဖြစ်သည်။
























မလိုက်နေပေါ့ ကိုယ့်ဘာကိုယ်သွားမည် ဖြစ်သည်. ။ ခဥမက beach ပြောလိုက် အင်ဒို နီးရှား ကားဆရာက pantai ပြောလိုက် ခဥမ က မလျော့ beach ဟု ထပ်ပြော. ကားဆရာက pantai ဟု ထပ်ပြောန စ်ယောက်သား ခြာလပတ်လည်နေကြလေ၏. နောက်ဆုံး translator on call ကူညီမှသာ (pantai = beach မှန်းသိရပြီး ) အဆင်ပြေသွား၏. . လမ်းလည်း ညွန်သည် ဟိုကွေ့ ဒီသွားဆိုသည် နားမလည်သော်လည်း မှန်းကြည့်ရာ၏. ဒီလိုပင် နေလာတာ ကြာပြီ ဖြစ်သည်chinese အုပ်စုနင့်ဝင် နားထောင်လိုက် နားမလည်ဘဲ ခေါင်းညိတ်ခေါင်းခါလုပ် မှန်းပြီးနားထောင်ခြင်းဖြစ်သည် ထိုသို့ပင် လူမျိုးပေါင် စုံနင့်ရောကာ နားမလည်ဘဲ နားလည် နေသည်မှာကြာပြီဖြစ်သည်။

























ခဥမ ဒီတစ်ခါ ဘာမျှ မဝယ်ခြင်းမှာ ပီနန် trip ကို စိတ်နာသွားသောကြောင့်ဖြစ်သည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပီနန် ထွက်သွားရာ johor ည တွင်ပင်အတော်ဝယ်သည်. ထို့နောက် ပီနန် နစ်ရက်တွင်လည်း ရှာ့ပင် မော တွင် အတော်အချိန်ကုန်သည်။ မိမိ လိုချင်သည် ကို ရှာရသည်မှာ မလွယ်ချေ. နောက်ဆုံးဝယ်သည် များကို တစ်ထမ်းကြီးပြန်လာရာ genting တက်သွားသော် ပစ်စည်း အပ်စရာနေရာမရှိသော်ကြောင့် ထို တစ်ထမ်းကြီးကို သွားလေရာသယ်ရရာ အတော် မောသည် လွတ်လည်းမပစ်ရက်ချေ.။ တွေ့တိုင်းထပ်ဝယ် တွေ့တိုင်း ထပ်ဝယ်တ တန်တယ်ဟေ့ ဝယ်. ဝယ်ပြီးရင်းဝယ်ရာ အတော် မောသည် သည် ရသည်မှာာ မနိုင်ချေ. နောက်ဆုံးတော့လည်း အိမ်တွင်သာ့ံပုံထားသည် ဝတ်လည်းမဝတ် သုံးလည်းမသုံး ဥစ္စာေ ခြာက်သည်မှာ နစ်ယောက်မရှိ။






























သို့အတွက်ကြောင့် ဒီတစ်ခေါက် အင်ဒိုနီးရှားလာသည်မှာ well planned ဖြစ်သည်. အရင် တစ်ခေါက်ထည်းက ချောင်းနေတာ သတ္တိမကောင်းသေးသောကြောင့်မလာရသေးခြင်းဖြစ်သည် ဒီတစ်ခေါက်တော့အတော်လည်း အင်ဒိုနီးရှားကို နားလည်လောက်ပြီ ဆိုပြီးလာတာတောင် batam နင့် bintam မကွဲပြားသေးချေ. အို. နောက်တစ်ခါ bitam သွားတာပေါ့ ဟု ကိုယ့်ဘာသာ ကိုယ်နစ်သိမ့်ထား၏. ဘာမှ ဝယ်စရာမလို အိထထဲတွင် ပါသည်. ရှော့ပင် လျှင်အချိန်ကုန်သည်. မိန်းကလေး ဆိုသည် မှာ shop ပြီ ဆိုလျင် ခြေကုန်လက်ပန်းကျမှ အိမ်ပြန်တတ်သော အမျိုးဖြစ်သည် ခဥမက ပိုဆိုးသည် ဆိုင်တံခါးများ ဂျုံးဂှုံး ပိတ် နောတာတောင် ဆိုင်ထဲ မှ မထွက်သေး နောက်ဆုံိး တစ်ဝက်ပိတ်ထားသော တံခါးမှ ကုံးကုံး ကုံ့းကုံးနင့်ထွက်လာ ရသည် မှာ မကြာခဏဖြစ်သည် . သို့ဖြစ်ရာ ဒေသ နရ ဗဟု သုတ လိုချင်လို့ထွက်လာသောခရီးသည် ရှော့ပင် မော်ထဲ တွင် ကုန်ဆုံးသွားသည်မှာ မဖြစ်သင့်ချေ. ပြီးတော့လောလော ဆယ်နေသည်မှာလည်ျး shop ပါလေ့ စ့ကားပူ shop မလား Malayasia ရှော့ မလား ရှော့ချင်သလောက်ရှော့နေနိုင်သည် အင်ဒိုနီးရှားတွင် ပါ သွားရှော့နေလျင် (Shop) နေလျင် ဘယ်မှ ရောက်တော့မည် မဟုတ်. ဝယ်ပြီးသယ်ရသည် ကို လည်းမုန်းနေပြီဖြစ်သည်။

ဒါတောင် လမ်းမှာ ဆင် တစ်ကောင်လုံးဈေးလျော့ရောင်းနေလျင်မဝယ်နိုင်မှာ စိုးသောကြောင့်ပိုက်ဆံထည့်သွားသေးသည် ပထမ က မလေးရှားဘက်မှာ သွားမည်စိတ်ကူးထားရာ မလေးငါးရာခန့်ပြင်ထားသည်။ ။

























နောက် စကာပူ ဘက်ခြမ်းမှသွားမည် ဟုပြန်ပြောင်း စိတ်ကူးပြန်ရာ ATM machine မှ စလုံးသုံး ရာထုတ်သည်။ စလုံးငါးဆယ် ကို အင်ဒိုနီးရှားပိုက်ဆံ သို့လဲသည် money changer များ harbourfront တွင် ရှိသည်.ပေးသမျကို သေချာ အိတ်တစ်ခုထည်းတွ သေချာ ခွဲထည့်သည် အင်ဒိုနီးရှားပိုက်ဆံကို မယဉ်ပါးသေး။ စလုံးသုံးရာမှာ ယခု အဲသလောက်သာ ကျန်တော့သည်. တက္ကစီ ခ နိပ်စက်ခြင်းဖြစ်သည်. ကားအမြန်ဝယ်မှဖြစ်မည်။
































အင်ဒိုနီးရှားပိုက်ဆံမှာစိတ်ဝင်စားစရာဖြစ်သည် ယခုမှသေချာလေ့လာရသည်။ ငါးသောင်းတန်. ရသည်။ နစ်သောင်း . တစ်သောင်း ။ ငါးထောင်။ တစ်ထောင် စသဖြင့်ဖြစ်သည်။ စလုံးသုံးကျပ် ဘိုးခန့်မှာ အင်ဒိုနီးရှား နစ်သောင်း ကျော်ခန့်ဖြစ်သည် အတော်မျက်စေ့လည်ရသည်။ ပစ္စည်းကတော့ ဒီတစ်ပစည်းဘဲ ရခြင်းဖြစ်သည်။ ကိုကာ ကိုလာ တစ်ဘူး. ဆီချက် ဆန်ဆန် ခေါက်ဆွဲ တစ်ပွဲရသည်.























လမ်းတွင်ဓါတ်ဆီ ထည့်ရင်း ကားဆရာ ကို ပက်စီတစ်ဘူးဝယ်တိုက်ရာ အင်းဒိုနီးရှားနစ်သောင်း ထုတ်ပေးလိုကရာ ပြန်အမ်းငွေ အချို့ပြန်ရသည် အလွယတစ်ကုး အိတ်ထဲပြစ်ထည့်ထည်းလိုကသည်. ဘယ်လောက်ပေးရသလဲ မမမှတ်မိတော့ကိုကာ ကိုလာ တောင် ဒီကဈေးနှုံးနင့်မတိမ်းမယိမ်းဖြစ်ရာ ပက်စီသည် လည်း ဒီဈေးပင်ဖြစ်မည်. .
























နောက်တစ်နေရာတွင် ကားဆရာက ဘိုက်ဆာသည် ဆိုရွေ့ အိတ်ထဲ လက်နျိုက်ပြီ ထုတ်လိုကရာငါးထောင်တန် ထွက်လာသည် ကားဆရာအားပေးလိုက်သည် မုန့်သွားစားရန်ဖြစ်သည် ပြန်တွေ့ရာ စားပြီးလား ဟု မေးသော်ခေါင်းခါ ပြေ၇ွ့ ငါးထောင်ပြန်ပေးသည်























ယခုမှ တွက်ကြည့်ရာ သူ့ကို ပေးလိုက်သေ အင် ဒိုနီးရှား ငါေးထာင် သည် စကားပူအလိုအရဆိုသော် တစ်ကျပ်မပြည့်ချေ. အရိုက်မခံရသည် မှ ကံကောင်းပေသည်. ခဥမအတွက်တော့ ငါးထောင်ဆိုသည်မှာ အများကြီဖြစ်သည့်  ငါေးထာင်ဆိုသည် မှာ ရန်ကုန်တွင် ကြေးအိုးသောက်ေ၇ွ့ ရသည် မဟုတ်ပါလော။ . ရူးပြီ ခင်။


7 comments:

ဖြိုးမောင်မောင်(CTM) said...

မရူးလိုက်ပါနဲ့ ခင် ကားဆရာမရိုက်တာကံကောင်းတယ်မှတ်ပါ ။
ဘယ်မလဲ ခုထိ ကမ်းခြေမှာ မကသေးဘူးလားး)

မိုးသက် said...

ဟုတ်ပ.. စလုံးတစ်ကျပ်မပြည့်ပဲနဲ့ ဟိုက နောက်တယ်ထင်နေမပေါ့.။ မကွန်တို့ လုပ်လိုက်ရင်ရိုက်ပေါက်နော်...။

Anonymous said...

ကားဆရာမရိုက်တာကံကောင်းတယ်မှတ်ပါ

ခရစ္စတလ် said...

ကားဆရာ သနားသွားတာဖြစ်နိုင်တယ်၊ သူတောင် ထမင်းမစားရက်ဖြစ်သွားရှာတယ် :)

မိုးသူ(တောင်ကြီး) said...

အော် သွားပါများခရီးရောက်ပါလား ...

Candy said...

ဟဟဟ... ဒါတွေကို မှတ်မိပြီး ရေးနိုင်နေသေးတယ်ဆိုတော့ မရူးသေးတာ သေချာဘီ xD

Hegie said...

ဟဟဟ... ဒါတွေကို မှတ်မိပြီး ရေးနိုင်နေသေးတယ်ဆိုတော့ မရူးသေးတာ သေချာဘီ xD